Genius Book House

Genius Book House ရသ ၊ သုတ နှစ်ဖြာသော စာကောင်းပေမွန်များခံစားနိုင်ဖို့ 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရှိနေပါပြီ 📚

𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ( 𝐘𝐚𝐧𝐠𝐨𝐧 )

𝐏𝐡 : 09799455963
(2)

❝  ဖျံဖမ်းသမား  ❞ - မောင်ချောနွယ်ဘာမှမဟုတ်ပါဘူးဘာမှမဟုတ်တဲ့ အလကားကောင်ပါဘဝမှာ မဖြစ်ချင်တာတွေ ခပ်များများနဲ့ကောင်ပါဖို့(ဒ...
09/06/2026

❝ ဖျံဖမ်းသမား ❞ - မောင်ချောနွယ်

ဘာမှမဟုတ်ပါဘူး
ဘာမှမဟုတ်တဲ့ အလကားကောင်ပါ
ဘဝမှာ မဖြစ်ချင်တာတွေ ခပ်များများနဲ့ကောင်ပါ
ဖို့(ဒ်)ကားကုမ္ပဏီပိုင်ရှင်လည်း မဖြစ်ချင်ဘူး
စပျစ်ခြံပိုင်ရှင်လည်း မဖြစ်ချင်ဘူး
ဂေါက်သီးသမား အားနိုးပါးမားလည်း မဖြစ်ချင်ဘူး
ဝါရင်ဘီတီလည်း မဖြစ်ချင်ဘူး
ဖြစ်ချင်တာက တစ်ခုတည်းရယ်ပါ
ဖျံဖမ်းသမားပဲ ဖြစ်ချင်တယ်
ဒါနဲ့ပဲ
ဖျံတွေကိုဖမ်းဖို့ လိုက်ရှာခဲ့တယ်
ဖျံတွေက ဘယ်နေရာတွေမှာ
ဘယ်လိုကျက်စားကြသလဲ
ဖျံတွေရဲ့ အသွားအလာတွေက
ဘယ်အချိန်တွေမှာ ဘယ်လိုတဲ့လဲ …
ခု …
သူတို့တွေက
လီဗာပူးအသင်းနဲ့ မန်ချက်စတာအသင်းတွေမှာ
ဝင်ကစားနေကြတယ်ဆိုပဲ
ဟုတ်လား
ဒါဆိုရင်သွားမယ်
သွားဖမ်းမယ်
မရှိကြတော့ဘူးတဲ့
အလန်ရှီးယား ခြေထောက်ကိုဝယ်ပြီး
ထွက်သွားကြပြီ … တဲ့။

ဒါဆိုရင်
ဘရာဇီးလ်က ကော်ဖီခင်းတွေမှာ
ကျက်စားနေကြတာဖြစ်မှာ
ဟော … မရှိကြပြန်ဘူး
မြေထဲပင်လယ်ဘက်ကို ထွက်သွားကြပြီတဲ့

အဲဒီမှာ …
ကာရေဗီယန် ငါးဥကျော်တွေ စားသောက်လို့တဲ့။
ဟော … မဟုတ်ပြန်ဘူးတဲ့
ဟိုတယ်ကာလီဖိုးနီးယားမှာ
ဟိုတယ်ကာလီဖိုးနီးယားသီချင်းနဲ့
ကခုန်နေကြပြန်ပြီတဲ့
ကြည့် မရှိပြန်ဘူး
ခက်ပြီ
သတင်းထွက်လာတာက
ဘေ့စ်ဘောလုံး သွားကစားနေကြပြန်ပြီတဲ့။

ဟော … မဟုတ်ရပြန်ဘူး
နိုင်ရာဂါ ရေတံခွန်ဆီသွားပြီး
ရေတံခွန်အလှကို ရှုစားရင်း
ဒင်းတို့ ဇိမ်ခံနေကြပြန်ပြီတဲ့
လိုက်သွားတော့ လန်ဒန်ဇူးရစ်မှာ
ရွှေသွားဝယ်ကြတယ် … တဲ့
ဟော … မဟုတ်ရပြန်ဘူးတဲ့
ဟော … မဟုတ်ရပြန်ဘူးတဲ့

