Angela Wai

Angela Wai You can buy with cheapest prices.

02/02/2024

🐦ခုတော့ လဲ တစ်ယောက်တည်းပေါ့🐦
🌹သမီးလေးက အဝေးတနေရာမှာ အလုပ်တွေသွားလုပ် ငွေရှာနေချိန်
🌹သားလေးက သူအမျိုးသမီးလေး ဘက်ပါသွားခဲ့ပြပြီ
🦨🦨အပြန်လမ်းမှာ အဖော်မပါနိုင်မှန်းသိပေမယ်
🦚🦚🦚ခုချိန်တော့ အရမ်းအထီးကျန်ပါတယ် 🦚🦚🦚

ဒီနေ့ သားလေး အသက် ၂၁သားလေးကို ကျန်းမာချမ်းသာဘေးရန်ကင်းကွာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်သားလေး အိမ်ထောင်ပြုခဲ့တာ တ...
02/01/2023

ဒီနေ့ သားလေး အသက် ၂၁
သားလေးကို ကျန်းမာချမ်းသာဘေးရန်ကင်းကွာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်
သားလေး အိမ်ထောင်ပြုခဲ့တာ တစ်နှစ်ကျော် လာပါပြီ
သူချစ်သူလေးနဲ့ ရာသက်ပန်ရိုးမြေကျ အသက်ဆုံးတိုင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပေါင်းသင်းနိုင်ပါစေ
သားသမီး ရတနာလေးတွေလဲ ပိုင်ဆိုင်နိုင်ပါစေ 😍
ချစ်တယ် နော် သား 😍😍😍
သားကိုချစ်လွန်းလို့ သားချစ်မြတ်နိုးတဲ့သမီးလေးကိုလဲ အရမ်းချစ်ပါတယ် သားလေး ရယ် 😍😍😍

တစ်ခါတရံ  လူတချို့က မေတ္တာ တရားကို ငွေနဲ့တိုင်းကြတယ်  မေတ္တာက နိုင်ချိန် ငွေက  တန်ဖိုးမရှိဘူး ငွေက နိုင်ချိန်ကျတော့လဲ  တ...
01/08/2022

တစ်ခါတရံ လူတချို့က မေတ္တာ တရားကို ငွေနဲ့တိုင်းကြတယ်

မေတ္တာက နိုင်ချိန် ငွေက တန်ဖိုးမရှိဘူး
ငွေက နိုင်ချိန်ကျတော့လဲ တစ်ဦးကို တစ်ဦး မေတ္တာမရှိကျတော့ဘူး

အကြိုက်ဆုံးစကားစုတစ်ချို့🐋ငါးကြီးကြီး လိုချင်ရင်       ပင်လယ်ထဲကို သွားပါ ။         ဒါပေမယ့် •••      မုန်တိုင်းတော့ ရှိ...
24/07/2022

အကြိုက်ဆုံးစကားစုတစ်ချို့

🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး

🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••

⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။

🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။

ပုန်းကွယ်နေတဲ့အရပ်မှာ အမြဲ ကိုယ်နေခဲ့တယ် လုပ်ပေးနိုင်တာတွေ ပြီးဆုံးသွားရင် အပြန်လမ်းရဲ့ခရီးကို ကိုယ်သွားမယ် ဘယ်သူ့ကိုမှ ...
11/06/2022

ပုန်းကွယ်နေတဲ့အရပ်မှာ အမြဲ ကိုယ်နေခဲ့တယ်
လုပ်ပေးနိုင်တာတွေ ပြီးဆုံးသွားရင်
အပြန်လမ်းရဲ့ခရီးကို ကိုယ်သွားမယ်
ဘယ်သူ့ကိုမှ လှည့်မကြည့်ဘဲပေါ့

📱 နည်းပညာတွေ ကြားထဲမှာ ကျမတို့ဟာ တနေ့တခြား ပိတ်မိလာကြတယ် 🖥 မလွတ်လတ်တော့တာ ကို မသိကြိုးကျွန်ပြုရင်း သဘာဝ တရားတွေရဲ့နောက်မ...
20/04/2022

