Trillium Publishing House

Trillium Publishing House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trillium Publishing House, Book shop, Yangon.

 #ချစ်သောစကားနွေးသောမေတ္တာဆရာမ Witchy Candy (သက်ထား) ရဲ့ စာအုပ်ကို  online စာအုပ်ဆိုင် page အသီးသီးမှာ  တင်‌ထားတာတွေ့မိလ...
26/04/2026

#ချစ်သောစကားနွေးသောမေတ္တာ
ဆရာမ Witchy Candy (သက်ထား) ရဲ့ စာအုပ်ကို online စာအုပ်ဆိုင် page အသီးသီးမှာ တင်‌ထားတာတွေ့မိလို့ Trillium မှ ကျေးဇူးတင်စွာဖြင့် အမှတ်တရစုစည်းတင်ပြလိုက်ပါတယ်။





by Kaung Myat
(www)

#စာအုပ်ဆိုင်

Singapore နှင့် Japan မှ စာချစ်သူများအတွက် ဆရာမ Witchy Candy (သက်ထား) ရဲ့  #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးကို ဝယ်ယူလ...
22/03/2026

Singapore နှင့် Japan မှ စာချစ်သူများအတွက် ဆရာမ Witchy Candy (သက်ထား) ရဲ့ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးကို ဝယ်ယူလိုပါက အောက်ပါဆိုင်များနှင့် fb page များတွင် စုံစမ်း၊ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ 💕

*** Hin Tha Minimart (Singapore)
(fb: Hin Tha Minimart Singapore ဟင်္သာ စင်ကာပူ)
ပင်နီဆူလာပလာဇာ 03-50, ၃လွှာ စက်လှေကားအနီး

*** MK Book Store (Singapore)
(fb : MK Book Store & စင်္ကာပူ)
ပင်နီဆူလာပလာဇာ 04-37

*** Myanmar's Sense Bookshop (Japan)
(fb: Myanmar's Sense Bookshop In Japan)
〒114-0015 東京都北区中里1丁目4−6 駒込朝日ビル 403
KOMAGOME ဘူတာ ( EAST EXIST ) မှလမ်းလျှောက် 2မိနစ် (အနီရောင် ASAHI BUILDING ရဲ့ ဓာတ်လှေကားအတိုင်း 4 လွှာ)

#ချစ်သောစကားနွေးသောမေတ္တာ




#မြန်မာစာအုပ်ဆိုင်

ဆရာမ Witchy Candy (သက်ထား) ရဲ့  #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်ကို စာအုပ်ဆိုင်ကြီးတွေရဲ့ page အသီးသီးမှာ  တင်‌ထားတဲ့ ပု...
18/03/2026

ဆရာမ Witchy Candy (သက်ထား) ရဲ့ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်ကို စာအုပ်ဆိုင်ကြီးတွေရဲ့ page အသီးသီးမှာ တင်‌ထားတဲ့ ပုံလေးတွေ အမှတ်တရပါ။

ကိုလတ်စာပေ (၃၁ လမ်း၊ အထက်)
(fb: Ko Latt Book Shop)

စောဦးစာပေ (၃၁ လမ်း၊ အထက်)
(fb: SawOo - Book shop)

အပါးတော်မြဲစာပေ (ရေကျော်လမ်းမ)
(fb: အပါးတော်မြဲစာပေတိုက်)

ဆိုင်တွေမှာ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ၊ ဆိုင် page ကမှာယူ၍ဖြစ်စေ ဝယ်ယူနိုင်ပါတယ်။

#ချစ်သောစကားနွေးသောမေတ္တာ


#ကိုလတ်စာပေ
#စောဦးစာပေ
#အပါးတော်မြဲ

ဆရာမ Witchy Candy (သက်ထား)ရဲ့  #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးမထွက်ခင် pre-order ကောက်ဖို့ကို Trillium ဝိုင်းတော်သား...
14/03/2026

