Thel's Paradise

Thel's Paradise ���

💥ကလေးတွေကို ပြုစုပျိုးထောင်ဖို့ စိတ်ဓာတ်ကောင်းမွန်တဲ့ကလေးတွေဖြစ်လာအောင် လေ့ကျင့်တည်ဆောက်ပေးဖို့အတွက် လက်စွဲစာအုပ်လေးတွေ....
03/06/2022

💥ကလေးတွေကို ပြုစုပျိုးထောင်ဖို့ စိတ်ဓာတ်ကောင်းမွန်တဲ့ကလေးတွေဖြစ်လာအောင် လေ့ကျင့်တည်ဆောက်ပေးဖို့အတွက် လက်စွဲစာအုပ်လေးတွေ.../
💥မိဘနဲ့သားသမီးအကြားဆက်ဆံရေးနဲ့ ကလေးတွေရဲ့စိတ်ပညာကိုလေ့လာနိုင်ဖို့အတွက် စာအုပ်ကောင်းလေး‌တွေ/
💥မိဘဆရာလက်စွဲစာအုပ်လေးတွေ...
သားသမီးရှိတဲ့အိမ်တိုင်း မိဘဆရာတိုင်းလက်စွဲဆောင်ထားသင့်တဲ့ ဖတ်မှတ်လေ့လာသင့်တဲ့ စာအုပ်လေးတွေ မှာယူလိုတယ်ဆိုရင်တော့ 😻cbမှာ အမည်/နေရပ်လိပ်စာ/ဖုန်းနံပါတ်အပြည့်အစုံနဲ့ orderတင်နိုင်ပါတယ်ရှင့်❤️

ပုံတစ်ပုံချင်းစီမှာ ဈေးနှုန်းလေးတွေတွဲတင်ပေးထားပါတယ်နော်😁

ရန်ကုန်အိမ်အရောက်ငွေချေပါ။မြို့နယ်အလိုက်deliခ သတ်မှတ်ထားပါတယ်။

နယ်ဝေးငွေကြိုလွှဲရပါမယ်နော်။
ငွေလွှဲဝင်ပြီးမှ ကားဂိတ်တင်ပေးပါတယ်ရှင့်✌️
တန်ဆာခဝယ်သူဘက်မှပေးချေရပါမယ်နော်❤️

Order to cb🤍💕❤️🌹🌹

🎉Hello 🤗🤗🤗🌧️🌧️အခုလို မိုးရာသီ‌လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်လေးဖတ်လိုက်...မိုးရေစက်တွေကို ငေးရင်း အတွေးတွေထဲနစ်မျောရတ...
02/06/2022

🎉Hello 🤗🤗🤗

🌧️🌧️အခုလို မိုးရာသီ‌လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်လေးဖတ်လိုက်...မိုးရေစက်တွေကို ငေးရင်း အတွေးတွေထဲနစ်မျောရတဲ့ feelingက အမိုက်ဆုံးပဲနော် ☺️✌️❤️

လိုင်းပေါ်ကနေ စာတွေဖတ်ရတာထက် စာအုပ်ကိုင်ပြီး ဖတ်ရတဲ့feelingကိုမှ ကြိုက်ပါတယ်ဆိုသူတွေအတွက် ⭐Thel's paradise online book shop⭐လေး ကနေ စာအုပ်တွေ📖 ပြန်မှာလို့ရနေပါပြီနော်📦📦📦

🎈🎁ဒီတခေါက်တော့ အထူးအစီအစဉ်အနေနဲ့ ပုံမှာပြထားတဲ့ စာအုပ်လေးအုပ်setလိုက်ယူမယ်ဆိုရင် တိုက်ထုတ်ဈေးထက် အနည်းငယ်သက်သာတဲ့ ဈေးနှုန်းနဲ့ရရှိမှာ ဖြစ်တဲ့အပြင် boxလှလှလေးနဲ့ ထည့်ပေးမှာမို့ ကိုယ်တိုင်ဖတ်ဖို့ပဲ ဖြစ်ဖြစ်/တခြားချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် လက်မလွှတ်တမ်း ဝယ်ယူလိုက်တော့နော်😁❤️

📦📖🎈တိုက်ထုတ်အသစ်အတိုင်း ဇာတ်လမ်းကောင်းစာအုပ်ကောင်းလေးတွေဖြစ်တဲ့အတွက် ဝယ်ပြီး နောင်တမရစေရဘူး စိတ်ချ😁😁😁✌️

ကဲ🎯
Orderတင်မယ်ဆိုရင်တော့ cbမှာ အမည်/နေရပ်လိပ်စာအပြည့်အစုံနဲ့ ဖုန်းနံပါတ်လေးတွေ ပေးပို့မှာယူနိုင်ပါတယ်နော့်❤️❤️

🚴🚴မှာယူပြီး 3ရက်အတွင်း ရန်ကုန်cash on deliပို့ဆောင်ပေးမှာဖြစ်ပြီး၊deliခက‌ေတာ့ မြို့နယ်အလိုက်သတ်မှတ်ထားပါတယ်နော်😘

☺️နယ်ဝေးcustomerတွေကတော့ ငွေကြိုလွှဲရပါမယ်နော်
ငွေလွှဲဝင်ပြီးမှ ကားဂိတ်တင်ပေးပါတယ်ရှင့်✌️

💙တန်ဆာခကတော့ ဝယ်သူဘက်မှ ပေးချေရပါမယ်နော့်☺️✌️💙

ဒီနေ့အတွက် နယ်orderအများဆုံးပို့ပေးရတဲ့ စာအုပ်လေး😘📖စာအုပ်တန်ဖိုး -5000 ကျပ်ရန်ကုန်အိမ်အရောက်ငွေချေ/နယ်ဝေးငွေကြိုလွှဲပေးရ...
19/05/2022

ဒီနေ့အတွက် နယ်orderအများဆုံးပို့ပေးရတဲ့ စာအုပ်လေး😘

📖စာအုပ်တန်ဖိုး -5000 ကျပ်

ရန်ကုန်အိမ်အရောက်ငွေချေ/နယ်ဝေးငွေကြိုလွှဲပေးရပါမယ်ရှင့်😊✌️

💕ပန်းချီကားတစ်ချပ်ကို ငေးကြည့်ရင်း... အတွေးတွေဖြန့်ကျက်နစ်မျောနေရတဲ့ စိတ်ခံစားချက်မျိုးကို ကျွန်မ အင်မတန်မှ သဘောကျ နှစ်သ...
17/05/2022

