K's Book Shop & Essentials

K's Book Shop & Essentials Book store and Essentials

မနက်ဖန် နောက်ဆုံးပါနော်။‌ စာအုပ်ဝယ်ချင်တယ်ဆိုရင်
04/04/2026

မနက်ဖန် နောက်ဆုံးပါနော်။‌ စာအုပ်ဝယ်ချင်တယ်ဆိုရင်

ဘဝကြီးမှာ ဘာတွေလိုချင်လဲလို့ မေးလာတဲ့ အခါ " အေးချမ်းမှု " ဒီအတိုင်း “ စိတ်အေးချမ်းမှု" လို့ဖြေမိမှာ။ဘာမှမတွေးဘဲ ငြိမ်ငြိ...
19/02/2026

ဘဝကြီးမှာ
ဘာတွေလိုချင်လဲလို့ မေးလာတဲ့ အခါ
" အေးချမ်းမှု " ဒီအတိုင်း “ စိတ်အေးချမ်းမှု" လို့ဖြေမိမှာ။

ဘာမှမတွေးဘဲ
ငြိမ်ငြိမ်သက်သက်လေးနဲ့ အရာ အားလုံးကို
အရှိကိုအရှိအတိုင်း လက်ခံပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ဖို့ပဲ တွေးနေမိတယ်။

ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ
ဘယ်သူကမှလည်း စိတ်အနှောင့်အယှက်မပေးဘဲ
ဒီတိုင်း လေးပဲ အေးအေးချမ်းချမ်းလေး နေ့ရက်တွေကို ကုန်ဆုံးသွားချင်တော့တယ်။
ဒီလောက်ပါပဲ

ဒီကာလမှာ နေတတ်အောင်နေ။ကြိုးစားတိုင်း မအောင်မြင်လို့လည်း စိတ်မညစ်နဲ့၊ငွေရှာရခက်လို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်နဲ့......
19/02/2026

ဒီကာလမှာ နေတတ်အောင်နေ။
ကြိုးစားတိုင်း မအောင်မြင်လို့လည်း စိတ်မညစ်နဲ့၊
ငွေရှာရခက်လို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်နဲ့...
တစ်ချို့ရွယ်တူတွေ ဆုံးတဲ့သူတွေ ဆုံးသွားကြပြီ။
ဝါသနာပါတာလေးတွေလုပ်။
သူများ မထိခိုက်ရင် ပြီးတာပဲ။
ပျော်သလိုသာနေ...။
မထင်မရှားလေးနဲ့
စားနိုင်သောက်နိုင်၊ ဆေးကုနိုင်ရင် တော်ပြီ။
ကြွယ်ပြသမျှကိုလည်း သွားရည်မကျနဲ့...
ဆိုရှယ်မီဒီယာမှာ အားလုံးက အမှန်မဟုတ်ဘူး...။
ရူးချင်ရင် ရူးနေလိုက်...
အများကြီး အေးချမ်းတယ်။

🍃🍀🍂


a lovely day 💛
book shop & essential

2026ဆုတောင်းလေးကတော့"မိဘတွေကို အမြဲစိတ်ချမ်းသာ​စေချင်ပြီးကျန်းကျန်းမာမာလေးရှိစေချင်တယ်"ကိုယ်တိုင်လည်း စိတ်ချမ်းသာချင်တယ်...
02/01/2026

2026ဆုတောင်းလေးကတော့
"မိဘတွေကို အမြဲစိတ်ချမ်းသာ​စေချင်ပြီး
ကျန်းကျန်းမာမာလေးရှိစေချင်တယ်"
ကိုယ်တိုင်လည်း စိတ်ချမ်းသာချင်တယ်
စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေနဲ့ဝေးပြီး
ကိုယ့်အပေါ်မကောင်းတဲ့လူ၊ အပေါ်ယံ အတုအယောင်
တွေနဲ့ဝေးချင်ပါတယ်။
အစစ်အမှန်တွေနဲ့ပဲဆုံချင်ပါတယ်။
ဒီလောက်ပါပဲ...🤍
Crd

