20/10/2021
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ခင်ပွန်းကြီး (၁၀)ပါးအားဝန်ချတောင်းပန်ကန်တော့ပါသည် 🙏🙏🙏🙏🙏
"ခင်ပွန်းကြီး(၁၀)ပါးအားဝန်ချတောင်းပန်ကန်တော့ခြင်း”
(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊
(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊
(၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊
(၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း၊
(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း၊
(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း၊
(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊
(၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊
(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း၊
(၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း၊
ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏။
ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။
သစ္စာအလင်း