Maw Myanmar

Maw Myanmar Lambest Whole Sale by Maw Maw

Lambest Lip Balm 🌷 🌷Vitamin E ပါဝင်ပြီး နှုတ်ခမ်းသားကို မပျက်စီးအောင်ကာကွယ်ပေးတဲ့ Lip Balm 💄🌷Hydrogenated Vegetable oil ...
09/01/2026

Lambest Lip Balm 🌷

🌷Vitamin E ပါဝင်ပြီး
နှုတ်ခမ်းသားကို မပျက်စီးအောင်ကာကွယ်ပေးတဲ့
Lip Balm 💄

🌷Hydrogenated Vegetable oil ပါဝင်မှုကြောင့်
ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေးများစိတ်ချစွာ
သုံးလို့ရတဲ့အထိ Safely ဖြစ်တဲ့ Lip Balm 💄

🌷ဆိုးလိုက်တဲ့အခါ နှင်းဆီပန်းရေမွှေးနံ့ သင်းသင်းလေးနဲ့ အချစ်တွေကို စွဲဆောင်စေတဲ့ Lip Balm💄

🌷FDA approved မို့ စိတ်ချစွာ ဝယ်ထားသင့်တဲ့
Lip Balm💄

Retail ;32000ks


18/12/2025

ဘဝမှာ အမျိုးသမီးတစ်ယောက်အကြောင်းကြားရတိုင်း

မျက်ရည်ဝဲရတဲ့ အခိုက်အတန့်တွေပါပဲ။😪

သူမကတော့ ပေးဆပ်တာ မဟုတ်ဘူး။

ရွေးချယ်ခဲ့တာပါတဲ့။

ဘာပဲဖြစ်ဖြစ် သူမကို မိသားစုနဲ့ ပျော်နေစေချင်တယ်။

သူမက ပန်းလေးတွေ သိပ်ကြိုက်တယ်။🌷🌸

အခုကော ပန်းလေးတွေ ပန်နိုင်ပါ့မလား။

ပြီးတော့ နေရောကောင်းရဲ့လား😳 .....''

😔..........လွမ်းမိတယ် .........😢

Credit

 #အသက်ရလာတော့…အရင်တုန်းက တသက်လုံးတူတူနေသွားကြမယ်ဆိုတဲ့မိသားစု ဆိုတာလည်း ခွဲနေတဲ့လူက ခွဲနေသေသွားတဲ့လူက သေနဲ့လူတွေရေရှည် အ...
20/10/2025

#အသက်ရလာတော့…

အရင်တုန်းက တသက်လုံး
တူတူနေသွားကြမယ်ဆိုတဲ့
မိသားစု ဆိုတာလည်း

ခွဲနေတဲ့လူက ခွဲနေ
သေသွားတဲ့လူက သေနဲ့
လူတွေရေရှည် အတူတူနေဖို့ဆိုတာ
ရေစက်ရှိသလောက်ပဲဆိုတာ
သိလာတယ်။

ငါတို့အတူတူနေကြမယ်ဆိုပြီး
သူငယ်ချင်းတွေ
တူတူတိုင်ပင်ခဲ့ကြဖူးတယ်

အသက်ကြီးလာရင် ခရီးတွေ
သွားကြမယ်
ပရဟိတတွေလုပ်ကြမယ်
တူတူနေကြ တူတူခွီကြမယ်လို့လည်း
စီစဉ်ခဲ့ကြဖူးတယ်

ဒါပေမယ့် ကြာလာတဲ့အခါ
လူအမျိုးမျိုးဟာ အကြောင်းအဖုံဖုံနဲ့
ရေရှည်မှာအတူတူဆုံနေကြဖို့ဆိုတာ
သိပ်မသေချာတော့မှန်းသိလာတယ်။

ချစ်သူနဲ့အတူတူနေသွားဖို့လည်း
ကြိုးစားခဲ့ကြဖူးတယ်

ဒါပေမယ့် ကိုယ်တောင်မနက်ဖြန်
ဆိုတာ
နေရ မနေရ မသေချာတဲ့ လောကမှာ

လူတစ်ယောက်နဲ့ တသက်လုံးနေရဖို့
ဆိုတာ
ရေစက်ကလည်းရှိဦးမှ ကံကလည်း
ပါဦးမှဆိုတာ ရိပ်မိလာတယ်

ပြဿနာ ကြီးငယ်တွေနဲ့
မတူညီတဲ့ အယူအဆတွေနဲ့
လမ်းခွဲကြ ပြတ်ဆဲကြ
ထပ်ရှာကြ ထပ်ကွဲကြနဲ့
ထာဝရ လက်တွဲနိုင်ဖို့ဆိုတာ

တော်ရုံရေစက်နဲ့ မရမှန်း
သဘောပေါက်လာမိတယ်။

အိမ်ထောင်သည်တွေတောင်
ဒီလင်ဒီမယား
တသက်လုံးလက်တွဲသွားကြဖို့
မသေချာတဲ့လောက

မွေးထားတဲ့ သားသမီးဆိုတာလည်း
ကိုယ်နဲ့ တူတူနေပေးဖို့
ကိုယ့်ကိုပြန်ပြီး လုပ်ကျွေးပြုစုဖို့
မကျိန်းသေတဲ့ လောကမှာ

