Variety of Foreign Language Books

Variety of Foreign Language Books Buy & Sell variety of foreign language books

နယ်ကရော ရန်ကုန်ကရော ငွေကြိုလွဲပီး ယူပေးတဲ ညီအကိုမောင်နမ တွေအကုန်လုံးကို ကျေးဇူးတင်လျက်ပါကျွန်တော်လဲ ယုံပီး ငွေကြိုလွဲပေး...
22/11/2024

နယ်ကရော ရန်ကုန်ကရော ငွေကြိုလွဲပီး ယူပေးတဲ ညီအကိုမောင်နမ တွေအကုန်လုံးကို ကျေးဇူးတင်လျက်ပါ
ကျွန်တော်လဲ ယုံပီး ငွေကြိုလွဲပေးတဲ့ customer များကိုလဲကျေးဇူးအရမ်းတင်ပါတယ်ဗျ
ဒါတွေက မနက်ဖြန်လာယူမဲ့ဟာနဲ့ပို့မဲ့ဟာတွေပါဗျ
ဝယ်ယူသူများကိုကျေးဇူးတင်လျက်ပါ

Sold out နာမည်ကြီး series ဖြစ်တဲ့ game of thrones စာအုပ် ၇အုပ်အတွဲလေးပါ မူရင်းဈေး၁၇၀၀၀၀ကျော်ကို ၁၀၀၀၀၀အထိလျော့ပီးရောင်းမ...
22/11/2024

Sold out
နာမည်ကြီး series ဖြစ်တဲ့ game of thrones စာအုပ် ၇အုပ်အတွဲလေးပါ
မူရင်းဈေး၁၇၀၀၀၀ကျော်ကို
၁၀၀၀၀၀အထိလျော့ပီးရောင်းမှာဖြစ်ပါတယ်နော်
အခုစာအုပ်လေးဟာ original စာအုပ်လေးပါနော်
လုံးအသန့်ပါနော် တခါမှတောင်ထုတ်မဖတ်သေးပါဖူးနော် ခေါက်ရာစွန်ရာတစ်ခုမှ မရှိပါဖူး‌နော် game of thrones universe map တစ်ခုလဲပါပါတယ်နော်
နယ်ဝေး codမရပါ ရန်ကုန်ကပါနော်
နေရာနီးရင်အိမ်လာယူလို့လဲရပါတယ်နော် ရန်ကုန် CODရပါတယ်

Edit....မြေပဒေသာ (၅၀၀၀)outပျိုတို့အချစ်တော် တင့်တယ် (၅၅၀၀)ဆရာ အောင်ခင်မြင့်ထရိုဂျန်မြင်းရဲ့အသားအရေးအသားများ စာမှတ်ကဒ်အပါ...
21/11/2024

Edit....
မြေပဒေသာ (၅၀၀၀)out
ပျိုတို့အချစ်တော် တင့်တယ် (၅၅၀၀)
ဆရာ အောင်ခင်မြင့်
ထရိုဂျန်မြင်းရဲ့အသား
အရေးအသားများ စာမှတ်ကဒ်အပါ
တိမ်လွှာမို့မိုလွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့
(၃အုပ် ၁၅၀၀၀)2အုပ်out
မသိန်းရှင်ဆီပို့ပေးပါ နိုင်ဝင်းဆွေ (၇၀၀၀)
မောင်ထွန်သူ ရမ္မက်မီး (၁၅၀၀၀)
သူလိုလူ (၁၂၀၀၀)
သွေး (၆၀၀၀)out
ကြပ်ကလေး ဦးပေါင်းစင်းနဲ့မြင်ညိုရှင် မဂ္ဂဇင်းဟာသာဝတ္တုရှည်များ+မင်းလူ နှစ်ကိုယ်ခွဲ (၆၀၀၀)
ကွိ ဝင်းတင် (၆၀၀၀)out
ငယ်သူမို့ မသိပါ မစန္ဒာ + ခင်ခင်ထူး ဝတ်လဲတောငိရွှေပုဆိုး တန်းထိုးလို့ကြိုမယ် (၇၀၀၀)
စာအုပ်တွေက အသန့်တွေ့ပါနောိ ၉၀% အာမခံပါတယ်နော်

