NY - Plant Shop

NY - Plant Shop သီးပင်စားပင်နှင့် အပင်အတွက်လိုအပ်သော ဆေးနှင့်ကိရိယာပစ္စည်းများ ဝယ်ယူနိုင်ပါပြီ

ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့ ဆိုင်တယ်။ပန်းပင်လေးကို ချစ်တယ်ပြောပြီး ရေမလောင်းသလိုမျိုးပေါ့ချစ်တယ်ပြောပြီး အလေးနက်မှ မထားရင...
02/11/2024

ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့ ဆိုင်တယ်။

ပန်းပင်လေးကို ချစ်တယ်ပြောပြီး ရေမလောင်းသလိုမျိုးပေါ့
ချစ်တယ်ပြောပြီး အလေးနက်မှ မထားရင်၊
ချစ်တယ်ပြောပြီး ဂရုစိုက်ကြင်နာမှုမရှိရင်
ဒီပန်းပင်လေးက ကြာကြာဘယ်ရှင်သန်နိုင်ပါ့မလဲ၊

အရာရာဟာ မေတ္တာဓါတ်တွေလိုအပ်တယ်။
ယုယကြင်နာမှုတွေလိုတယ်။ လေးနက်မှုတွေလိုတယ်။
ဖေးမမှုတွေလိုတယ်။

ချစ်တယ်ပြောပြီး ချစ်ခြင်းရဲ့ အမူအရာတွေမပြရင်တော့
ဒီပန်းပင်လေးကသေသွားအုံးမှာပဲ

🍂🌻🍀

🌵Cactus ထည့်မလား🌼 Succulent ထည့်မလား☘️ mini plant တွေထည့်မလားချစ်ဖို့ကောင်းသော mini handmade cement pot များ ရပါပီရှင့်❤...
24/09/2023

🌵Cactus ထည့်မလား
🌼 Succulent ထည့်မလား
☘️ mini plant တွေထည့်မလား
ချစ်ဖို့ကောင်းသော mini handmade cement pot များ ရပါပီရှင့်❤️🥰

အကျယ် ၅လက်မ - 2500ks
အကျယ် ၇လက်မ - 3000ks
အမြင့် - 2လက်မ/ 3လက်မ

အကျယ် အမြင့် လိုချင်တဲ့ size အော်ဒါအပ်လို့ရပါတယ်

အမြင့်၊ ဒီဇိုင်းပေါ်မူတည်ပီး ဈေးအမျိုးမျိုးရှိပါတယ်။

လိုချင်တဲ့ အကျယ် အမြင့် အော်ဒါအပ်လို့ရပါတယ်။
အမြင့် ၉၊ အကျယ် ၃ပေထိ ရပါတယ်။

ရန်ကုန်အိမ်ရောက်ငွေချေ။ နယ်ဂိတ်ချပေးပါတယ်။
Deliveryခ ရှိပါတယ်။

📌ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
အမှတ် 111၊ ဆရာခြုံလမ်း၊ 58 ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်။

သိမ်ချောင်းလမ်းဆုံအနီး၊ ပဲခူးမြစ်လမ်းမဘက်ခြမ်း
3 လမ်းမြောက်လမ်း (အင်းဝအိမ်ယာမှတ်တိုင်)အနီး

Google map မှာ ရန်ကုန်ဘွန်ဇိုင်းအိုးရောင်းဝယ်ရေး လို့ ရိုက်ရှာလို့ရပါတယ်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311, 09783686055
Viber-09790580311

#ပျိုးပင် #ကန္တာရနှင်းဆီ #မလေးစကား #ပန်းအိုး #ကြာအိုး &

28/04/2023
ဇော်မွှားရောင်စုံပြန်ရပါပီရှင့် 😍ဆယ်ပင်ဝယ် တစ်ပင်လက်ဆောင်ပေးမှာနော် ပန်းချစ်သူတို့ရေရာဈေး - ၇၀၀ကျပ်၅၀ဈေး - ၈၀၀ကျပ်တစ်ပင်...
08/11/2022

ဇော်မွှားရောင်စုံပြန်ရပါပီရှင့် 😍
ဆယ်ပင်ဝယ် တစ်ပင်လက်ဆောင်ပေးမှာနော် ပန်းချစ်သူတို့ရေ

ရာဈေး - ၇၀၀ကျပ်
၅၀ဈေး - ၈၀၀ကျပ်
တစ်ပင် - ၁၀၀၀ကျပ်

ကိုယ်တိုင်ပျိုးမို့ ကိုယ်တိုင်ရောင်းမို့ ပြန်ရောင်းသူတွေအတွက် ‌ဈေးသက်သာပါတယ်နော် 🥰