ကျွန်တော်တို့အတွက် 'သေချာခြင်း'
ဆိုတာ
တကယ်တော့ ရှိမနေခဲ့ဘူး။

ခုနောက်ပိုင်းတော့
မိသားစုအပေါ် ချစ်သူအပေါ်
သူငယ်ချင်းမိတ်ဆွေတွေအပေါ်

အရမ်းမှီခိုနေတာတွေ
အရမ်းဆွဲထားတာတွေ
အလွန်အကျွံ တွယ်တာနေတာတွေကို
ရသလောက်လျှော့လိုက်တယ်။

ဘယ်သူနဲ့ဖြစ်ဖြစ်
ကံရှိသလောက် ရေစက်ရှိသလောက်
သာနေခွင့်ရတာမို့

ဆုံနေတုန်း တွေ့နေတုန်းအချိန်မှာ
အကောင်းဆုံးဖြစ်အာင်သာနေပေးဖို့
စတင်ကြိုးစားနေတယ်။

မဆွဲထားတော့ဘူး
မစွဲလန်းနိုင်အောင် ကြိုးစားနေတယ်

အထူးသဖြင့် ထာဝရ ဆိုတဲ့စကားကို
မပြောမိအောင် သတိနဲ့နေနိုင်အောင်
ကြိုးစားနေတယ်။

နေခွင့်ရတုန်းလေးတော့
ချစ်ပါရစေ ရယ်ပါရစေ
ပြုံးပါရစေ ပျော်ပါရစေ

မရတော့တဲ့အချိန်
ကိုယ်ထွက်လာခဲ့တဲ့အချိန်
သို့မဟုတ်
သူတို့ထွက်သွားကြတဲ့အချိန်
ရောက်ရင်လည်း

ဒါ လောကသဘာဝ"လို့
နှလုံးသွင်းနိုင်အောင်တော့
တော်တော်ကြိုးစားရဦးမယ်။

အရာရာဟာ ဧည့်သည်ပါ။


#ပြန်လည်မျှဝေပါသည်

Lambest ရဲ့ ‌အသစ်ပြင်ဆင်ထားတဲ့ဈေးနှုန်းလေးတွေပါ ရှင်ယနေ့ခေတ်အခြေအနေရဲ့ အစစအရာရာတက်နေတဲ့ဈေးနှုန်းနှင့် သယ်ယူစရိတ်တွေကြောင...
16/09/2025

Lambest ရဲ့ ‌အသစ်ပြင်ဆင်ထားတဲ့ဈေးနှုန်းလေးတွေပါ ရှင်

ယနေ့ခေတ်အခြေအနေရဲ့ အစစအရာရာတက်နေတဲ့ဈေးနှုန်းနှင့် သယ်ယူစရိတ်တွေကြောင့် ဈေးနှုန်းလေးတွေကို မဖြစ်မနေပြင်ဆင်လိုက်ရကြောင်း
အားနာနာနဲ့ပြောပြပါရစေ

Lambest ကိုချစ်ခင်စွာအားပေးလာကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်

#လက်လီလက်ကားဖြန့်ချီရေး

ပိုက်ဆံရဲ့တန်ဖိုး❤️❤️ပိုက်ဆံဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ပိုက်ဆံရဲ့ တကယ့်တန်ဖိုးကို နားလည်ပ...
25/08/2025

ပိုက်ဆံရဲ့တန်ဖိုး
❤️❤️
ပိုက်ဆံဆိုတာ လူတိုင်းအတွက်
မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။
ဒါပေမဲ့ ပိုက်ဆံရဲ့ တကယ့်တန်ဖိုးကို
နားလည်ပြီး မှန်ကန်စွာ အသုံးပြုတတ်ဖို့က
ပိုပြီး အရေးကြီးပါတယ်။
အထူးသဖြင့် ခေတ်သစ်လူငယ်တွေအနေနဲ့
ပိုက်ဆံကို ဘယ်လို တန်ဖိုးထားပြီး
ပညာရှိစွာ စီမံခန့်ခွဲမလဲဆိုတာ
ဒီဆောင်းပါးမှာ လေ့လာကြည့်ရအောင်။
❤️❤️
ပိုက်ဆံဆိုတာ ဘာလဲ။
ပိုက်ဆံဆိုတာ ရိုးရိုးလေးပြောရရင်
ဖလှယ်ရေးကြားခံ (medium of exchange)
တစ်ခုပါ။
ကိုယ်လိုချင်တဲ့ ပစ္စည်း ဒါမှမဟုတ်
ဝန်ဆောင်မှုတစ်ခုကို ရဖို့အတွက်
ပိုက်ဆံနဲ့ လဲလှယ်ယူရပါတယ်။
❤️❤️
ဒါ့အပြင် ပိုက်ဆံမှာ အဓိက
လုပ်ငန်းဆောင်တာ (၃) ခု ရှိပါတယ်။
👉 ဖလှယ်ရေးကြားခံ (Medium of Exchange)
ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူဖို့အတွက်
အသုံးပြုနိုင်ပါတယ်။
👉 တန်ဖိုးတိုင်းတာရေးယူနစ် (Unit of Account)
ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ တန်ဖိုးကို တိုင်းတ
ဖို့အတွက် အသုံးပြုပါတယ်။
👉 တန်ဖိုးထိန်းသိမ်းရေး (Store of Value)
ပိုက်ဆံကို စုဆောင်းထားပြီး အနာဂတ်မှာ အသုံးပြု
နိုင်ပါတယ်။❤️❤️