💕ပန်းချီကားတစ်ချပ်ကို ငေးကြည့်ရင်း... အတွေးတွေဖြန့်ကျက်နစ်မျောနေရတဲ့ စိတ်ခံစားချက်မျိုးကို ကျွန်မ အင်မတန်မှ သဘောကျ နှစ်သက်တယ်💕

📖ဆရာမ ဂျူး ရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ စာအုပ်လေး ဒုတိယအကြိမ်ပြန်ထွက်‌နေပါပြီနော်✌️
💥စာအုပ်တန်ဖိုး ၅၀၀၀ ကျပ် ပါ။📖

💗စာအုပ်အတွင်းထဲမှာလည်း ပန်းချီကားပုံလေးတွေနဲ့ဆိုတော့ ကျွန်မလို ပန်းချီကားတွေကို သဘောကျနှစ်ခြိုက်သူတွေအတွက်တော့ ...အခုလို
မိုးအေးအေးကာလလေးမှာ ကော်ဖီလေးတစ်ခွက်နဲ့
စာအုပ်လည်းဖတ်ရင်း..ပန်းချီကားတွေကိုလည်း ခံစားရင်း...ဘယ်လောက်မိုက်လဲနော်😁✌️

စာအုပ်Reviewလေးတော့ နက်ဖြန်မှပဲ တင်ပေးတော့မယ်...😁
ဒီစာအုပ်လေးကို မှာယူလိုပါက Thel's paradise pageရဲ့ message boxမှာ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်အပြည့်အစုံနဲ့ orderတင်လို့ရပါတယ်ရှင့်😘😘

📖စာအုပ်အမည်- မှောင်📖စာရေးသူ- ခြူး(မြန်မာပြည်)📖စာအုပ်တန်ဖိုး - ၈၀၀၀ ကျပ်💗order to Page messenger💗 #မှောင် စာအုပ်ထဲက  #အမြ...
05/02/2022

📖စာအုပ်အမည်- မှောင်
📖စာရေးသူ- ခြူး(မြန်မာပြည်)
📖စာအုပ်တန်ဖိုး - ၈၀၀၀ ကျပ်

💗order to Page messenger💗

#မှောင် စာအုပ်ထဲက #အမြည်းလေးဖတ်ကြည့်နော်🥰

အိပ်မက်ထဲမှာတော့ ကျွန်မဟာ လက်ထဲက ၀က်ဝံအကျိုးအပဲ့လေးကို လွှင့်ပစ်လိုက်တယ်။ မြူတွေနဲ့ ရှင်းရာကို ထွက်ပြေးဖို့ စွမ်းစွမ်းတမံကြိုးစားတယ်။ ပြေးတယ်၊ ဆက်ပြေးတယ်။ အလင်းပျပျကလေးကို ဝိုးတဝါးမြင်လိုက်ရတဲ့ ခဏ အနောက်ကျောနားဆီကနေ အသံတစ်သံကို ကြားလိုက်ရတယ်။ ကိုယ်တိုင်ရဲ့ ခေါ်သံ … ကိုယ်တိုင်ရဲ့ ချုပ်နှောင်သံ။

“နင်တကယ်သွားတော့မလို့လား”
အဲ့ဒီကိုယ်တိုင်က ပြောတယ်။ ခြေလှမ်းတွေ တုန့်ဆိုင်းသွားပြီး တစ်ခဏ ကျွန်မ ပြန်လှည့်ကြည့်တယ်။ မြူထုထဲမှာ ကိုယ်တစ်ယောက်ထဲပဲ။

“ဟုတ်တယ်”
ကျွန်မ ပြန်ဖြေတယ်။
“ငါသွားတော့မယ်”
“နင်သူ့ကို ထားခဲ့နိုင်သွားပြီပေါ့….”
“အင် … ငါဒါကို အကြာကြီး စောင့်နေခဲ့ရတာ”

လမ်းခွဲချင်နေခဲ့တာ သိပ်ကိုကြာနေခဲ့ပါပြီး။ စိတ္တဇနဲ့ ဖက်တွယ်ရင်း သ၀န်တိုလွန်းအားကြီးတာတွေ၊ အ၀တ်အစားကအစ ချုပ်ချယ် လွှမ်းမိုးစေစားလိုတာတွေ၊ ပြင်းထန်တဲ့ အာဏာစက်ထဲမှာ တုတ်တုတ်မှ မလှုပ်ရဲဘဲ တိတ်ဆိတ်နေခဲ့ရတာတွေ၊ ဓားတွေနဲ့ တူတဲ့ လူတစ်ယောက်အနားမှာ အသက်တောင်ပြင်းပြင်း မရှူရဲတဲ့ အထိ စိုးထိတ်ရင်း မွန်းကြပ်နေရတာတွေ၊ ကိုယ့်ကိုယ်ကိုတောင် မပိုင်ဆိုင်နိုင်တော့တဲ့အထိ သိမ်းပိုက်ခံရတာတွေ၊ ဒီလို စိတ်ပျက်စရာကောင်းတဲ့ အရာအားလုံးကို ကျွန်မဟာ အဆုံးသတ်ချင်နေခဲ့တာ တော်တော့်ကို ကြာလင့်နေခဲ့ပြီး။ အရင်လို ပြန်လွတ်လပ်ချင်တယ်။ မောင်နဲ့မတွေ့ခင်က ကိုယ့်ကိုယ်ကို အပြည့်အ၀ပိုင်ဆိုင်ပြီး လွတ်လပ်ခဲ့တဲ့ ခင်စောနိုင် ဘ၀ကို လွမ်းဆွတ်တယ်။

“ငါ့ကို ဒီလောက်နဲ့ လွှတ်ပေးပါတော့လား”
မြူထုထဲက ကိုယ်တိုင်က ရယ်ပါတယ်။

“ငါလွှတ်ပေးပါတယ်။ ဒါပေမဲ့ …”
“….”

