11/12/2025
ကောင်းတာတွေလုပ်ပြီး ဘာလို့ မကောင်းတာတွေ ကြုံနေရတာလဲ ...
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ် ဆိုတာမှန်ပါတယ် ... ဒါပေမဲ့ ကောင်းတာလုပ်တိုင်း ကောင်းတာ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အစွဲကို စွဲသွားမိရင်တော့ ... ကိုယ် ကောင်းတာတွေ လုပ်ပြီး မကောင်းတာ တစ်ခုခု ကြုံလာရတဲ့ အခါ အရမ်းကို ခံစားရခက်ပါတယ် ...
ဘဝမှာ ကိုယ်ကောင်းအောင် နေရဲ့သားနဲ့ အဆိုးလောကဓံတွေ ထပ်ကာ ထပ်ကာ ကြုံရတဲ့ အခါ … ကံ, ကံ၏ အကျိုးကို ယုံမှား သံသယ ဖြစ်လာတတ်ပါတယ် ... ဗုဒ္ဓဘာသာရဲ့ အခြေခံကိုက ကံ, ကံ၏ အကျိုးကို ယုံကြည်ခြင်းဆိုပြီး စတင်ဖွင့်ဆိုထားပါတယ် ...
ကျွန်တော်တို့ လူတစ်ယောက် အပေါ် ကောင်းပေးလိုက်တယ် ... သူက ကိုယ့်အပေါ် ပြန်ပြီး ကောင်းမလာတဲ့ အခါမျိုး ... လောကမှာ မိမိတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ထိန်းသိမ်းပြီး နေနေတဲ့ ကြားထဲက ကြုံနေရတဲ့ အခြေအနေတွေက မကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရတာမျိုးတွေ ဆိုတာ တစ်ခါတလေမှ မဟုတ်ပဲ မထင်ရင် မထင်သလို ခဏ ခဏ ကြုံနေရတာမျိုးတောင် ဖြစ်နေနိုင်ပါတယ် ...
အဲ့ဒီလို အခါမျိုးမှာ မိမိတို့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ၊ ကောင်းမွန်တဲ့ စေတနာတွေ၊ ကောင်းမွန်တဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်တည်မှုတွေဟာ ပျောက်ပျက်သွားချင်လောက်အောင် ... ကိုယ့်ကိုယ်ကိုရော၊ လူတွေအပေါ်မှာရော၊ ဘဝကြီးအပေါ်မှာပါ စိတ်ပျက်သွားနိုင်ပါတယ် ...
ဒီတော့ သူကောင်းမှ ငါကောင်းမယ်တို့ ... လူကောင်းတစ်ယောက် ဖြစ်နေလို့လဲ ဘာမှ မထူးပါဘူးတို့ ... စသည်ဖြင့် ခံယူချက်တွေ ပျက်ပြားလာကာ မိမိတို့ ကိုးကွယ်ရာ ဘာသာ အဆုံးအမတွေ အပေါ်မှာပါ သက်ဝင်ယုံကြည်မှု လျော့နည်းလာတတ်ပါတယ် ...
ဒါ့ကြောင့် ကံရဲ့ အလုပ်လုပ်ပုံတွေကို သေသေချာချာ လေ့လာသိရှိ နားလည်ထားဖို့ လိုအပ်တယ် ... တချို့လူတွေ အတွက် ကံရဲ့ အလုပ်လုပ်ပုံက လွယ်ပါတယ်ကွာလို့ ပြောချင်ပြောမယ် ... တချို့လူတွေကတော့ ကံရဲ့ အလုပ်လုပ်ပုံက ရှုပ်ထွေးပါတယ်လို့ ပြောချင်ပြောပါလိမ့်မယ် ...
ဒါက ကိုယ့်ရဲ့ ထိုးထွင်းသိစိတ်၊ ပါရမီ ဒါမှမဟုတ် လေ့လာအားနဲ့ သက်ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ... ကံ ဆိုတာ အလုပ် လို့ပြောရင် အလုပ် Action ကောင်းရင် ကံ Reaction ကောင်းမှာ ဖြစ်ပြီး ... အလုပ် မကောင်းရင် ကံကောင်းမှာ မဟုတ်ဘူး ဆိုတာလောက်တော့ လူတိုင်း သိကြပါတယ် ...
