Ruby Khin

Ruby Khin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ruby Khin, Shopping & retail, No-(43), Super world(4), Bogyoke market, Pabaedan, Yangon.

07/09/2022
03/08/2020

ထားဝယ်ဒေသထွက်
စားစရာမျိုးစုံ
အော်ဒါမှာယူနိုင်ပါသည်ရှင့်

ထားဝယ်မုန့်မျိုးစုံ အော်ဒါမှာချင်လျှင်Ph-0973054655/0931551209ထားဝယ်လက်ဆောင်စားစရာမျိုးစုံကို ထားဝယ်ထိမသွားရပဲ ရန်ကုန်မှ...
02/08/2020

ထားဝယ်မုန့်မျိုးစုံ
အော်ဒါမှာချင်လျှင်
Ph-0973054655/0931551209
ထားဝယ်လက်ဆောင်စားစရာမျိုးစုံကို ထားဝယ်ထိမသွားရပဲ
ရန်ကုန်မှာတင် ဝယ်လို့ရပြီနော်
လက်လီလက်ကား မှာယူလို့ရပါတယ်ရှင့်

ထားဝယ်လက်ဆောင်မုန့်လိမ်(စာကလေးခွေ)တထုပ်-၂၃၀၀
29/01/2020

ထားဝယ်လက်ဆောင်
မုန့်လိမ်(စာကလေးခွေ)
တထုပ်-၂၃၀၀

ထားဝယ်လက်ဆောင်ပုဇွန်ငါးပိထောင်းတဘူး-၁၅၀၀
29/01/2020

ထားဝယ်လက်ဆောင်
ပုဇွန်ငါးပိထောင်း
တဘူး-၁၅၀၀

 #ကမ်းဇော်ဆီစစ်စစ် သုံးစွဲလိုသူများတခြားမှ အောက်ပါပုံနှင့် ရောင်းချသူများတာဝန်မယူပါ ကျွန်မတို့ဆိုင်မှာ ယခုပေ့ခ်ျတခုထဲတွင...
15/01/2020

#ကမ်းဇော်ဆီစစ်စစ် သုံးစွဲလိုသူများ

တခြားမှ အောက်ပါပုံနှင့် ရောင်းချသူများတာဝန်မယူပါ
ကျွန်မတို့ဆိုင်မှာ ယခုပေ့ခ်ျတခုထဲတွင်သာရောင်းချပေးတာဖြစ်ပါတယ်ရှင့်

☎️Phone 0973054655,0931551209
သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။☎️

ဆိုင်မှာလာဝယ်ချင်ရင် အမှတ် (43) ၊စူပါဝေါလ်(4)၊ဗိုလ်ချုပ်ဈေး။
ဆေးဖက်၀င် ကမ်းဇော်ဆီ အကြောင်း

ကမ်းဇော်ဆီဆိုတာ ကမ်းဇော်အပင်ရဲ့ အသီးကရတဲ့ အဆီကို ခေါ်တာပါ။ ကမ်းဇော်ပင်ဆိုတာကမြန်မာနိုင်ငံတောင်ဖျားဖက်ဖြစ်တဲ့တနင်္သာရီတိုင်းဒေသကြီးတွင်းမြိတ်ခရိုင်နှင့်ဘုတ်ပြင်းမြို့နယ်တို့မှာအများဆုံးပေါက်ရောက်တဲ့
အပင်ဖြစ်ပါတယ်။
အထူးသဖြင့်တော့ မြေနိမ့်ချိုင့်ဝှမ်းဒေသများ၊ရွှံ့နွံပေါပြီးစွတ်စို ဒေသများမှာ ပေါက်ရောက်ပါတယ်။
ပင်လယ်ရေငန်ကမ်းစပ်နှင့် ကုန်းတွင်းပိုင်းတွေမှာလည်း ပေါက်ရောက်လေ့ရှိကြောင်းသိရှိရပါတယ်။
ကမ်းဇော်ပင်ရဲ့ ရုက္ခဗေဒအခေါ်ကတော့ Bassia Longifola Linn ဖြစ်ပြီးသူ့့ရဲ့မျိုးရင်းကတော့Sapotaceaeလို့သိရပါတယ်။
မြန်မာအမည်အနေနဲ့က တော့
ရေမယ်ဇယ်(ရေမည်စည်)လို့ခေါ်ပြီး သက္ကတဘာသာနှင့်ဇဍပပ္ဖ၊ မဓုက၊ အင်္ဂလိပ်အမည် Honey Tree, Mahua of Southern
India / Mahuah Tree တို့ဖြစ် ကြောင်းသိရပါတယ်။
ကမ်းဇော်ပင်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ မယ်ဇယ်ပင် (မည်စည်)ပင်နှင့် တူပြီး အစေးထွက်ခြင်း၊ အဆီခဲ၍ အဝါရောင်ရှိခြင်းစသည့်
မယ်ဇယ်ပင်နှင့်အလုံးစုံတူနေတာကြောင့်
ဟိန္ဒူဘာသာအားဖြင့်(ှဇလမဟူအာ)လို့လည်း
ခေါ်ဝေါ်ကြောင်း သိရှိရပါတယ်။