ဒင်းတို့က မယ်ဒိုနာနဲ့ ပလူးပလဲ ဖြစ်နေကြပြန်သတဲ့
ခက်ပြီ
ကာစပါးရော့နဲ့လဲ ချက်ကစားပြန်ပြီတဲ့
ခက်ပြီ
ဒီကောင်တွေ
တော်တော်ဖျံကျတဲ့ ကောင်တွေပါလား
အေးလေ ဒီကောင်တတွေက ဖျံတွေပဲကိုး
ဒါနဲ့ငါလေ
လိုက်မောရှာမော အမောကျောပိုးအိတ်နဲ့
ရထားစီးပြီး မြို့ပြန်ခဲ့တယ်။

ဟာကြည့်စမ်း
တွေ့ပြီ တွေ့ပြီ
ဒက်ထိကို တွေ့တော့တာပဲကိုး
ကြည့်စမ်း တွေ့မယ့်တွေ့တော့
ခေါင်းမွေးစုတ်ဖွားနဲ့ လယ်ဝေးပျဉ်းမနားက
ပျော်ဘွယ်ကြံခင်းထဲမှာ
ဇပ် ဇပ် ဇပ် ဇပ်
ဂတ် ဂတ် ဂတ် ဂတ်နဲ့
ဘဲတွေ မစင်နင်းသလို နင်းပြီး
နှုတ်သီးချွန်ချွန်ကလေးပေါ်မှာ
ဘောလုံးကို မြှောက်မြှောက်ပြီးကစားလို့
အား ပါး ပါး။

ဒီလိုပါ
ဖျံဖမ်းသမား အောင်မြင်ခဲ့တယ်ဆိုတာ
ပြောပြတာပါ။ ။

▪️မောင်ချောနွယ်

#မောင်ချောနွယ် #ဖျံဖမ်းသမား

ကိုယ်စာဖတ်ရင်း ကြိုက်လို့စုထားတဲ့စာတိုပေစလေးတွေအပြင် ကိုယ်တိုင်ခံစားပြီးရေးထားတဲ့ bilingual text အတိုလေးတွေဖြစ်ပါတယ်။ စာ...
09/06/2026

ကိုယ်စာဖတ်ရင်း ကြိုက်လို့စုထားတဲ့စာတိုပေစလေးတွေအပြင် ကိုယ်တိုင်ခံစားပြီးရေးထားတဲ့ bilingual text အတိုလေးတွေဖြစ်ပါတယ်။ စာဖတ်ပြီး ဘဝတိုးတက်ရေးအတွက် ဆင်ခြင်းသုံးသပ်စရာတွေ ၊ သတိပြုမှတ်သားစရာတွေ ရနိုင်မယ့်အပြင် အင်္ဂလိပ်လိုကိုပါ ဖတ်ပြီး ဝေါဟာရ တိုးပွားလာမယ့်အပြင် ဘာသာပြန်ပုံကိုလည်းလေ့လာကြရမှာဖြစ်ပါတယ်။ အချိန်အနည်းငယ်သာပေးပြီး စာတိုလေးတပုဒ်ကို ဖတ်လိုက်ရပေမယ့် ဖြန့်ကြက်တွေးဆစရာ များစွာကို ဖြစ်ပေါ်စေနိုင်မယ့် '' နည်းနည်းရင်းပြီးများများမြတ် " မယ့်
low cost but high returns ပေးနိုင်မယ့် Literature with a small ' L ' ဖြစ်ပါတယ်။

---

Literature with a small “L”
ဖတ်စေချင်သည့် စာတိုပေစများ 📚

✍️ ဒေါက်တာစိုးသန်း

▪️တန်ဖိုး - 12000 ကျပ်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ဒေါက်တာစိုးသန်း
#ဖတ်စေချင်သည့်စာတိုပေစများ

