Yu Po Online Shop

Yu Po Online Shop ပစ္စည်းမှန် စျေးနှုန်းချိုဖို့ကသာ ?

မိုးကုတ်နီလာ3.6 ct
08/01/2026

မိုးကုတ်နီလာ
3.6 ct

Happy New Year 2026 🎉🎉🎉နှစ်သစ်မှာ ဘေးဘယာဝေးကွာ၊ ကျန်းမာ ချမ်းသာ အလိုရှိသမျှ ရကြပါစေ။ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း ကစားနိ...
31/12/2025

Happy New Year 2026 🎉🎉🎉

နှစ်သစ်မှာ ဘေးဘယာဝေးကွာ၊ ကျန်းမာ ချမ်းသာ အလိုရှိသမျှ ရကြပါစေ။ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း ကစားနိုင်ကြပါစေရှင့်။

မိုးကုတ်ပတ္တမြား0.86 ct ( 2 pcs )420,000 Kyatsပတ္တမြားနားပန်စုံ အနီရည်လေး ...  စစ်ချက်ပါပြီးသားဖြစ်လို့ စိတ်ချလက်ချဝယ်ယူ...
28/12/2025

မိုးကုတ်ပတ္တမြား

0.86 ct ( 2 pcs )

420,000 Kyats

ပတ္တမြားနားပန်စုံ အနီရည်လေး ... စစ်ချက်ပါပြီးသားဖြစ်လို့ စိတ်ချလက်ချဝယ်ယူပါနော် ... အထူးဈေးဖြစ်တာမို့လိုဘ မလျော့တော့ဘူးနော်
စစ်ချက်လိုချင်ရင် ထုတ်ပေးပါတယ်။စစ်ချက်ခက‌‌ေတော့ ဝယ်သူဘက်ကပေးရပါတယ်ရှင့်။

ရန်ကုန်ကဆို အပြင်မှာကြည့်ပြီးမှ အားပေးလို့ရပါတယ် ...။
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချရပါတယ်ရှင့်။

အရည်အသွေးမှန်၊ ဈေးနှုန်းမှန်တဲ့ ရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 💖

✨ရွှေအစစ်ပဲလိုလို
❤️ရတနာအစစ်ပဲလိုလို Yu_Po ဆီသာအပြေးလေးလာခဲ့ပါနော်

🏠 YuPoOnlineShop
🏦ဆိုင်အမှတ်(၄) ၊၂ ထပ်ရုံ၊ ဗိုလ်ချုပ်စျေး။
☎️ 09-968062807


‌‌

📢📢📢နှစ်ကုန် Promotion အနေနဲ့ အထူးဈေးလေးပါ ... 📢📢🎊🎊🎊ဇမ်ဘီယာမြ လက်စွပ် ( 14 ပဲရည် )အလျော့ပါရွှေချိန် 3 ပဲ 1ရွေး 1,650,000 ...
28/12/2025

📢📢📢နှစ်ကုန် Promotion အနေနဲ့ အထူးဈေးလေးပါ ... 📢📢🎊🎊🎊
ဇမ်ဘီယာမြ လက်စွပ် ( 14 ပဲရည် )

အလျော့ပါရွှေချိန် 3 ပဲ 1ရွေး

1,650,000 Kyats ( ဒုံးအရောင်း )
( 1 ကွင်းဈေး )

လဲ/ရောင်း 10 % ပို

ဇမ်ဘီယာမြ တန်းကွင်း လက်တိုင်း ၁၇ ပါ ... ကိုယ်တိုင်ဝတ်ဖို့ခတ်ထားတာမို့ ၁၄ ပဲရည်သုံးထားတာပါ ... တွက်ကြည်နော် ... ခုရွှေဈေးနဲ့ဘယ်လိုမှ မရတဲ့ဈေးနဲ့ ရောင်းပေးထားတာပါ ...
ရန်ကုန်ကဆို အပြင်မှာကြည့်ပြီးမှ အားပေးလို့ရပါတယ် ...

စစ်ချက်လိုချင်တယ်ဆို စစ်ချက်ထုတ်ပေးပါတယ်ရှင့်။

ရန်ကုန်ကဆို အပြင်မှာကြည့်ပြီးမှ အားပေးလို့ရပါတယ် ...