အက်ကွဲသံတစ်ခုဟာ မြူထုကို ပွတ်တိုက်ရိုက်ခတ်စွာနဲ့ ကျွန်မ ဆီရောက်လာတယ်။

“နင်ကပဲ မသွားချင်တာ မဟုတ်ဘူးလား”
“….”
“သူ့မှာလည်း သူ့စိတ်နဲ့ သူ့ဒဏ်ရာနဲ့ …၊ နင်က နားလည်ပေးရမယ် မဟုတ်ဘူးလား။ နင်ကတိပေးခဲ့တာ မမှတ်မိဘူးလား။”

လက်ချောင်းတွေဟာ တုန်ယင်အေးစက်လာတယ်။ လက်ဖျားထိပ်တွေဟာ ကူကယ်ရာမဲ့စွာနဲ့ ခိုက်တုန်လာပါတယ်။ မြူထုဟာ ပိုသိပ်သည်းအေးစက်လာသလိုပဲ။ သိပ်ကို ရက်စက်လွန်းစွာနဲ့ သိပ်သည်းအေးစက်တယ်။

“သူမှာ ဘယ်လို Trauma မျိုး ရှိခဲ့လဲ နင်ကောင်းကောင်းသိတာပဲ။ သူ့လိုလူကို နင်ဖေးမပေးသင့်တယ်လေ။”

ကျရှုံးစွာနဲ့ ကျွန်မ နားထောင်နေခဲ့တယ်။ ရှုံးနိမ့်ကြေကွဲစွာနဲ့ ဒူးတွေဟာ မြေပေါ်ထောက်ကျလာတယ်။ ဝေဝါးဝါး အလင်းပျပျဆီ လှမ်းကြည့်လိုက်တယ်။ ရောက်တော့မယ်လေ။ သိပ်ကို နီးနေပြီလေ။ အခုပဲ ထပြီး အဲ့ဒီကို ပြေးထွက်သွားလိုက်ပါလား။ ဒီလိုဆို နင်လွှတ်မြောက်သွားတော့မှာ။ ဒီလိုဆို နင်ပြန်လွှတ်မြောက်တော့မှာ။

“နင်နားလည်ပေးမှ ရမယ်။ သူ့အတွက် နင်ရှိပေးမှ ရမယ်။ နင် ကုစားပေးမှ ရမယ်လေ။”
မြူထုထဲက ကိုယ်တိုင်ရဲ့ အသံဟာ ကျွန်မကို ပိုဖိစီးလာတယ်။

“နင်ကြည့် …”

ရုတ်တရက်ဆန်စွာပဲ ကလေးတစ်ယောက်ကို ကျွန်မ မြင်ယောင်လာတယ်။ ကလေးငယ်လေးဟာ ဒူးလေးကို ကွေးထောင်ထားလို့ ကိုယ်လေးကို သေးငယ်နိုင်သမျှ သေးငယ်နိုင်အောင် ကြုံ့ထားရင်းကနေ မြူထုထဲမှာ သနားချင့်စရာကောင်းစွာနဲ့ ထိုင်နေခဲ့တယ်။ သွားရောက်ပွေ့ဖက်ပေးချင်စရာ ဧကန်အမှန်ကောင်းပါတယ်။ ဖျော့တော့အားနည်းတဲ့ ပုံရိပ်ငယ်ကလေးဟာ ကျွန်မရဲ့ နောက်ဆုံးသော သည်းခံနိုင်စွမ်းကို တစ်စထက်တစ်စ တိုက်စားလာတယ်။ လက်ချောင်းတွေကို မြှောက်ပင့်ရင်း ဆန့်တန်းမိတော့မလိုပဲ။

“အဲ့ဒီကလေးက နင့်ကို လိုအပ်နေတယ်။”
“…..”
“ဒါနဲ့တောင် … နင်က ထွက်ပြေးဦးမလို့လား။”

ဘယ်လို Trauma မျိုးကြောင့်ပဲ ဖြစ်နေခဲ့ပါစေ၊ ဘယ်လို ထိခိုက်ရှနာတွေကြောင့်ပဲ ကျွန်မကို ဒီလိုဆက်ဆံနေခဲ့ပါစေ၊ လူတစ်ယောက်ရဲ့ရှိနှင့်ပြီးသား စိတ်ဒဏ်ရာအတွက် နောက်တစ်ယောက်ရဲ့ပျော်ရွှင်မှုတွေကို လုံးလုံးလျားလျား စတေးပစ်ရင်း စိတ်အကျဉ်းကျခံနေဖို့ကတော့ တကယ် မတရားလွန်းရာကျပါတယ်။

“ငါ့မှာ တာ၀န်မရှိဘူး။”

ဆန့်တန်းလိုတဲ့ လက်ချောင်းတွေဟာ မြေပေါ်ပြန်ကျသွားတယ်။ ဒူးထောက်ထားရာကနေ ကျွန်မ မော့ကြည့်ပစ်လိုက်တယ်။ ထက်ရှတဲ့ မျက်လုံးတွေဟာ ဧကန်အမှန် ချွန်မြစွာနဲ့။ တုန်ယင်အက်ကွဲနေတဲ့ လေသံနဲ့ ကျွန်မ ထပ်ပြောတယ်။

“ငါ့မှာ တာ၀န်မရှိဘူး။ သူ့ ဒဏ်ရာတွေအတွက် ငါ့မှာ အဲ့လောက်ထိ တာ၀န်မရှိဘူး။”
“….”