ပြာသိုလပြည့် အမေများနေ့ ဆုတောင်းလေးကတော့ မေမေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကမ္ဘာပေါ်ရှိ မေမေများအားလုံးလည်း စိတ်ချမ်းသာ...
02/01/2026

ပြာသိုလပြည့် အမေများနေ့
ဆုတောင်းလေးကတော့
မေမေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး
ကမ္ဘာပေါ်ရှိ မေမေများအားလုံးလည်း စိတ်ချမ်းသာ
ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ။

💭 || 2.1.2026
Crd

ဘာကြောင့်မှန်းမသိပေမဲ့ အခုနောက်ပိုင်း တစ်ခုခုဆို လွှတ်ချလိုက်ဖို့ဘဲ တွေးမိနေတာ ကိုယ့်အပေါ် စိတ်ပျက်စရာ စိတ်ခုစရာတစ်ခုခုလ...
28/12/2025

ဘာကြောင့်မှန်းမသိပေမဲ့ အခုနောက်ပိုင်း
တစ်ခုခုဆို လွှတ်ချလိုက်ဖို့ဘဲ တွေးမိနေတာ

ကိုယ့်အပေါ် စိတ်ပျက်စရာ စိတ်ခုစရာ
တစ်ခုခုလုပ်လိုက်ပြီဆို အများကြီးစဉ်းစားမနေတော့ဘဲ
စိတ်ထဲကနေ အပြီးအပိုင်ထုတ်ပြစ်လိုက်တာ

လုပ်ရက်လေခြင်းတွေ ဘာလို့လဲဆိုတဲ့အတွေးတွေ အဲဒါတွေမရှိတော့ဘူး
ဘာမလဲခံစားမနေတော့ဘူး

လူက ဘာဖြစ်သွားတာလဲမသိတော့ဘူး ..

တစ်ယောက်တည်း ဆိတ်ဆိတ်နေတဲ့အခါအထီးကျန်တယ် မခံစားရပါဘူး။တစ်ခါတလေမှာရှုပ်ထွေးဆူညံတဲ့ ပတ်ဝန်းကျင်က ခွာပြီးတစ်ယောက်တည်း ဆိတ်ဆ...
26/12/2025

တစ်ယောက်တည်း ဆိတ်ဆိတ်နေတဲ့အခါ
အထီးကျန်တယ် မခံစားရပါဘူး။

တစ်ခါတလေမှာ
ရှုပ်ထွေးဆူညံတဲ့ ပတ်ဝန်းကျင်က ခွာပြီး
တစ်ယောက်တည်း ဆိတ်ဆိတ်နေတတ်ဖို့က ပညာသားပါတယ်။

လူတွေက ပျော်ပွဲရွှင်ပွဲ၊ လူတွေကြားထဲနေမှ အထီးကျန်ဆန်တယ် မခံစားရဘူးလို့ ထင်တတ်ကြတယ်။

လူအများကြားမှာ နေပြီး
အထီးကျန်စိတ် ခံစားနေရသူတွေ ဒုနဲ့ဒေးပါ။

ဒါကြောင့် အချိန်ကို ဆိတ်ဆိတ်ငြိမ်ငြိမ် တစ်ယောက်တည်း ဖြတ်သန်းတတ်ဖို့ကလည်း အရေးကြီးတယ်။