ကမ်းဇော်ပင်ရဲ့ ပုံပမ်းသဏ္ဍာန်

အပင်ကြီး အမျိုးအစားဖြစ်ပြီး အမြင့်ပေ(၁၀၀)ကျော်အထိ ရှိပြီး နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့ အရွက်က အစိမ်းရင့်ရောင်ရှိပြီး အရွက်ထိပ်ပိုင်း
ချွန်ပါတယ်။ရွက်လွှဲအလှည့်ကျထွက်ပြီးအရွက်အရှည်မှာအလျား(၈)လက္မ၊ အနံ(၂) လက္မခန့်ရှိကြောင်း သိရပါတယ်။ မြင်သာတဲ့ ပုံသဏ္ဍာန်ကတော့ ငှက်မွေးသဏ္ဍာန်ဖြစ်
ပါတယ်။

အပွင့်ပွင့်ချိန်

တပို့တွဲလနှင့် တပေါင်းလတို့မှာ အဝါနုရောင် အပွင့်လေးတွေ စပွင့်လာပြီး တပေါင်းလ
နှင့် တန်ခူးလတို့မှာတော့ အသီးစသီးတယ်လို့ ဆိုပါတယ်။ အသီးရဲ့ အရောင်က အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်သည့်တိုင် အစိမ်းရောင်အတိုင်းပဲရင့်မှည့် တယ်လို့ သိရ
ပါတယ်။ကဆုန်လနှင့်နယုန်လတို့မှာတော့အသီးများ
ကြွေကျချိန်ဖြစ်ပြီးအစေ့ကိုကောက်ယူကြရပါတယ်။

အစေ့ပုံစံ

အစေ့ပုံက အညိုရင့် ကျွန်းသားရောင်ဖြစ်ပါတယ်။ ခရာစေ့ နှင့် ပုံသဏ္ဍာန်
တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးပါတယ်။ အလွန်မွှေးပျံ့ပြီး
အဆီ ထုတ်ယူပါကလည်း အစေ့ရဲ့ အမွှေးနံ့အတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။

ကမ်းဇော်ဆီ၏ ဆေးဖက်၀င်မှုတန်ဖိုး

ကမ်းဇော်ဆီ စစ်စစ်သည် အလွန်ဆေးဖက်၀င်ပြီး ထိခိုက်ရှနများကို အထူး
လျင်မြန်စွာ ကျက်စေနိုင်သော ဂုဏ်သတ္တိရှိကြောင်း လေ့လာသိရှိရပါတယ်။
ကမ်းဇော်ဆီ၏ ဆေးဖက်၀င်မှုကို အများပြည်သူ သိရှိလာရပုံတိုင်းရင်းဆေးပညာ
ဌာနမှခရိုင်ဦးစီးမှူးဖြစ်သူ ဒေါ်ဝါ၀ါက၂၀၁၄ခုနှစ်၊ပဉ္စမအကြိမ်မြောက် မြန်မာ့တိုင်း
ရင်းဆေးသမားတော်များ ညီလာခံ စာတမ်းဖတ်ပွဲမှာ “ တနင်္သာရီတိုင်းမှ အစွမ်းထက်တိုင်းရင်းဆေးကမ်းဇော်ဆီ”စာတမ်းကိုတင်သွင်းဖတ်ကြားခဲ့ရာမှ
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပညာရှင်များ၊ သုတေသနပညာရှင်များ၊
ပြည်သူအများ ပိုမိုသိရှိလာကြခြင်း ဖြစ်ပါတယ်။