တကယ်တမ်း မောင်လုပ်မိနေသမျှဟာ ငါ့မှာ ဒဏ်ရာတွေရခဲ့လို့ပါဆိုပြီး အခြားလူတွေကို လိုက်လံ ဓားစိုက်နေရုံသက်သက်။ ကိုယ်မှာ ပြတ်ရှရာတွေ ရှိနေတာနဲ့ပဲ အခြားလူတွေကို ကိုယ့်နည်းတူ ပြတ်ရှစေလို့ မဖြစ်တာ မောင် နားလည်မှ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကိုယ်တိုင်လည်း နားလည်မှ ဖြစ်လိမ့်မယ်။

“ငါ့မှာ ဒဏ်ရာတွေရခဲ့လို့ပါ ဆိုပြီး အခြားလူကို ဓားနဲ့စိုက်လို့ရမလား။ သူ့ရဲ့ ဒဏ်ရာတွေက ငါနဲ့ ဆိုင်လို့လားဟာ”

အော်ဟစ်ငိုကြွေးလိုက်တဲ့ အဆုံးမှာ မြူထုထဲက အသံဟာ ခေတ္တတိတ်ဆိတ်သွားတယ်။

“နင်က တော်တော် စာနာစိတ်မဲ့တာပဲ”
“လုံလောက်နေပြီလို့ ငါထင်တယ်။ ငါ့မှာလည်း …. ငါ့မှာလည်း …”
“…..”
“ငါ့စိတ်နဲ့ ငါ့ဒဏ်ရာနဲ့..”

ငါလည်း ဒဏ်ရာတွေ လုံလုံလောက်လောက်ရနေခဲ့ပြီးပါပြီ။ ငါလည်း တစ်စထက်တစ်စ ယိုယွင်းပျက်စီးစ ပြုလာပါပြီ။

ကိုယ့်မှာ ဒဏ်ရာရှိနေတာနဲ့ပဲ အခြားလူတွေကို ဒဏ်ရာတွေ လိုက်ပေးလို့ မဖြစ်ဘူးလေ။ ကိုယ်တိုင်ရဲ့ ဒဏ်ရာတွေက အခြားလူကို နာကျင်စေဖို့အတွက် ဆင်ခြင်မဟုတ်ဘူး။

နောက်ဆုံးမှာတော့ မြူထုထဲက ကိုယ်တိုင်ရဲ့ အသံဟာ ကိုယ့်ကို ပြန်ဖြောင်းဖျလာခဲ့ပါတယ်။
“သူလည်း ရည်ရွယ်ခဲ့တာမှ မဟုတ်တာ” တဲ့ ….

အက်ရှနေတဲ့ လည်ချောင်းသံနဲ့ပဲ ရယ်လိုက်မိတယ်။ ဒူးထောက်ကျနေရာကနေ တုန်ယင်ချိနဲ့စွာနဲ့ ပြန်ထတယ်။

“ဒါပေမဲ့ သူမဆင်ခြင်ခဲ့ဘူး”
“…..”
“ပြီးတော့ သူဒါကို ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ဘူး။”
“….”

“ငါလုပ်ပေးနိုင်သမျှဟာ ဖေးမဖို့ပဲ။ ငါလုပ်ပေးခဲ့တာတွေ အားလုံးကလည်း မေတ္တာသက်သက်ပဲ။ ငါကကျူးလွန်ခဲ့တာ မဟုတ်လို့ ငါက တာ၀န်ယူပေးစရာမလိုဘူး။”

ကိုယ့်ရဲ့ ဒဏ်ရာတွေအတွက် အခြားလူမှာ တာ၀န်မရှိဘူး။ ဒါကို ကိုယ်တိုင်ရဲ့ စိတ်အပိုင်းအစ တစ်ခု အပါအ၀င် သူတို့အားလုံး ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး။

“အခုရော … နင်က သူ့အပေါ် ဘာအမှားမှ မကျူးလွန်ထားမိဘူးလို့ ယုံကြည်ချက်ရှိသေးလား။ နင်သတ္တိရှိရင် ထွက်ပြေးသွားကြည့်လေ။ ဒါဆို နင်သိလိမ့်မယ်။ နင်က သူ့ကို ဘယ်အခြေအနေထိ ဆိုးရွာသွားအောင် လုပ်ခဲ့တဲ့ လူလဲဆိုတာ နင်ပြန်သိလိမ့်မယ်။”

“…..”
“အပျက်စီးမခံချင်စမ်းပါနဲ့။ လိမ်လိမ်မာမာနဲ့ပဲ နေလိုက်စမ်းပါ။”

တစ်လျှောက်လုံး မောင်က ကျွန်မကို ပိတ်လှောင်ထားတယ်လို့ ထင်ခဲ့သမျှဟာ တကယ်တမ်းမှာ မှန်ကန်နေပါရဲ့လား။ တကယ်တမ်း မောင်က ကျွန်မကို ပိတ်လှောင်ထားခဲ့တာ မဟုတ်ဘဲ ကျွန်မက ကိုယ့်ကိုယ်ကိုထဲမှာပဲ ပိတ်မိနေခဲ့တာ မဟုတ်ဘူးလား။

မိန်းမတစ်ယောက်က ဘယ်လိုအချိန်မှာ Relationship တစ်ခုထဲ ပိတ်လှောင်ခံထားရတတ်သလဲ။
တချို့ကတော့ s*x ကိစ္စကြောင့် ဖြစ်မယ်။
တချို့ကတော့ ငွေရေးကြေးရေးကြောင့် ဖြစ်မယ်။
တချို့ကတော့ သနားစိတ်ကြောင့် ဖြစ်ပြီး၊
တချို့ကျတော့ ထောက်ထားစရာမျက်နှာတွေကြောင့် ဖြစ်ချင်ဖြစ်မယ်။
တချို့ကျတော့ ပတ်၀န်းကျင်ကြောင့်။
တချို့ကျပြန်တော့ အတူရှိခဲ့ဖူးတဲ့ နှစ် ဂဏန်းတွေကြောင့်။
တချို့အတွက်ကတော့ ရှင်းတယ်။ အချစ်ကြောင့်၊ သံယောဇဉ်ကြောင့်။ ဒါဟာ အားလုံးထဲမှာ အမိုက်ကန်းဆုံး စိတ်ထောင်တစ်ခုပဲ။

တစ်ခါတလေမှာ မင်းကိုယ်တိုင်က လှောင်အိမ်တစ်ခု ဖြစ်နေနိင်သလို၊ မင်းကိုယ်တိုင်ကလည်း အဲ့ဒီလှောင်အိမ်ရဲ့ သော့တစ်ချောင်းဖြစ်နိုင်တယ်။ ဘာလို့များ ဖွင့်ပြီး မထွက်နိုင်ရမှာတဲ့လဲ။