ဆိုင်လိပ်စာ

ဆိုင်အမှတ်(၄) ၊၂ ထပ်ရုံ၊ ဗိုလ်ချုပ်စျေး။

Ph : 09 - 968-062-807

ကျောက်မျက်ရတနာဝယ်တော့မယ်ဆိုရင် ဒါလေးတွေအရင်သိထားရအောင်! 💎✨​ကျောက်မျက်ရတနာလောကထဲကို အခုမှစဝင်မယ့်သူပဲဖြစ်ဖြစ်၊ ဝါသနာအရ စု...
28/12/2025

ကျောက်မျက်ရတနာဝယ်တော့မယ်ဆိုရင် ဒါလေးတွေအရင်သိထားရအောင်! 💎✨
​ကျောက်မျက်ရတနာလောကထဲကို အခုမှစဝင်မယ့်သူပဲဖြစ်ဖြစ်၊ ဝါသနာအရ စုဆောင်းသူပဲဖြစ်ဖြစ် "ဒီစကားလုံးလေးတွေ" ရဲ့ အဓိပ္ပာယ်ကို သိထားဖို့က တကယ့်ကို အရေးကြီးပါတယ်။ ကျောက်မျက်တစ်လုံးရဲ့ တန်ဖိုးနဲ့ အလှအပကို ဘယ်လိုတိုင်းတာသလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။ 👇
​🎨 #အရောင်အသွေးကို_ဆုံးဖြတ်ခြင်း (Hue & Saturation)
​Hue: ဒါကတော့ ကျောက်မျက်ရဲ့ မူရင်းအရောင် (ဥပမာ- အနီ၊ အပြာ၊ အစိမ်း) ကို ပြောတာပါ။
​Saturation: အရောင်ရဲ့ စိုပြည်မှု ပါ။ အရောင်က မှိုင်းမနေဘဲ ဘယ်လောက်အထိ တောက်ပြောင်စိုရွှဲနေသလဲဆိုတာကို တိုင်းတာတာဖြစ်ပြီး Saturation ကောင်းလေလေ တန်ဖိုးကြီးလေလေပါ။

✨ #အလင်းနဲ့_အလှ (Luster & Brilliance)
#​Luster: ကျောက်မျက်ရဲ့ မျက်နှာပြင် တောက်ပြောင်မှု ပါ။ စိန်လိုမျိုး ပြောင်လက်နေတာလား၊ ဒါမှမဟုတ် ဖယောင်းလိုမျိုး မှိုင်းမှိုင်းတောက်တာလားဆိုတာကို ခွဲခြားပေးပါတယ်။

#​Luminous (Brilliance): ကျောက်မျက်အတွင်းထဲကနေ အလင်းတွေ ဘယ်လောက်အထိ ပြန်ကန်ထွက်ပြီး ဝင်းပ နေသလဲဆိုတာကို ဆိုလိုပါတယ်။

​💍 #အနေအထား (Mounted vs Unmounted)
#​Mounted: လက်စွပ် သို့မဟုတ် ဆွဲသီး စတဲ့ လက်ဝတ်ရတနာမှာ တပ်ဆင်ပြီးသား အခြေအနေပါ။

#​Unmounted: ဘယ်အထည်မှာမှ မတပ်ရသေးတဲ့ ကျောက်သီးသန့် အခြေအနေဖြစ်ပြီး ကျောက်ရဲ့ အရည်အသွေးကို အတိကျဆုံး စစ်ဆေးနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။

​🔥 သဘာဝလား၊ ပြုပြင်ထားတာလား (Heated vs Unheated)

​Heated: ကျောက်ရဲ့ အရောင်နဲ့ ကြည်လင်မှုကို ပိုလှလာအောင် အပူပေးပြုပြင်ထားခြင်း ဖြစ်ပါတယ်။ ဈေးကွက်မှာ အသုံးအများဆုံးပါ။

​Unheated: ဘာပြုပြင်မှုမှ မလုပ်ထားတဲ့ သဘာဝအတိုင်း ရှားပါးကျောက် ဖြစ်ပါတယ်။ အရည်အသွေးတူရင် Unheated ကျောက်က တန်ဖိုး ပိုမိုမြင့်မားပါတယ်။

​ဒီအချက်လေးတွေကို သိထားရင် သင်နှစ်သက်တဲ့ ရတနာတွေကို ရွေးချယ်တဲ့အခါ ပိုပြီး စိတ်ချလက်ချ ရှိတာပေါ့။ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်တဲ့ ရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 💖