တစ်ယောက်တည်းဖြစ်တဲ့အခါ
စိတ်ရဲ့ပေါ့ပါးခြင်း၊ ငြိမ်းချမ်းခြင်းကို ခံစားရတယ်။

တရားထိုင်နိုင်တယ်၊ ယောဂလုပ်နိုင်တယ်။

စာဖတ်နိုင်တယ်၊ သီချင်းနားထောင်၊
ရုပ်ရှင်ကြည့်နိုင်တယ်။

လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တဲ့အလုပ်ကို လုပ်နိုင်တယ်။

အိမ်သန့်ရှင်းရေးလုပ်နိုင်တယ်။

ပစ်ထားတာကြာပြီဖြစ်တဲ့ အဝတ်ဘီရိုကို ရှင်းနိုင်တယ်။

ပန်းပင်တွေ ပြုစုနိုင်တယ်။

အကောင်းဆုံးက အိမ်ရဲ့ထောင့်တစ်နေရာမှာ ထိုင်ပြီး တိမ်တွေကို ငေးတာကိုပဲ။

ချုပ်နှောင်မှုကြား၊ ဖိစီးမှုကြားမှာ
ဘာမှမတွေးဘဲ စိတ်ကို ခဏတာ
လွတ်လပ်ခွင့် ပေးနိုင်တယ်။

💌
#နိုင်းနိုင်းစနေ

တစ်ခါတစ်လေမှာဘယ်လောက်ပဲ သန်မာ သန်မာတစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “ဆိုပြီး မေးတာမျိုးလေးကို မျှော်မိတယ် ။တစ်ခုခုအောင်မြင...
03/11/2025

တစ်ခါတစ်လေမှာ
ဘယ်လောက်ပဲ သန်မာ သန်မာ
တစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “
ဆိုပြီး မေးတာမျိုးလေးကို မျှော်မိတယ် ။
တစ်ခုခုအောင်မြင်စွာ လုပ်ပြီးတိုင်း
“ တော်လိုက်တာ လုပ်နိုင်ခဲ့ပြီနော် “ လို့
ဝမ်းသာအားရ ဂုဏ်ပြုတာလေး ကြားချင်မိတယ် ။
တက်နေတဲ့ လှေကားတွေမှာ ချော်ကျတဲ့အခါတိုင်း
“ ဪ ငါ့အနောက်မှာ သူတို့တွေ ရှိတယ် “ ဆိုတာမျိုးလေး ခံစားဖူးချင်တယ် ။
ခံစားချက် စိတ်အခြေအနေတွေကို ကိုယ်မပြောပြလဲ နားလည်နေတာမျိုးလေး လိုချင်တယ်
အဆင်မပြေပါဘူး လို့ ပြောနေရင်တောင်
အဆင်ပြေနေပါတယ် လို့ ထင်ခံရတဲ့
အခိုက်အတန့်တွေ
အလေးထားမခံရခြင်းတွေ
တန်ဖိုးမထားမှုတွေ
ပေးဆပ်မှုတွေ
ကျေးဇူးတင်မခံခဲ့ရတဲ့ ပင်ပန်းမှုတွေ
တစ်ခုစီပါပဲ ။
မငိုဖြစ်သေးပါဘူး ။
နည်းနည်းလေး မျက်ရည်ဝဲယုံမျှလေ
#မယ်ညို
#ဝမ်းနည်းလို့ရေးတဲ့စာ
book shop & essential

Crd

မနက်ဖြန်ဆို ဘာဖြစ်မလဲ မသေချာတဲ့ ကမ္ဘာကြီးမှာတကယ်တမ်း လုပ်စရာ ၂ ခု ပဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့နဲ့လက်ရှိ ကိုယ်...
10/10/2025

မနက်ဖြန်ဆို ဘာဖြစ်မလဲ မသေချာတဲ့ ကမ္ဘာကြီးမှာ
တကယ်တမ်း လုပ်စရာ ၂ ခု ပဲ ရှိပါတယ်။

ကိုယ့်ကိုယ်ကို ချစ်ပေးဖို့နဲ့

လက်ရှိ ကိုယ့်ဘေးနား ရှိနေသူတွေကို ချစ်ပေးဖို့ပါ။

ချစ်ဖို့ အချိန်တွေ နောက်မကျပါစေနဲ့ ။

💭 || 10.10.2025

Crd

07/10/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K's Book Shop & Essentials posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category