“သူက ဘယ်လောက်ထိ အဆိပ်အတောက်ဖြစ်တယ်ဆိုတာ နင်သိတယ် မဟုတ်ဘူးလား။”

နင်ဟာ မပြတ်သားဘူး။ မပြတ်သားတာများလာရင် နင်ကိုယ်တိုင်ပဲ ပြန်အထိနာလိမ့်မယ်။ ပြတ်သားသင့်တာကို မပြတ်သားရင်၊ ပြတ်သားသင့်တဲ့အချိန်မှာ မပြတ်သားရင် အဆုံးမှာ ဘာကောင်းတာမှ မရှိဘဲ အပျက်အစီးတွေနဲ့ နင့်အတွက် ကျန်ရစ်လိမ့်မယ်။ ကံခေတဲ့ အခါကျရင် နင်ကိုယ်တိုင် ဗီလိန်တစ်ယောက် ပြန်ဖြစ်သွားလိမ့်မယ်။ ဒီလိုဆို နင့်ရဲ့ နစ်နာမှုနဲ့ နင့်အတွက် တရားမျှတမှုဟာ ပျောက်ဆုံးသွားမှာပဲ။
အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်တယ်ဆိုတာဟာ ကိုယ့်ကိုယ်ကို မချစ်လွန်းရာ ကျပါတယ် ခင်စောနိုင်။

ဒီတစ်ခါ ထွက်သွားနိုင်ရမယ်။
မင်းပိုင်စိုး လက်ထဲကနေပြီးတော့ ထွက်သွားနိုင်ရပါမယ်။

“ငါပွေ့ဖက်ပိုက်ထွေးပေးချင်ခဲ့တာက အခုရဲ့ မင်းပိုင်စိုး မဟုတ်ဘူး။”

ခွေလဲစွာနဲ့ ထိုင်ငိုနေခဲ့တဲ့ ကလေးငယ်တစ်ယောက်ရဲ့ ပုံရိပ်ဟောင်းကို နောက်ဆုံး အနေနဲ့ ကြာမြင့်စွာ စိုက်ကြည့်ပြီး ကျွန်မ ပြောလိုက်တယ်။ လျှင်မြန်စွာပဲ နောက်လှည့်ပြီး အလင်းပျပျကလေးဆီ ရှေ့ရှုပါတယ်။ ကိုယ်တိုင်ဆီကနေ ထွက်ပြေးနေတဲ့အလား။

“ဒါပေမဲ့ …”
ခြေလှမ်းတွေကို အရှိန်တင်ပစ်လိုက်တယ်။ အပြေးတစ်ပိုင်း အသွင်ကို ကူးပြောင်းစပြုလာတယ်။ ဘာကိုမှ ထပ်မကြားချင်တော့ဘူး။ ဘာကိုမှ ထပ်မကြားရသေးခင် ပြေးထွက်သွားချင်တယ်။

“သူရှိနေပါသေးတယ်”
ခြေလှမ်းတွေဟာ တုံးအမိုက်မဲစွာနဲ့ပဲ တွန့်ဆုတ်သွားတယ်။
“သူအခုထိ ရှိနေပါသေးတယ်။”
ကယ်တင်လို့ မရနိုင်စွာနဲ့ပဲ လုံးလုံးလျားလျား ရပ်တန့်သွားခဲ့။
“နင်ပွေ့ဖက်ပေးချင်တဲ့လူ၊ နင်ချစ်ခဲ့တဲ့လူ အခုထိ ဒီမှာ ရှိနေသေးတယ်။”

တွန့်ဆုတ်စွာနဲ့ နောက်လှည့်ကြည့်လိုက်မိတဲ့ အချိန်မှာ ညိုးငယ်မှိန်ဖျော့စွာနဲ့ ရပ်နေခဲ့တဲ့ မောင့်ကို ပြန်မြင်တယ်။ ပါးလွှပြီး အားနည်းစွာနဲ့ လွင့်မျောနေတဲ့ Shirt အဖြူစလေးနဲ့… လက်ဖဝါးတွေထဲမှာ ဖန်ကွဲစတွေဟာ စိုက်၀င်လျက်သား …၊ ပြန်ပြေးသွားမိဖို့အတွက် နည်းနည်းလေးပဲ လိုခဲ့တယ်။ ကိုယ်တိုင်ကို တွန်းကန်ရင်း ခြေထောက်ကို ခိုင်ခိုင်မာမာရပ်နေခဲ့ရတယ်။ ခေါင်းကို ခါးယမ်းမိရင်းကနေ မျက်ရည်တွေ တသွင်သွင် ကျဆင်းလာတယ်။ မြူထုထဲက အသံက ပြောတယ်။

“သူအခုထိ ရှိနေပါသေးတယ်
သူဒီမှာ အခုထိ ရှိနေသေးတယ်။”

မှိတ်ချထားခဲ့တဲ့ မောင့်ရဲ့ မျက်တောင်ဖျားတွေဟာ ပေါ့ပါးစွာနဲ့ လှန်ပင့်တင်လာတယ်။ ပွင့်မျောရိပ်ကလေးတွေ ယှက်ဖြာသွယ်တန်းနေတဲ့ မျက်လုံးလေးတွေကို ကြုံကြိုက်တယ်။ တစ်စထက်တစ်စ ပီပီသသ ချိုင့်၀င်လာတဲ့ ပါးချိုင့်လေးထဲမှာ ချိုမြမြ နှင်းခဲလေးတွေဟာ အပြည့်အနှက်နဲ့၊ တစ်ပြိုင်နက် နွေးထွေးသလို တစ်ပြိုက်နက် ဆိုးသွမ်းလိုတဲ့ အပြုံးတစ်စဟာ ပါးလျလျ နှုတ်ခမ်းဖျားမှာ ချိတ်တွယ်စွန်းထင်းလာတယ်။

“နိုင် … ငါ ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာပါ။ ငါဒီမှာ တစ်လျှောက်လုံး ရှိလာခဲ့တာပါ။”

မဟုတ်ဘူး …. အဲ့လို မဟုတ်ဘူး …

“ဒါကြောင့် နင်ပြန်လာခဲ့ပါ။ ငါ့ဆီ နင်ပြန်လာခဲ့ပါ။”