မြို့နယ်အလိုက် delivery ခရှိပါတယ်
နယ်များ ငွေလွဲဝင်ရင် ဂိတ်ချပေးပါတယ်

ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311

#ထာဝရပျိုးဥယျာဉ်
#ပျိုးပင်
#သီးပင်စားပင်
#နွယ်နှင်းဆီ

 ွင့်ကြီးမျိုး🌸kissme ရှယ်အကိတ်ကြီးတွေနော်။ပန်းပွင့်အကြီးကြီးပွင့်မှကြိုက်တာဆိုရင်တော့ ဒီအကိတ်ကို တစ်ပင်တော့စိုက်သင့်တယ်...
04/11/2022

ွင့်ကြီးမျိုး

🌸kissme ရှယ်အကိတ်ကြီးတွေနော်။ပန်းပွင့်အကြီးကြီးပွင့်မှကြိုက်တာဆိုရင်တော့ ဒီအကိတ်ကို တစ်ပင်တော့စိုက်သင့်တယ်နော်😁😁😁

🌸အရောင်၂ရောင်ရပါမယ်။ပုံပါအတိုင်း ပန်းအဖျော့နဲ့ ပန်းအရင့်(အနီဘက်သန်ပါတယ်)။

🌸အပင်တိုင်းအပွင့်များများပါပါမယ်။

တစ်ပင် 4500ကျပ်

ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311

#ထာဝရပျိုးဥယျာဉ်
#ပျိုးပင်
#သီးပင်စားပင်

အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း📕ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိ...
01/11/2022

အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း

📕ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်
ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်။

📘မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ
သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။
မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။
အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရော
ကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။
ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ။

📗အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။
နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း
ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ - ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်။

Source From Internet

 #နွားချေးနွားချေးသည် နိုက်ထရိုဂျင်ဓာတ်များစွာပါပြီးအပင်ရဲ့ အရွက်ပိုင်းကို အားပေးပါတယ်ဒီဓာတ်ကိုအဓိကထားပြီး လိုချင်တယ်ဆို...
29/10/2022

#နွားချေး

နွားချေးသည် နိုက်ထရိုဂျင်ဓာတ်များစွာပါပြီး
အပင်ရဲ့ အရွက်ပိုင်းကို အားပေးပါတယ်

ဒီဓာတ်ကိုအဓိကထားပြီး လိုချင်တယ်ဆိုရင်
နွားချေး အစိုကိုသုံးမှ နွားချေးမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်ကို ရရှိစေမှာဖြစ်ပါတယ်

#အစိုသုံးပါက ဖြစ်ပေါ်စေနိုင်တဲ့အားနည်းချက်ကတော့ အပင်ရဲ့ အမြစ်အပူလောင်ခြင်းနဲ့ ပိုး ပြသနာဘဲဖြစ်ပါတယ်

ရေစိမ်ပြီး ရေဖျန်းသုံးခြင်းနဲ့ ပါးပါးဖြူးပြီးသုံးခြင်း
မြေနဲ့ရောမွေပြီး သုံးခြင်းဖြစ် ပိုထိရောက်စေပါတယ်

#အခြောက်သုံးပါက
နိုက်ထရိုဂျင်ဓာတ် များစွာရော့နည်းသွားစေမှာဖြစ်ပါတယ်

သို့ပေမယ့် နွားချေးမှာပါတဲ့ မကောင်းတဲ့ဘတ်တီးရီးယားတွေကင်းစင်မယ်

ပိုးဖြစ်နိုင်မှူ့ကင်းစေမယ်
အပူလောင်မှူ့တွေကင်းစေမှာဖြစ်ပါတယ်

နိုက်ထရိုဂျင် မရှိသလောက်ဖြစ်ပေမယ့် အခြားအဟာရတွေကျန်ရှိစေပါတယ်

အလားတူ ချေးခြောက်အဖက်များမှာ မြေသြဇာဖြစ်စေပြီး

မြေကိုပွစေသည့်အပြင် မြေမှ အခြားအဟာရများ အစိုဓာတ်ကိုပါ ထောက်ပံ့ ထိန်းသိမ်းနိုင်စေမှာ ဖြစ်ပါတယ်

နွားချေးကိုနှပ်သုံးခြင်း ရေစိမ်သုံးခြင်း
မြေဆွေးနှင့်ရောသုံးခြင်း အသုံးပြုနိုင်ပါတယ်

Minthikeစိုက်ပျိုးရေးအသိပညာ

Credit - Minthike

ယိုးဒယားကြက်မောက်အဝါတစ်ပင် 1000ksရာဈေး 700ksရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှ...
27/10/2022