✨ရွှေအစစ်ပဲလိုလို
❤️ရတနာအစစ်ပဲလိုလို
အပြေးလေးလာခဲ့ပါနော်

🏠 YuPoOnlineShop
🏦ဆိုင်အမှတ်(၄) ၊၂ ထပ်ရုံ၊ ဗိုလ်ချုပ်စျေး။
☎️ 09-968062807




ပြောင်စိမ်းကို အရည်လှလှလေး ကံကောင်းစေမယ့် clover သစ်ရွက်ဒီဇိုင်း ... ၁၃ ပဲရည် ... ခုချိန်ရွှေဈေးနဲ့ဆို အရမ်းတန်သောလးပါ📢📢...
28/12/2025

ပြောင်စိမ်းကို အရည်လှလှလေး ကံကောင်းစေမယ့် clover သစ်ရွက်ဒီဇိုင်း ...
၁၃ ပဲရည် ... ခုချိန်ရွှေဈေးနဲ့ဆို အရမ်းတန်သောလးပါ

📢📢📢နှစ်ကုန် Promotion အနေနဲ့ အထူးဈေးလေးပါ ... 📢📢🎊🎊🎊

ပြောင်စိမ်း ဆွဲသီး

အလျော့ပါရွှေချိန် 1 ပဲ 4 ရွေး

670,000 Kyats ( ဒုံးအရောင်း )

လဲ/ရောင်း 10 % ပို
စစ်ချက်လိုချင်တယ်ဆို စစ်ချက်ထုတ်ပေးပါတယ်ရှင့်။

ရန်ကုန်ကဆို အပြင်မှာကြည့်ပြီးမှ အားပေးလို့ရပါတယ် ...

ဆိုင်လိပ်စာ

ဆိုင်အမှတ်(၄) ၊၂ ထပ်ရုံ၊ ဗိုလ်ချုပ်စျေး။

Ph : 09 - 968-062-807

နီလာနားကပ်နီလာနားကပ်ကိုမှ တစ်ဆယ်တောင် မကျော်နဲ့ ဈေးလေးနဲ့ရမယ်ရှင့်။သေးပေမယ့် အရည်လှလှလေးလိုချင်တယ်ဆို ဒါလေးစဉ်းစားပေးနော...
26/12/2025

နီလာနားကပ်
နီလာနားကပ်ကိုမှ တစ်ဆယ်တောင် မကျော်နဲ့ ဈေးလေးနဲ့ရမယ်ရှင့်။
သေးပေမယ့် အရည်လှလှလေးလိုချင်တယ်ဆို ဒါလေးစဉ်းစားပေးနော် ... ၁၃ ပဲရည် ပါ ...

အလျော့ပါရွှေချိန် 1 ပဲ 6 ရွေး

နီလာ ၃ လုံးစီးဆိုဒ်

980,000 Kyats ( ဒုံးအရောင်း )
လဲ/ရောင်း 10 % ပို

ရန်ကုန်ကဆို အပြင်မှာကြည့်ပြီးမှ အားပေးလို့ရပါတယ် ...

ဆိုင်လိပ်စာ

ဆိုင်အမှတ်(၄) ၊ အနောက်ဘက်တန်း ၊ ၂ ထပ်ရုံ၊ ဗိုလ်ချုပ်စျေး။ စျေးထဲဝင်ဝင်ချင်း ကားအဝင်လမ်းမကြီး မိန်းလမ်းမပေါ်

Ph : 09 - 968062807

မင်မင် ကလေးတစ်ဖက်နဲ့မအားလို့ နားထားတာ ခုဈေးလေးပြန်ရောင်းပါတော့မယ်။အားပေးကြပါဦးနော်။ 📢📢📢ဒီတစ်ခါ မိုးကုတ်ကျောက်ကလေးတွေပါ ဈ...
23/12/2025

မင်မင် ကလေးတစ်ဖက်နဲ့မအားလို့ နားထားတာ
ခုဈေးလေးပြန်ရောင်းပါတော့မယ်။
အားပေးကြပါဦးနော်။ 📢📢📢
ဒီတစ်ခါ မိုးကုတ်ကျောက်ကလေးတွေပါ ဈေးချိုချိုနဲ့ ရောင်းပေးပါဦးမယ်ရှင့်။

Natural Aid Mini Drop DHA  ရောက်ထားပီနော်👼🧠💗(Directly Imported From UK 🇬🇧) ကဲမေမေတို့ရေ ကိုယ့် သားသားမီးမီး အရာရာမှာတော်...
20/07/2025

