Ma Ma Lay Su Online Shop

Ma Ma Lay Su Online Shop beauty

Only 5pax
12/07/2022

Only 5pax

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

လပြည့်နေ့ ဆုတောင်းလေး
12/07/2022

လပြည့်နေ့ ဆုတောင်းလေး

☸ #ဝါဆိုလပြည့်နေ့က  #အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းန...
12/07/2022

☸ #ဝါဆိုလပြည့်နေ့က #အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင့် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

#လပြည့်နေ့တိုင်း ပြုလုပ်နိုင်သည့် #ဆန်ဆီဆေးဆား အလှူတော်🌿☸🙏

#လပြည့်နေ့အခါသမယမှာဆန်ဆီဆေးဆားလှူဒါန်းကုသိုလ်ပြုနိုင်မယ့်နည်းလမ်းလေး ကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

#လှူဒါန်းရာတွင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွသံဃာတော်များ အတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

#ဆန်ဆီဆားဆေးလှူဒါန်းရခြင်းအကျိုးမှာ အကြပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

#ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာ‌စေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

#မိမိတို့အိမ်မီးဖိုချောင်သည်စားစရာများဖြင့်ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဂါရဝပြုပါသည်🙏🙏🙏

09/07/2022

ကျွန်တော် အလုပ်က ပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက် အဟောင်းလေး တစ်ရွက်ကပ်ထားတာကို တွေ့လို့ ဖတ်မိ လိုက်တယ်။

မသေမသပ် လက်ရေးလေးနဲ့ ခုလို ရေးထားတယ်။

"ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀
ကျပျောက် သွားလို့ပါ။
တစ်ယောက်ယောက်များ တွေ့ခဲ့ရင် ဒီလိပ်စာအတိုင်း ကျေးဇူး ပြု၍ လာ ပေးစေလိုပါတယ်။
ကျွန်မက မျက်စိလည်း ကောင်းကောင်း မမြင်တဲ့အတွက် ပိုက်ဆံကို ပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။
ကျွန်မကို ကူညီပြီး ပြန်ရှာ ပေးပါနော်" ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခု ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ စာထဲက လိပ်စာအတိုင်း သွားကြည့်မိတယ်။ အဲဒီ လိပ်စာမှာ အဖွားအိုတစ်ယောက် နေပါတယ်။ အဖွားက မျက်စိ မမြင်ရပါဘူး။
အနားကိုကျွန်တော် ရောက်သွားမှ အဖွားက "ဘယ်သူလဲ" လို့ မေးတယ်။
"ကျွန်တော် အဖွား ကျ ပျောက်သွားတဲ့ ငွေ ၅၀၀၀ ကောက်ရထားလို့ လာ ပြန်ပေးတာပါ" လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကို ကြားတာနဲ့ အဖွားက မျက်ရည် ကျပါတယ်။
"မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀
လာ ပေးတာ အယောက် ၄၀ ကျော် သွားပြီ။ ဓာတ်တိုင်မှာ စာကပ်ထားတာ တွေ့လို့တဲ့..။
အဖွား ဘာ စာမှ ရေးပြီး မကပ်ခဲ့ပါဘူး။
စာလည်း မရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း အနားမှာ မရှိပါဘူးကွယ်" တဲ့..။

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေး လိုက်ပါတယ်။
အဖွားက ပါးစပ်က တတွတ်တွတ်နဲ့ ဆုတွေ အများကြီး ပေးတယ်။

ပြီးတော့ အဖွားက ကျွန်တော် မပြန်ခင် ခုလို မှာလိုက် ပါသေးတယ်။
"သားပြန်သွားရင် အဲဒီ ဓာတ်တိုင်ပေါ်က စာရွက်ကို စုတ်ဖြဲ လိုက်ပါသားရယ်။ အဖွား မရေးတဲ့ စာကြောင့် လူတွေကို ဒုက္ခ မရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့ တစ်လမ်းလုံး စဉ်းစားလာမိတယ်။ ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ..။
အရင် လူတွေကိုလည်း အဖွား ဒီလိုပဲ ပြောခဲ့မှာ သေချာတယ်။
ဒါပေမယ့် ဘာလို့ စာရွက်ကို မဖြဲခဲ့ကြတာလဲ။ အဖွားကို ဒါနပြုဖို့ စဉ်းစားပြီး လုပ်သွားတဲ့ သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူး တင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို ကူညီဖို့ ဆိုတာ နည်းလမ်းတွေ အများကြီး ရှိပါလား ဆိုတာကိုလည်း အသိတစ်ခု ရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲ လိုတာပါ။

ဒီလိုနဲ့ ကိုယ်အတွေးနဲ့ ကိုယ် လမ်းလျှောက် နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစ ပြတ်သွားတယ်။

သူက ကျွန်တော့်ကို အခုလို မေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီ လိပ်စာရှင်ရဲ့ ငွေ ၅၀၀၀ ကိုကျွန်တော် ကောက်ရထားလို့ သွား ပြန် ပေးချင်လို့ပါ"
Credit: ဗန်းမော်သိန်းဖေ
#မိုးဟိန်းကျော်