မြန်မာနိုင်ငံတွင်းသာမက ပြည်ပထိ ခြေဆန့်ကြတဲ့ဆရာတွတ် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧  📚💕   #ဆွေမင်း_ဓနုဖြူ  #မသေးမျှင်  #ဗိုက်ကလေး  #မြိုင်ရာဇာ...
09/06/2026

မြန်မာနိုင်ငံတွင်းသာမက ပြည်ပထိ ခြေဆန့်ကြတဲ့
ဆရာတွတ် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 📚💕

#ဆွေမင်း_ဓနုဖြူ #မသေးမျှင် #ဗိုက်ကလေး #မြိုင်ရာဇာတွတ်ပီ

❝ ဆယ့်တစ်မိနစ် ❞ - ဒီနိုဗို“ Paulo Coelho ရဲ့လိင်ရေးရာအရ အထူးခြားဆုံး ဝတ္ထုတစ်အုပ်ဖြစ်ပြီးတစ်ပြိုင်နက်တည်း အချစ်ရေးအရလည်...
09/06/2026

❝ ဆယ့်တစ်မိနစ် ❞ - ဒီနိုဗို

“ Paulo Coelho ရဲ့
လိင်ရေးရာအရ အထူးခြားဆုံး ဝတ္ထုတစ်အုပ်ဖြစ်ပြီး
တစ်ပြိုင်နက်တည်း အချစ်ရေးအရလည်း
အလွန်ရိုမန်တစ်ဆန်တဲ့ စာအုပ်တစ်အုပ်”

▪️Jornal do Brasil

“ ဒီဝတ္ထုဟာ
လိင်၊ အချစ်၊ တစ်ကိုယ်ရေ အမုန်းတရားနဲ့
လူ့စိတ်ရဲ့အနက်ရှိုင်းဆုံး အတွင်းဘက်ပိုင်းတွေကို
ရဲရဲဝံ့ဝံ့ စူးစမ်းဖော်ပြထားတဲ့ Paulo Coelho ရဲ့
အလွန်အရေးကြီးတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ် ” ။

✅တန်ဖိုး - ၂၅၀၀၀ ကျပ်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျာ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျာ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ဒီနိုဗို

အများနှင့် မတူဘဲ တမူထူးကဲ၍ တမိုးအောက်မှာတယောက် ထွန်းပေါက်အောင်မြင်သူ ပါရမီရှင်စစ်ရေးနည်းဗျုဟာသမားအဖြစ် သမိုင်းတွင်တဲ့—ဗိ...
08/06/2026

အများနှင့် မတူဘဲ တမူထူးကဲ၍ တမိုးအောက်မှာ
တယောက် ထွန်းပေါက်အောင်မြင်သူ ပါရမီရှင်
စစ်ရေးနည်းဗျုဟာသမားအဖြစ် သမိုင်းတွင်တဲ့—
ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကိုအခြေပြု၍
ကိုယ်ပျောက်စစ်သည်များသဖွယ် ဂျပန်တပ်များ၏
နောက်တန်းကို ထိုးဖောက်၍ ချောက်ချားစေခဲ့သော
ချင်းဒစ်(ခြင်္သေ့) တပ်သားများရဲ့ တောကို ဖြတ်ကာ
တောင်ကိုကျော်၍ ချင်းတွင်းနဲ့ ဧရာဝတီမြစ်များကို
စုန်ဆန် ကူးခဲ့သော အကြမ်းပတမ်း စစ်ချီခရီးလမ်း
တလျှောက်မယ် ကြုံရ ဆုံရပုံ အဖုံဖုံကို စစ်သမိုင်း၊
ကိုယ်တွေ့မှတ်တမ်း စတဲ့ စာအုပ်အစောင်စောင်ကို
အကိုးအကား၍ ရေးသား ပြုစုထားသော စာအုပ်။

ထူးချွန်သူပုဂ္ဂိုလ်တဦးရဲ့အတ္ထုပ္ပတ္တိလိုလည်းကောင်း၊ရှေးဖြစ်ဟောင်း စစ်သမိုင်းကျမ်းတစောင်တဖွဲ့ကဲ့သို့
လည်းကောင်း၊ တောတွင်းစွန့်စားခန်း ဖြစ်ရပ်မှန်များ
စာအုပ်တအုပ်ကဲ့သို့ လည်းကောင်း….
မိမိတို့ အာရုံသန်ရာ ရှုထောင့်အထွေထွေက နေပြီး
ဖတ်လို့ ရနိုင်တဲ့ —
အချက်အလက်မှန်ကို အခြေတည်ထားသော်လည်း
ရသမြောက် တင်ပြပုံ ဆန်းသစ်သမို့ ဖတ်ရှုလို့ဖြင့်
မငြီးငွေ့နိုင်တဲ့— စာအုပ်။

ဝင်းဂိတ်စာအုပ်နဲ့ပတ်သက်လို့ အခုထက် ပိုပြီးတော့
ညွှန်းချင်သော်ငြားလည်း ပေါ့လေ၊ စာရှည်မှာစိုးရဲ့။
သဟာကြောင့် ရှေ့မှာ နှစ်ခါ ပြောခဲ့ပြီးသလိုပါပဲ။
ဒီစာအုပ်ဟာ ဆိုရင် ရှေ့က ပုံနှိပ်ထုတ်ဝေထားတဲ့
အကြာဆုံးစစ်ပွဲ မြန်မာပြည် စာအုပ်ကြီးကဲ့သို့ပင်
အဆင်အပြင် အသွင်ဒီဇိုင်း အရည်အသွေးပိုင်းမယ်
မလျော့တဲ့၊ အကြောင်းအရာပိုင်းမယ် အင်မတန်ကိုမှ
စိတ်ဝင်စားစရာဖြစ်တဲ့—
အကြာဆုံးစစ်ပွဲစာအုပ်နဲ့အတူ တဆက်တစပ်တည်း
ပူးတွဲပြီး ဖတ်စရာ စာတအုပ်လည်း ဖြစ်ပေတဲ့—
ဗိုလ်ချုပ်ဝင်းဂိတ်နှင့် သူ၏ ရဲခေါင်ပြောက်ကျား
ချင်းဒစ်တပ်ဖွဲ့များရဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း
မြန်မာပြည်စစ်မြေပြင်တခွင် ထိုးဖောက် ချဉ်းနင်း၍
ဂျပန်တပ်တွေကို ဘတပြန် ကျားတပြန် စစ်ဆင်ခဲ့ပုံ
အကြောင်းစုံကို—
စစ်သမိုင်းစာအုပ် ထူထူထဲထဲ ဧရာမကြီးများ
ရေးသားပြုစုရာမှာ စာဖတ်သူတွေနဲ့ ရင်းနှီးနေ
ပြီးသား ဆရာထွန်းသစ်ရဲ့လက်ရာ………
#ဝင်းဂိတ်အော့ဖ်ဘားမား လို့ အမည်သညာပေး
ထားတဲ့ စာအုပ်ကြီးဟာဖြင့်—
ဇော်ဂျီဖိုလ်ဝင်တိုက်ရဲ့ ၁၆နှစ်ပြည့်မြောက်တဲ့
#နှစ်လည်အထူးထုတ် စစ်သမိုင်း/အတ္ထုပ္ပတ္တိစာအုပ်
အဖြစ် မကြာမီ ထွက်ပါတော့မယ်လို့သာ ဆိုပါစေ။

စာအုပ်တိုက်ရဲ့ နှစ်လည်အထူးထုတ် စာအုပ်ကြီးမို့
အခန့်ချုပ်၊ ရုပ်ပုံ၊ မြေပုံတွေနဲ့ အတူ သပ်ရပ် ခံ့ထည်
အရည်အသွေးမြင့် ကိုးကားကျမ်းတစောင်တဖွဲ့နှယ်
ရေရှည် ဖတ်နိုင်ဖို့၊ စာအုပ်စင်ပေါ်မှာ သိမ်းထားနိုင်ဖို့
အသေအချာ ဂရုဓမ္မထားပြီး၊ စီစဉ်နေပါပြီ။

