KAZZ & JAZZ

KAZZ & JAZZ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KAZZ & JAZZ, Thrift & Consignment Store, Yangon.

မင်မင်တို့ဆီကနေ Birthday present Tee ၃ထည် လာမှာသွားတဲ့ အကောင့်ပိုင်ရှင်လေး ကျေးဇူးအများကြီးတင်ပါတယ်💕💕Tee လေး တွေ ကြိုက်တ...
11/03/2022

မင်မင်တို့ဆီကနေ Birthday present Tee ၃ထည် လာမှာသွားတဲ့ အကောင့်ပိုင်ရှင်လေး ကျေးဇူးအများကြီးတင်ပါတယ်💕💕

Tee လေး တွေ ကြိုက်တာယူ 4000 ကျပ် အပြင်ကိုမှ 3ထည်ယူရင်လဲ 10000 ကျပ်ဘဲ ကျသင့်မှာပါ💥💥
ဒါ့အပြင် မြောက်ဒဂုံနဲ့ သန်လျင် ဆိုရင်လဲ deli free ပါနော်💞
အောက်က Link တွေထဲမှာ ဝင်ကြည့်လို့ရပါတယ်🙆🏼‍♂️🤎

https://www.facebook.com/103376848953571/posts/109865588304697/

https://www.facebook.com/103376848953571/posts/113014364656486/

ကြိုက်တာယူ 𝟰𝟬𝟬𝟬‼️၃ထည် ပြည့်တာနဲ့ 𝟭𝟬𝟬𝟬𝟬 ကျပ်ဘဲ ကျသင့်မှာပါ 🤯🤯ဒါ့အပြင်ကိုမှ မြောက်ဒဂုံနဲ့ သန်လျင် မြို့တွင်းဆို 𝟭𝟬𝟬% 𝗗𝗲𝗹𝗶 ...
05/03/2022

ကြိုက်တာယူ 𝟰𝟬𝟬𝟬‼️

၃ထည် ပြည့်တာနဲ့ 𝟭𝟬𝟬𝟬𝟬 ကျပ်ဘဲ ကျသင့်မှာပါ 🤯🤯

ဒါ့အပြင်ကိုမှ မြောက်ဒဂုံနဲ့ သန်လျင် မြို့တွင်းဆို 𝟭𝟬𝟬% 𝗗𝗲𝗹𝗶 𝗙𝗿𝗲𝗲 နော် 📣📣
ကျန်တဲ့ ရန်ကုန် ဘယ်မြို့နယ်ကမဆို အိမ်ရောက်ငွေချေရပါတယ်နော်💞

ကံထူးရှင်လေးတွေကတော့ ပေါ်ထွက်လာပါပြီဗျို့🎉🎉🎉🎉1. Yee Yee Tun Tun (Ph Bill 3000)2. Zar Some Moe (Ph Bill 3000)3. Edn Su Su...
01/03/2022

ကံထူးရှင်လေးတွေကတော့ ပေါ်ထွက်လာပါပြီဗျို့🎉🎉🎉🎉

1. Yee Yee Tun Tun (Ph Bill 3000)
2. Zar Some Moe (Ph Bill 3000)
3. Edn Su Su Hlaing (Ph Bill 3000)
4. မ မချစ်ရင်သေလိမ့်မယ် မ (T-shirt pink)
5. Tin Tin Htay (T-shirt Red)
6. Lae Hnin Phyu (T-shirt grey)

မဲပေါက်သွားတဲ့ ကံထူးရှင်လေးတွေ Page cb ကိုလာပေးကြပါနော် 🙆🏻‍♀️♥️

မဲမ‌ေပါက်သွားတဲ့ ကာကာလေးတွေလဲ မင်မင်တို့ တစ်လတစ်ခါ မဲပုံမှန်ဖောက်ပေးသွားမှာမို့ မင်မင်တို့ page လေးကို See first လေးလုပ်ပေးထားပါနော် ❤️

First Drop❗❗မင်မင်တို့ရဲ့ပထမဆုံးအရောင်း post လေးစတင်ပါပြီ🙋🏻‍♀️🙋🏽အရင်ဆုံးသတင်းကောင်းလေးပါးချင် တာကတော့ မနက်ဖြန် Giveaway ...
28/02/2022

First Drop❗❗

မင်မင်တို့ရဲ့ပထမဆုံးအရောင်း post လေးစတင်ပါပြီ🙋🏻‍♀️🙋🏽

အရင်ဆုံးသတင်းကောင်းလေးပါးချင် တာကတော့ မနက်ဖြန် Giveaway လေးဖောက်ပေးတော့မှာပါနော်🎉🎉Like and share ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများတင်ပါတယ်🤩🥳