ဒါဟာ အိပ်မက်ဆိုရင် သိပ်ကို ယုတ်ကန်းလွန်းပါတယ်။ သိပ်ကို လှည့်စားရာကျလွန်းပါတယ်။ ပွင့်မျောရိပ်ကလေးတွေ ယှက်ဖြာတဲ့ မျက်လုံးကလေးတွေကို ပြသလိုက်ရုံနဲ့ ငါက ပြန်သွားလိမ့်မယ်လုိ့ နင်ထင်နေတာလား။ နင်က ပျောက်ကွယ်နေခဲ့တာ ကြာပြီး။ ငါချစ်ခဲ့တဲ့ နင်က ပျောက်ကွယ်နေခဲ့တာကြာပြီ။ လက်ရှိ ငါ့ဘေးနားမှာ ရှိနေခဲ့တာဟာ ထိတ်လန့်ခြောက်ခြားစရာ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ တစ်လျှောက်လုံး နင်ငါ့ကို ပြသလာခဲ့တာက ဒေါသတရားတွေ ဖိစီးနှိပ်စက်နေတဲ့ မျက်၀န်းခပ်ရှရှတွေပဲ။

ငါနင့်ကို သိပ်လွမ်းနေခဲ့တာလေ။ ကျေးဇူးပြုပြီး ငါ့ကို ဒီလို မလှည့်စားစမ်းပါနဲ့ …။

လေတိုးသံ ရှတတ ဟာ နားရွက်ဖျားကို ဖြတ်ပြေးသွားတဲ့ ခဏမှာပဲ ကိုယ်တိုင်ရဲ့ အသံခပ်အက်အက်ဟာ လှောင်ပြောင်စွာနဲ့ ပြောသွားခဲ့တယ်။

“ဒါတွေက အဆိပ်အတောက်တွေဆိုတာ နင်သိတယ် မဟုတ်လားလို့ ငါ့ကိုနင်ပြောခဲ့တယ် မဟုတ်လား။ အခုကြည့်စမ်းပါဦး။ ဒီအဆိပ်အတောက်တွေကို စားနေခဲ့တာက ဘယ်သူပါလိမ့်။ နင်ကငါပဲ … ငါကလည်း နင်ပဲ … ထူးခြားပြီး သန်မာနေသလို ကိုယ့်ကိုယ်ကို မလုပ်နေစမ်းပါနဲ့…”

ဒီအဆိပ်တွေကို လွှတ်ချလိုက်ရင် ပျော်ရွှင်နိုင်မယ်ဆိုတာ နင်သိတယ်။
ဒီမကောင်းဆိုးဝါးဆီက ကျောခိုင်းထွက်ပြေးသွားရင် လွှတ်မြောက်နိုင်မယ် ဆိုတာ နင်သိတယ်။

ဒါပေမဲ့ ဒီအဆိပ်တွေထဲမှာ နင်မက်မောဖက်တွယ်ထားချင်သေးတဲ့ အရာတွေ ကျန်နေပြီး၊
ဒီမကောင်းဆိုးဝါးဆီမှာလည်း နင်ချစ်ရသေးတဲ့ အရာတွေ ရှိနေသေးတာကြောင့်၊
မလွှတ်ချနိုင်ခဲ့ခြင်းနဲ့၊ မထွက်ပြေးရက်ခဲ့ခြင်းတွေဟာ ဒီလို နည်းနည်းလေးဖြစ်ဖြစ် ဆက်လက်ဖက်တွယ်ထားချင်သေးတဲ့ အရာတွေကြောင့်။

နာကျင်ရရင်တောင် နာကျင်မှုထဲက ကျန်ရစ်နေသေးတဲ့ အမှတ်တရ အမှုန်အမွှားလေးကြောင့် တစ်လျှောက်လုံး တောင့်ခံထားခဲ့ပါတဲ့။ ဒီလို အပြတ်အစကလေးတွေကြောင့်ပဲ၊ ဒီလို အပြတ်အစကလေးတွေကြောင့်နဲ့ပဲ တောင့်ခံထားခဲ့တာပါတဲ့။ အပျက်အစီးတွေ ကြားထဲမှာ ကျန်ရစ်နေသေးတဲ့ မှတ်ဉာဏ်အကျိုးအပဲ့ကလေးတွေကြောင့် ဖြစ်ဖြစ်၊ အဆိပ်အတောက်တွေကြားထဲမှာ ကျန်ရစ်နေသေးတဲ့ ချိုမြိန်မှု အပိုင်းအစကလေးတွေကြောင့်ဖြစ်ဖြစ်၊ နောက်ဆုံး မကောင်းဆိုးဝါးဆီမှာ ကျန်ရစ်နေသေးတဲ့ ကိုယ်ချစ်ရတဲ့ လူရိပ်ယောင်ကလေး ကြောင့်ဖြစ်ဖြစ်၊ အဆုံးသတ်မှာတော့ နာကျင်ခံလို့၊ အဆိပ်တက်ခံလို့ ဖက်တွယ်ထားဖို့ပဲ တတ်နိုင်ပါလိမ့်မယ်။

တကယ်ပဲ ဒီမကောင်းဆိုးဝါးဆီမှာလည်း နင်ချစ်ရသေးတဲ့ လူ ရှိနေသေးတာလား။
နင် အခုထိ ရှိနေသေးလား ပိုင် …

အလင်းပျပျ ကလေးဆီ လှည့်ထွက်သွားခဲ့သလား။ ပုံရိပ်ယောင်ငယ်ကလေးဆီပဲ လျှောက်သွားခဲ့သလား သေချာ အဆုံးမသတ်ဖြစ်ခဲ့တဲ့ အိပ်မက်ဆိုပေမဲ့ နောက်တစ်နေ့မှာတော့ ကျွန်မဟာ မျက်ရည်တွေနဲ့ နှိုးထခဲ့ရပါတယ်။ ချစ်ခြင်းနဲ့ မချစ်လိုခြင်း။ ဆက်လက်ဖက်တွယ်လိုခြင်းနဲ့ စွန့်ခွာထွက်ပြေးလိုခြင်း။ တကယ်တမ်းတော့ အိပ်မက်ထဲက ကိုယ်တိုင်ရဲ့ အသံက ပြောသွားခဲ့သလိုပဲ …
ကိုယ်ကလည်း သူပဲ။ ကိုယ်တို့ဟာတစ်ယောက်ထဲပဲ။

