Ko Than Htike

Ko Than Htike Guide line and communication / coumster service
online shopping for business

ဘုရား အထဲက အပေါ်ကို တက်ခွင့်မရလိုက်ဘူး တံခါးပိတ်ထားလို့ပါ။
05/05/2024

ဘုရား အထဲက အပေါ်ကို တက်ခွင့်မရလိုက်ဘူး တံခါးပိတ်ထားလို့ပါ။

Ice machine  ရေခဲထုတ်စက်ပါ ၁၂ သိန်း1,200,000 အသစ်ရင် Dollars  3000 ကျော်ပါတယ် ဒါက အဟောင်းပါ အလျှော့အတင်းရှိသည်။ လို့အပ်လ...
11/01/2021

Ice machine ရေခဲထုတ်စက်ပါ ၁၂ သိန်း
1,200,000 အသစ်ရင် Dollars 3000 ကျော်ပါတယ်
ဒါက အဟောင်းပါ အလျှော့အတင်းရှိသည်။
လို့အပ်လျှင်ဆက်သွယ်ပေးပါ ခင်ဗျား 🤗

ရေခဲထုတ်စက်ပါ အဟောင်း စျေးပါ 1200000 kyats ၁၂ သိန်းကျပ်ပါ လာရောက်ကြည့်နိုင်ပါတယ် ဆက်သွယ်ရန် 09795420219
08/01/2021

ရေခဲထုတ်စက်ပါ အဟောင်း စျေးပါ 1200000 kyats ၁၂ သိန်းကျပ်ပါ လာရောက်ကြည့်နိုင်ပါတယ် ဆက်သွယ်ရန်
09795420219

 #ကဲ သင်္ကန်းတွေရပြီးနော် 😀
04/12/2020

#ကဲ သင်္ကန်းတွေရပြီးနော် 😀

31/08/2020
  view
04/08/2020

view

 #သစ္စာဖြူသင်္ကန်းတိုက်             🤔 ကဲ ဝါဆို သင်္ကန်းလှူမယ်ဆိုရင်  သစ္စာဖြူ သင်္ကန်းတိုက်ရှိတယ် good quality တွေဘဲ ရော...
29/07/2020

#သစ္စာဖြူသင်္ကန်းတိုက်

🤔 ကဲ ဝါဆို သင်္ကန်းလှူမယ်ဆိုရင် သစ္စာဖြူ သင်္ကန်းတိုက်ရှိတယ် good quality တွေဘဲ ရောင်းပါတယ်ဗျား 😊
Delivery , ရှိပါတယ် များများယူရင် ပိုကောင်းလေဘဲ😁😍
#ဒီက ဦးထိုက်ဆီကလဲ မှာလို့ရပြီး ‌ဗျို ့🏃🏃😍

18/07/2020

၁၉ ဇူလိုင် မမေ့နိုင်
၂၀၂၀ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၃) နှစ်ပြည့်
အာဇာနည်နေ့အား လွမ်းဆွတ် ကြေကွဲ ဝမ်းနည်းစွာဖြင့် ကိုတံငါ
မိသားစုမှ ဂုဏ်ပြုအပ်ပါသည်။

18/07/2020

သင်္ဃန်းတွေရောင်းတော့မယ်
အားပေးကြအုံးနော် မိတ်ဆွေကြီးများ 😍

Hello everyone 😁😊
18/07/2020

Hello everyone 😁😊

(1947-2020)" ကျော်ဟိန်း " ကျော်ဟိန်း သည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ...
17/07/2020

(1947-2020)

" ကျော်ဟိန်း "

ကျော်ဟိန်း သည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊
တနင်္လာနေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊
ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန်
အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှမွေးဖွားခဲ့သည်။

ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး
အမည်ရင်းမှာ ကျော်ဌေး ဖြစ်ပြီးသားသမီး
ခြောက်ယောက်မှာ နံပါတ်လေးယောက်မြောက်
ဖြစ်သည်။

၁၉၅၂ ခုနှစ် – ရန်ကုန် ၊ ကြည့်မြင်တိုင်၊
ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။
(စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်၍
နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီး
စာမေးပွဲ ပြန်ဖြေရသည် )

၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်
သင်ကြားခဲ့ပြီး
၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ
ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း၊
နဝမတန်း ( နှစ်ခါ ကျ၍ ကျောင်းထွက်လိုက်ရ )

၁၉၆၄ ခုနှစ် -ရန်ကုန်မြို့ မြို့နယ် အသီးသီးရှိ
အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြား၊
နောက်ပိုင်း ကျောင်း မနေဖြစ်တော့ဘဲ
အိမ်က ၁၆ ကြိမ်ဆင်း ၍ အိမ်ပြေး ဘဝနဲ့ လမ်းပေါ်မှာ လေလွင့်။

၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊
ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင် ။

၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊
ဒေါ်နုနုခင် အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊
သုံးလလောက် တက်ပြီးရေတပ်ထဲဝင်
(ကိုယ်ပိုင် နံပါတ် ၁၂၂၀၅)
၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့သည်။

ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်ခဲ့ပြီး
၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့
ဝင်ရောက်ခဲ့သည်။

ရုပ်ရှင် သရုပ်ဆောင် အဖြစ် -------
အကာက အချစ် အနှစ်ကမေတ္တာ
မွန်းတည့်ချိန်တွင် နေဝင်သည်
ပန်းမြိုင်လယ်က ဥယျာဉ်မှူး
ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကားများဖြင့်
အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။
"မွန်းတည့်ချိန်တွင် နေဝင်သည်" ဇာတ်ကားကို
ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။

၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍
သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ
စိန် သို့မဟုတ် စိန် ဖြစ်သည်။
ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။

ဝတ္ထု တို ဝတ္ထုရှည် ပေါင်းများစွာရေးသားခဲ့ပြီး
တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။
ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး
အများဆုံးရသူဖြစ်သည်။

၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှစ၍
ဦးကျော်ဟိန်း သည် ရုပ်ရှင်လောကမှ အနားယူကာ
ရဟန်း ဝတ်ခဲ့လေသည်။
ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။
ဦးကျော်ဟိန်း ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်း ၏ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ
မြန်မာနိုင်ငံ အနှံ့သို့သွားရောက်ခဲ့သေး သည်။
ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့်
ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ
ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ)
ဟုဖြစ်သည်။

နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ
ကြိုးတန်း ဖြစ်သည်။

၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ
(နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော
ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊
ဗီဒီယို ကားပေါင်း ၃၆၂ ကား
ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေ ဖြစ်သည်။

ကျော်ဟိန်း ဆိုသည်မှာ
ဖိုး(4)သမား ရုပ်ရှင်သရုပ်ဆောင် ငယ်စဉ်က
၉တန်းကျောင်းထပ်မတက်ပဲ ရေတပ်သားဘဝနဲ့
တစ်နှစ်နေခဲ့တယ်။ ရေတပ်သားဘဝမှာလည်း
သူမပျော်ပြန်ဘူး.. နတ်တလင်းကအဒေါ်ဖြစ်သူက
အတင်းလိုက်ရှာပြီး ၉ တန်းပြန်ဖြေခိုင်းတယ်။
အောင်သွားပါတယ်။
ဆယ်တန်းမတက်တော့ဘူးအိမ်မှာလည်း
ငါမနေချင်တော့ဘူးဆိုပြီး ထွက်လာတယ်။
လမ်းမှာဆိတ်ခြံတစ်ခြံမှာ အိပ်စရာမရှိလို့ဒီည
အိပ်ပါရစေဆိုတော့ဆိတ်ခြံထဲတော့အိပ်လို့ရမယ်
ဒါပေမယ့်မနက်ဆိတ်ချေးကျုံးရမယ်ဆိုပြီးသူ့အတွက်
တစ်ညတာအိပ်စက်ခွင့်ရ သွားပါတယ်။
ဦးတည်ရာမရှိရည်မှန်းချက်မရှိသွားချင်ရာသွား
လမ်းသူရဲတွေနဲ့ပေါင်း ပြီးဘိန်းတွေရှု။
နောက်ပိုင်းမှာတော့ ကြံတောသင်္ချ ိုင်းမှာ ကိုယ်လက် အင်္ဂါမစုံသူတွေနဲ့ဖဲတွေရိုက်ဒီလိုနဲ့ဘဝကိုကုန်ဆုံးစေခဲ့တယ်။

စာဖတ်ဝါသနာပါတဲ့သူ
တစ်ရက်မှာ ရုပ်ရှင်သရုပ်ဆောင်သင်တန်းက ခေါ်တဲ့
စာလေးကို ဖတ်လိုက်မိပြီး " ဟာ မဆိုဘူးပဲ "
သူလျှောက်ဖို့ စိတ်ကူးလိုက်တယ်။ ကံပဲကောင်းတာလား တော်လို့ပဲလား ပါရမီလားမသိပေမယ့်
သရုပ်ဆောင်သင်တန်းတက်ခွင့် စာမေးပွဲအောင်သွား
ပါတယ်။

သရုပ်ဆောင်သင်တန်းပြီးပြီ ရုပ်ရှင်ရိုက်ချင်ပြီ
ဘယ်ကုမ္ပဏီကမှလာမခေါ်ဘူး။

ကျော်ဟိန်းဘဝ ကံထူးပြီ
သူ့အဒေါ်အဆက်အသွယ်နဲ့ရုပ်ရှင်ကားတစ်ကားမှာ
ပါဝင်ခွင့်ရခဲ့ပါတယ်။ ဇတ်လမ်းရိုက်မှာက မန္တလေးမှာ.. ဒါရိုက်တာက သူ့ကို ---------

" သေချာသရုပ်ဆောင်နော်
မှားရင်အိမ်ပြန်ရမယ် မနက်ဖြန်မန္တလေးလိုက်ခဲ့ဒါပဲ "

" ဆရာကျန်တော့်လမ်းစာရိတ်လေးရော.! ဒါရိုက်တာက ဟာ ရိုက်တောင်မရိုက်ရသေးဘူး မပေးနိုင်ဘူး "

သူဒေါသထွက်သွားပါတယ်။
ဟုတ်ပြီရအောင်ရိုက်ပြမယ် ဆိုပြီးမနက်ခင်း မီးရထားဘူတာကိုငေးငိုင်ပြီးလမ်းလျှောက်လာတယ်။ ရပ်ထားတဲ့ရထားဘေးမှာ မတ်တပ်ရပ်နေတုန်း ရထားပေါ်က လှမ်းခေါ်လိုက်တာက
မင်းသမီးကြီး ဒေါ်စံရှားတင်

" ဟိတ်ကောင်လေး နင်ငါတို့ရုပ်ရှင်ထဲမှာပါတဲ့ကောင်လေးမလား လာလေဘာလုပ်နေတာလဲ "

"ကျွန်တော် ရထားစီးဖို့ ပိုက်ဆံက ---- "

" လာပါငါစိုက်ပေးမယ် "

နောက်ပိုင်းမှာဒေါ်စံရှားတင်ဟာသူ့ဘဝရဲ့
ပထမဆုံးကျေးဇူးရှင်လို့ပြောသွားပါတယ်

မန္တလေးကသူ့ဘဝရဲ့ပထမဆုံးရုပ်ရှင်
သူဟာသူဌေးသားဆရာဝန်
သူ့ချစ်သူကရပ်ကွက်ထဲကပဲပြုပ်သည်ကောင်မလေး
မိခင်ဖြစ်သူက သဘောမတူတဲ့ချိန်မှာ
သူပြန်ပြောပါတယ်-

"ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ
ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တာ နှာခေါင်းနဲ့
အသက်ရှုတာ"

ပထမဆုံးဇာတ်လမ်းဟာ သူ့အတွက် ပရိတ်သတ် စ,တင်လက်ခံခဲ့တယ်။

ဒါရိုက်တာကလည်းသူ့စကားလုံးတွေကို
ကြွေသွားခဲ့ တယ်။
သူဟာ အောင်မြင်တဲ့နာမည်ကျော်သရုပ်ဆောင်
တစ်ယောက်ဖြစ်လာခဲ့တယ်။
ရုပ်ရှင်ရိုက်ခါနီးမှာ ပျောက်ပျောက်နေတော့
ဘာလုပ်တာလဲ ? သူအင်မတန်စွဲနေတဲ့ဘိန်းခိုးရ
ှုနေခဲ့တယ်။

တစ်ရက်မှာတော့ မိမိဝင်းဖေရဲ့ အဖေ ပန်းချီဦးဝင်းဖေဟာ သူ့ကိုရိုက်ကွင်းထဲမှာ ဒိုင်ယာလော့တစ်ခုချပြ
နေတုန်းသူနဲ့ ဦးဝင်းဖေမျက်လုံးချင်း ဆုံမိလိုက်တယ်။
သူ့အကြောင်းသိနေတဲ့ ဦးဝင်းဖေရဲ့မျက်လုံးတစ်စုံက စကားတွေပြောနေတာသူသိတယ်။

“အလကားကောင်ဘိန်းစား”တဲ့။

သူဒေါသထွက်သွားတယ်

" ငါလေးစားရတဲ့ ငါ့ဆရာကဒီလိုပြောတာငါ ခံနိုင်ဘူး
ငါရအောင်ဖြတ်မယ် "

ဆိုပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့
သူကြိုက်တဲ့ဘိန်းထုပ်ကိုဝအောင်ရှုလိုက်တယ်။
ဝပြီဆိုတာနဲ့ဘိန်းထုပ်ကိုယူပြီး ကြွေးကြော်လိုက်တယ်
ပြတ်ပြီကွဆိုပြီး သူ့ဘိန်းထုပ်ကိုအိမ်သာခွက်ထဲ
လောင်းထည့်လိုက်တယ်။မကြာပါဘူး သူယင်းတွေ
ပြန်ထလာပါတယ်။ မနေနိုင်တော့တဲ့အဆုံးမှာသူဟာ
အိမ်သာဘက်ကိုသွားပြီးအိမ်သာခွက်ဘေးမှာတင်နေတဲ့ဘိန်းမှုန့်တစ်ချို့ကို လက်နဲ့ယူလိုက်တယ်။
ပြီးတော့ ပါစပ်နားထည့်ခါနီးမှာ သူ့မျက်ဝန်းတစ်စုံဟာ မျက်ရည်တွေ စီးကျလာပြီး ----

" ရှက်လိုက်တာရှက်လိုက်တာ.. မရှုတော့ဘူးဒီဘိန်းကို
လုံးဝမသုံးတော့ဘူး " ဆိုပြီး
သူ့အသက်သုံးဆယ်မှာ ဆရာဝန်အကူအညီမပါပဲ
ဘိန်းပြတ်သွားခဲ့ပါတယ်။

ရုပ်ရုံလောကမှာလည်းသူမှသူ
သီချင်းဆိုရာမှာလဲသူမှသူ ဇာတ်ဝင်တေးဆိုရာမှာ
လည်းသူမှသူဖြစ်ခဲ့သူကြီးပေါ့.. စိတ်ဓာတ်ပိုင်းဆိုင်ရာဇာတ်လမ်းတွေ လောကဆိုင်ရာဇာတ်လမ်းတွေကို
များများရိုက်ပြီး သူ့ဘဝကိုမြင့်မြတ်သောရဟန်းဘဝနဲ့အချိန်ကုန်စေပါတော့တယ်။

(လောကမှာ ဘယ်လောက်ပဲလမ်းမှားရောက်နေပါစေ လမ်းမှန်ပေါ်ပြန်ရောက်အောင်ကြိုးစားပြီး
အာင်မြင်သောသူတစ်ယောက်ဖြစ်အောင်ကြိုးစားလို့ရတယ်ဆိုတာလေးကို ဦးကျော်ဟိန်းရဲ့ဖြစ်စဉ်လေးနဲ့
အတိုချုပ်သတိပေးထားတာပါနော်)

crd-original upload& writer

Address

Yangon

Opening Hours

Monday 10:00 - 18:00

Telephone

+959795420219

Alerts

Be the first to know and let us send you an email when Ko Than Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share