ပုံအောက်မှာ စျေးနှုန်းနဲ့တကွတင်ပေးထားတာမို့ တစ်ပုံချင်းသေချာကြည့်ပေးစေချင်ပါတယ်နော်💕
မင်မင်တို့ရဲ့ ပထမဆုံးအရောင်းpost လေးမို့အားပေးကြပါဦးဗျို့...အမှားပါသွားခဲ့ရင်လဲ နားလည်ပေးစေချင်ပါတယ်💗

Knock knock 🤙🤙 Giveaway အစီအစဉ်လေး လာပါပြီဗျို့🥳🥳 Admin တို့ရဲ့ first experience လေးမို့လို့ အဆင်မပြေမှုများမရှိရ‌လေအောင...
24/02/2022

Knock knock 🤙🤙 Giveaway အစီအစဉ်လေး လာပါပြီဗျို့🥳🥳

Admin တို့ရဲ့ first experience လေးမို့လို့ အဆင်မပြေမှုများမရှိရ‌လေအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်၊ ရှိခဲ့ရင်လဲ နားလည်ပေးစေချင်လိုပါတယ်။

မင်မင် တို့ Giveawayလေး အကြောင်း မသွားခင် မင်တို့ Page လေးကို ပိုပီး မိတ်ဆက်ပေးချင်ပါတယ်။ မင်မင်တို့မှာဆိုရင်ဖြင့် Vintage အထည်လေးတွေနဲ့ Thrift အထည်လေးတွေကို ဈေးနှုန်းအသင့်အတင့်နဲ့ ရောင်း‌ချပေးသွားမှာပါ၊ မင်မင်တို့ လောလောဆယ်အနေဖြင့် နယ်ဘက်‌များကို ပို့ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့အတွက်လဲ နယ်ဘက်က customers လေးတွေကို အနူးအညွတ်တောင်းပန်ပါတယ်၊ နောက်ပိုင်းကျရင်တော့ နယ်တွေထိ ပို့ဆောင်နိုင်အောင် လုပ်ဆောင်ပေးသွားပါမယ်နော်🥺💕

ကဲကဲကဲ ကာကာအသစ်လေးတွေအတွက် Giveaway စည်းမျဉ်းလေးတွေကတော့...

1️⃣ - KAZZ & JAZZ page လေးကို Like and Follow လေးလုပ်ထားပေးပါ။

2️⃣ - ဒီ post လေးကို အနည်းဆုံး သူငယ်ချင်း ၂ယောက်ကို tag ပြီး Public နဲ့ Share‌ လုပ်ပေးပါ။

3️⃣ - Public နဲ့ Share လုပ်ထားတဲ့ Screenshot လေးကို ဒီ post အောက်မှာဘဲ Comment ပေးပါ။

🎁ကဲစမ်းမဲ‌လေးတွေကတော့ Ph Bill 3000 ‌၃ယောက် ကို ပေးသွားမယ့် အပြင်ကိုမှ မင်မင်တို့ဆီက အကျီ ၃ထည် ကိုပါ ထပ်ဖောက်ပေးသွားဦးမှာပါ🥳

အပေါ်က စည်းမျဉ်းလေး ၃ချက်နဲ့ ကိုက်ညီရုံနဲ့တင် ပါဝင် ကံစမ်းလို့ ရနိုင်ပါပြီ။🙆🏻🙆🏻‍♀️

📌စည်းကမ်းချက်လေးတွေနဲ့ အညီတော့ လုပ်ပေးစေချင်လိုပါတယ် 📌

Gift လေးတွေရသွားတဲ့ သူတွေကိုတော့ 1st March 2022 | 7:00 PM မှာ မဲနှိုက် ရွေးချယ်ပြီးတော့ လက်ဆောင်လေးတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။🔸Deli fees လေးကိုတောင် Winner‌ လေးတွေ ဘက်မှ ကျခံရမှာ ဖြစ်ပါတယ်နော်💞

အားလုံးဘဲ ကံကောင်းကြ‌ပါစေ 🍀

♦️မှတ်ချက်။ ။ သန်လျင်မြို့တွင်းနဲ့ မြောက်ဒဂုံ မြို့တွင်းဆိုရင်တော့ မင်မင်တို့ဆီမှာ Forever Delivery free လေး ပေးသွားမှာပါနော်🥳🥳♥️