Natural Aid Mini Drop DHA ရောက်ထားပီနော်👼🧠💗
(Directly Imported From UK 🇬🇧)

ကဲမေမေတို့ရေ ကိုယ့် သားသားမီးမီး အရာရာမှာတော်နေ ထက်နေစေချင်ရင် ဒီ DHA လေးသာပုံမှန်တိုက်ကျွေးပေး မေမေတို့ဖြစ်စေချင်တဲ့ ဉာဏ်ရည်ထက်မြတ်ပြီး အရာရာတိုင်းမှာတော်နေစေမှာ 😘💗

ဒီ Natural Aid Mini Drop DHA ကသားသားမီးမီးလေးတွေက ဘာကောင်းစေလည်းဆိုရင်

✔️ မိမိရင်သွေးငယ်တို့ရဲ့ ဦးနှောက်နဲ့ဉာဏ်ရည်ကိုဖွံ့ဖြိုးစေခြင်း

✔️ ကလေးငယ်တို့ရဲ့အမြင်အာရုံကိုမြှင့်တင်ပေးပြီး အာရုံစူးစိုက်မှုကောင်းမွန်စေခြင်း

✔️သားသားမီးမီးတို့ရဲ့ နှလုံးဖွံ့ဖြိုးမှု့နဲ့ နှလုံးစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေခြင်း

✔️ကလေးအများစုဖြစ်လေ့ရှိကြတဲ့ ADHA ခေါ် အာရုံစူးစိုက်လို့မရတဲ့ရောဂါတွေကို သက်သာစေခြင်း

✔️ အရိုးအဆစ်များကျန်းမာသန်စွမ်းစေပြီး ဖောယောင်ခြင်းမှကာကွယ်ပေးခြင်း ခြင်းဘဲဖြစ်ပါတယ်။

မိမိတို့ရဲ့ သားသားမီးမီးလေးတွေကိုနေရာတကာ တော်နေ တတ်နေ စေချင်တယ်၊ဗဟုသုတပြည့်ဝတဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တယ်၊ ကျန်းမာကြံ့ခိုင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တယ်ဆို ဒီ Natural Aid Mini Drop DHA လေးကိုသာပုံမှန်တိုက်ကျွေးပေးနော် မေမေတို့ 💗💗

📌 သောက်သုံးရန်အညွှန်း

3လသားကနေ 5နှစ်အရွယ် ကလေးငယ်ထိတိုက်ကျွေးနိုင်ပြီး တစ်နေ့ကိုတစ်ကြိမ် dropper မှာပါတဲ့ 1ml ပမာဏကို တိုက်ကျွေးနိုင်ပါသည်၊သားသားမီးမီးလေးတွေကို မတိုက်ခင်ဆေးဘူးလေးကိုအရင် Shake ပေးနော်မေမေတို့ 💗💗

ငွေစျေးအပြောင်းအလဲရှိလို့ စျေးလေးမေးပေးပါ

Instock ✔️
UK Import ✔️
💯 Authentic ဖြစ်ကြောင်းအာမခံပါသည် ✔️



24/06/2025

စားပြီးရင် မလွှင့်ပစ်လိုက်ပါနဲ့...!!! မင်းကွတ်ခွံကို အခြောက်လှန်းပြီး သိမ်းထားပါ။ အရေပြားရောဂါ၊ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊ ရေဝင်၍ခြေထောက်ဖျက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ရေယုန်၊ ပြည်တည်နာ၊ ရေကျောက်တို့ကို ကုသရာတွင် အလွန်ထိရောက်ပါတယ်။

အသုံးပြုနည်း......
👉 မှည့်နေသော မင်းကွတ်သီး၏ အခြောက်လှန်းထားသောအခွံကို ထုံးရေကြည်နှင့် ရော၍ ပျစ်လာအောင် သွေးပြီး အရည်ကြည်ဖုများ၊ ပြည်တည်နာများ သို့မဟုတ် ပွေးများပေါ်တွင် တစ်နေ့လျှင် ၂-၃ ကြိမ် လိမ်းပေးပါက သက်သာလာပါမည်။ သို့မဟုတ် အခြောက်လှန်းထားသော မင်းကွတ်ခွံ ၁-၂ ခုကို ရေ ၁ လီတာဖြင့်ပြုတ်ပြီး အနာများကို တစ်နေ့လျှင် ၃-၄ ကြိမ် ဆေးကြောပေးနိုင်ပါသည်။ အလားတူပင် နေလှန်းထားသော မင်းကွတ်ခွံကို ရေနှင့်ရော၍ ပျစ်လာအောင် သွေးပြီး ရေဝင်၍ခြေထောက်ဖျက်ထားသော နေရာများကို တစ်နေ့လျှင် ၃-၄ ကြိမ် လိမ်းပေးပါက အနာများ ပိုမိုမြန်ဆန်စွာ ခြောက်သွေ့လာစေရန် ကူညီပေးပါမည်။