ပိုက်ဆံရဲ့ တကယ့်တန်ဖိုး
ပိုက်ဆံရဲ့ တကယ့်တန်ဖိုးက
ငွေကြေးပမာဏထက် ပိုပါတယ်။
ပိုက်ဆံက ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေ၊
လုပ်ဆောင်နိုင်တဲ့ အရာတွေနဲ့
ကိုယ်ရောက်ရှိနိုင်တဲ့
နေရာတွေကို ဖန်တီးပေးနိုင်ပါတယ်။
❤️❤️
လွတ်လပ်မှု (Freedom)
လိုအပ်တာတွေ ဝယ်ယူနိုင်ခြင်း၊
လိုချင်တဲ့ ဘဝကို ဖန်တီးနိုင်ခြင်း
စတဲ့ လွတ်လပ်မှုကို ပေးနိုင်ပါတယ်။
❤️❤️
လုံခြုံမှု (Security)
အရေးပေါ်အခြေအနေတွေအတွက်
စုဆောင်းထားနိုင်ခြင်း၊
ကျန်းမာရေးနဲ့ ပညာရေးအတွက်
ရင်းနှီးမြှုပ်နှံနိုင်ခြင်းတို့ကြောင့်
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးနိုင်ပါတယ်။
❤️❤️
အခွင့်အလမ်း (Opportunity)
ပညာဆက်သင်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းစဖို့၊
ခရီးသွားဖို့ စတဲ့ အခွင့်အလမ်းတွေကို
ဖန်တီးပေးနိုင်ပါတယ်။

အချိန် (Time)
ပိုက်ဆံရှိခြင်းအားဖြင့်
အချိန်ကုန်သက်သာစေတဲ့
ဝန်ဆောင်မှုတွေ ဝယ်ယူနိုင်ပြီး
ကိုယ်လိုချင်တဲ့အရာတွေကို
လုပ်ဆောင်ဖို့ အချိန်ပိုရစေပါတယ်။
❤️❤️
ခေတ်သစ်လူငယ်တွေ ပိုက်ဆံကို
တန်ဖိုးထားတတ်လာအောင်
ယနေ့ခေတ် လူငယ်တွေအနေနဲ့ ပိုက်ဆံရဲ့
တကယ့်တန်ဖိုးကို နားလည်ပြီး
ပညာရှိစွာ စီမံခန့်ခွဲတတ်ဖို့အတွက်
အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

ဘတ်ဂျက်ဆွဲပါ (Create a Budget)
ကိုယ်ဝင်ငွေ ဘယ်လောက်ရှိလဲ၊
ဘယ်လောက်သုံးလဲဆိုတာကို မှတ်တမ်းတင်ပါ။
မလိုအပ်တဲ့ စရိတ်တွေကို လျှော့ချပြီး
လိုအပ်တဲ့အရာတွေအတွက်သာ သုံးပါ။
ဘတ်ဂျက်ဆွဲခြင်းက ကိုယ့်ရဲ့
ငွေကြေးစီးဆင်းမှုကို နားလည်စေပြီး
ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ
ချနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
❤️❤️
စုဆောင်းပါ (Save Money)
လစဉ်ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို
ပုံမှန်စုဆောင်းပါ။
အရေးပေါ်ရန်ပုံငွေ (emergency fund)
ကို မဖြစ်မနေထားရှိပါ။
ရေရှည်ရည်မှန်းချက်တွေ
(ဥပမာ - ပညာရေး၊ အိမ်ဝယ်ဖို့၊ ခရီးသွားဖို့)
အတွက်လည်း စုဆောင်းပါ။

ရင်းနှီးမြှုပ်နှံပါ (Invest Wisely)
စုဆောင်းထားတဲ့ ပိုက်ဆံကို
အကျိုးဖြစ်ထွန်းစေမယ့်
နေရာတွေမှာ ရင်းနှီးမြှုပ်နှံပါ။
ပညာရေး၊ စတော့ရှယ်ယာ၊
အိမ်ခြံမြေ စတာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ
အနာဂတ်အတွက် အကျိုးအမြတ်တွေ
ရရှိစေနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ
သေချာလေ့လာဆန်းစစ်ပြီး အကြံဉာဏ်ရယူပါ။
❤️❤️
ကြွေးမြီကို ရှောင်ပါ (Avoid Unnecessary Debt)
အထူးသဖြင့် မလိုအပ်တဲ့
စားသုံးကုန်တွေအတွက်
အကြွေးတင်တာကို ရှောင်ပါ။
ခရက်ဒစ်ကတ်တွေကို
ပညာရှိစွာ အသုံးပြုပြီး အချိန်မီ ပြန်ဆပ်ပါ။
ကြွေးမြီတွေများလာရင် စိတ်ဖိစီးမှုတွေ
ဖြစ်စေပြီး ငွေကြေးလွတ်လပ်မှုကို
ကန့်သတ်နိုင်ပါတယ်။

