11/02/2022
ကျန်းမာရေး ဂရုစိုက်ကြပါ Customer အပေါင်းတို့...
သင့်မှာ သို့မဟုတ် သင့်မိသားစုမှာ အိုမိုင်ခရွန် (Omicron) အပါအဝင် COVID-19 ရောဂါလက္ခဏာတွေဖြစ်တဲ့ ...
ဖျားတာ၊ ချောင်းဆိုးတာ၊ အားအင်ကုန်ခမ်းပြီး မောပန်းတာ၊ လျှာမှာ အရသာပျောက်တာ၊ နှာခေါင်းမှာ အနံ့မရတော့တာ စတဲ့ အတွေ့ရများတဲ့ COVID-19 ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ အခမဲ့ပြသလိုက်ပါ။
လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အရေပြားမှာ အနီစက်/အနီကွက်တွေထွက်တာ၊ ခြေချောင်းလက်ချောင်းတွေ အရောင်ပြောင်းတာ၊ မျက်လုံး ယားယံတာ၊ မျက်လုံး ရဲတာ စတဲ့ အတွေ့ရနည်းတဲ့ COVID-19 ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်လည်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ အခမဲ့ပြသလိုက်ပါ။
အသက်ရှူရခက်ခဲတာ၊ အသက်ရှူကြပ်တာ၊ စကားမပြောနိုင်တော့တာ၊ မလှုပ်ရှားနိုင်တော့တာ၊ စိတ်ရှုပ်ထွေးပြီး ဂနာမငြိမ်ဖြစ်တာ၊ ရင်ဘတ်အောင့်တာ စတဲ့ ပြင်းထန်တဲ့ COVID-19 ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ/ဆေးခန်း/ဆရာဝန်ဆီမှာ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ရောဂါလက္ခဏာတွေက မပြင်းထန်ဘူးဆိုရင်တော့ မိမိအိမ်မှာပဲ နေထိုင်ပြီး တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ အခမဲ့ ဆွေးနွေးတိုင်ပင်ကုသမှုခံယူနိုင်ပါတယ်။
ဆေးခန်းပြသမယ်ဆိုရင် တယ်လီကျန်းမာ page ရဲ့ Messenger (https://m.me/telehealthmm) မှာ စာရင်းသွင်းပြသရုံပါပဲ။ နေ့စဉ်နေ့တိုင်း မနက် (၈) နာရီကနေ ညနေ (၆) နာရီအထိ ပိတ်ရက်မရှိ အခမဲ့ ဆေးကုသမှု ခံယူနိုင်ပါတယ်။ အထူးကုဆရာဝန်ကြီးတွေလည်း ရှိတယ်နော်။
NUG - MOH တယ်လီကျန်းမာ ... လူတိုင်းအတွက်ပါ
Reference: World Health Organization (WHO)
https://www.who.int/health-topics/coronavirus =tab_3
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ ရက်)
#တယ်လီကျန်းမာ
This telehealth page is managed by the Ministry of Health, National Unity Government of Myanmar.