ဆရာမ Witchy Candy (သက်ထား)ရဲ့ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးမထွက်ခင် pre-order ကောက်ဖို့ကို Trillium ဝိုင်းတော်သားတွေကိုယ်တိုင်ပဲလုပ်‌ဖို့ အကြောင်းဖန်လာပါတယ်။ Trillium ရဲ့ ပထမခြေလှမ်း #အမြောက်ဆန်လေးရဲ့ဘဝခရီး စာအုပ်ထုတ်စဉ်က pre-order ကို ဝန်ဇင်းကနေ အစအဆုံး ဆောင်ရွက်ပေးတာပါ။ အဲ့ဒီအချိန်တုန်းက ကြိုတင်အမှာများတာကြောင့် ဝန်ဇင်းအဖွဲ့သားတွေ အချိန်မီအောင် တော်တော်လုပ်လိုက်ရတယ်လို့ သိခဲ့ရပေမယ့် အခုလို ကိုယ်တိုင်လုပ်ရတဲ့အခါမှ တကယ်ကိုမလွယ်ကူကြောင်း လက်တွေ့သိလာရတာ ဝန်ခံပါရစေ။ ကိုလတ်စာပေဖြန့်ချိရေးကတဆင့် ဆိုင်တွေကိုစာအုပ်ဖြန့်ဖို့လုပ်တဲ့ တစ်ပတ်အတွင်းမှာ (ဆိုင်တွေပေါ် စာအုပ်မရောက်သေးခင်) ပြည်တွင်း၊ပြည်ပ နေရာအနှံ့က‌နေ အမှာတင်လာတဲ့ pre-order တွေကို ပို့ပေးနိုင်ဖို့/delivery အပ်နိုင်ဖို့ ဆိုတာ အချိန်ကန့်သတ်ချက်နဲ့ တွန်းလုပ်ရတဲ့အလုပ်ပါပဲ။

အဲ့ဒီလိုအလုပ်ရှုပ်ချိန်မှ printer ကပျက်ပါလေရော။ လိပ်စာတွေကို လက်ရေးနဲ့ပဲရေးဖို့ လုပ်ရပါတော့တယ်။ လိပ်စာမပြည့်စုံ၊ မြို့နဲ့ ဖုန်းနံပါတ်လောက်ပဲ ပေးတာဆိုရင် delivery service က လက်မခံတာမို့ ပြည့်စုံအောင် ထပ်မေးရပြန်ပါတယ်။ အဲ့လိုနဲ့ လိပ်စာရေးနေရင်း ပန်းချီကားတစ်ချပ်ကို မြင်ယောင်မိသွားစေတဲ့ ထူးခြားတဲ့လိပ်စာလေးက ချစ်စရာလမ်းနာမည်လေးနဲ့ " အိမ် လိမ္မော်ရောင်လေး" တဲ့။ မင်မင်လည်း လမ်းညွှန်စာကို ကူးရေးနေရင်း စိတ်ကူးယဥ်မိတော့ အပေါ်က message မှာ တောင်ပေါ်မြို့လေးရဲ့နာမည်‌ပါတာကို ပြန်ကြည့်ရေးဖို့ မေ့သွားပါ‌လေရော။ Deli သွားအပ်တော့ ဘယ်မြို့ကိုပို့မှာလဲ မေးခံရမှ သတိရတဲ့အဖြစ်ပါ။

အဲ့ဒီ လိမ္မော်ရောင်အိမ်လေးရှိတဲ့မြို့လေးနဲ့ မလှမ်းမကမ်းမှာရှိပြီး မြို့လေးနာမည်နဲ့ရှေ့နောက်ပြောင်းပြန်နာမည်ရှိတဲ့ မြို့ငယ်တခုက စာဖတ်ပရိတ်သတ်တစ်ဦးရဲ့ လိပ်စာကတော့ မြို့နာမည် သုံးခုပါတဲ့ ထူးခြားမှုနဲ့ပါ။ သူက ဒီလိုရေးထားပါတယ်...
" အန်တီxဂိတ်.. (မြို့ငယ်).(မြို့လေး)လမ်းစုံ .. Z မြို့ .. **တောင်ပိုင်း.. " တဲ့။ အဲဒီတော့ မင်မင်တို့ကလည်း Z မြို့မှာရှိတဲ့ အန်တီxဂိတ်က လို့ပဲယူဆမိသလို၊ delivery service ကလည်း အဲ့ဒီလိုပဲ‌ထင်ပြီး ‌Z မြို့ ကို ပို့ချလိုက်ပါလေရော။ နောက်ဆုံးတော့ စာအုပ်မှာတဲ့သူရယ်၊ ရန်ကုန်နဲ့ Z မြို့ deli ရုံးနှစ်ရုံးက ဝန်ထမ်းတွေရယ်၊ မင်မင်တို့ရယ် အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုကြပြီးတဲ့နောက်မှာ နေရာမှန်ကို ရောက်သွားပါတော့တယ်။

Delivery Service မရောက်နိုင်တဲ့နေရာတွေက မှာတဲ့သူတွေရှိပါတယ်။ ပစ္စည်းမှာနေကျသူ၊ နားလည်တဲ့သူတွေက ဘယ်လို ပို့ပေးမှအဆင်ပြေလို့ပါ (ကားဂိတ်ချ/စာတိုက်ပို့ ..)၊ ဘယ်မှာသွားယူပါမယ်၊ သွားထုတ်လိုက်ပါမယ် စသည်ဖြင့် လိုအပ်တာ သေချာပြောပြတဲ့သူရှိသလို ဒီအတိုင်း မှာလိုက်ရင်ရောက်မယ်လို့ ထင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒါဆို မင်မင်တို့က ရှင်းပြရပြန်ပါတယ်။ အနီးစပ်ဆုံးနေရာက အဆင်ပြေမယ့်/လက်ခံသူရှိမယ့် လိပ်စာပြန်တောင်းပြီး ပို့ရတာပါပဲ။

Delivery ‌ပို့လို့ရတဲ့နေရာက စာအုပ်မှာယူတဲ့သူတွေထဲမှာလည်း ဘယ်နေ့/ဘယ်ရက် ပို့လို့ရတယ်၊ ဘယ်အချိန်အတွင်းသာ ပို့လို့ရတယ် စသည်ဖြင့် တိကျသေချာစွာ မှာယူတဲ့သူတွေရှိသလို၊ ဖုန်းဆက်မရ (ဖုန်းမဝင်၊ ဖုန်းလိုင်းမမိ၊ ဖုန်းမကိုင်)၊ လက်ခံမည့်သူမရှိ (ခရီးသွား၊ အလုပ်မအား) စသည်ဖြင့် အမျိုးမျိုးသော အကြာင်းအရာများကြောင့် deli တွေလည်း အခါခါအားစိုက်ရ၊ မင်မင်တို့ကိုယ်တိုင်လည်း အကြိမ်ကြိမ် ဖုန်းတွေဆက်ပြီးမေးမြန်းရနဲ့ နီးလျက်နဲ့ဝေးပြီး ကြန့်ကြာရတာတွေလည်းရှိပါတယ်။

pre-order အမှာလက်ခံစဉ် လူအမျိုးမျိုး၊ ကိစ္စအဖုံဖုံနဲ့ ကြုံရပေမယ့် စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်‌ပြေ၊ ချောမွေ့ပါစေဆိုတဲ့ စိတ်အရင်းခံနဲ့ မင်မင်တို့ဘက်က တချို့ကိစ္စတွေဆိုရင် အချိန်‌ပေးပြီး (လူအား၊ ငွေအားပါ လိုအပ်သလိုစိုက်ပြီး) ဆောင်ရွက်ပေးနိုင်ခဲ့တာမို့ ဝမ်းမြောက်မိပါတယ်။ အဆင်မပြေ၊ မ‌ချောမွေ့တာတွေရှိခဲ့ရင် Trillium အဖွဲ့သားများလည်း လူထဲကလူပဲမို့ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ရင်း pre-order အမှတ်တရအချို့ကို မျှဝေလိုက်ပါတယ်။



#ကိုလတ်စာ‌ပေ
#ဝန်ဇင်း

#ငွေလာဘ်ဆောင်

 #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ကရော နိုင်ငံခြားတွေကပါ preorder မှာတင် တခဲနက်အားပေးကြ...
12/03/2026

#ချစ်သောစကားနွေးသောမေတ္တာ
စာအုပ်လေးကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ကရော နိုင်ငံခြားတွေကပါ preorder မှာတင် တခဲနက်အားပေးကြလို့ စာအုပ်တိုက်မှာ လက်ကျန်မရှိသလောက်ပြတ်သွားပါပြီ။

ပြည်တွင်းမှာဆို ထိပ်‌ဆုံး မြစ်ကြီးနား ကစလို့ ကျိုင်းတုံ၊ တာချီလိတ်၊ ကျောက်မဲ၊ မကွေး၊ ဆွာ၊ပျော်ဘွယ်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊ ပေါင်းတည်၊ ရွှေတောင်၊ ပဲခူး၊ မှော်ဘီ၊ ရန်ကုန်၊ မော်လမြိုင်၊ ကျိုက်မရော၊ ဘားအံ ပြီးတော့ အဆုံးက ကော့သောင်းအထိ မြို့ပေါ်ရော ရွာတွေပါ အားပေးကြတာ ဝက်ဝက်ကွဲပါပဲ။

ပြည်ပမှာဆိုလည်း အနီးဆုံး ထိုင်းနိုင်ငံ၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ဒူဘိုင်း၊ အဝေးဆုံး USA ကနေ အမှာတွေဝင်၊ ဘယ်လိုပို့လို့ရမလဲမေးတာတွေအများကြီးပါပဲ။ ပို့လို့ရတဲ့နိုင်ငံတွေပို့ပေးနိုင်ခဲ့ပါတယ်။

Preorder မှာကြတဲ့ Fans များက စာအုပ်လေးတွေရောက်ကြောင်း အကြောင်းကြတယ်၊ ပုံလေးတွေရိုက်ပြီး cb က ပို့ပေးကြတယ်။ ဝယ်ယူအားပေးကြတဲ့အပြင်လက်ခံရရှိကြောင်း ခုလိုပြန်ပြောပြပေးတဲ့ ဆရာမ Witchy Candy (သက်ထား)ရဲ့ Fans တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဒီပိုစ့်အောက်မှာလည်း မိမိဝယ်ယူအားပေးထားတဲ့ စာအုပ်လေးနဲ့ မြို့နာမည်ရွာနာမည်လေးတွေ ရေးပြီး comment ပေးလို့ရပါတယ်ရှင်။ ဆရာမ ပရိသတ်တွေ ဘယ်လောက်ထိပျံ့လဲ ဆရာမလည်း သိပြီး ဝမ်းသာရအောင်လို့ပါရှင် ❤️

ဖြန့်ချီရေးကို Ko Latt စာပေက ဖြန့်ချီပေးတာဖြစ်လို့ တိုက်မှာ စာအုပ်ပြတ်‌ပေမယ့် City Mart နဲ့
အောက်ပါ ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။

ရန်ကုန်မှာဆိုရင်👇👇👇
We Distribution (Yangon Book Plaza သံ​စျေး)

အင်းဝစာအုပ်ဆိုင် (ပန်းဆိုးတန်းလမ်း)
အင်းဝစာအုပ်ဆိုင် (လှည်းတန်း)
အင်းဝစာအုပ်ဆိုင် (မြန်မာပလာဇာ)

စိတ်ကူးချိုချိုစာအုပ်ဆိုင် (လှည်းတန်း ၁ လမ်း)
စိတ်ကူးချိုချိုစာအုပ်ဆိုင် (လမ်း၄၀ အထက်)

အပါးတော်မြဲစာပေ (ရေကျော်)
ပဥ္စဂံစာအုပ်တိုက် (တောင်ဥက္ကလာပ)

ပါရမီစာပေ (29လမ်း အထက်)
စောဦးစာပေ (31လမ်း အထက်)
ကိုလတ်စာပေ (31လမ်း အထက်)
အရုဏ်သစ်စာပေ (ဗိုလ်ချုပ်လမ်းမပေါ် 31 လမ်းထိပ်)
ကိုထွန်းစာပေ (36လမ်း အထက်)
စာပေနန်းတော် (36လမ်း အလယ်)

ရာပြည့်စာပေ (ပန်းဆိုးတန်း)
TAB Book Center (ပန်းဆိုးတန်း)

မန္တလေးမှာဆိုရင် (မတ်လ 14-15 ခန့် မှစ၍ဝယ်ယူရရှိနိုင်) 👇👇👇
အင်းဝစာအုပ်ဆိုင် (မန္တ​လေး)

စိတ်ကူးချိုချိုစာအုပ်ဆိုင် (မန္တ​လေး)

Preorder မှာထားတဲ့ ညီမလေးတစ်ယောက်က နယ်ဝေးက သူ့ရဲ့ဖေဖေနဲ့မေမေကို လက်ဆောင်ပေးချင်လို့ gift လေးလိုမျိုး လုပ်ပေးလို့ရနိုင်မလ...
07/03/2026

Preorder မှာထားတဲ့ ညီမလေးတစ်ယောက်က နယ်ဝေးက သူ့ရဲ့ဖေဖေနဲ့မေမေကို လက်ဆောင်ပေးချင်လို့
gift လေးလိုမျိုး လုပ်ပေးလို့ရနိုင်မလား မေးလာခဲ့တယ်။
Trillium ကထုတ်တဲ့ #ချစ်သောစကားနွေးသောမေတ္တာ ကို သူ့မေမေအတွက်၊

#အမြောက်ဆန်လေးရဲ့ဘဝခရီး ကို သူ့ဖေဖေအတွက်ပါတဲ့။

သူ့ရဲ့လှပတဲ့စိတ်ကူးလေးကို မငြင်းရက်လို့ Trillium အဖွဲ့သားတွေထဲက preorder ပိုင်းကိုတာဝန်ယူတဲ့ အကိုနဲ့အမဟာ အုပ်ရေ400ကျော် preorder ကို နှစ်ယောက်တည်းနဲ့ message တွေ reply ပြန်၊ စာရင်းတွေလုပ်၊ ပါဆယ်‌တွေထုပ်၊ Deliတွေအပ်နဲ့ စာအုပ်ထွက်ပြီး တစ်ပတ်အတွင်းပို့ဖို့လုံးပမ်းနေတဲ့ကြားကနေ ဒီလက်ဆောင်ပုံစံလေးကိုလည်း ကြားဖြတ်အချိန်ပေးပြီးလုပ်ပေးခဲ့ပါတယ်။

မှာတဲ့ညီမလေးက ပါကင်လေးကိုမြင်တဲ့အချိန်
" အရမ်းလှတယ် အများကြီးသဘောကျပါတယ်ရှင် "
ဆိုလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။
ဒီလက်ဆောင်ကို လက်ခံရရှိတဲ့ ဖေဖေနဲ့မေမေလည်း ချစ်သမီးကြီးရဲ့လက်ဆောင်ကြောင့် ပျော်ရွှင်ကြည်နူးကြမှာပါပဲ
❤️❤️❤️

ဆရာမ Witchy Candy (သက်ထား) ရဲ့  #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးpreorder အမှာတွေတအားများလို့  Trillium က မင်မင်တို့လည...
05/03/2026

ဆရာမ Witchy Candy (သက်ထား) ရဲ့ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေး
preorder အမှာတွေတအားများလို့ Trillium က မင်မင်တို့လည်း စာအုပ်ထွက်ပြီးတစ်ပတ်အတွင်းပို့နိုင်အောင် နေ့မအား ညမအား လုံးပမ်းလိုက်ကြပါတယ်။ ခုဆိုရင် Trillium တိုက်မှာ စာအုပ် လက်ကျန်‌အလွန်ကို နည်းနေပြီမို့ နောက်ထပ် အမှာတွေ လက်မခံနိုင်တော့ပါဘူးရှင့်။

အနယ်နယ်အရပ်ရပ်က စာအုပ်ဆိုင်တွေနဲ့ ၊City Mart စာအုပ်ဆိုင်တွေဆီကိုတော့
ကိုလတ်စာပေ ဖြန့်ချိရေး (ko latt book shop and distribution) ကတဆင့် ဖြန့်ချိတာမို့ မကြာခင် ဝယ်လို့ရတော့မှာပါရှင်။

(အောက်ကပုံလေးတွေကတော့ ဘန်ကောက်နဲ့ စင်ကာပူက မှာယူသူလေးတွေဆီက စာအုပ် လက်ခံရရှိကြောင်း ပုံလေးတွေပို့လာတာလေးတွေပါ ❤️❤️❤️ )

#ချစ်သောစကားနွေးသောမေတ္တာ

ဘန်ကောက်က Fans တွေအတွက် သတင်းကောင်း !!!ဘန်ကောက်က ဒီ Hotel ထဲမှာဖွင့်ထားတဲ့ Book Nook ဆိုတဲ့စာအုပ်ဆိုင်မှာလည်း လာမယ့်အပတ်...
02/03/2026

ဘန်ကောက်က Fans တွေအတွက် သတင်းကောင်း !!!

ဘန်ကောက်က ဒီ Hotel ထဲမှာဖွင့်ထားတဲ့ Book Nook ဆိုတဲ့စာအုပ်ဆိုင်မှာလည်း လာမယ့်အပတ်လောက်ဆိုရင် ဆရာမ Witchy Candy ရဲ့ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးကို ဝယ်ယူနိုင်ပါတော့မယ်ရှင်

27/02/2026

Big Surprise ပါ 🎉🎊
ဆရာမ Witchy Candy ရဲ့ Fan တစ်ယောက်ဖြစ်တဲ့ #မဂန္ဓမာ က ဆရာမရဲ့မွေးနေ့အမှတ်တရ အဖြစ် #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်‌ငါးအုပ်ဝယ်ယူအားပေးပြီး Trillium ကတဆင့် ကံစမ်းမဲဖောက်ပေးပါတဲ့။

ဒါကြောင့် Trillium က ဆရာမရဲ့ မွေးနေ့ပိုစ့်တစ်ခုထဲက comments ပိုင်ရှင်တွေကို comment picker နဲ့ မဲနှိုက်ပေးလိုက်ပါတယ်ရှင်။
(ပိုစ့်ကို comment မှာပြထားပါတယ်)

မဲပေါက်သူတွေကတော့

Yin Min Htet
Aye Aye
Phyoe Pa Pa Kyaw
Capricorn A
Win Aye

တို့ဖြစ်ပါတယ်
Congratulations ပါ 👏👏👏
(Comment မှာ မဲပေါက်တဲ့ screen shot ပြထားပါတယ်)

ကံစမ်းမဲ Surprise ဖောက်ပေးတဲ့ မဂန္ဓမာ ကိုလည်း မဲပေါက်သူများကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ် ရှင်

မဲပေါက်သူများက
Trillium Publishing House page cb မှာ အမည် နေရပ် ဖုန်းနံပါတ် လာပေးလို့ရပါပြီ



#ချစ်သောစကားနွေးသောမေတ္တာ

Happy Birthday ပါ ဆရာမ Witchy Candy 🎊🎉🎂🎈ဆရာမရဲ့မွေးနေ့အမီ  #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေး ဒီနေ့ပဲထွက်ရှိလို့လာပါပြီ...
26/02/2026

Happy Birthday ပါ ဆရာမ Witchy Candy 🎊🎉🎂🎈

ဆရာမရဲ့မွေးနေ့အမီ #ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေး ဒီနေ့ပဲထွက်ရှိလို့လာပါပြီ။

ပရီအော်ဒါမှာထားသူများကိုလည်း တတ်နိုင်သမျှအမြန်ဆုံးပို့ဆောင်ပေးနေပါတယ်။ တချို့လည်း ဒီနေ့ပဲလက်ခံရရှိကြပါပြီ။

ဖြန့်ချီရေးအပ်ထားတာဖြစ်လို့ တစ်ပတ်အတွင်း City Mart နဲ့ စာအုပ်ဆိုင်တွေပေါ်ရောက်ရှိမှာဖြစ်ပါတယ်။
ရရှိနိုင်မယ့်ဆိုင်တွေသိရရင် ပိုစ့်ထပ်တင်ပေးပါ့မယ်နော်။

စာဖတ်သူအားလုံး ချစ်သောစကားနွေးသောမေတ္တာ စာအုပ်လေးကိုဖတ်ပြီး စိတ်အေးချမ်းသာရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ❤️



#သက်ထား
#ချစ်သောစကားနွေးသောမေတ္တာ

Trillium Publishing House က ဒီစာအုပ်ထုတ်ခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ် ❤️https://www.facebook.com/share/1GDVMMJXB1/
23/02/2026

Trillium Publishing House က ဒီစာအုပ်ထုတ်ခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ် ❤️

https://www.facebook.com/share/1GDVMMJXB1/

ကိုယ်နဲ့ဘဝချင်းတူတဲ့ အစ်မတစ်ယောက်နဲ့စကားပြောနေရင်း၊ ငယ်ဘဝကို ပြန်ရောက်သွားသလိုပါပဲ။ မကြာခင်မှာ ကျမ စာအုပ်လေးထွက်တော့မယ်၊ အသက်လည်း တနှစ်ထပ်ကြီးတော့မယ်။ ဒီနေ့အထိ ကျော်ဖြတ်လာတဲ့ မိုင်တိုင်တွေ၊ ပင်ပန်းမှုတွေ၊ အနစ်နာခံခဲ့ရတာတွေ၊ ရုန်းကန်ခဲ့ရတာတွေရဲ့အဆုံးမှာ .. ကျမဟာ လူတွေကို ပြောပြနိုင်တဲ့ ပြောပြသင့်တဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်ခဲ့ပြီးပြီမို့၊ ကျေနပ်ပါတယ်။

ကျမ မျက်နှာမှာရှိတဲ့ ပြတ်ရှရာတွေမျိုး၊ ခန္ဓာကိုယ်က ဒဏ်ရာတွေမျိုး ဘယ်ကလေးငယ်တွေဆီမှာမှ မရှိစေချင်ပါဘူး။ စိတ်အတွင်းထဲမှာ ကြေမွခဲ့တဲ့ ဒဏ်ရာတွေရောပေါ့။ ကျမဟာ ဒီနေ့အထိ Influencer တစ်ယောက်လို ခံယူခဲ့တာမဟုတ်ဘဲ … သာမာန်မိန်းကလေးတစ်ယောက်ရဲ့ ရှင်သန်ရုန်းကန်မှုတွေရဲ့ ပြယုဂ်အဖြစ်သာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုင်းလေးလည်း နေလို့ရပါလျက် .. လူတွေအထင်သေးချင်လည်းသေးပါစေတော့ဆိုပြီး (တကယ်လည်း တချို့လူတွေရဲ့ ကဲ့ရဲ့သံတွေကို အံတုရင်း) ကျမလိုမျိုး တခြားကလေးငယ်တွေရဲ့ဘဝ မပင်ပန်းစေဖို့ ကျမဟာ အချိန်တွေ၊ အတွေးတွေကို အများကြီးအသုံးပြုခဲ့ရပါတယ်။

ဆရာမစာလေးကိုဖတ်ပြီး အရင်လို ကလေးတွေကို မရို က်ဖြစ်တော့ဘူး။ ဆရာမစာလေးတွေကြောင့် ပြောင်းလဲသွားခဲ့ရတယ်ဆိုတဲ့ စာလေးတွေမြင်ရတိုင်း၊ ကျမဟာ ငါသေပျော်ပါပြီလို့ တွေးမိတဲ့အထိ ကြည်နူးရပါတယ်။ ဆက်ပြီးလည်း ကျမ အသက်ရှင်နေသရွေ့၊ တတ်အားသမျှ ပွင့်သောပန်းတိုင်း လန်းဆန်းစေဖို့၊ ရိုးရှင်းကြည်လင်စွာ ကြိုးစားနေပါရစေ။ ကျမအပေါ် မေတ္တာရှိပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်းဟာ ကျမရဲ့ ခွန်အားတွေဖြစ်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်း၍ ကျက်သရေမင်္ဂလာပြည့်ဝပြီး ကပ်ဘေးအမျိုးမျိုးမှ လွတ်ကင်းနိုင်ကြပါစေ 🤍✨🧜🏻‍♀️

Witchy Candy 🍭

ပုံက ကျမရဲ့ စာအုပ်အရှေ့အဖုံးပုံလေးဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Trillium Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category