ပညာရှာပါ (Educate Yourself)
ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့
စာအုပ်တွေ၊ ဆောင်းပါးတွေ ဖတ်ပါ။
ငွေကြေးဆိုင်ရာ သင်တန်းတွေ တက်ရောက်ပြီး
ဗဟုသုတတွေ တိုးပွားအောင် လုပ်ပါ။
ငွေကြေးဆိုင်ရာ အသိပညာက မှန်ကန်တဲ့
ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက်
အရေးကြီးပါတယ်။
❤️❤️
ကိုယ့်တန်ဖိုးကို နားလည်ပါ
(Understand Your Values)
ပိုက်ဆံကို ဘယ်လိုသုံးမလဲဆိုတာ
ကိုယ့်ရဲ့ တန်ဖိုးတွေ၊ ရည်မှန်းချက်တွေနဲ့
ကိုက်ညီနေဖို့ အရေးကြီးပါတယ်။
လူမှုရေးဖိအားတွေကြောင့် မလိုအပ်ဘဲ
ပိုက်ဆံမဖြုန်းပါနဲ့။
ကိုယ်တကယ်တန်ဖိုးထားတဲ့
အရာတွေအတွက်သာ ပိုက်ဆံကို အသုံးပြုပါ။

ပိုက်ဆံဆိုတာ ပျော်ရွှင်မှုရဲ့
အဓိကအကြောင်းအရင်း မဟုတ်နိုင်ပေမဲ့၊
ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို
တည်ဆောက်ဖို့အတွက်
အထောက်အကူပြုနိုင်တဲ့ အရေးကြီးတဲ့
ကိရိယာတစ်ခုပါ။
ဒါကြောင့် ခေတ်သစ်လူငယ်တွေအနေနဲ့ ပိုက်ဆံရဲ့
တကယ့်တန်ဖိုးကို နားလည်ပြီး ပညာရှိစွာ
စီမံခန့်ခွဲခြင်းဖြင့် အနာဂတ်မှာ
ငွေကြေးလွတ်လပ်မှုကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
❤️❤️
ဒီအချက်တွေက သင့်ရဲ့
ငွေကြေးစီမံခန့်ခွဲမှုအတွက်
အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

#ဗန်းမော်သိန်းဖေ Page မှ ရေးသားတင်ဆက်သည်။

❤️❤️

14/08/2025

လက်ဆောင်စောင့်နေသူများအတွက် လာပါပြီ

Lambest ချစ်သူများအားလုံး မျှော်နေကြသော ⛈️🌧️🌧️ မိုးရာသီ အထူး Promotion ကြီးလာပါပြီ📌Lip Balm,📌 ရေမွှေး ကြိုက်တာရွေးခုလိုမ...
14/08/2025

Lambest ချစ်သူများ
အားလုံး မျှော်နေကြသော ⛈️🌧️🌧️ မိုးရာသီ
အထူး Promotion ကြီးလာပါပြီ

📌Lip Balm,📌 ရေမွှေး ကြိုက်တာရွေး

ခုလိုမိုးရာသီမှာ customers လိုအပ်သော အရာများကို လက်ဆောင် များနှင့် တွဲပြီး စီစဉ်ပေးထားပါတယ်ရှင့် 😍

လက်ဆောင်တွေက အားလုံး Limitedတွေပဲ ရှိတာမို့ လိုချင်တဲ့ လက်ဆောင်အတွက် အမြန်ဆုံး
စာရင်းပေးပါရှင့်
VIP 15%




#လက်လီလက်ကားဖြန့်ချီရေး

25/07/2025

အကြီးအကဲလေးပါ😁

⛳လူကြီးတွေကို သင်ပေးပါ⛳ကမ္ဘာ တဝှမ်း မှကလေးတွေ -မူကြို အရွယ်မှာ - ဒါကို သိရှိကျင့် သုံး နေကြတယ် - ⛳သင် ကော ???💙💜💙💜💙💜💙💜💙အသ...
25/07/2025

⛳လူကြီးတွေကို သင်ပေးပါ
⛳ကမ္ဘာ တဝှမ်း မှကလေးတွေ -မူကြို အရွယ်မှာ - ဒါကို သိရှိကျင့် သုံး နေကြတယ် - ⛳သင် ကော ???
💙💜💙💜💙💜💙💜💙
အသက် ကိုးနှစ်အရွယ်မှာ တတ်မြောက်ပြီး ဖြစ်သင့်သည့် လူမှုတာဝန်အမူအကျင့် (၃၁) မျိုး
💙💜💙💜💙💜💙💜💙

