07/08/2026
စာအုပ်ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ စာပေထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးများ စုစည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
မြန်မာစာအုပ်တွေနိုင်ငံတကာထုတ်ဝေသူတွေဆီကိုမူပိုင် ခွင့် ရောင်းချဖို့အတွက်ဆိုစာအုပ်ကတ်တလောက်တစ်ခု ဘယ်လိုပြင်ဆင်သင့်လဲ။
မြန်မာစာအုပ်တစ်အုပ် ISBN နံပါတ်တစ်ခုနဲ့ ထုတ်ဝေဖို့အတွက် ဘယ်လိုအရေးပါသလဲ။
မြန်မာစာပေထုတ်ဝေသူတွေနဲ့ နိုင်ငံတကာ ထုတ်ဝေသူတွေ လက်တွဲလုပ်ဆောင်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေဘယ်လိုပြင်ဆင်ထားရမလဲ။
မြန်မာ့စာပေသမိုင်းကြောင်းမှာ သမိုင်းတန်ဖိုးကြီးမားလှတဲ့ လူထုစာပေတိုက်ရဲ့ သမိုင်းကြောင်းတွေ၊
မြန်မာနိုင်ငံစာပေ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းရဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ ဖြတ်သန်းမှုတွေ အစရှိတဲ့ ဆောင်းပါးများစွာနဲ့ စုစည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
တန်ဖိုး-၁၀၀၀၀ ကျပ်
အမြို့မြို့အနယ်နယ်ရှိစာအုပ်အရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပါပြီ 📚📚😎
#စာအုပ်လောက
#မြဝတ်ချိုစာအုပ်တိုက်