ကံ, အမျိုးအစားတွေထဲကမှ ... Randy တို့ ပြုလုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံ တွေဟာ ကံ အသစ်အသစ်တွေကို ဖြစ်ပေါ်နေစေပြီး ...
🔹 ချက်ချင်းလက်ငင်း အကျိုးပေးတဲ့ ကံ ..
🔹 လက်ရှိဘဝမှာ အကျိုးမပေးပဲ နောက်ကပ်ရပ်ဘဝမှာ အကျိုးပေးတဲ့ ကံ ...
🔹 ယခုဘဝရော နောက်ဘဝမှာပါ အကျိုးမပေးပဲ တတိယ ဘဝမှ နိဗ္ဗာန်မရောက်မှီ ကြားကာလ တစ်ချိန်ချိန်မှာ အကျိုးပေးတဲ့ ကံ ...
🔹 ချက်ချင်းလက်ငင်း အကျိုးပေးခွင့်မရပဲ ကြားကာလမှာ အခြားအင်အားကြီး ကံတစ်ခုခုရဲ့ ချေဖျက်ခြင်းကို ခံလိုက်ရတဲ့ ကံ ...
စသည်ဖြင့် ကံ အလုပ်လုပ်ပုံတွေကို နားလည် သဘောပေါက်ထားရင် လက်ရှိကြုံတွေ့နေရတာတွေကို နားလည် လက်ခံလာနိုင်ကာ ပိုကောင်းတဲ့ ကံတွေကို ဘယ်လို ပြုလုပ် ဖန်တီးရမှာလဲ ဆိုတာကိုလဲ လမ်းစ တွေ့လာမှာပဲ ဖြစ်ပါတယ် ...
ဒီလို ဆိုတော့ ကောင်းတာလုပ်နေရင်း မကောင်းတာတွေ ဖြစ်နေ ကြုံနေရတယ် ဆိုတာက အတိတ်ဘဝ တစ်ချိန်ချိန်က ကိုယ်ပြုခဲ့တဲ့ ကံ အမှားတွေကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သလို ... ကိုယ့်ရဲ့ ယုံကြည်သက်ဝင်မှု ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းရှိတယ် ဆိုတာကို စာမေးပွဲစစ်တဲ့ Test တွေလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ...
တချို့ စာမေးပွဲတွေ မဖြေနိုင်လို့ ယုံကြည်ချက်တွေ ပျက်ယွင်းပြီး လှည့်ပြန်သွားရတာတွေ ရှိသလို အဲ့ဒီနေရာ Level မှာပဲ ရပ်နေပြီး ရှေ့မဆက်နိုင်တော့တာလဲ ဖြစ်သွားတတ်ပါတယ် ... အခုကောင်းတာတွေ လုပ်နေပြီး ချက်ချင်းလက်ငင်း ဒီကောင်းကျိုးတွေကို ခံစား စံစားရမှာပဲ ဆိုရင်တော့ အစွဲတစ်ခုလို ဖြစ်သွားနိုင်ပါတယ် ...
မြတ်ဗုဒ္ဓတောင်မှ ပရိနိဗ္ဗာန်စံခါနီးမှာ အတိတ်ဘဝတစ်ခုက ပြုခဲ့တဲ့ ကံကြွေးကြောင့် ဝမ်းတော်လားတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ် ... ဒါ့ကြောင့် ကျွန်တော်တို့လို သာမာန် ပုထုဇဉ်လူသားတွေက ကောင်းတာလုပ်နေတဲ့ ကြားက အတိတ်တစ်ခုခုက ပြုခဲ့တဲ့ ကံတွေကို ဆပ်နေရတာ မဆန်းပါဘူး ...
စာအုပ်မှ …
🍀 လိုအပ်လျှင် Coaching ယူပါ …
Coaching သီးသန့် ရှိပါတယ် …
Have A Nice Day! 🩵🩵🩵
#မျိုးသီဟကျော် ~
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance
Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …