14/03/2020
ကျနော်တို့ကနေစပြီး Unicode ပြောင်းကြရအောင်ပါ။ ကျနော်ကိုယ်တိုင်လည်းသုံးနေပါတယ်။ ဒါပေမယ့် မသုံးတဲ့သူတွေရှိနေသေးပါတယ်။ Page Admin တွေဆိုပိုပြီးသိပါလိမ့်မယ်။ Page Manager မှာ Zawgyi နဲ့ရိုက်ထားရင်ဖတ်လို့မရပါဘူး။ iOS သမားတွေဆိုရင် Messenger မှာ Convert မဖြစ်တော့ပါဘူး။ Facebook App မှာတော့ဖတ်လို့ရနေပါသေးတယ်။ Rabbit Converter, TT Keyboard တို့ကနေ ဇော်ဂျီနဲ့ပို့တာတွေကို Convert လုပ်နေရတာ တော်တော်လေးအာရုံနောက်ဖို့ကောင်းပါတယ်။ မသုံးတတ်ဘူး စာမရိုက်တတ်ဘူးဆိုတာ မပြောင်းကြည့်သေးလို့ပါ။ ခဏပဲကျင့်ရင်ရပါတယ်။ တချို့ကီးဘုတ်တွေဆိုရင် လက်ကွက်ကတူတူပါပဲ။ ကောင်းတဲ့အရွေ့တစ်ခုကိုပြောင်းဖို့ မိမိကနေစပြီး ပြောင်းပါ။ မိမိပတ်ဝန်းကျင်ကသူတွေပါ ပြောင်းဖို့ကြိုးစားပေးပါ။ အတူတွန်းရင်ရွေ့နိုင်ပါတယ်။