07/10/2024
In my opinion >>> *ကိုယ်ရှာတဲ့ ပိုက်ဆံက သမ္မာအာဇီဝကျဖို့အရေးကြီးဆုံးပါ*
ပိုက်ဆံ က ထင်သလောက်အရေးမကြီးဘူး
လို့ ပြောတဲ့သူတွေ ၊ " ငွေမက်တယ် " လို့ပြောတဲ့သူတွေ ကို တကယ် ရယ်ချင်တယ် …. ။
မပြည့်စုံတဲ့ ဘဝတွေမို့ လွှတ်ချခဲ့ရတဲ့ အိပ်မက်တွေ ၊
နောက်ပြန်လှည့်ကြည့်နေရတဲ့ ဘဝတွေမို့ ထင်သလောက် ခရီး မရောက်ခဲ့တဲ့ ပန်းတိုင်းတွေ
Rich kid မဟုတ်တဲ့ လူငယ်တိုင်းမှာ ရှိတယ် ။
ကြိုးစားရင် အောင်မြင်တယ် ဆိုတဲ့ စကားက
ပြောရတာဘဲ လွယ်တာ ၊ ထင်သလောက်မလွယ်ဘူး
အလုပ်ဘယ်လောက်ဘဲ ကြိုးစားခဲ့ပါစေ
မိသားစုမျက်နှာ ပြန်ကြည့်ရင်း ကိုယ့်အိပ်မက်တွေ ပဲ့ပါသွားတဲ့ လူငယ်တွေ ၊
တစ်ဖက်လူ အခက်ခဲကို ငဲ့ညာရင်း နောက်ဆုံး ကိုယ်တိုင် ခက်ခဲသွားတဲ့ လူတွေ တစ်ပုံကြီးဘဲ ။
ပိုက်ဆံက အရာရာတိုင်း မဟုတ်ဘူးဆိုရင်ဆိုတောင်
အရာရာတိုင်းမှာ ပိုက်ဆံ မပါဘဲ ပြီးမသွားပါဘူး
Tayရင်ကိုယ့်နောက်မပါဘူး လို့ပြောတဲ့ Buuကောင်တွေရဲ့ အူကြောင်ကြောင်စကားတွေကို ခေါက်ထားခဲ့ ။
အသက်ရှင်နေတုန်းခဏမှာ ပိုက်ဆံမရှိလို့ မရဘူး ။
ချစ်တဲ့သူတွေ အနားနေဖို့ ၊နေမကောင်းရင် ဆေးကုဖို့ ပိုက်ဆံလိုတယ် ။အသက်ရှုချောင်ချောင် ရှင်သန်နိုင်ဖို့ ပိုက်ဆံ လိုတယ် ။
လူတွေ ချစ်ဖို့ ပိုက်ဆံလိုတယ် ၊ သူငယ်ချင်းတွေကြား မျက်နှာမငယ်ရဖို့ ပိုက်ဆံလိုတယ် ၊ အိပ်မက်တွေဆီ အရောက်သွားဖို့ ပိုက်ဆံ လိုတယ် ။
ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ဟပ်တဲ့ ဇာတ်လမ်းမှာ
ပိုက်ဆံဟာ အဓိက ဇာတ်ဝင်ခန်းပဲ ။
အချစ်ခံရဖို့ ပိုက်ဆံ ရှာ ၊ လူရာဝင်ဖို့ ပိုက်ဆံ ရှာ
ပတ်ဝန်းကျင်ဆိုတာ အသပြာ လွှမ်းမိုးမှုအောက်က
သောက်ရူးတွေ ချည်း ၊ ငွေ ဆိုတာ လူ့အသိုက်ဝန်းရဲ့ ဘုရားသခင်
လူ့အသိုက်ဝန်းရဲ့ သည်းခြေကြိုက် …. ။
တစ်ခုခုလိုချင်တဲ့အခါ စျေးကြည့်ပြီး ပြန်ထွက်လာရတဲ့ အဖြစ်ကလွတ်အောင် ၊
ကိုယ့်ပိုက်ဆံအိတ်လေးကိုငုံ့ကြည့်ပြီး ချင့်ချိန်နေရတဲ့ ဘဝက လွှတ်အောင် ၊ ပိုက်ဆံရှာ ။
စျေးကြီးလွန်းပါတယ်ဆိုတဲ့ ကိုယ့်အိပ်မက်တွေက
တကယ်တမ်း ပိုက်ဆံရှိတဲ့အခါ အရာရာတိုင်းက
အလွယ်လေးပဲ ။ ထင်သလောက် အလှမ်းမဝေးတော့ဘူး ။
အများကြီးမတွေးနဲ့ ၊ ပိုက်ဆံပဲရှာ ။
- Thar Htwe -