07/04/2022
If I were a boy - ကျွန်တော်တို့ Upper Inter တွေမဖြစ်မနေ သိထားသင့်တဲ့ Sec Conditional အကြောင်းကို Bey ရဲ့ ဒီသီချင်းလေးနဲ့ ပြောပြပေးသွားမှာပါ။
အဲ့တော့ Second Conditional က ဘာလဲ ??? _ ကျွန်တော်တို့ ယေဘုယျ အားဖြင့် Unrealistic Condition တွေကိုပြောတဲ့ အခါဒီ pattern ကိုသုံးကြပါတယ်။ Hypothetical sentence လို့လည်းခေါ်ပါတယ်။ Sec Conditional pattern ကိုတော့ “ If + Sub + V2 ….., Sub + would” နဲ့ရေးပါတယ်။ ဥပမာ ‘ငါသာ ဘီလီလျံနာကြီးဖြစ်ရင်’ ဆိုတဲ့ Imagination တစ်ခုကို “ If I were a billionaire” ဆိုပြီး if + v2 နဲ့ ရေးသလို ‘ ငါသာချမ်းသာရင် အပန်းဖြေအိမ် ဝယ်ပစ်မယ်” လို့ပြောချင်ရင် “ If I was rich, I would buy a mansion” ဆိုပြီးရေး ရမှာဖြစ်ပါတယ်။
Sec Conditional ကို သုံးရင် သိထားရမှာက “ If” နဲ့ စတဲ့ Clause မှာ Past tense ကိုသာ သုံးပေးရမှာဖြစ်ပြီး main clause ဖြစ်တဲ့ နောက် Sentence မှာတော့ “Would” ဆိုတဲ့ Modal Verb ကိုသာ သုံးပေးရမှာဖြစ်ပါတယ်။ ဒါဟာ Sec Conditional ကို သုံးတဲ့အခါ မဖြစ်မနေ လိုက်နာသင့်တဲ့ Rule 2 ခုဖြစ်ပြီး နောက် ထူးခြားတစ်ခုအနေနဲ့ က “I” နောက်မှာ ၎င်းရဲ့ Verb to be ဖြစ်တဲ့ “am” ရဲ့ V2 “was” ကို မသုံးဘဲ ကျွန်တော်တို့ “ Were” ကို သုံးပြုတာပါဘဲ။ If I was လို့ ပြောနိုင်ပေမဲ့ If I were လို့ပြောချင်ရင်လည်းအဆင်ပြေပါတယ်။ အဓိက Unrealistic/imagination/Wish တွေကို ပြောချင်တဲ့အခါ ဒီ Conditional ကို သုံးပြီး past tense တွေကို သာ သုံးပြုပေးရမှာ သိထားဖို့ပါဘဲ။
ဆိုတော့ကာ Queen Bey ရဲ့ သီချင်းလေးအကြောင်းပြန်သွားပါမယ်။ ကျွန်တော်တို့ သီချင်း ကိုနားထောင်တဲ့အခါ တစ်ပုဒ်လုံးမှာ “If I were a boy” ဆိုတဲ့ Sentence ကို ထပ်ခါထပ်ခါ ကြားရမှာဖြစ်ပြီး “ I’d/ I could” ဆိုတဲ့ နှစ်လုံးကိုလည်း မကြာမကြာတွေ့ရမှာပါ။ အကြောင်းကတော့ သီချင်းတစ်ပုဒ်လုံးဟာ Queen B ရဲ့ Hypothetical Situation တစ်ခုသာဖြစ်တဲ့အပြင် သူမသာယောကျာ်းသားတစ်ယောက်ဖြစ်ခဲ့ရင် သူမဘဝကို ဘယ်လိုတွေဖြတ်သန်းပြီး ယောကျာ်းသားတစ်ယောက်အနေနဲ့ သူမ “အမျိုးသမီး” ကို ဘယ်လို စာနာ နားလည်ပေးမလဲဆိုတာကို Sec Conditional သုံးပြီး Compose ထားတာလို့ဖြစ်လို့ပါ။ အဲ့ဒါကြောင့် Song Title က “If I were a boy” (ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ရင်) ဆိုပြီး ပေးထားတာဖြစ်ပါတယ်။ အဲ့တော့ Feminist တစ်ဉီး လည်း ဖြစ်တဲ့ Beyonce အနေနဲ့ သီချင်းထဲမှာ မိန်းမသားတွေအကြောင်း ဘယ်လို တွေပြောပြထားလဲဆိုတာ ကြည့်ကြပါမယ်။