ဪ- ပြောရဦးမယ်။
ဆရာထွန်းသစ်က ဒီစာမူကြီးကို ၂၀၁၇ ခုနှစ်မှာ
ထုတ်ဝေသူလက်ထဲ ပေးထားခဲ့ပေမယ့်လည်းပေါ့
ကြားထဲမယ် အကြောင်းကြောင်းသော အကြောင်း
တွေကြောင့် အခု ၁၀ နှစ်နီးပါး ကြာပြီးမှသာ ပုံနှိပ်
ထုတ်ဝေနိုင်တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
………………………………………………….

ခေါင်းစီး လက်ရေးစာလုံး - ဆရာတင်ထွဏ်း
အတွင်းရေခံ ပန်းချီ+ မျက်နှာဖုံးအပြင်အဆင်
ဆရာလင်းဝဏ္ဏ တို့က အနုပညာပိုင်းဆိုင်ရာမှာ
အားဖြည့်ထားမှုနှင့်အတူ—

စာမျက်နှာ ၄၀၀ ကျော် + ဓာတ်ပုံ ၁၆ မျက်နှာ။
စာအုပ်အရွယ်အစား ၆-၉ လက်မ။
စက္ကူဖြူ ထူ ချော။
ကြွေစက္ကူသန့် (အတွင်းပုံများအတွက်)

အခန့်ချုပ်ဖြင့်— သန့်သန့်ခံ့ခံ့ ပုံနှိပ်သည်။

တန်ဖိုး #ကျပ်_လေးသောင်းငါးထောင်

#ဝင်းဂိတ်

08/06/2026

❝ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက်
မှန်သည်ကိုသာ ရေးသားလို၏ ❞

▪️ရွေဥဒေါင်း(တသက်တာမှတ်တမ်းမှ)

မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ၌ မားမားမတ်မတ်ရပ်နေသည့် အတ္ထုပ္ပတ္တိကား ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း ဖြစ်လေသည်။ လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကိုကပြကြရသည် ဆိုသည့်အကြောင်းကို တသက်တာမှတ်တမ်း က ဖော်ပြနေသည်။
တစ်သက်တာမှတ်တမ်း၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကိုဖော်ပြထားခြင်းမရှိသော်လည်း ၊ အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏အခြေအနေကိုမူကျောထောက်နောက်ခံပြုထားသည်။ လူ့ဘဝ၌အဆိုးနှင့်အကောင်း ၊ အနိမ့်အမြင့် ၊ အရှုံးနှင့်အနိုင် ဟူ၍ ဆန့်ကျင်ဘက် သဘာဝနှစ်ခု ဒွန်တွဲလျက်ရှိရာ
ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ၌ ဆန့်ကျင်ဘက် သဘာဝနှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။ တစ်သက်တာမှတ်တမ်း ၌ လောကလူတို့သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသောရွှေဥဒေါင်းကိုလည်းတွေ့ရသည်။
အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ နိမ့်ချသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ မာန်မာနကြီးသောရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ထမင်းပြဿနာနှင့်ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ ဝမ်းရေးအတွက် ကျပန်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီး အဖြစ်နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လည်နေသော
ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ ခေါက်ရှာငှက်
ပျံသကဲ့သို့ လူ့ဘဝ၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာဝသည် တစ်သက်တာမှတ်တမ်း၌ ပေါ်နေပေသည်။
ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့် အလုပ်များကိုမှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ ၊ အဆိုးဖြစ်စေ ၊ အကောင်းဖြစ်စေ ၊ ထုတ်ဖော်ရေးသားရာ၌ရဲရင့်သူပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

(မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ ) မှ

✅ တန်ဖိုး - 30000 ကျပ်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● ဒီကာလ စာတိုက် မသုံးပါခဗျာ 🤎

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ရွှေ‌ဥဒေါင်း
#တ‌သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

"ငါတို့တွေက ဘာကြောင့် ရှင်သန်နေကြတာလဲ..."ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲကာလကြားမှာ လမ်းပျောက်န...
08/06/2026

"ငါတို့တွေက ဘာကြောင့် ရှင်သန်နေကြတာလဲ..."

ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲကာလကြားမှာ လမ်းပျောက်နေကြတဲ့ လူငယ်တွေရဲ့ ရင်ဘတ်ထဲက မေးခွန်းတစ်ခုပါ။

ဂျပန်စာပေလောကရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ပါရမီအရှိဆုံး စာရေးဆရာ အော်စမု ဒေးဇိုင်း (Osamu Dazai) ရဲ့ အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ "The Setting Sun" (ပျက်သုဉ်းလု... နေ) ဝတ္ထုဟာ စစ်ပြီးခေတ် ပျက်စီးယိုယွင်းလာတဲ့ မှူးမတ်မျိုးနွယ်စုတစ်စုရဲ့ ဘဝကျဆုံးခန်းကို နောက်ခံထားပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ—

○ မိခင်အိုကြီးနဲ့အတူ ဘဝကို ရုန်းကန်ရင်း ချစ်ခြင်းတရားနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရှာဖွေနေတဲ့ သမီးဖြစ်သူ ခါဇုကို

○ စစ်မြေပြင်က ပြန်လာပြီးနောက် ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုကို အရက်နဲ့ မူးယစ်ဆေးကြားထဲ ဖြေဖျောက်ရင်း ပျက်စီးခြင်းလမ်းကို ရွေးချယ်ခဲ့တဲ့ မောင်ဖြစ်သူ နာအိုဂျီ

သူတို့ မောင်နှမနှစ်ယောက်ရဲ့ မတူညီတဲ့ ရွေးချယ်မှုတွေ၊ ခံယူချက်တွေကတစ်ဆင့် လူသားတို့ရဲ့ အထီးကျန်မှု၊ စိတ်ဒဏ်ရာနဲ့ ရှင်သန်ခြင်းအတတ်ပညာကို ဒေးဇိုင်းက အလှပဆုံးနဲ့ အမှောင်မိုက်ဆုံး ခြယ်မှုန်းပြသွားခဲ့ပါတယ်။

ဝင်လုဆဲဆဲ နေလုံးကြီးလို ပျက်သုဉ်းခြင်းအလှတရားကို ခံစားရင်း၊ တစ်ဖက်မှာလည်း အသစ်ပြန်လည်ထွက်ပေါ်လာမယ့် နေမင်းကြီးလို ရှင်သန်ခြင်းရဲ့ တော်လှန်ရေးကို ရှာဖွေချင်သူတွေအတွက် မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

✍️မြူရိပ်
📒ပျက်သုဥ်းလု•••နေ
✅တန်ဖိုး - ၁၇၀၀၀ ကျပ်
📖စာမျက်နှာ - ၁၉၆

#ပျက်သုဉ်းလုနေ

“ယနေ့ကံမကောင်းပါလား” ”တော့ ကတွတ်ပီ ”“ကျုပ် ပါတိတ်ကြွေးတွေဘယ်လိုလုပ်ရမတုန်း ” " မရှောင်ရင်လွတ်မယ် "ဘယ် စကားအကြိုက်ဆုံးလဲ ...
08/06/2026

“ယနေ့ကံမကောင်းပါလား” ”တော့ ကတွတ်ပီ ”
“ကျုပ် ပါတိတ်ကြွေးတွေဘယ်လိုလုပ်ရမတုန်း ”
" မရှောင်ရင်လွတ်မယ် "

ဘယ် စကားအကြိုက်ဆုံးလဲ ပြောခဲ့ကြပါဦး 😁😁

---

အုတ်တွင်းနှင့် မြစ်ကြီးနားမှ အားပေးမှာယူသွားသည့် ကာတွန်းဆွေမင်း(ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီဇာတ်လမ်းများ 📚💕