ပါးစပ်အတွက်.......
မင်းကွတ်ခွံကို ပြုတ်ပြီး ပါးစပ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းတွင် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သ'တ်နိုင်သော ဂုဏ်သတ္တိနှင့် မှိုများကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများရှိပြီး ပါးစပ်အတွင်း အနာများဖြစ်ပေါ်သည့်အခါ အထူးကောင်းမွန်ပါသည်။

ဝမ်းပျက် ဝမ်းလျှောအတွက်.......
မှည့်နေသော မင်းကွတ်အသီး၏ အခြောက်လှန်းထားသော အခွံကို ဝမ်းပျက်ဝမ်းလျှော၊ နာတာရှည်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ မင်းကွတ်ခွံခြောက် ၁ ခုကို ရေဖြင့် ၅-၁၀ မိနစ်ခန့် ပြုတ်ပြီး တစ်ခါသောက်လျှင် ထမင်းစားဇွန်း ၁ ဇွန်းနှုန်းဖြင့် ၄ နာရီခြားတစ်ခါ သောက်သုံးနိုင်ပါသည်။ သို့မဟုတ် မင်းကွတ်ခွံခြောက် တစ်ခြမ်းကို မီးအနည်းငယ်ဖြင့် ကင်ပြီး အမှုန့်ပြုလုပ်ကာ ရေတစ်ဝက်ခွက်တွင် ဖျော်၍ ၂ နာရီခြားတစ်ခါ သောက်သုံးပါက ရောဂါလက္ခဏာများ သက်သာလာမည် ဖြစ်သည်။

MON SOUNG

ပုစွန်၊ အသား၊ ငါးများမှ ဖော်မလင် ဖယ်ရှားနည်းများဖော်မလင် (Formalin) သည် ပုံမှန်အားဖြင့် အလောင်းများကို မပုပ်သိုးအောင် ထိ...
20/06/2025

ပုစွန်၊ အသား၊ ငါးများမှ ဖော်မလင် ဖယ်ရှားနည်းများ

ဖော်မလင် (Formalin) သည် ပုံမှန်အားဖြင့် အလောင်းများကို မပုပ်သိုးအောင် ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါသည်။

ဖော်မလင်ကိုအစားအစာများတွင် အသုံးပြုရန် လုံးဝခွင့်ပြုထားခြင်းမရှိသော်လည်း အသားနှင့် ငါးများမပုတ်သိုးပဲ၊ တာရှည်ခံစေရန်အတွက် မလျော်ကန်စွာ အသုံးပြုတတ်ကြပါသည်။

အထူးသဖြင့်ပုစွန်၊ ငါး၊ ပင်လယ်စာ၊ အသား၊ တို့ဟူး၊ ပဲပြား၊ မုန့်ဟင်းခါးဖတ် စတဲ့ ပုပ်သိုးလွယ်တဲ့ အစားအစာတွေမှာ တွေ့ရတတ်ပါတယ်။

ဖော်မလင်ပါဝင်မှုကို ဘယ်လိုသိရှိနိုင်မလဲ?
ဖော်မလင်ပါဝင်တဲ့ အစားအစာတွေဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဖော်မလင်ပါတဲ့ငါးက အသားမာတောင့်ပြီး ရော်ဘာလိုဖြစ်နေမယ်။ အကြေးခွံမာနေမယ်။ ငါးညှီနံ့မရဘဲ ယင်မနားဘူး။

ပင်လယ်စာမှာ ဖော်မလင်ပါနေရင် ရော်ဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။

တို့ဟူး၊ပဲပြား‌တွေဟာ ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီကျော်လည်း မပျက်စီးဘူးဆိုရင်ဖော်မလင်ပါဖို့များပါတယ်။