🌺1. တခုခု လိုအပ် လို့ Request လုပ်ရင် (တောင်းဆိုရင်) PLEASE (ကျေးဇူးပြုရ်ျ) ဆိုတဲ့စကား ကိုအမြဲသုံးပါ

💙2. တစုံတယောက်က သင့်ကို အကူအညီတခုခု ပေး၇င် အမြဲ THANK YOU (ကျေးဇူးတင်ပါတယ်) လို့ပြောပါ

🌺3. ပစ္စည်းတခုခု လက်ခံရရှိရင် အမြဲ THANK YOU (ကျေးဇူးတင်ပါတယ်) လို့ပြောပါ

💙4. တစုံတယောက်ရဲ့ အာရုံကို ရဘို့ လိုအပ်ပါက EXCUSE ME (တစ်ဆိတ်လောက် ကျေးဇူးပြုရ်ျ ခွင့်ပြုပါ) လို့ပြောပါ ( ကြားဖြတ်ပြောဆိုရာတွင် ယဉ်ကျေးရန် အတွက် သုံးသော စကား ဖြစ်ပါသည်)

🌺5. တခုခုလုပ်ချင်လို့ မှားသွားနိုင်တယ်လို့ သံသယရှိနေရင် လူကြီးထံ ခွင့်ပြုချက်တောင်းပါ (ဒီလိုမေးထားခြင်းကြောင့်အချိန်ကြာမြင့်စွာ နောင်တရစိတ်သောကဖြစ်ခြင်းမျိုးကို ရှောင်ရှားနိုင်ပါတယ်)

💙6. သူတပါးရဲ့ရုပ်ရည် အဆင်းသဏ္ဍန် အားနည်းချက်တွေ လှောင်ပြောင် ပျက်ရယ်ပြုတာမျိုးကိုရှောင်ရှားပါ (အင်မတန်ရိုင်းစိုင်းတဲ့ နိမ့် ကျတဲ့စိတ်ထားဖြစ်ပါတယ်)

🌺7. မလိုအပ်ပဲ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုတာမျိုးကိုရှောင်ရှားပါ

💙8. တစုံတယောက်က သင့်ကို နုတ်ဆက်ရင် ယဉ်ကျေးပျူငှာစွာ ဖြေကြားပါ

🌺9. သူငယ်ချင်းအိမ်မှာ သွားကစား၇င် သင်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေအတွက်သူငယ်ချင်း၇ဲ့ မိဘတွေကို ကျေးဇူးတင်စကားပြောပါ

💙10. တခါးပိတ်ထားတဲ့ အခန်းထဲကို ၀င်ဖို့လိုတယ် ဆိုရင် တံခါးခေါက်ပြီး ၀င်ခွင့်တောင်းပါ

🌺11. ညစ်ညမ်း ရီုင်စိုင်းသော စကားအသုံးနှုန်းများကို ရှော င်ရှားပါ (စိတ်ထားညံ့ဖျင်း ယုတ်ညံ့ ကြမ်းတမ်း သေးသိမ်တဲ့ သင်တန်ဖိုးကို ဖော်ပြနေပါတယ်)

💙12. လူတွေကို အမည်ပြောင်တွေ ၊ အမည်ပျက်က်တွေ ၊ အမည်ဆိုးတွေ - ဥပမာ -သူတောင်းစား၊အောက်တန်းစား၊ ၀က်ရုပ် ၊ ခွေးဝဲစား ၊ သွားခေါ ၊ ပြောင်ကြီး ၊ ထိပ်ပြောင်၊ ၀က်ပုတ် အစ၇ှိတဲ့ အမည်ပျက်က်အမည်ဆိုးတွေ မခေါ်ပါနဲ့ ( ကိုယ်ချင်းမစာနာ /သေးသိမ်တာ /မယဉ်ကျေးတာ / ရက်စက်တဲ့စိတ်ထားရှိတာကိုဖော်ပြပါတယ်)

🌺13. သူတပါးရဲ့အားနည်းချက်တွေ မွေးရာပါချို့ယွင်းချက်တွေကို လှောင်ပြောင်တာမျိုးမလုပ်ပါနဲ့ (သေးသိမ် ရက်စက်တဲ့စိတ်ထားဖြစ်ပါတယ်)

💙14. လူတယောက်ကို မတော်တဆ တိုက်မိရင် EXCUSE ME ( ခွင့်လွှတ်ပါ) (သို့မဟုတ်) SORRY (စိတ်မကောင်းပါဘူး ခွင့်လွတ်ပါ) လို့ပြောပါ

🌺15. ချောင်းဆိုးရင် ဟပ်ချိုး ချေလျင် /နှာခေါင်းတွေ ပါးစပ်တွေကို ဖုံးအုပ်ပါ

💙16. လူတွေကြားထဲမှာ နှာခေါင်းနှိုက် / ပါးစပ်နှိုက် / သွား နှိုက်တာမျိုးမလုပ်ပါနဲ့ (အလွန်ရွံစ၇ာကောင်းပါတယ်)