ကမ်းဇော်ဆီရဲ့ အသုံး၀င်မှုနှင့် ဆေးဖက်၀င်မှုများ

ဆရာမဒေါ်ဝါ၀ါ၏ မြိတ်မြို့နယ်အသင်း(ရန်ကုန်)နှစ်(၁၀၀)ပြည့် အထိမ်း
အမှတ် မဂ္ဂဇင်းပါ “တနင်္သာရီတိုင်းဒေသကြီးမှ အစွမ်းထက် ကမ်းဇော်ဆီ”
ဆောင်းပါးပါ ဆရာမဒေါ်ဝါ၀ါကိုယ်တိုင် လက်တွေ့အသုံးချတွေ့ရှိချက်များအရ
ရောဂါအမျိုးမျိုးတို့မှာ အောက်ပါအတိုင်း အသုံးပြုနိုင် ကြောင်း ဖေါ်ပြထားတာ
တွေ့ရှိရပါတယ်။

၁။ ၀မ်းတွင်းမှာ ဖြစ်တတ်သော ရောဂါများ၊ အဖုအကြိတ်များ၊ အစာအိမ်အနာ
ချောင်းဆိုးသွေးပါ ရောဂါများတွင် အဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်
ပျားရည်တစ်ဇွန်းရောစပ်ပြီး တစ်နေ့(၃)ကြိမ်သောက်ပါက သက်သာစေပါတယ်။

၂။ အပူလောင်းခြင်း၊ ရေနွေးပူလောင်ခြင်း၊ မီးပူလောင်ခြင်း၊ ထိခိုက်ရှနာများ
တွင် ကမ်းဇော်ဆီကို ဝါဂွမ်းသန့်သန့်နှင့် ဆွတ်၍ လိမ်းပေးပါက အနာကို
လျင်မြန်စွာကျက်စေပြီး အရေပြားတွင် အဖုထခြင်း၊ပူခြင်း၊စပ်ခြင်း၊အသား
အရေကို လောင်စေခြင်းများမရှိဘဲ ပကတိ အသားအရေအတိုင်းပြန်လည်
ကောင်းမွန်စေပါတယ်။

၃။ ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါအမျိုးမျိုး၊ အသား
အရေခန်းခြောက်ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း ရောဂါများတွင် ကမ်းဇော်
ဆီ တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ တစ်နေ့(၃)ကြိမ် အစာမစားမီ
သောက်စေခြင်းဖြင့် သက်သာစေပါတယ်။

၄။ အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာအမျိုးမျိုးဖြစ်ပွါးပြီး
ကြမ်းတမ်းနေလျှင် ကမ်းဇော်ဆီကို တစ်နေ့သုံးချိန်လိမ်းခြင်းဖြင့်သက်သာ
ပျောက်ကင်းစေပါတယ်။

၅။ နွေရာသီမှာ ကလေးများရဲ့ အရေပြားပေါ်တွင် ဖြစ်တတ်သည့် အပူနာ
အမျိုးမျိုး၊ အနာစက်၊ ပြည်တည်နာ၊ အိုင်း၊ အလုံး အကြိတ်ငယ်လေးများကို
ကမ်းဇော်ဆီနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၄၃ နှင့် ရောစပ်ပြီး
တစ်နေ့(၃)ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

၆။ အကြောရောဂါများ၊ ဇက်ခိုင်ခြင်း၊ ခါးနာခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊
ရောင်ခြင်း၊ ထုံကျင်ခြင်း၊ အနာမန်းရှိပြီး ရောင်ရမ်းခြင်းတို့ကို တစ်နေ့ကို
(၃)ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

၇။ နားအူခြင်း၊ နားအတွင်းအနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင်
အဆီများ ခန်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံခြင်းများဖြစ်လျှင် ကမ်းဇော်
ဆီကို နားထဲသို့ တစ်ကြိမ်လျှင် (၂)စက်ခန့်ဖြင့် တစ်နေ့လျှင် (၂)ကြိမ်
ထည့်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