#ဆွေမင်း_ဓနုဖြူ #မြိုင်ရာဇာတွတ်ပီ #မသေးမျှင် #ဗိုက်ကလေး

သမီးကလေးကို မင်္ဂလာဆောင်ပေးဖို့ အရိုးကို ရောင်းခဲ့ရတဲ့ ဟာစရီပါးရဲ့ အဖြစ်ကို ကျွန်တော်စာနာမိတယ်။ဒါကြောင့်မို့ ဒီ၀တ္ထုကို ...
08/06/2026

သမီးကလေးကို မင်္ဂလာဆောင်ပေးဖို့ အရိုးကို ရောင်းခဲ့ရတဲ့ ဟာစရီပါးရဲ့ အဖြစ်ကို ကျွန်တော်စာနာမိတယ်။
ဒါကြောင့်မို့ ဒီ၀တ္ထုကို ကျွန်တော်ဘာသာပြန်ဖြစ်သွားတယ်။ သူ့၀တ္ထုဟာ ဒီလောက်ကြီးမားတဲ့ အကျပ်အတည်း၊ အခက်အခဲတွေကြားမှာ လူတွေ ဘယ်လို အသက်ရှင်ကျန်အောင်၊ ကြိုးပမ်းကြသလဲ၊ ဘယ်လို တစ်ယောက်နဲ့တစ်ယောက် စာနာတတ်လာ
ကြသလဲ၊ ဘယ်လို တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်တွယ်တာတတ်လာကြသလဲဆိုတာကို ရေးပြထားတဲ့ ၀တ္ထုလို့ စာရေးဆရာက ဆိုတယ်။

▪️မြသန်းတင့်

---

သုခမြို့တော် // မြသန်းတင့်
မူရင်း - 𝐓𝐡𝐞 𝐂𝐢𝐭𝐲 𝐨𝐟 𝐉𝐨𝐲 // 𝐃𝐨𝐦𝐢𝐧𝐢𝐪𝐮𝐞 𝐋𝐚𝐩𝐢𝐞𝐫𝐫𝐞

▪️တန်ဖိုး - ၃၀,၀၀၀ ကျပ်

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#‌သုခမြို့တော် #မြသန်းတင့်

လက်တင်အမေရိက စာပေလောကရဲ့ ပြိုင်ဘက်ကင်း ဇာတ်လမ်းဆင်ပုံတွေ၊ ဆန်းပြားတဲ့ အတွေးအခေါ်တွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် ကမ္ဘ...
08/06/2026

လက်တင်အမေရိက စာပေလောကရဲ့ ပြိုင်ဘက်ကင်း ဇာတ်လမ်းဆင်ပုံတွေ၊ ဆန်းပြားတဲ့ အတွေးအခေါ်တွေနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် ကမ္ဘာကျော် စာရေးဆရာကြီး Julio Cortázar ရဲ့ ဘာသာပြန် ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။
မူရင်းစာအုပ်ဖြစ်တဲ့ Blow-Up and Other Stories ထဲကအတိုင်း လက်တွေ့ဘဝရဲ့ ဖြစ်တည်မှုတွေ၊ ထူးဆန်းအံ့ဩဖွယ်ရာ နာယူမှုတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို ဆန်းသစ်လှတဲ့ ပုံစံတမျိုးနဲ့ ချဉ်းကပ်ပုံဖော်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက စာဖတ်သူကို ရိုးရိုးရှင်းရှင်း ရသပေးရုံတင်မကဘဲ စာအုပ်ပိတ်လိုက်တဲ့အချိန်အထိ ရင်ထဲမှာ တွေးတောစရာ ဝေဖန်စရာ အချက်အလက်တွေကို ရိုက်ခတ်ကျန်ရစ်စေမှာပါ။
မှော်ဆန်တဲ့ လက်တွေ့ပကတိ (Magical Realism) အငွေ့အသက်တွေနဲ့ လေးနက်ဆန်းပြားတဲ့ ဘာသာပြန် ရသဝတ္ထုတိုတွေကို မြိန်ရေယှက်ရေ ခံစားချင်တဲ့ စာချစ်သူတွေအတွက်တော့ ဒီစာအုပ်လေးက လက်မလွှတ်တမ်း ဖတ်ရှုရမယ့် လက်ရာမွန်တစ်ခုဖြစ်ပါတယ်။