မုန့်ဟင်းခါးဖတ်တွေမှာဖော်မလင်ပါ‌ရင် မုန့်သားပျော့ပျောင်းမနေဘဲ elastic (ကြိုးပြား) လိုဖြစ်နေမယ်။ ရေနွေးထဲထည့်ရင် ဆေးရုံနံ့လိုလို၊ ပြာနံ့လိုလို ရနိုင်တယ်။

ဖော်မလင်သည် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သောကြောင့် ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော ပုစွန်၊ အသား၊ ငါးများကို စားသုံးခြင်းမပြုမီ ဖော်မလင်ကိုဖယ်ရှားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။

ဖော်မလင်ကို လုံးဝဖယ်ရှားပစ်ရန် ခက်ခဲသော်လည်း အောက်ပါနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်ဖော်မလင်ပါဝင်မှုကို လျှော့ချပေးနိုင်ပါသည်။

၁။ ရေဖြင့် စနစ်တကျ ဆေးကြောခြင်း
ရေအေးဖြင့် ဆေးကြောခြင်း
ဖော်မလင်သည် ရေတွင် ပျော်ဝင်နိုင်သော ဓာတုပစ္စည်းဖြစ်သောကြောင့် ရေအေးဖြင့် အကြိမ်ကြိမ် ဆေးကြောခြင်းသည် ဖော်မလင်ပါဝင်မှုကို လျှော့ချရန် အခြေခံအကျဆုံး နည်းလမ်းဖြစ်ပါသည်။
အသား သို့မဟုတ် ငါးများကို ရေအေးများများဖြင့် ၁၀ မိနစ်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် အနည်းဆုံး (၂) ကြိမ်မှ (၃) ကြိမ်ခန့် စနစ်တကျ ဆေးကြောပေးသင့်ပါသည်။

၂။ ဆားရည်ဖြင့် စိမ်ခြင်း
ဆားရည်သည် ဖော်မလင်ဓာတ်ကို အတိုင်းအတာတစ်ခုအထိစုပ်ယူနိုင်စွမ်းရှိသည်ဟု လေ့လာမှုတွေအရ တွေ့ရပါတယ်။
အသား သို့မဟုတ် ငါးများကို ဆားရည် (ရေ ၁ လီတာလျှင် ဆား စားပွဲတင်ဇွန်း ၂-၃ ဇွန်းခန့်) တွင် ၁၅မိနစ်မှ နာရီဝက်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် ပြန်လည်ဆေးကြောခြင်းဖြင့် ဖော်မလင်ပါဝင်မှုကို လျှော့ချနိုင်ပါသည်။
စိမ်ထားတဲ့အချိန် ကြာလေလေ ဖော်မလင်ဓာတ် ပိုမိုလျော့နည်းလေလေ ဖြစ်ပါတယ်။
ဆားရည်သည်ဖော်မလင်ကို လုံးဝပျောက်ကွယ်အောင်ဖယ်ရှားနိုင် ခြင်းမရှိသော်လည်း ဖော်မလင်ရဲ့ ပြင်းအားကို လျှော့ချပေးနိုင်ပါသည်။

၃။ အပူပေးခြင်း (ချက်ပြုတ်ခြင်း)
ဖော်မလင်သည် အပူဒဏ်ကို ခံနိုင်ရည်မရှိသော ဓာတုပစ္စည်းဖြစ်ပါသည်။
အပူချိန်မြင့်မားစွာ ချက်ပြုတ်ခြင်း (ဥပမာ- ရေနွေးဆူဆူဖြင့် ပြုတ်ခြင်း၊ ဆီပူပူဖြင့် ကြော်ခြင်း) သည် ဖော်မလင်ကို အငွေ့ပျံစေခြင်း သို့မဟုတ် ဓာတ်ပြိုကွဲစေခြင်းဖြင့် ၎င်း၏ ပြင်းအားကို လျှော့ချပေးနိုင်ပါသည်။
သို့သော် အပူပေးရုံဖြင့် ဖော်မလင်အားလုံးကို လုံးဝဖယ်ရှားနိုင်မည်မဟုတ်ပါ။

၄။ ရှာလကာရည် (Vinegar) သို့မဟုတ် သံပုရာရည် (Lemon Juice) အသုံးပြုခြင်း
အချို့သော လေ့လာမှုများအရ ရှာလကာရည် သို့မဟုတ် သံပုရာရည်ကဲ့သို့သော အက်ဆစ်ဓာတ်ပါဝင်သည့် ပစ္စည်းများသည် ဖော်မလင်၏ ဓာတ်ကို ပြယ်စေနိုင်သည်ဟု ဖော်ပြထားပါသည်။