၈။ အကြိတ်အဖုများ၊ အလုံးအကြိတ်များတွင် ကမ်းဇော်ဆီနှင့် အနာမန်း
ကျစေသည့် လိမ်းဆေးတစ်မျိုးမျိုးနှင့် ဖြစ်စေ၊ တိုင်းရင်းဆေးခန်းသုံးဆေး
အမှတ်-၂၉ နှင့် ၄၃ တို့နှင့် တွဲစပ်ပြီး တစ်နေ့(၃)ကြိမ် လိမ်းပေးပါက သက်
သာ ပျောက်ကင်းစေပါတယ်။

၉။ နာတာရှည်လူနာများ၊ အိပ်ရာအပူလောင်နာမဖြစ်မီ အရေပြားနီမြန်းနေပါ
က ကမ်းဇော်အဆီကို တစ်နေ့ (၅)ကြိမ်ခန့်သာ လိမ်းပေးခြင်းဖြင့် မူလအသား အရေအတိုင်း ပြန်လည် ကောင်းမွန်လာပြီး အိပ်ယာနာ (Bed Sore)ဖြစ်ခြင်းမှ
(၈၀)% ကာကွယ်တားဆီးနိုင်ပါတယ်။

၁၀။ တနင်္သာရီတိုင်းဒေသကြီးရှိဒေသခံပြည်သူများသည် အနာရောဂါ
ကြီးများ မဖြစ်ပွါးစေရန် ကမ်းဇော်ဆီကို ထမင်းနှင့် နယ်စားခြင်း၊ နေ့စဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့(၂)ကြိမ်သောက်သုံးခြင်းများပြုကြသည်ကို
တွေ့ရပြီး ထိုသို့ သောက်သုံးမှီဝဲခြင်းကြောင့် အနာကင်းကာ အသက်ရှည်၍ ခွန်အားကို ဖြစ်စေကြောင်းသိရပါတယ်။

၁၁။ အဖျားတက်ပြီး အပူကြီးသူများအား (၁၅)မိနစ်ခြား တစ်ကြိမ်နှုန်း
တစ်ကိုယ်လုံးကို ကမ်းဇော်ဆီ မကြာခဏလိမ်းပေးပါက ကိုယ်ပူကျ
စေပြီး ကလေးများ၏ ကိုယ်ပေါ်တွင် ခြင်ကိုက်ဖုများကို မကြာခဏ
လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။

၁၂။ မော်တော်ဆိုင်ကယ်တိုက်ခြင်း၊ လဲခြင်းကဲ့သို့သောမတော်တဆ
ဖြစ်၍ ခန္ဒာကိုယ်ထိခိုက်ပွန်းပဲ့ ခြင်းစသော သာမန်ထိရှပွန်းပဲ့ဒဏ်ရာများ
ဖြစ်ပေါ်ပါက ကမ်းဇော်ဆီလိမ်းရုံဖြင့် (၃)ရက်ခန့်တွင် ပြန်လည် ပျောက်ကင်းစေပါတယ်။

ဘေးထွက်ဆိုးကျိုးလက္ခဏာများ ရှိ/မရှိ

ကမ်းဇော်ဆီ အသုံးပြုမှုကြောင့် မလိုလားအပ်သော ဘေးထွက်ဆိုး
ကျိုးလက္ခဏာများ၊ အပြစ်များ မတွေ့ရှိရပါ။

ရည်ညွှန်းချက်-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အသင်း(ရန်ကုန်)၏
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းပါ ဆောင်းပါးရှင် တိုင်းရင်းဆေး
ပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူ း ဒေါ်ဝါ၀ါ၏ ဆောင်းပါးကို
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများ သိရှိအသုံးပြုနိုင်
ကြစေရန် ထပ်ဆင့် ကိုးကား ရေးသား ဖေါ်ပြအပ်ပါကြောင်း။

Credit

ကမ်းဇော်ဆီ အစစ်အတုခွဲခြား‌နည်းလေးပါရှင့်  crd
15/01/2020

ကမ်းဇော်ဆီ အစစ်အတုခွဲခြား‌နည်းလေးပါရှင့်
crd

Address

No-(43), Super World(4), Bogyoke Market, Pabaedan
Yangon

Telephone

+95973054655

Website

Alerts

Be the first to know and let us send you an email when Ruby Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share