တကယ်တမ်းမှာ ဒီအိပ်မက်ဟာ အဆုံးသတ်မရှိခဲ့တာ မဟုတ်ဘဲ ကျွန်မကိုယ်တိုင်က အဆုံးမသတ်ရဲခဲ့တာ ဖြစ်ရမယ်။ ကိုယ်တိုင်က ရှေ့မဆက်ရဲစွာနဲ့ပဲ ဝေ၀ဝါးဝါး နှိုးထလာခဲ့တာ ဖြစ်ရမယ်။

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်မှာ ချွေးတွေရွဲနစ်စွာနဲ့ နှိုးထလာခဲ့တဲ့ ကျွန်မကိုယ်တိုင်ရဲ့ ပါးပြင်မှာ မျက်ရည်တွေဟာ မခမ်းခြောက်စွာနဲ့ ကျဆင်းနေခဲ့တယ်။ ရှိုက်ကြီးတငင် ငိုဖြစ်ခဲ့ပါသေးတယ်။

တကယ်ပဲ … တကယ်ပဲ …. ဒီလူ့ရဲ့ ကိုယ်တွင်းထဲမှာ ကျွန်မ ချစ်ခဲ့ရတဲ့ ကောင်ငယ်ကလေးဟာ ရှိနေပါသေးလား။ မှိန်ပျပျကလေးပဲ ဖြစ်ဖြစ်၊ ချိနဲ့အားနည်းစွာနဲ့ပဲ ဖြစ်ဖြစ် သူဟာ တကယ်ပဲ ကျန်ရစ်နေသေးလား။ လှိုင်းပုတ်နေတဲ့ ခပ်နက်နက် ညသန်းခေါင်မှာ မြင်မှားခဲ့တဲ့ ပွင့်ရိပ်မျောတွေကို ကျွန်မ တကယ်ပဲ ယုံကြည်လိုက်လို့ ရပါရဲ့လား။

အိပ်မက်ထဲမှာတော့ အဲ့ဒီ ကောင်ငယ်ကလေးက ပြောခဲ့တယ်။
“ငါတစ်လျှောက်လုံး ရှိနေခဲ့ပါတယ်” တဲ့ …
ဒါပေမဲ့ တကယ်ပဲ … နင်အဲ့ဒီမှာ ကျန်ရစ်နေသေးရဲ့ ပိုင်…။
အဲ့ဒီလူဆီမှာ နင် တကယ်ပဲ ရှိနေပါသေးရဲ့လား။

#မှောင်

ခြူး (မြန်မာပြည်)

"ဘယ်သူမှ အနားမှာ မရှိတော့တဲ့အခါ ကိုယ့်ဘာသာရှင်သန်ဖြစ်တည်ဖို့ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့ လိုအပ်တယ်။  ပြိုလဲမှုတွေ အခါ...
03/02/2022

"ဘယ်သူမှ အနားမှာ မရှိတော့တဲ့အခါ
ကိုယ့်ဘာသာရှင်သန်ဖြစ်တည်ဖို့
ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့ လိုအပ်တယ်။

ပြိုလဲမှုတွေ အခါခါ ကြုံရတဲ့အခါ
ထပ်ခါထပ်ခါပြန်ထနိုင်ဖို့
ကိုယ့်အတွက်ကိုယ်ရှိနေတာ သိနေဖို့ လိုအပ်တယ်"

လင်းရောင်စင်(ငါ့အတွက်ငါရှိတယ်)

📍လင်းရောင်စင် ရဲ့ "ငါ့အတွက်ငါရှိတယ်" စာအုပ်လေး ပြန်ရပါပြီနော်❤️❤️❤️

📖တန်ဖိုး -၃၀၀၀ ကျပ်
စာမျက်နှာ-၁၁၄ မျက်နှာ

ဝယ်ယူအားပေးမှုအတွက်...ကျေးဇူးတင်ပါတယ်ရှင့်❤️❤️❤️
02/02/2022

ဝယ်ယူအားပေးမှုအတွက်...ကျေးဇူးတင်ပါတယ်ရှင့်❤️❤️❤️

ဆရာ မြသန်းတင့် ပရိသတ်တွေအတွက်‼️မြသန်းတင့်collection လေး လာပါပြီ🎁📖ဒါတွေက လတ်တလော Thel's Paradiseမှာ Instockရတဲ့ စာအုပ်လေး...
02/02/2022

ဆရာ မြသန်းတင့် ပရိသတ်တွေအတွက်‼️

မြသန်းတင့်collection လေး လာပါပြီ🎁📖
ဒါတွေက လတ်တလော Thel's Paradiseမှာ Instockရတဲ့ စာအုပ်လေးတွေပါ💗💗✌️

📖Order to Cbနော်⭐⭐⭐

💟ရန်ကုန်မြို့တွင်းဆို မှာယူပြီး ၃ရက်အတွင်း အိမ်အရောက်ငွေချေပို့ဆောင်ပေးပါတယ်🚴🚴
💟နယ်ဝေးဆို ငွေကြိုလွှဲရပါမယ်နော်✌️✌️

  out နော်☺️✌️📖ဂျူး _ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် (ပထမအကြိမ်/၁၉၉၄ ဖေဖော်ဝါရီထုတ်/အဟောင်း)📖ဖေမြင့်_ဘေဘီလုံ(ဒုတိယအကြိ...
30/01/2022

out နော်☺️✌️

📖ဂျူး _ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် (ပထမအကြိမ်/၁၉၉၄ ဖေဖော်ဝါရီထုတ်/အဟောင်း)

📖ဖေမြင့်_ဘေဘီလုံ(ဒုတိယအကြိမ်ထုတ်)
📍လုံးဝအသစ်အတိုင်းရ

📖မြတ်ငြိမ်း_စွန့်လွှတ်ခြင်းများစွာဖြင့်(ပထမအကြိမ်ထုတ်/အဟောင်း)