🌺17. ကိုယ်က အခန်းတခါးတခုကိုဖွင့်ပြီး ဖြတ်သွားတဲ့အခါ နောက်လူပါလာ၇င် တခါးကိုခဏကိုင်ပြီ ဟထားပေးပါ

💙18. အိမ်မှာ တဦးဦးကအလုပ်လုပ်နေ၇င် အကူညီလိုသလားလို့မေးပါ လိုအပ်၇င်ကူညီပါ...(ဒီလိုကူညီ တတ်ခြင်းကြောင့် တခုခုပိုပြီးတတ်မြောက်လာနိုင်ပါတယ်)

🌺19. အိမ်မှာ မိဘ ဘိုးဘွားတွေက အကူညီတောင်းရင် မြည်တွန်တောက်တီးမှု မပြုပဲပါ၀င်ကူညီပါ

💙20. ကျေးဇူးတင်တတ်တဲ့ စိတ်ရှိအောင် ကျေးဇူးတင်ကြောင်းပြသတတ်အောင် ကလေးကို လေ့ကျင့်ပေးပါ

🌺21. TELEPHONE ဖြေတတ်အောင် သင်ပေးပါ. TELEPHONE ကိုယ်ကခေါ်တဲ့အခါ ကိုယ့်ကိုယ် ကို မိတ်ဆက်ပြီး အကြောင်းကိစတွေကို အသံကြည်လင်စွာ ယဉ်ကျေးစွာ ပြောတတ်အောင် သင်ပေးပါ

💙22. နားထောင် တတ် အောင် ❤️❤️
အချင်းချင်းစကားပြောဆို ချိတ်ဆက် နားထောင်တတ် အောင် သင်ပေးပါ ၊ အခြားလူတဦးနဲ့ စကားပြော၇မှာ စိတ်၀င်စားမှုကို ကိုယ်အမူအရာ အားဖြင့် ဥပမာ -(ပြောတဲ့လူဘက်တည့်တည့်လှ့ည့်နားထောင်တာ) ၊ ခေါင်းငြိမ့်တာ ၊ ပြောသူ ၂ဦး မျက်လုံး စိုင်ခြင်း ၊ မေးခွန်းမေးခြ င်းစသည်တို့ဖြင့် စိတ်၀င်စားကြောင့် ပြသတတ်အောင်သင်ပေး ပါသည် ။

🌺23. စကားပြောချိတ်ဆက်တတ်အောင် သင်ပေးပါ - တဦးနှင့်တဦး အလှည့်ကျစကားပြောတတ်အောင်သင်ပေးပါ ၊တယောက်ပြောသည့်စကားကို တယောက်ပြီးအောင်နားထောင်ပြီးနောက်တယောက်က ပြန်လည်ပြောဆိုပါ - တဦးနှင့်တဦး စကားလုပြောပါက ပြောဆိုသိရှိ၇မည့်စကားကို နှစ်ဦးနှစ်ဖက်အပြည့်အ၀မသိရှိပဲ နားလည်မှု လွဲမှားတတ်ကြောင်းကလေးကိုရှင်းပြထားပါ

💙24. ကလေးအ၇ွယ်နှင့် မျှတသည့် အလုပ်တာ၀န်များကို မိသားစုတွင် ဝိုင်း၀န်ပါ၀င်လုပ်ကိုင်ခွင့်ပေးပါ ( ဥပမာ - ပစည်းတွေဝိုင်းသိမ်းတာ ဖုန်သုတ်တာ .စသဖြင့်.ပါဝင်ခြင်းဖြင့်ကလေး က တာ၀န်ယူတတ်လာပါလိမ့်မည်

🌺25. ထမင်းစားပွဲများကို တကိုယ်စာ ၊ မိသားစုစားပွဲဝိုင်းစာ ပြင်တတ်အောင် သွန်သင်ပေးပါ

💙26. အစားစာတဲ့အခါ ပါးစပ်ဖွင့်ပြီး ဝါးခြင်း ပလုပ်ပလောင်းစကားပြောခြင်းများကိုရှောင်ရှားပါ ၊ ရှူးရှူးရှဲရှဲ အသံမြည် သောက်သုံးခြင်းများကိုရှော င်ရှားပါ လက်သုတ်ပဝါကို ပေါင်ပေါ်တွင်ဖြန့်ကာလိုအပ်ပါက ပါးစပ်သုတ်၇န် သန့်စင်၇န်အတွက်အသုံးပြုနိုင်ပါသည်

🌺27. စားဝိုင်းမှာ မမှီမကမ်း ဟင်းပွဲတွေကို စားပွဲပေါ်ဆန့်ပြီး အတင်းမယူပါနဲ့ ဘေးလူထံ လက်ဆင့်ကမ်းဘို့အကူညီတောင်းပါ ။ ထမင်းစားပွဲမှာ ဖိတ်စင်ခြင်း ၊ ညစ်ပေစွာစားခြင်း ၊ ပေသောလက်ဖြင့် ဟင်းခတ်ဇွန်းများကိုကိုင်ခြင်း ၊များကိုရှောင်ရှားပါ