One Piece original manga 3အုပ်တွဲ5သောင်း အတွဲ 3+4+5စာအုပ်က လုံးဝ အသန့်ပါနော်Original manga စာအုပ်ဖြစ်တဲ့အတွက် Japan လိုပ...
21/11/2024

One Piece original manga
3အုပ်တွဲ5သောင်း
အတွဲ 3+4+5
စာအုပ်က လုံးဝ အသန့်ပါနော်
Original manga စာအုပ်ဖြစ်တဲ့အတွက် Japan လိုပါအထဲက

Edit sold out Edit ဈေးများသွားတဲ့အတွက်တောင်ပန်းပါတယ်လေရူးသုန်သုန် (တ)ကြိမ်Collect လုပ်ဖို့ ဝယ်ထားတဲ့ စာအုပ်မလို့ တခါမှတေ...
21/11/2024

Edit sold out
Edit ဈေးများသွားတဲ့အတွက်တောင်ပန်းပါတယ်
လေရူးသုန်သုန် (တ)ကြိမ်
Collect လုပ်ဖို့ ဝယ်ထားတဲ့ စာအုပ်မလို့
တခါမှတောင် မဖတ်ရသေးပါဘူးဗျ
၉၉% အသစ်ပါ
Price ၃၀ဝဝဝ
Phone number
ရန်ကုန်မြို့တွင်း အိမ်ရောက် ငွေချေ ရပါတယ်
ကျန်တဲ့ မြို့တွေကတော့ မရသေးတဲ့ အတွက် အားနာပါတယ်ဗျ

20/08/2024

Information တွေကို သူများထက်
မြန်မြန်ရှာနိုင်တာကလဲ skill ပဲ

Google မှာရှာလို့ပြောကြပေမယ့်
သေချာမရှာတတ်တဲ့သူတွေကပေါတယ်

Google ကို pro ဆန်ဆန်ရှာချင်ရင်
ဒီ နည်း ၅ ခုကိုသုံးလို့ရတယ်

၁. " " သုံးပါ

ကိုယ်ရှာချင်တဲ့စာ အတိအကျအတိုင်း
အဖြေထွက်လာဖို့ဆိုရင် ကိုယ်ရှာချင်တဲ့
စာကို " " ထဲမှာထည့်ပြီးရှာပါ

ဥပမာ - "MoonBase community”

၂. site: သုံးပါ

Website ထဲမှာရှိတဲ့ page တွေ
information တွေကိုရှာချင်ရင် website ရဲ့ရှေ့မှာ
site: လို့ထည့်ပြီးရှာပါ။ ဒီ website မှာတော့ဖတ်လိုက်တယ် ဒါပေမယ့် ပြန်ရှာရင်မတွေ့ဘူးဆိုတဲ့အချိန်တွေမှာ အသုံးဝင်တယ်

ဥပမာ - ai အကြောင်းကို tech crunch မှာဖတ်ဖူးတယ်ဆိုပါစို့ ပြန်ရှာမယ်ဆိုရင်

site:techcrunch.com ai လို့ရိုက်ထည့်ရှာလို့ရတယ်

၃. - နဲ့ဖြုတ်

ကိုယ်ရှာတဲ့အထဲမှာ မပါစေချင်တဲ့ အရာတွေကိုဆိုရင်
- ခံပြီးတော့ရေးလို့ရတယ်။ နာမည်တူနေတဲ့သူတို့ အကြောင်းအရာတူတို့ဆိုရင် ကိုယ်လိုချင်တာကိုပဲ
ရွေးပြခိုင်းလို့ရတယ်

ဥပမာ - ကိုယ်က Tesla လိုရှာမယ်
ကိုယ်ရှာချင်တာက ကားမဟုတ်ဘူး
Tesla ဆိုတဲ့လူကဘာထွင်လဲရှာချင်တာဆိုရင်

What tesla invent? -car

၄. filetype: နဲ့ရှာ

ကိုယ်ရှာချင်တဲ့ file အမျိုးအစားနဲ့
သီးသန့်ရှာလို့ရတယ်အထူးသဖြင့် စာအုပ်တွေ
ရှာရင် အသုံးဝင်တယ်