ယနေ့၂၂၂၂၂၂ သပိတ်မှာ ပါဝင်ရန် နည်းမသိသေးသူ‌ေတွ အတွက်ပါ....😇 လိုက်မလုပ်နိုင်လဲအိမ်ထဲမှာ နေပေးခြင်းဖြင့် ပါဝင်လို့ရပါတယ်နော...
22/02/2022

ယနေ့၂၂၂၂၂၂ သပိတ်မှာ ပါဝင်ရန် နည်းမသိသေးသူ‌ေတွ အတွက်ပါ....😇
လိုက်မလုပ်နိုင်လဲအိမ်ထဲမှာ နေပေးခြင်းဖြင့် ပါဝင်လို့ရပါတယ်နော်...😍💪

မင်္ဂလာပါ KAZZ & JAZZ  Page မှ ကြိုဆိုပါတယ် မင်မင်ကတော့ Admin 'J' ဘဲ ဖြစ်ပါတယ်ရှင်🙋🏻‍♀️ မင်မင် တို့ page လေးမှာဆိုရင် vi...
21/02/2022

မင်္ဂလာပါ KAZZ & JAZZ Page မှ ကြိုဆိုပါတယ်
မင်မင်ကတော့ Admin 'J' ဘဲ ဖြစ်ပါတယ်ရှင်🙋🏻‍♀️
မင်မင် တို့ page လေးမှာဆိုရင် vintage နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းအရာလေးတွေ‌ကို ဝေမျှပေးသွားမှာပါ 🥳

ပထမဆုံးအနေနဲ့ Vintage ဆိုတာ ဘာလဲ 🔥

🔸Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်က အထည်တွေကို vintage လို့သတ်မှတ်နိင်ပါတယ်။ vintage အထည်တိုင်းမှာဆိုရင် သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀ ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။ (Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထာ ဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reproduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထာအနေနဲ့ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်) vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔹အခုနောက်ပိုင်းခေတ် မှာ (Bale) ဘေ လို့ ခေါ်တဲ့ တနည်းအားဖြင့် (thrift clothing) တွေကို Vintageဈေးတွေနဲ့ မတန်မဆ ကြီးတွေ ရောင်းနေကြပါတယ်။
vintage is call ဘေ ”လိုတော့မသတ်မှတ်ကြပါနဲ့ ၊ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်

🔸Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှ ၅၀၀၀တန် ၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကိုယ် တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။တမျိုး‌ေပြာရရင်ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပါဘဲ။

🔸Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ The beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကိုယ်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vintage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါဘဲ
အခုလိုမျိုး ဗဟုသုတ လေးတွေနဲ့ Styling ပိုင်းလေးတွေကို နောက်ပိုင်းမှာလဲ တင်ပေးသွားမှာမို့ မင်မင်တို့ Page လေးကို Like and Follow လေး လုပ်ပေးဖို့ တောင်းဆိုပါတယ် ရှင်💕
(စာသားလေးတွေ ကိုးကားထားပါတယ်ရှင်)

21/02/2022

မင်္ဂလာပါ😊 ကျနော်တို့ကpageကို အခုမှစဖွင့်တာမို့ vintage နဲ့ပက်သက်တာလေးတွေကို sharingလုပ် ပေးသွားချင်ပါတယ်.....ကျနော်ကတော့ KAZZ & JAZZ page က Admin K ပဲဖြစ်ပါတယ်🙋‍♂️.
အရင်ဦးဆုံးပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့
Vintage (မြန်မာအခေါ် ဘေထုတ်ပေါ့)

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅

တကယ်တော့ နိုင်ငံတကာမှာ
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့
နံမည်ကြီးအမှတ်တံဆိပ်တွေမှ
အသစ်ထပ်မံ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱

သူကအသစ်မဟုတ်လို့ဆိုပြီးဝယ်ရင်စိတ်မသန့်တာမျိုးမဖြစ်ပဲဒီဇိုင်းကွာလာတီကိုပိုကြိုက်လို့ဆိုပြီးဝယ်စေချင်တယ်

ဒါ့အပြင်
ဒီဇိုင်းအသစ်တွေ
ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ 😇
နောက်နေ့တွေမှာလဲ outfit ဒီဇိုင်းတေကိုပါတင်ပေးသွားမှာမို့ like & follow လုပ်သွားကြပါအုန်းဗျ...🙋‍♂️🙋‍♂️



Address

Yangon

Telephone

+959427458692

Website

Alerts

Be the first to know and let us send you an email when KAZZ & JAZZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KAZZ & JAZZ:

Share