✍️ဒီနိုဗို
▪️ပုံကြီးချဲ့ခြင်းနှင့်အခြားဝတ္ထုတိုများ
✅တန်ဖိုး - ၂၅၀၀၀ ကျပ်
📖စာ - ၂၉၂

_________

● မှာယူလိုပါက 𝐏𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 (သို့)

𝐏𝐡 𝐍𝐨 - 09799455963 , 𝐕𝐢𝐛𝐞𝐫 𝐧𝐨 09799455963

တို့ကနေမှာယူနိုင်ပါတယ်ခင်ဗျာ။

🚚 ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ကျန်
တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့အတော်များများကို အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ) နဲ့ ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ။

● စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ 𝐔𝐊 ၊ဂျပန်၊ ကိုးရီးယားစတဲ့ ပြည်ပ နိုင်ငံများကိုလည်း သက်ဆိုင်ရာ 𝐂𝐚𝐫𝐠𝐨 များနဲ့ ချိတ်ဆက်ပို့ဆောင်ပေးနေပါတယ်ခဗျ။
[ ငွေကြိုလွှဲစနစ်ဖြင့် ]

● အိမ်အရောက်ငွေချေစနစ် မရတဲ့ မြို့နယ်တွေကိုလည်း ကားဂိတ်တင်ပေးပါတယ်ခဗျာ။ (ကားဂိတ်ကငွေကောက်ခံမပေးတာကြောင့် ငွေတော့ကြိုလွှဲရပါမယ်ခဗျ)

● အိမ်အရောက်ငွေချေစနစ် ( 𝐂𝐚𝐬𝐡 𝐎𝐧 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 )
ယူပြီးမှ ပစ္စည်းလက်ခံရရှိတဲ့အခါ ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 )ဖြင့်
ငွေပေးချေမှု လက်မခံပါကြောင်း မေတ္တာရပ် ခံပါတယ်ခင်ဗျာ 🚫

● ( 𝐁𝐚𝐧𝐤𝐢𝐧𝐠 ) ဖြင့် မှာယူလိုပါက ငွေကြိုချေ ရမှာဖြစ်ပါတယ်ခင်ဗျာ ❤️

● 𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ ~ 𝐂𝐚𝐬𝐡 , 𝐊𝐁𝐙 𝐩𝐚𝐲, 𝐊𝐁𝐙 𝐛𝐚𝐧𝐤, 𝐀𝐘𝐀, 𝐘𝐎𝐌𝐀, 𝐂𝐁, 𝐔𝐀𝐁, 𝐖𝐚𝐯𝐞𝐩𝐚𝐲 စသဖြင့် အဆင်ပြေရာ နဲ့ ငွေပေးချေနိုင်ပါတယ်ခဗျ။

● မှာယူအားပေးမှုအတွက် ‌𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 မှ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 💙

● 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐇𝐨𝐮𝐬𝐞 ရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://t.me/GeniusBookHouse23 ကနေလည်း

အသစ်ထွက်ရှိစာအုပ်များနှင့် စာရေးဆရာများရဲ့စာအုပ်ကောင်းများကို ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်ခဗျာ 📚🩵

#ဒီနိုဗို #ပုံကြီးချဲ့ခြင်း

Address

အမှတ် ၂၉၄ ( ပထမထပ် ) ၊ လမ်းလေးဆယ် ၊ အထက်ဘလောက် ၊ ကျောက်တံတားမြို့
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959799455963

Website

Alerts

Be the first to know and let us send you an email when Genius Book House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category