#ငွေ၅၀၀၀

15/04/2022
😂
03/04/2022

😂

😆
20/03/2022

😆

All the best 🥰🥰
16/03/2022

All the best 🥰🥰

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ကျေးဇူးရှင် တောင်သူဦးကြီးများသက်ရှည်ကျန်းမာ ချမ်းသာဘေးရန်ကင်းကြပါစေ
02/03/2022

ကျေးဇူးရှင် တောင်သူဦးကြီးများ
သက်ရှည်ကျန်းမာ ချမ်းသာဘေးရန်ကင်းကြပါစေ

ပိုက်ဆံအိတ်မှာ ဒီလိုအယူအဆလေးတွေ ရှိပါတယ်ရွှေရောင်က-ရွှေငွေ ဥစ္စာ မြဲစေပါတယ်အပြာရောင်က -ဝင်တာလွယ်ပြီးထွက်တာလည်းလွယ်ပါတယ်အ...
11/12/2021

ပိုက်ဆံအိတ်မှာ ဒီလိုအယူအဆလေးတွေ ရှိပါတယ်

ရွှေရောင်က-ရွှေငွေ ဥစ္စာ မြဲစေပါတယ်

အပြာရောင်က -ဝင်တာလွယ်ပြီးထွက်တာလည်းလွယ်ပါတယ်

အနီရောင်က -များများဝင်တယ် မြန်မြန်ထွက်တယ်

အဖြူရောင်က -လာဘ် တိတ်တယ်

ပန်းရောင်က -ပီယကောင်းတယ်

အညိုရောင်
အစိမ်းရောင်
ကော်ဖီရောင်
ခရမ်းရောင်
အနက်ရောင် စတဲ့အရောင်တွေကလာဘ်ရွှင်ပြီး ငွေမြဲတယ်

ပိုက်ဆံအိတ်ကို မကြာခဏ လဲပေးပါ
သိမ်းလည်းမထားပါနဲ့

ဟောင်းစုတ်ရင်မသုံးပါနဲ့

Second hand ပိုက်ဆံအိတ် များ ဝယ်ယူအသုံးမပြုပါနဲ့

ပိုက်ဆံအိတ် ထားရန်နေရာ
တိတိကျကျ သတ်မှတ်ထားပါ

ကြမ်းပြင်ပေါ်မချပါနဲ့

မလိုသောစာရွက် ဘောက်ချာ
လိပ်စာကတ်များ ငွေစက္ကူ
အလွန်စုတ်ပြတ်နေတာများ
မထားပါနဲ့ ငွေစက္ကူစုတ်
များ သပ်သပ်စာအိတ်နဲ့
ထားပါ

မကြာခဏ အထဲကငွေ နဲ့ပစ္စည်းများထုပ်ပြီး သန့်ရှင်းရေးလုပ်ပါ။

ကရဝေးရွက် တစ်ရွက်လည်း
ထည့်ထားပါ။

ငွေ လုံးဝ မရှိသည့်အခြေအနေအထိ မထားပါနဲ့ ။

ပိုက်ဆံအိတ် ဘာရောင်ကိုင်ရမလဲ မကြာခဏမေးလာတဲ့သူတွေအတွက်အသုံးတည့်မယ်ထင်ပါတယ်နော်

ကဲ အားလုံးပဲ
ပိုက်ဆံအိတ်ထဲမှာ ငွေအပြည့်ထည့်ထားနိုင်ကြပါစေရှင်။

Ikigai Lipstick ကို Customer တွေဘာလို့ ၀ယ်သင့်လဲ👇👇💯 1 အရောင်ထွက်မှန်လို့(JAPAN Colour Pigment)💯 2 ဆိုးလိုက်တိုင်းနှုတ်ခမ...
11/12/2021

Ikigai Lipstick ကို Customer တွေဘာလို့ ၀ယ်သင့်လဲ👇👇

💯 1 အရောင်ထွက်မှန်လို့(JAPAN Colour Pigment)
💯 2 ဆိုးလိုက်တိုင်းနှုတ်ခမ်းသားပေါ်မှာ နူးညံ့ပြီးအိနေလို့
💯 3 ဘာစားစား မပျက်လို့
💯 4 Water proof ဖြစ်လို့
💯 5 ဘယ်လောက်ပဲ ဆိုးဆိုး Vitamin Eပါဝင်တာကြောင့်နုတ်ခမ်းသားကို မပျက်စီးစေလို့

တစ်ချောင်း ၆၅၀၀ကျပ် ကာလာ ၁၀​ရောင် ရှိ
မှာယူလိုပါက cb or 09420182715

​​​မြောက်ဒဂုံ ၃၀ရပ်ကွက် အနီးတ၀ိုက် deli free

လေ့လာ မှတ်သား စရာ ​လေး​တွေ
10/12/2021

လေ့လာ မှတ်သား စရာ ​လေး​တွေ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Ma Ma Lay Su Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share