ဥပမာ - start with why ဆိုတဲ့ pdf file ကို
ရှာချင်တယ်ဆိုရင်

Start with why filetype:pdf လို့ရှာလို့ရတယ်

၅. * သုံးပြီးရှာ

တစ်ခါတစ်ခါ ကိုယ်ရှာချင်တာကို အပြည့်အစုံ
မသိတော့တဲ့အခါတွေရှိတယ်။ စာအုပ်နာမည်တို့
သီချင်းနာမယ်တို့လိုပေါ့။ အဲ့အခါမှာ ကိုယ်မသိတဲ့
စာလုံး မေ့နေတဲ့စာလုံးကို * ထည့်ပြီးရှာလို့ရတယ်

ဥပမာ - ကိုယ်ရှာချင်တာက the psychology of money ကိုယ်က psychology ကိုမေ့နေတယ်ဆိုပါစို့

The * of money လို့ရှာလိုက်ရင်ရပြီဗျ 🫰🏻

Enjoy your google search 🙌🏻

thelapyae

07/06/2024
05/06/2024

AVA စီးရီးလေးအုပ်တွဲကြီးရဲ့
စာမျက်နှာတွေကို
ပေါင်းလိုက်ရင် နှစ်ထောင်ကျော်ရှိပါတယ်။

ဒီဘက်ခေတ်မှာတော့
AVA စီးရီးလေးအုပ်ဟာ
စာမျက်နှာအများဆုံး
ဇာတ်လမ်းတွဲလို့ပြောလို့းပါလိမ့်မယ်။

ထူးဆန်းတာက
ဖန်တီးသူကလည်း
ဒီလောက်စာမျက်နှာအများကြီးကို
အချိန်တိုတွင်း ဖန်တီးနိုင်ခဲ့တယ်။

ဖတ်တဲ့သူတွေကလည်း
သည်းသည်းလှုပ်အားပေးကြတယ်။
အထူးသဖြင့် အခုလို စာအုပ်စျေးတွေ
ခေါင်ခိုက်နေတဲ့ ကာလအတွင်းမှာကို
အုပ်ရေသောင်းချီရောင်းချခဲ့ရပါတယ်။

ပိုထူးဆန်းတာက အွန်လိုင်းပေါ်မှာ
အစအဆုံးတင်ထားတဲ့ စာမူတွေကို
စာအုပ်ထွက်လာတော့လည်း
အားပေးကြတာပါပဲ။

စာရေးသူရဲ့ စာဖတ်သူတွေကြားက
နွေးထွေးတဲ့ အပြန်အလှန်
မေတ္တာတရားတွေလို့ပဲ
ခံစားမိပါတယ်။

AVA လေးအုပ်ဖတ်လိုက်ရတော့မှာပဲ
အင်းဝ နဲ့ ဟံသာဝတီခေတ်တွေကိုတော့
ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်။
ငယ်ငယ်တုန်းက သမိုင်းစာသင်ရမှာ
ကြောက်တဲ့သူတွေတောင်
လိုလိုချင်ချင်ဖတ်ကြပြန်ပါတယ်။
ရသစာပေနဲ့ သင်ကြားရေးစာပေ
ကွာခြားပုံပါပဲ။
ဒါကြောင့်လည်း
နိုင်ငံတကာမှာ စာသင်တဲ့အခါ
စာကြည့်တိုက်တွေ ရသစာအုပ်တွေနဲ့
တွဲဖတ်သင်ကြားကြတာ ဖြစ်ပါလိမ့်မယ်။

ဖတ်ရှုအားပေရကြတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်။

ခက်ဇော်စာအုပ်များ မှာယူရန်လင့်

https://webookbot.yammobots.com/Order/ShareInfoAuthor?ID=072df505-0627-422d-ba76-975ebba61b08

05/06/2024

" မိုးဖွဲထဲဟစ်ကြွေး "
တော်ကောင်းမင်း (မြန်မာပြန်)

" Cries in the Drizzle "
by
" Yu Hua "