ယိုးဒယားကြက်မောက်အဝါ
တစ်ပင် 1000ks
ရာဈေး 700ks

ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311

#ထာဝရပျိုးဥယျာဉ်
#ပျိုးပင်
#သီးပင်စားပင်
#နွယ်နှင်းဆီ

👉နှင်းဆီပင်စိုက်ရန်အောက်ပါ အချက်များကိုပြုလုပ်ပေးရပါမယ်၁) မလိုအပ်သော အပွင့် အဖူး အရွက်အကိုင်းများ ကိုဖြတ်တောက်ခြင်းအပွင်...
17/10/2022

👉နှင်းဆီပင်စိုက်ရန်အောက်ပါ အချက်များကိုပြုလုပ်ပေးရပါမယ်

၁) မလိုအပ်သော အပွင့် အဖူး အရွက်အကိုင်းများ ကိုဖြတ်တောက်ခြင်း
အပွင့်လွန် အပွင့်ခြောက် အဖူးမသန် အရွက်ဝါ အရွက်မဲ အရွက်ခြောက် အကိုင်းသိမ်အကိုင်းမွှား အကိုင်းခြောက်များကို သန့်ရှင်းသော ပန်းဖြတ်ကတ်ကျေးနှင့် ဖြတ်တောက်ရှင်းလင်းပေးရမည်

၂) အဟာရဖြည့်ပေးခြင်း
အပင်အတွက် မြေဆွေး နုန်းမြေ နွားချေးခြောက်၊ ကြက်ချေးခြောက်၊ စပါးခွံ၊ ဖွဲပြာ၊ ဆေးရွက်ကြီးမှုန့် စပ်ထားသော ၆မျိုးစပ် မြေမျိုးသင့်တော်ပါသည် မဟုတ်ပါက၊လည်းလှယ်ပေးပါ
မြေဩစာ ၁၅ သို့မဟုတ် ၁၆ ပါတ်လည်အစေ့များလိုအပ်သလိုကြွေးရပါမည်
အပင်သည် အပွင့်အားရပါးရပွင့်ပြီးချိန် တွင်အဟာရများကိုအပွင့်တွင်သုံးလိုက်ရသဖြင့် အားကုန်သွား တတ်ပါသည်
ထိုအချိန်တွင် မြေဩစာ အစေ့ ၂၀-၃၀ ခန့် အပင်အခြေ နှင့်ခပ်ခွါခွါ မြေမှာမြှုပ်၍ ကြွေးရပါသည်
နောက်တခါ အညွန့်အသစ်များစထွက်လာချိန်တွင် ကြီးထွားသန်မာရန် အဟာရလိုပြန်ပါသည် အလားတူ ထပ်ကြွေးရပါသည် ၂ ပါတ်တစ်ခါဟုမှတ်ထားသင့်ပါသည်။
ခဏခဏမကြွေးရ
အစေ့မများရ
အပင်ခြေမကပ်ရ
အပင်လောင်တတ်ပါသည်။

၃) ရောဂါကာကွယ်ရမည်
အဓိက ၂ မျိုး
ပိုးမျိုးစုံ စားကိုက်စုပ်ခြင်း/ပိုးကျခြင်း နှင့် မှိုကျခြင်း

ကာကွယ်ခြင်းကကုသခြင်းထက်ကောင်းပါတယ်
ပိုးသတ်ဆေး နှင့် မှိုဆေးကိုတစ်ပါတ်တစ်ကြိမ် တစ်ရက်သပ်သပ်စီဖြန်းပေးပြီး မှိုမကျ ပိုးမကျအောင် ကာကွယ်ရပါတယ်
ပိုးသတ်ဆေးကို အညွန်းအတိုင်းရေနှင့်ဖျော်စပ်ရပါမယ် ပိုသတ်ဆေး နဲ့အတူအရွက်ဖြန်း/အမြစ်အားဆေး B1Plus/ အပွင့်အားဆေး ၁၀:၅၂:၁၇ သို့မဟုတ် မိုရယ်မုန်းထည့်ဖြန်းလျင် ပိုကောင်းပါတယ် နေအေးချိန်မှာသာဖြန်းရပါမယ်။ ရေတစ်လီတာလျင် ဆေးလဘက်စားဇွန်း တစ်ဝက်ခန့် အချိုးဖြင့်ဖျော်ပါ။

မှိုဆေးကတော့ ဘာနဲ့မှမရောသင့်ပါ ရေနှင့်အချိုးအစားမှန်ဖျော်စပ်၍ ညနေပိုင်း တစ်ပါတ်တစ်ကြိမ် ဖြန်းရပါတယ် မှိုရောဂါကျလျင် အရွက်များဝါခြင်း အမဲပြောက်များပေါ်ခြင်း အကိုင်းများပါမဲ ခြောက်လာခြင်း ဖြစ်၍ အပင်သေသွားနိုင်ပါတယ် အထူးသဖြင့် မိုးရာသီမှာ အသေအခြာကာကွယ်ရပါမယ်

