May, a memorable

May, a memorable Sharing love & warmth each other �

05/12/2023

လူတွေက ပြောင်းလဲတတ်လား ?

“ဟင့်အင်း လူဆိုတာ ပြောင်းလဲရင်လည်း ခဏပေါ့ ဗီဇကပေါ်လာမှာပဲ “ ကျွန်မ ဒီလို ဖြေလေ့ရှိခဲ့ပါတယ်

ကိစ္စတော်တော်များများမှာ အဆိုးကို အရင်မြင်တတ်တဲ့ ကျွန်မအဖို့ ဒီအဖြေကို ဖြေဖို့လုံလောက်တဲ့ ဥပမာ အချို့ကလည်း ထောက်ပြခဲ့တာကိုး

ဘယ်သူ့အပေါ်မှာမှ မကြည့်ပဲ အရင်ဆုံး ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ဖြစ်တယ်

ငါ့ရဲ့မကောင်းတဲ့အကျင့်လေးတွေ အရင်ပြောင်းလဲကြည့်မယ်ပေါ့

ပထမဆုံး အပေါ်ကပြောခဲ့သလို အဆိုးအရင်မြင်တတ်တာကို စပြင်ပါတော့တယ်

အကောင်းတွေရှာကြံတွေးရတာပေါ့လေ

လွယ်လားဆို ဘယ်လွယ်ပါ့မလဲ

ခုနပြောခဲ့သလို အဆိုးတွေမြင်လာတာခဏခဏပေါ့

ဒါပေမယ့်လေ အကောင်းဘက်လည်းတွေးကြည့်မိပီး ဖြည့်တွေးတတ်လာတယ်

ဆိုတော့ ကိုယ့်ကိုယ်ကိုက စပြီး ဆန်းစစ်ကြည့်ခဲ့တဲ့ လူတွေက ပြောင်းလဲတတ်လား ဆိုတဲ့မေးခွန်းကို အခုဖြေရမယ်ဆိုရင်

ပြောင်းလဲချင်ရင် ပြောင်းလဲချင်တဲ့စိတ်ရှိရင် ပြောင်းလဲနိုင်တယ်လို့ပဲ ဖြေမိတော့မယ်

အကျင့်တွေ ဗီဇတွေ ပြန်ပေါ်လာတတ်တာလဲ သဘာဝပဲ ဒီလိုပေါ်လာရင်သာ ဪ ငါက ပြောင်းလဲနေတာပဲဆိုတဲ့ အသိစိတ်လေးပြန်ဝင်လာပီး ထိန်းချုပ်ဖို့သာလိုတာပါ

အကျင့်ဆိုတာက ထပ်ခါ ထပ်ခါလုပ်ရင်း စွဲလာတာမျိုးဆိုတော့ မကောင်းတာတွေကို ကောင်းတာတွေနဲ့ပြောင်းလဲရင်း ကောင်းတဲ့အကျင့်တွေ ဖြစ်လာမှာပဲလေ……

#တွေးမိတဲ့အခါ_၁

Address

Yangon

Website

Alerts

Be the first to know and let us send you an email when May, a memorable posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category