တရုတ်ဝတ္ထုရေးဆရာအကျော် ယွိဟွာ ရဲ့ ပထမဆုံးဝတ္ထုရှည် ဖြစ်တယ်။

' စွန်းကွမ်းလင်း ' အမည်ရ လူရွယ်တစ်ယောက်ရဲ့ သူငယ်စဉ်ကအကြောင်းတွေကို ရောက်တတ်ရာရာ ပြန်ပြောပြတဲ့ပုံမျိုး ရေးဖွဲ့ထားတယ်။
စွန်းကွမ်းလင်း ငယ်စဉ်က အကြောင်းတွေဆိုပေမဲ့ သူပြောပြတဲ့ထဲ သူ့အဖေ ၊ သူ့အဘိုး ၊ သူ့အဘေး အကြောင်းတွေလည်း ပါတော့ ခေတ်ကိုနောက်ခံထားပြီး မျိုးဆက်လေးခုရဲ့အကြောင်းတွေကို ဖတ်ကြရတော့တာပေါ့။

စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေဟာ ကာလ ၊ ဒေသ ၊ ပယောဂကြောင့် ပျက်စီးနေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ၊ ဖောက်ပြန်ပျက်စီးသွားတဲ့ မိသားစု ၊ သားအဖ ၊ ညီအစ်ကို ၊ သူငယ်ချင်း ၊ ဆရာတပည့် ဆက်ဆံရေးတွေ ။ ဒါတွေကို ဟိုတစ ၊ ဒီတစ ပြောပြနေပုံမျိုး တွေ့ရမယ်။
ဒီဝတ္ထုကိုဖတ်ရတာ ခါတိုင်း ယွိဟွာ ဝတ္ထုတွေလိုမျိုး ဇာတ်လမ်းအတိုင်း စီကာစဉ်ကာ မရေးဘဲ သူ့စိတ်ကူးတည့်ရာ ပြောပြနေတဲ့ ဟန်မျိုးမို့ စာအုပ်ပြီးမှ ဇာတ်ကြောင်း စဆုံး ဇာတ်ရည်လည်ပြီး အဲဒီခါကျတော့ အစက ပြန်ဖတ်ချင်စိတ်ဖြစ်ရမယ့် ပုံစံမျိုးပါပဲ။
ဘာလို့ဆို တောရောက် တောင်ရောက် ပြောနေတဲ့ကြားထဲက ဖတ်ကောင်းနေတာကိုး။

Pre-Order Now
📓 တော်ကောင်းမင်း (မြန်မာပြန်) မိုးဖွဲထဲဟစ်ကြွေး " ✍️
မူရင်း - Cries in the Drizzle by Yu Hua
☘️ တန်ဖိုး - ၁၄၈၀၀ ကျပ် • စာမျက်နှာ - ၄၁၆ 📖
🌺 ကံ့ကော်ဝတ်ရည်စာပေက ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေခြင်း။
Pre Order ကာလအတွင်း မှာယူသူတိုင်း ၂၀% Discount (၁၁၈၄၀ ကျပ်သာ) 😍
Pre-Order နောက်ဆုံးနေ့မှာ ၃.၆.၂၀၂၄ (ည ၁၂:၀၀) ဖြစ်ပါတယ်။
၄.၆.၂၀၂၄ စာအုပ်ထွက်ပါမယ်။

(စာအုပ်အမြည်းကို First Comment တွင် ဒေါင်းလုဒ်ဆွဲပြီး ဖတ်ရှုနိုင်ပါတယ်)

🎁 စာအုပ်ပို့ဆောင်ခမှာ ရန်ကုန်မြို့တွင်း Delivery ပို့ခ - ၁၅၀၀ ကျပ်။
📦 မြို့တွင်းသတ်မှတ်မြို့နယ် မပါသောမြို့နယ်များနှင့် နယ်မြို့များအတွက် စာတိုက်မှ ပို့ဆောင်ခအတိုင်းသာ ကျသင့်ပါမည်။
🚚 ကားဂိတ်မှတစ်ဆင့် ပို့ဆောင်လိုပါကလည်း ပို့ဆောင်ပေးပါသည်။

𝐊𝐚𝐧𝐭 𝐊𝐚𝐰 𝐖𝐮𝐭 𝐘𝐞𝐞 🌺
အမှတ် ၅၁၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ် (09250012348 & 09443041137)

#တော်ကောင်းမင်း (မြန်မာပြန်) Yu Hua
#မိုးဖွဲထဲဟစ်ကြွေး Cries in the Drizzle by

Address

Yangon

Telephone

+959798157094

Website

Alerts

Be the first to know and let us send you an email when Variety of Foreign Language Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category