📱 နည်းပညာတွေ ကြားထဲမှာ ကျမတို့ဟာ တနေ့တခြား ပိတ်မိလာကြတယ်
🖥 မလွတ်လတ်တော့တာ ကို မသိကြိုးကျွန်ပြုရင်း သဘာဝ တရားတွေရဲ့နောက်မှာ အသက်ရှူတတ်လာကြတယ်
💻 ပိတ်မိနေတာ မေ့လျော့ရင်း ပျော်ရွှင်မှုနဲ့ကင်းဝေးလာကြတယ်
🔐 အမှန်တရားကို လက်မခံ ကြတော့ဘဲ ရုန်းထွက်ဖို့ လဲ မေ့လျော့ လာကြတယ်
👨‍👩‍👧 ဒီလို့နဲ့ အနီးဆုံးက လူတွေ နဲ့ ဝေးဝေးလာကြပြီး စကားပြောတတ်ခြင်းအသိပညာပါ ကုန်ဆုံးလာကြတယ်
😣 တအိမ်ထဲနေကြပြီး မတွေဖြစ်ကြတာ ရက်ပေါင်းများစွာဖြစ်လာကြတယ်
💔 နေ့တွေညတွေ မသိတော့ဘဲ အဲ့လိုနဲ့ အိုမင်းသွားကြတယ်
🔄 ကျမတို့ ပေးကြရမယ့် မေတ္တာ တရားတွေ မပေးမိဘဲ မရတော့ဘဲ အထီးကျန် စွာ သေဆုံးကြရတော့မယ်
✔ သင်ရော ကျမရော ဒါတွေကို မေ့လျော့နေကြတယ် 😒😞😔

တက်အစုံနဲ ရွက်အကုန် ဖွင့်ပြီး သမုဒ္ဒရာ မှာ ခရီးထွက်ခဲ့   ပြင်းထန်မုန်တိုင်း  ပူပြင်းနေလောင် သားရဲမျိုးစုံ လေပြေညင်းညင်း ...
23/03/2022

တက်အစုံနဲ ရွက်အကုန် ဖွင့်ပြီး သမုဒ္ဒရာ မှာ ခရီးထွက်ခဲ့

ပြင်းထန်မုန်တိုင်း ပူပြင်းနေလောင် သားရဲမျိုးစုံ လေပြေညင်းညင်း လသာခြင်း မှောင်မိုက်ခြင်း အစုံထွေပြား ကြုံခဲ့ရပြီးပြီ

ခရီးမဆုံးသေးသမို့ ဆက်လက်တက်ချီ ရွက်အလီလီ ဟောင်နွမ်းလို့ စုပ်ပြဲ လှော်တက်ကိုင်နေရဆဲ

အားမလျော့နဲ့ခရီးသည်
ဒီမှာဘက်ကမ်းကနေ ဟိုမှာဘက်ကမ်းကို သင်တက်ကာလှမ်းရင် တနေ့တလံ မရွှေ့ဧကံ ရောက်လိမ့်မည်

🔑  သင်မိတ်ဆွေစစ်ကိုရှာ လိုတဲ့အချိန်ကျရင်  အကူအညီ လိုနေတဲ့ ပုံစံဖြင့်သွားပါ 🔑   သင့်မိတ်ဆွေစစ်က လိုအပ်တာကို . သင့် အခက်အခ...
23/03/2022

🔑 သင်မိတ်ဆွေစစ်ကိုရှာ လိုတဲ့အချိန်ကျရင် အကူအညီ လိုနေတဲ့ ပုံစံဖြင့်သွားပါ
🔑 သင့်မိတ်ဆွေစစ်က လိုအပ်တာကို . သင့် အခက်အခဲ ကို ကူညီခဲ့လျှင် ( သို့) ကူညီနိုင်သူကို လမ်းညွှန်ခဲ့လျှင် ထိုသူ ကို သင် ဘယ်တော့ မှ မစွန့်လွှတ်ပါနဲ့
🔑 လူတွေဟာ အပေါ်ယံဘဲ ပေါင်းသင်းကြပြီး ကောင်းသယောင် ဟန်ဆောင်နေကြပေမယ့် သင်နိမ့်ကျနေတယ် လို့ ထင်တဲ့အချိန်မှာတော့ သူတို့က စွန့်ခွာကြဖို့သာ ကြိုးစားကြသူများ သာ ဖြစ်နေကြလို့ပါ

18/12/2021

💪 တက်အစုံနဲ ရွက်အကုန် ဖွင့်ပြီး သမုဒ္ဒရာ မှာ ခရီးထွက်ခဲ့

💪 ပြင်းထန်မုန်တိုင်း ပူပြင်းနေလောင် သားရဲမျိုးစုံ လေပြေညင်းညင်း လသာခြင်း မှောင်မိုက်ခြင်း အစုံထွေပြား ကြုံခဲ့ရပြီးပြီ

💪 ခရီးမဆုံးသေးသမို့ ဆက်လက်တက်ချီ ရွက်အလီလီ ဟောင်နွမ်းလို့ စုပ်ပြဲ လှော်တက်ကိုင်နေရဆဲ

💪 အားမလျော့နဲ့ခရီးသည်
ဒီမှာဘက်ကမ်းကနေ ဟိုမှာဘက်ကမ်းကို သင်တက်ကာလှမ်းရင် တနေ့တလံ မရွှေ့ဧကံ ရောက်လိမ့်မည်

က်မ. အိမ်ရှေ့ ကြွလာသောဆရာတော် ကို မုန့်ဆွမ်း ကပ်လှူ ဖို့. ဆရာတော်ရှေ့ ရောက်လာ သည် ဆွမ်းသပိတ်ကို မျက်လွှာ ချထားလျက် ဖွင့်ေ...
05/06/2021

က်မ. အိမ်ရှေ့ ကြွလာသောဆရာတော် ကို မုန့်ဆွမ်း ကပ်လှူ ဖို့. ဆရာတော်ရှေ့ ရောက်လာ သည်
ဆွမ်းသပိတ်ကို မျက်လွှာ ချထားလျက် ဖွင့်ပေးပြီး လှူချိန်မှာ ဆရာတော်ကြီးက ကျန်းမာချမ်းသာ ဘေးကင်းပါစေ
ကပ်ကြီးသုံးပါးဘေးကို ကျော်နိုင်ပါစေ တဲ့
ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ဘုရား ပေါ့
ဆရာတော်က ဆုပေးပြီးပြီဖြစ်သော်လဲ ပြန်မကြွသေး
အနည်းငယ် စဉ်းစားနေပုံနှင့် က်မကို ကြည့် လိုက်သည်
ဆရာတော်၏ မျက်ဝန်းသည် စူရှ ပြီး ကြည်လင်သည့်မျက်ဝန်း
မိမိအတွင်းစိတ်ကို ထိုးဖောက်မြင်သည့်အသွင်
ဒကာမကြီး ဘာကြောင့် ဘုရားမရှိခိုးတာလဲ ပြီးစလွယ် ဦးတိုက်ပြီး ဘာကြောင့် ပရိပ်ပဌာန်းများနဲ့ မပူဇော်တာလဲ
မွန္ပဘုရား တပည့်တော်မ မွာ အမုန်းစိတ်များ ရှိနေလို့ပါဘုရား
ဘုရားရှင်ကို ပူဇော်ပြီး ဆုတောင်မိမှာ ကြောက်လို့ပါဘုရား
အလို အမုန်းစိတ်ကြောင့်လား
တကယ်အမုန်းစိတ်ရှိရင် အဲ့အမုန်းကို ဖြေဖျောက်ဖို့ ကြိုးစားသင်တယ်မဟုတ်လား
သံဿရာ သယ်သွားမလို့လား
အဲ့လိုတော့ မဟုတ်ပါဘူး ဘုရား
အဲလိုမဟုတ်ရင် အမုန်းစိတ်ကို ဖြောက်နိုင်အောင် ကြိုးစားသင့်ပါတယ် တကာမရယ်
မွန္ပ ဒါပေမယ့်
ဒါပေမယ့်မလုပ်နဲ့တကာမကြီး မုန်းစိတ်ကိုတိုပါစေ သူက သံဿရာကို ဆွဲဆန့်  လိမ့်မယ်နော်
ကိုတောင်းထားတဲ့ ဆုကိုမမေ့သင့်ဘူးနော်
သံဿရာလဲ တိုပါစေ အကျင့်ဆိုးမကောင်းမှု စိတ်လဲ ပြတ်ပါစေ တကာမကြီး
မှန်ပါ့
အမုန်းစိတ်တိုအောင် မေတ္တာ ပြား
အမုန်းစိတ်ကုန်အောင် ဘာဝနာပွားတကာမကြီး
မှန်ပါ့ 
ခုရော ဘာကြောင့် ဆွမ်းလောင်းရသတုန်း
မှန်ပါ့ဘုရား
သံဿရာ မွာ မဆင်းရဲချင်လို့ပါဘုရာ
အေအေ
သံဿရာတော့ မဆင်းရဲတော့ဘူးထား
အမုန်းစိတ်ကြောင့် ချမ်းသာပါလျက် ဒုက္ခတွေ ခံနေရရင်မတန်ဘူးနော် တကာမကြီး
ချမ်းသာပြီး ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်နေရမှ တန္တာ
ဒါကြောင့် ဒီနေ့က စပြီး အမုန်းစိတ်ကို ဖြတ်
မွန္ပ ဘုရား.
အေအေ ပဌာန်းတရားတော် များများပူဇော် တကာမကြီး
သံဿရာ က ပါလာတဲ့ အကုသိုလ် တွေ တဖြေးဖြေး ပါးသွားလိမ့်မယ်
အကုသိုလ်ထပ်မဆက်နဲ့တော့
မှန်ပါ့ ဘုရား
ကျေးဇူးကြီးမာလှပါတယ်ဘုရား
တပည့်တော် ဦးခိုက်ပါတယ်
က်မ မြေပြင်မှာ တိုင်ချ ထိခြင်းငါးပါးနှင့် ပူဇော်မိသည်
ဆရာတော် ကျန်းမာပါစေ
အေအေ တကာမကြီး
တကာမကြီးလဲ အေးချမ်းပါစေ
တောင်းထားတဲ့ဆု ပြည့်ဝပါစေ
သံဿရာ မွာ အမုန်းကင်းပါစေ
ယ္ခင် ဝဋ်ကျွေး အမြန်ဆုံး အဆုံးသပ်ပါစေ
ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘုရား

တခါတလေ ရင်ထဲမှာ အရမ်းလွမ်းမိတယ် ဒါပေမယ့် စိတ်ကို နာစရာတွေ အများကြီးတွေးပြီး မြိုသိပ်လိုက်တယ် သူလဲ အဲ့လိုဘဲ လုပ်မယ်ထင်တယ်...
24/01/2021

တခါတလေ ရင်ထဲမှာ အရမ်းလွမ်းမိတယ်
ဒါပေမယ့် စိတ်ကို နာစရာတွေ အများကြီးတွေးပြီး မြိုသိပ်လိုက်တယ်
သူလဲ အဲ့လိုဘဲ လုပ်မယ်ထင်တယ် ဆိုတဲ့အတွေကလဲ ရင်နာမိတာဘဲ
ကွဲသွားတဲ့ နေရာက. ပြန်ဆက်လို့ကိုမရနိုင်တော့တာ ကိုယ့်ဘာသာသိပါတယ်

အပြင်းထန်ဆုံးဒဏ်ရာ
သံဿရာထိပါဦးမယ် ထင်ပါတယ်
မေ့ပျောက်ဖို့ဆိုတာ အရမ်းခက်ခဲသွားပြီမို့ပါ
တွေးပြီးလဲ နာတယ်
မတွေးဘဲလဲနာတယ်

သံဿရာမှာ မမောနိုင်မပန်းနိုင် သွားရပေဦးမယ်
ရင်နာနေတဲ့စိတ်နဲ့ အပူတွေ သယ်ဆောင်ပြီး လွင့်ရပေဦးမယ်
ဆုတောင်းလို့ပြည့်ရင် ဒီဆုလေးတောင်ချင်မိရဲ့
အပူတွေနဲ့ မနေ ဖြေနိုင်တဲ့စိတ်နဲ့ ဘဝင်နှလုံး မညှိုးနွမ်းဘဲ သောကကင်းတဲ့အရပ်မှာ သေရပါလို၏

🤔 အမှန်တရား တခုကိုသိဖို့ လူတယောက်ကို အသုံးချဖို့ လိုတယ် 👾 အသုံးချပြီးတဲ့နောက်မှာတော့ ပြင်မရတဲ့ နောင်တတွေ တပွေ့တပိုက်ကြီး...
27/12/2020

🤔 အမှန်တရား တခုကိုသိဖို့ လူတယောက်ကို အသုံးချဖို့ လိုတယ်

👾 အသုံးချပြီးတဲ့နောက်မှာတော့ ပြင်မရတဲ့ နောင်တတွေ တပွေ့တပိုက်ကြီး ကိုယ်ရခဲ့တယ်

Address

Yangon

Telephone

+959799537954

Website

Alerts

Be the first to know and let us send you an email when Angela Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Angela Wai:

Share