💙28. စားပွဲပေါ်တွင်တံတောင်ဖြင့် လက်ထောက်ခြင်း မေးတင်ခြင်းများကိုရှောင်ရှားပါ (စိတ်မ၀င်စားကြောင်း ၊ ငြီးငွေ့ဖွယ်ကောင်းကြောင်းကို သင်၏ BODY Language ဖြင့်ဖော်ပြနေခြင်းဖြစ်ပါသည်)

🌺29. ကျောင်းပွဲများ အဖွဲ့စည်းမှ ပြုလုပ်သော စုပေါင်းပွဲများတွင် မိမိ အလှည့်ပြီးလို့ထမပြန်ပါနဲ့.. အခြားသူများ၇ဲ့အလှည့်ကို လည်း စောင့်ပြီး စိတ်၀င်စားကြောင်း ပြပါ/အားပေးကြောင်း ပြသပါ)

💙30. လူကြီးတွေစကားပြောဆွေးနွေးတဲ့အခါ အတင်းကြား၀င် ကြားဖြတ်ပြောဆိုခြင်းကို မပြုလုပ်ဖို့သင်ပေးပါ ၊ အရေးပေါ်ကိစ္စ ရှိမှသာ EXCUSE ME (တဆိတ်လောက်ခွင့်ပြုပါ ဟု ခွင့်ပြုချက်တောင်းပြီး ပြောဆိုစ၇ာ၇ှိတာကို ပြောဆိုခိုင်းပါ )

🌺31. တန်းစီပါ ကြားမဖြတ်ပါနဲ့ ...(အခြားလူတွေရဲ့ အချိန် အခွင့်ရေးကိုမလေးစားကြောင်း အင်မတန်ရိုင်းစိုင်းစည်းကမ်းမဲ့ကြောင်းဖော်ပြနေတဲ့အမူအကျင့်ဖြစ်ပါတယ်)



လူမှုယဉ်ကျေးမှု အသိပညာအဆင့်မြင့်သော လူအဖွဲ့အစည်းကို ဝိုင်း၀န်းတည်ဆောက်ကြပါစို့

Judith 🌺

ူရင်းရေးသားသူ

16/06/2025

#အိမ်မှာနေတုန်းနေ့ခင်းတစ်ရေးအိပ်ပါ။

အခုလို အိမ်မှာနေနေရတဲ့အချိန်မှာ မဖြစ်မနေလုပ်ပေးသင့်တာတစ်ခုကတော့ နေ့ခင်းဘက် အိပ်စက်ခြင်းပါဘဲ၊ နေ့ခင်းအိပ်စက်ခြင်းက အရမ်းကောင်းတဲ့ အကျိုးကျေးဇူး၅မျိုးပေးနိုင်လို့ပါ။
_____________________________________________________

1- #အသားအရေပျက်စီးမှုကိုကာကွယ်ပေးပါတယ်။

Skin cell တွေကို ကာကွယ်ပေးပြီး ပျက်စီးနေတဲ့ skin cell တွေကိုတော့ အလျင်အမြန်ဖယ်ရှားပေးပါတယ်။ မျက်ကွင်းညိုတာကိုလည်း လျော့ချပေးပါတယ်။ အသားအရေဟာ သိသိသာသာ ကြည်လင်ကောင်းမွန်ပါတယ်။
_____________________________________________________

2- #မှတ်ဉာဏ်ကောင်းစေတယ်။

နေ့ခင်းအိပ်စက်တတ်တဲ့အခါ သတိမှတ်ဉာဏ်ကောင်းလာပါတယ်။ ပြီးတော့ မေ့တာတွေ နည်းသွားမယ်။ မှတ်မိလွယ်လာမယ်။
_____________________________________________________

3- #ဝမ်းနည်းစရာနဲ့စိတ်ပင်ပန်းစရာကိုဖြေဖျောက်ပေးတယ်။

ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ အနည်းငယ်တော့ ပြေပျောက်သွားပါလိမ့်မယ်။ စိတ်ကြည်လင်လာပြီး ရှေ့ဆက်ဖို့ အတွေးကောင်းတွေ ရရှိလာမှာပါ။ စိတ်ဖိစီးမှုနည်းသွားတဲ့အခါ အလှအပအတွက်လည်း ပိုအကျိုးရှိလာမှာပါ။


_____________________________________________________

4- #နှလုံးရောဂါဖြစ်နိုင်ချေနည်းသွားတယ်။

အသံတိတ်လူသတ်သမားလို့တင်စားတဲ့
နှလုံးရောဂါကာကွယ်ဖို့ အကောင်းဆုံးနည်းတစ်ခုကတော့ နေ့ခင်းအိပ်စက်ပေးတာပါပဲ။ နေ့ခင်းအိပ်စက်တာက နှလုံးကိုကျန်းမာစေပြီး သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။
_____________________________________________________