အသား သို့မဟုတ် ငါးများကို ရှာလကာရည် (သို့မဟုတ်) သံပုရာရည် အနည်းငယ် ရောထားသော ရေဖြင့် ၁၀မိနစ် ၁၅မိနစ်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် ပြန်လည်ဆေးကြောခြင်းဖြင့် ဖော်မလင်ပါဝင်မှုကို လျှော့ချနိုင်ကြောင်း အကြံပြုထားပါသည်။

၅။ ကန်စွန်းရွက် (Water Spinach) အသုံးပြုခြင်း

မြန်မာနိုင်ငံတွင် ရေငံပိုင် ဦးဘဦး ဆားလုပ်ငန်းမှ ဖော်မလင်ဓာတ်ပါဝင်သော အစားအစာများကို ကန်စွန်းရွက်ဖြင့် ပြုတ်ပြီး စားသုံးနိုင်ကြောင်း၊ ကန်စွန်းရွက်သည် ဖော်မလင်ဓာတ်ကို စုပ်ယူနိုင်ကြောင်း တင်ပြခဲ့ဖူးပါသည်။ ၎င်းနည်းလမ်းသည်လည်း ဖော်မလင်ပါဝင်မှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ပါသည်။

ဤနည်းလမ်းများသည် ဖော်မလင်ပါဝင်မှုကို လျှော့ချရန် ကူညီနိုင်သော်လည်း လုံးဝ ဖယ်ရှားပေးနိုင်မည်မဟုတ်‌‌ပါ။

ပုံမှန်မဟုတ်သော အနံ့အသက် (ဓာတုဗေဒပစ္စည်းနံ့)၊ ပုံမှန်မဟုတ်သော တောက်ပသည့် အရောင်အဆင်း၊ သာမန်ထက် ပိုမိုမာကျောနေခြင်း စသည့် လက္ခဏာများရှိပါက ဖော်မလင်ပါဝင်နိုင်ခြေရှိကြောင်း သတိပြုသင့်ပါသည်။

ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော အသား၊ ငါးများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
လတ်ဆတ်သော အသား၊ ငါးများကိုသာ ရွေးချယ်ဝယ်ယူပါ။

အကယ်၍ ဖော်မလင်ပါသော အစားအစာများကို မတော်တဆ စားသုံးမိပါက ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။

ချက်ချင်းဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

ဖော်မလင်ပါဝင်မှုပမာဏနှင့် စားသုံးမိသော ပမာဏပေါ်မူတည်၍ အောက်ပါ ဘေးထွက်ဆိုးကျိုးများ ချက်ချင်းဖြစ်ပေါ်နိုင်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
ဖော်မလင်သည် အစာအိမ်နှင့် အူလမ်းကြောင်း နံရံများကို ယားယံစေပြီး ရောင်ရမ်းစေနိုင်သဖြင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ဗိုက်နာခြင်းနှင့် အစာအိမ် အောင့်ခြင်း
ပြင်းထန်သော ဗိုက်နာခြင်းနှင့် အစာအိမ် အောင့်ခြင်းများ ခံစားရနိုင်ပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

အသက်ရှူခက်ခဲခြင်း
အချို့သူများတွင် အသက်ရှူလမ်းကြောင်း ယားယံခြင်းကြောင့် အသက်ရှူခက်ခဲခြင်း သို့မဟုတ် ပန်းနာရင်ကျပ်နှင့် ဆင်တူသော လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
ဖော်မလင်ကို အငွေ့အဖြစ် ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကျပ် (Asthma) စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အစာကနေ ဝင်ရောက်ပေမယ့် အချို့ဖော်မလင်တွေက အငွေ့အဖြစ် ပြောင်းလဲနိုင်လို့ အသက်ရှူလမ်းကြောင်းကိုလည်း သွယ်ဝိုက်သောအားဖြင့် ထိခိုက်နိုင်ပါတယ်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ

ခေါင်းမူးခြင်းနှင့် သတိလစ်ခြင်း
ပြင်းထန်သော ဖော်မလင် အဆိပ်သင့်မှုတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှင့် အချို့ ကိစ္စများတွင် သတိလစ်ခြင်းများအထိ ဖြစ်ပေါ်နိုင်ပါသည်။