💟၃အုပ်ပေါင်း ၁၀၀၀၀ ကျပ်💟
#ခွဲမရောင်းပါ။

Order to Cb🤗

💟ရန်ကုန်အိမ်အရောက်ငွေချေ🚴🚴
💟နယ်ဝေး ငွေကြိုလွှဲရပါမယ်နော်❤️

📖📚ဆရာ မြသန်းတင့် ရဲ့ ဘာသာပြန် စာအုပ်"သုခမြို့တော်"နဲ့ "မှော်ရုံတောမှာ မောလှပြီ"စာအုပ်လေးနှစ်အုပ် ❤️💟မှော်ရုံတောမှာ မောလှ...
30/01/2022

📖📚ဆရာ မြသန်းတင့် ရဲ့ ဘာသာပြန် စာအုပ်"သုခမြို့တော်"နဲ့ "မှော်ရုံတောမှာ မောလှပြီ"စာအုပ်လေးနှစ်အုပ် ❤️

💟မှော်ရုံတောမှာ မောလှပြီ(မြသန်းတင့်)
တန်ဖိုး _ ၆၅၀၀ ကျပ်

💟သုခမြို့တော်(မြသန်းတင့်)
တန်ဖိုး_၃၀၀၀ကျပ်

( တိုက်ထုတ်အသစ်/တိုက်ထုတ်ဈေးအတိုင်း ဝယ်ယူနိုင်ပါတယ်ရှင့်✌️🤗)

Order to Page message box🥰✌️

ရန်ကုန်အိမ်အရောက်ငွေချေ။🚴
နယ်ဝေး ငွေကြိုလွှဲပေးရပါမယ်နော်✌️✌️☺️

ဟိတ်‼️📍စိတ်ဓာတ်တွေကျနေတယ်...📍ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်းမသိတော့လောက်အောင် စိတ်ညစ်နေတယ်....📍ကိုယ့်အနားမှာ ဘယ်သူမှမရှိတော့...
30/01/2022

ဟိတ်‼️
📍စိတ်ဓာတ်တွေကျနေတယ်...
📍ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်းမသိတော့လောက်အောင် စိတ်ညစ်နေတယ်....
📍ကိုယ့်အနားမှာ ဘယ်သူမှမရှိတော့သလို ခံစားရပြီး အထီးကျန်နေတယ်....
📍ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ပြီး ငိုချင်နေတယ်...
📍ဘာလုပ်လုပ်အဆင်မပြေတော့ဘူးလို့ ခံစားနေရတယ်....
📍ဒီလို စိတ်ဓာတ်ကျနေတယ်ဆိုရင်တော့...သူစိမ်းတွေဆီမှာ ရင်ဖွင့်ပြီး ကိုယ့်ဒဏ်ရာတွေကို ထုတ်ပြနေမယ့်အစား ကိုယ့်စိတ်ကိုယ် အားအင်ပြန်ဖြည့်ပြီး ကိုယ့်ဘာသာရှေ့ဆက်နိုင်ဖို့အတွက်......ဒီစာအုပ်လေး‌တွေ ဖတ်ကြည့်ပါလားနော်❤️✌️📚

📖ငါ့အတွက်ငါရှိတယ်(လင်းရောင်စင်)-၃၀၀၀ကျပ်
📖သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့(မိုးရှင်း)-၂၅၀၀ကျပ်

🎯စာအုပ်တွေက လူတစ်ယောက်အတွက်...အကောင်းဆုံးစိတ်ခွန်အားဖြည့်ဆေးတွေပါပဲနော်✌️☺️

Order to Cb✌️✌️💁

💟ရန်ကုန်မြို့တွင်းဆို မှာပြီး ၃ရက်အတွင်း အိမ်အရောက်ငွေချေ🚴🚴
Deliခ မြို့နယ်အလိုက်သတ်မှတ်ထားပါတယ်✌️

💟နယ်ဝေးဆို ငွေကြိုလွှဲရပါမယ်နော်✌️✌️☺️
ငွေလွှဲဝင်ပြီး ၃ရက်အတွင်း ကားဂိတ်တင်ပေးပါတယ်။
တန်ဆာခဝယ်သူဘက်မှ ရှင်းပေးရပါမယ်နော်😁✌️

ကဲ‼️လက်ဆောင်ပေးမှာလား?
ကိုယ်တိုင်ဖတ်ဖို့အတွက်လား?
မြန်မြန်သာorderတင်လိုက်တော့နော်🥰🥰📚

💟ဆရာမ ဂျူး စာအုပ်လေးတွေထဲက လတ်တလော Thel's Paradise မှာ ရရှိနိုင်တာလေးတွေ 💁💁💁🎯မှာယူလိုပါက Page message boxမှာ အမည်/နေရပ်လ...
29/01/2022

💟ဆရာမ ဂျူး စာအုပ်လေးတွေထဲက လတ်တလော Thel's Paradise မှာ ရရှိနိုင်တာလေးတွေ 💁💁💁

🎯မှာယူလိုပါက Page message boxမှာ အမည်/နေရပ်လိပ်စာ/ဖုန်းနံပါတ်အပြည့်အစုံ နဲ့ မှာယူလိုတဲ့စာအုပ်အမည်တို့နဲ့အတူ ပေးပို့ မှာယူနိုင်ပါတယ်ရှင့်🥰

🎯ရန်ကုန်အိမ်အရောက်ငွေချေပါ🚴🚴
မြို့နယ်အလိုက်deliခ သတ်မှတ်ထားပါတယ်✌️

🎯နယ်ဝေးဆို ငွေကြိုလွှဲရပါမယ်နော်✌️✌️☺️
ငွေလွှဲဝင်ပြီးမှ ကားဂိတ်တင်ပေးပါတယ်
တန်ဆာခကိုတော့ ဝယ်သူဘက်မှ ရှင်းပေးရပါမယ်ရှင့်✌️✌️💁

📍ပုံတစ်ပုံချင်းစီ အောက်မှာ ဈေးနှုန်းလေး‌တွေ ရေးပေးထားပါတယ်ရှင့်

Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9755643425

Website

Alerts

Be the first to know and let us send you an email when Thel's Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thel's Paradise:

Share

Category