5- #အမြဲတက်ကြွလန်းဆန်းစေတယ်။

နေ့ခင်းအိပ်စက်ပေးတာဟာ စိတ်သွားတိုင်းကိုယ်ပါပြီး ဘယ်အရာလုပ်လုပ် မပင်မပန်းဘဲ တက်ကြွစွာလုပ်ဆောင်နိုင်လာပါတယ်။
_____________________________________________________

နေ့ခင်းအိပ်တော့မယ်ဆို ဒီအချက်လေးတွေကို မှတ်ထားပေးပါ။

1. နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း သာအိပ်ပါ။

2. နေ့ခင်းအိပ်တဲ့ ကြာချိန်ဟာ မိနစ် ၃၀ ကနေ မိနစ် ၇၀ အတွင်းရှိရပါမယ်။

3. နေ့ခင်းအိပ်တာအရမ်းကြာသွားရင် အပေါ်ကအကျိုးကျေးဇူးတွေ မရတော့မယ့်အပြင် သွေးဖိအားတက်တာ၊ စိတ်မကြည်မသာဖြစ်တာ၊ ထိုင်းမှိုင်းတာနဲ့ မေ့လျော့တာတွေ၊ ဖန်တီးနိုင်စွမ်းအားနည်းတာတွေ ဖြစ်လာမှာပါ။

Pre order များနှင့် ကျေနပ်စရာ😍ကိုယ်တိုင်းသုံးကြည့်ပြီး အဆင်ပြေ ကြိုက်မှသာ ပြန်လည်မျှဝေ ပါတယ်ရှင့် 🥰 အသက် ၂၀ ကျော်သူတိုင်...
11/06/2025

Pre order များနှင့် ကျေနပ်စရာ😍

ကိုယ်တိုင်းသုံးကြည့်ပြီး အဆင်ပြေ ကြိုက်မှသာ ပြန်လည်မျှဝေ ပါတယ်ရှင့် 🥰

အသက် ၂၀ ကျော်သူတိုင်း ကြိုတင်ကာကွယ်သုံးသင့်သောလေးပါ …
✅မျက်ကွင်းညိုခြင်း
✅ အဆီအိတ် /အဆီခဲ
✅အရေးအကြောင်းများအတွက် သုံးကို သုံးသင့်သောလေးပါရှင့်

⚠️မဖြစ်မနေ စမ်းသုံးကြည့်သင့်သော Eye Cream လေးပါရှင့်



လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရာမှာMutual Respect လို့ခေါ်တဲ့တစ်ဦးအပေါ်တစ်ဦး တူညီတဲ့ အပြန်အလှန် လေးစားမှု ထားရှိမှသာရေရှည်လက်တွဲလိ...
10/06/2025

လူတစ်ဦးနဲ့တစ်ဦးဆက်ဆံရာမှာ
Mutual Respect လို့ခေါ်တဲ့
တစ်ဦးအပေါ်တစ်ဦး တူညီတဲ့
အပြန်အလှန် လေးစားမှု ထားရှိမှသာ
ရေရှည်လက်တွဲလို့ ရနိုင်ပါတယ်...

အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ
ကြားထဲမှာ
Mutual Respect က
ပိုတောင် လိုအပ်ပါသေးတယ်...

Mutual Respect ကို တည်ဆောက်ဖို့
မဖြစ်မနေ လုပ်ဆောင်ရမယ့်
အချက်တွေကတော့...

၁။ မိမိကိုယ်ကို နှိမ့်ချခြင်း
၂။ အပြန်အလှန် လေးစားခြင်း
၃။ ကိုယ်ချင်းစာတရား ထားရှိခြင်း
၄။ မိတ်ဆွေကောင်း ၀တ္တရား မပျက်ကွက်ခြင်း
၅။ ခွင့်လွှတ်နားလည်ပေးခြင်း
၆။ စိတ်သဘောထား ရင့်ကျက်မျှတခြင်း
၇။ သဘောထား ကြီးခြင်း
၈။ အငြိုးအတေး မထားခြင်း
၉။ အပြောအဆို
အပြုအမူ ယဉ်ကျေးခြင်း
၁၀။ တစ်ဖက်သားရဲ့ ဆန္ဒကို
အလေးထားခြင်း
၁၁။ မာနချင်း၊ ဂုဏ်ဒြပ်ချင်း၊
ဥစ္စာချင်း မပြိုင်ခြင်း

စတဲ့အချက်တွေ လိုအပ်ပါတယ်...

မိတ်ဆွေတို့အားလုံး တစ်ဦးအပေါ်တစ်ဦး
အပြန်အလှန် Mutual Respect ထားနိုင်ကြပါစေ။

Credit

Admin က ဘယ်သူနဲ့ မှ မတည့်ဘူးရှင့်🤣

Address

No. 675/Baya Thingyan Street, 10 Block , South Okkalapa Township
Yangon
11091

Telephone

+959792428994

Website

Alerts

Be the first to know and let us send you an email when Maw Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share