မှတ်ဉာဏ်လျော့နည်းခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ စသည့် အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း အချို့သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

နှလုံးနှင့် သွေးလည်ပတ်မှုဆိုင်ရာပြဿနာ
ပြင်းထန်သောအခြေအနေများတွင် သွေးပေါင်ကျခြင်းနှင့် နှလုံးခုန်နှုန်း မမှန်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။

ရေရှည်ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ
ဖော်မလင်ကို အနည်းငယ်စီ စဉ်ဆက်မပြတ် စားသုံးမိခြင်း သို့မဟုတ် တစ်ကြိမ်တည်း အများအပြား စားသုံးမိခြင်းသည် ရေရှည်တွင် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်း
ဖော်မလင်သည် လူ့ခန္ဓာကိုယ်အတွက် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်း (Carcinogen) အဖြစ် သတ်မှတ်ထားပါသည်။
အထူးသဖြင့် နှာခေါင်း၊ လည်ချောင်းနှင့် အစာအိမ်တို့တွင် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။

နှာခေါင်းနှင့် လည်ချောင်းကင်ဆာ (Nasopharyngeal Cancer)
အစားအသောက်မှတစ်ဆင့် ဝင်ရောက်တဲ့ ဖော်မလင်ဟာ နှာခေါင်းနောက်ဘက်နဲ့ လည်ချောင်းအပေါ်ပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

သွေးကင်ဆာ (Leukemia)
လေ့လာမှုများအရ ဖော်မလင်နဲ့ ထိတွေ့မှုများတဲ့သူတွေမှာ သွေးကင်ဆာ၊ အထူးသဖြင့် Myeloid Leukemia ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရှိရပါတယ်။ (American Cancer Society)

အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာ
တိရစ္ဆာန်တွေမှာ ပြုလုပ်တဲ့ စမ်းသပ်မှုတွေအရ သောက်ရေထဲမှာပါတဲ့ ဖော်မလင်က အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိတ်တွေ တိုးပွားစေတယ်လို့ သိရပါတယ်။

ကျောက်ကပ်နှင့် အသည်း ထိခိုက်ခြင်း
ဖော်မလင်ကို ခန္ဓာကိုယ်မှ ချေဖျက်ရာတွင်ကျောက်ကပ်နှင့် အသည်းတို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
ထို့ကြောင့် ဖော်မလင် အဆိပ်သင့်မှုသည် အဆိုပါ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

မျိုးပွားမှုဆိုင်ရာ ပြဿနာများ

အချို့လေ့လာမှုတွေက ဖော်မလင်ဟာ မျိုးပွားမှုစနစ်ကို ထိခိုက်နိုင်ပြီး အမျိုးသမီးတွေရဲ့ မျိုးဥအိမ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) အထိ ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်းနှင့် အရေပြားပြဿနာများ
ဖော်မလင်နှင့် ထိတွေ့မှုရှိသောအခါ အရေပြားယားယံခြင်း၊ နီရဲခြင်းနှင့် အခြား ဓာတ်မတည့်သော လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။

အကယ်၍ ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော အစားအစာများကို စားသုံးမိပါက ချက်ချင်း ဆေးရုံ သို့မဟုတ် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် အရေးကြီးပါသည်။ မိမိဘာသာ ကုသခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ကျွမ်းကျင်သူ ဆရာဝန်၏ အကူအညီကို ရယူရန် မဖြစ်မနေလိုအပ်ပါသည်။

References:

Food Safety and Standards Authority of India (FSSAI) (Specific articles or guidelines might be available on their official website)

Scientific Studies on Formalin Removal: Research papers published in food science journals often discuss various methods for reducing formalin content in food products.

World Health Organization (WHO) publications on food safety hazards

Studies on Formaldehyde Toxicity, e.g., published in environmental health journals

International Agency for Research on Cancer (IARC) Monographs on Formaldehyde

Https://www.ResearchGate.com

ရေငံပိုင် ဦးဘဦး ဆားလုပ်ငန်း၏ အကြံပြုချက်များ

#အသားငါးများမှဖော်မလင်ဖယ်ရှားနည်း
ိပ်ပြာ

Access 160+ million publication pages and connect with 25+ million researchers. Join for free and gain visibility by uploading your research.

Address

Strand Road
Yangon

Website

Alerts

Be the first to know and let us send you an email when Yu Po Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share