၄) အခြားအချက်များ
👉ရေမနက်တစ်ကြိမ်ဝဝလောင်းပါ။ ရေမဝပ်ပါစေနှင့်။ မနက်မလောင်းဖြစ်၍ ညနေပိုင်းရေလောင်းပါက အရွက်များမစိုပါစေနှင့် မှိုဝင်တတ်လို့ပါ။
👉အိုးပြောင်းလျင် အမြစ်များမထိခိုက်အောင် စိတ်ရှည်ရှည် လုပ်ပေးပါ ပျိုးအိတ်ကို ဒါးဖြင့်ဖြည်းဖြည်းခွဲထုပ်ပါ အတင်းနှိုက်မထုတ်ပါနဲ့
👉မနက်စောစော မှာစိုက်ပါ အိုးပြောင်းပါ နေပူထဲမှာလုံးဝမလုပ်ပါနဲ့ အနည်းဆုံး နေရိပ်ထဲမှာအိုးပြောင်းပါ ပြောင်းပြီးပါက အမြစ်အားဆေး B1 Plus ဖြန်း/လောင်းသင့်ပါသည် နေအေးသောနေရာတွင် ၂ ရက်ခန့်အသားကျအောင်ထားပါ ပြီးမှလိုချင်သောနေရာရွှေ့ပါ
👉ကာကွယ်ခြင်းမဟုတ်ပဲ ရောဂါဖြစ်မှဆေးဖြန်းလျင်
ပို၍ဖိဖိစီးစီးဖြန်း ရပါမည် နှစ်ရက်လောက်ဆက်ဖြန်းပေးမှ မှို/ပိုး ရှင်းပါမည် ထို့နောက်တစ်ပါတ်တစ်ကြိမ်ဆက်ဖြန်းရမည်။
သို့မှသာ သင်၏ နှင်းဆီပင်လေးသန်မာလှပ ပါမည်။

 #ကညွတ်  #ဇော်မွှား  #ယိုးဒယားကြက်မောက် 😱ဆယ်ပင်ဝယ်ရင် တစ်ပင်လက်ဆောင်ပါ😱တစ်ပင်ဈေး - 1000ကျပ်အပင် ၅၀ဈေး - 800ကျပ်ကိုယ်တိုင...
16/10/2022

#ကညွတ် #ဇော်မွှား #ယိုးဒယားကြက်မောက်
😱ဆယ်ပင်ဝယ်ရင် တစ်ပင်လက်ဆောင်ပါ😱

တစ်ပင်ဈေး - 1000ကျပ်
အပင် ၅၀ဈေး - 800ကျပ်

ကိုယ်တိုင်ပျိုးမို့ ကိုယ်‌တနာရီ
ပြန်ရောင်းသူများ အများဈေးရှိပါတယ် ❤️

ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311

😍 မဂ်လာပါ ပန်းချစ်သူတို့ရေ 😍ယိုးဒယားကြက်မောက် (Celosia) လေးရပါပီရှင့်ကိုယ်တိုင်ပျိုးပင်လေးတွေမို့ ပြန်ရောင်းသူများ အများ...
02/10/2022

😍 မဂ်လာပါ ပန်းချစ်သူတို့ရေ 😍

ယိုးဒယားကြက်မောက် (Celosia) လေးရပါပီရှင့်
ကိုယ်တိုင်ပျိုးပင်လေးတွေမို့ ပြန်ရောင်းသူများ အများဈေးသက်သက်ရှိပါတယ် 😍
အရောင် ၄မျိုး - လိမော်, အနီ, အဝါ, အဝါဖျော့

တစ်ပင်ဈေး 👉🏻 1000ks
၂၀ပင်အထက် ရာဈေးသက်သက်
အများစျေးသက်သက်ရှိပါတယ်❤️

ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ပို့ပေးပါတယ်🤩
နယ်ဘက်ဆို ကားဂိတ်ထိပို့ပေးပါတယ်ရှင့် 🤩

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက 👇🏻👇🏻
ဆိုင်လိပ်စာ သံလွင်လမ်းမကြီး ၅၈ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ☎☎☎
09790580311, 09783686055

#ထာဝရပျိုးဥယျာဉ်
#ပျိုးပင်
#သီးပင်စားပင်

Address

South Dagon
Yangon

Telephone

+959790580311

Website

Alerts

Be the first to know and let us send you an email when NY - Plant Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NY - Plant Shop:

Share