Beauty Lady

Beauty Lady Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Lady, Shopping & retail, Yangon.

02/01/2023

ကိုယ်မှာရှိတာလေးနဲ့ ဘယ်လိုလှအောင်ဝတ်ကြမလဲ

လူတော်တော်မျာများမှာ ဦးရေပြားနဲ့ပတ်သတ်တဲ့၊ ဆံပင်နဲ့ပတ်သတ်တဲ့ ပြဿနာတွေအသီးသီးရှိကြပါလိမ့်မယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်လွယ်တ...
31/01/2022

လူတော်တော်မျာများမှာ ဦးရေပြားနဲ့ပတ်သတ်တဲ့၊ ဆံပင်နဲ့ပတ်သတ်တဲ့ ပြဿနာတွေအသီးသီးရှိကြပါလိမ့်မယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်လွယ်တာ၊ ဆံပင်တွေကျိုးပြတ်တာ၊ အရှည်နှေးတာ စသည်ဖြင့်ပေါ့။ ဗောက်ထခြင်းဟာလည်း ရှက်ဖို့ကောင်းပြီး စိတ်ညစ်စရာအခြေအနေတစ်ခုပါပဲ။ ဆံပင်နဲ့ဦးရေပြားပြဿနာတွေဟာ စိတ်ရှုပ်ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးပြဿနာကြီးကြီးမားမားတော့ မဖြစ်စေပါဘူး။

ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း ဆံပင်တွေကျိုးကြေခြင်းဟာ ကြုံရလေ့ရှိတဲ့ ဦးရေပြားပြဿနာတစ်ခုတွေပါ။ လူအများစုဟာ တစ်ရက်မှာ ဆံပင် ၅၀ မှ ၁၀၀ ထိဆုံးရှုံးနေကြပါတယ်။
အသက်တွေကြီးလာတဲ့အခါ ဆံပင်တွေတဖြေးဖြေးကျဲပါးလာတယ်။ လူတိုင်းတော့မဟုတ်ပေမယ့်ပေါ့…။ မျိုးရိုးဗီဇအရ ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်းတွေဟာ ဆံပင်ပါးရခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်လေ့ရှိပါတယ်။ ထိုဗီဇရှိတဲ့အမျိုးသမီးတွေမှာ ဆံပင်ပါးတတ်ပြီး အမျိုးသားတွေဆိုရင်တော့ လုံးဝကိုထိပ်ပြောင်သွားတော့တာပါပဲ။ ထိုအခြေအနေက ဆယ်ကျော်သက်၊ ၂၀ ဝန်းကျင်၊ ၃၀ ဝန်းကျင်တွေကနေ စတင်နိုင်တယ်။ ဟော်မုန်းတွေပြောင်းလဲမှုကြောင့် ကလေးမွေးပြီး ဒါမှမဟုတ် နို့တိုက်ပြီး ၁လကနေ ၆လအတွင်းမှာလည်း အမျိုးသမီးတွေဆံပင်တွေကျွတ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း ဆံနုလေးတွေကျွတ်သွားပြီး ပိုရင့်သန်တဲ့လူကြီးဆံပင်တွေပေါက်လာလေ့ရှိပါတယ်။
ဆံပင်အလွန်အမင်းကျွတ်ခြင်း၊ ပါးခြင်း၊ ကျိုးပြတ်ခြင်းတွေအတွက် တခြားသော ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေကတော့-
• ဆံပင်ဆိုးဆေး၊ dryer ၊ဆံပင်ကောက်စက်၊ ဖြောင့်စက်တွေလို အပူပေးစက်များကြောင့် ဆံပင်တွေထိခိုက်နိုင်ပါတယ်။
• ဆံပင်ဆွဲခြင်း၊ လိမ်ခြင်း အကျင့်များကြောင့်…။ ဆိုတာ မိမိဆံပင်၊ မျက်တောင်၊ မျက်ခုံးတွေကနေ ဆွဲဆွဲနှုတ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုး ဖြစ်ပါတယ်။
• ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ကင်ခြင်းများကဲ့သို့ ဆေးကုသမှုတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ။
• လတ်တလေခွဲစိတ်ထားမှု၊ အပြင်းဖျားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်း။ စိတ်ဖိစီးမှုကြောင့် သုံးလေးပတ်အတွင်းမှာ ဆံပင်အများအပြားကျွတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေက လအနည်းငယ်အတွင်း ပျောက်သွားတတ်ပါတယ်။
• အရေပြားရောဂါတချို့နဲ့ သိုင်းရွိုက်အားနည်းတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။
• သတ္ထုဆိပ်များကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
• အာဟာရချို့တဲ့ခြင်း- အထူးသဖြင့် အသားဓါတ်နဲ့ သံဓါတ် အားနည်းခြင်းကြောင့်လည်းဖြစ်နိုင်တယ်။
• မီးလောင်ခြင်း ၊ ထိခိုက်ခြင်းတွေကြောင့် ဆံပင်တွေကျွတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း
ဖြစ်စေတဲ့အချက်တွေကတော့-
• ကလေးငယ်လေးတွေဦးရေပြားမှာ ဒက်ထခြင်းတွေဖြစ်တတ်ပါတယ်။ ဒါဟာမကျန်းမာမှုတစ်ခုခုကြောင့်မဟုတ်ပါဘူး။
• ဗောက်ထခြင်းဟာ ခေါင်း၊ လည်ပင်း၊ ပုခုံးတွေမှာ ဗောက်ဖက်တွေကြွေကျတဲ့ အခြေအနေတွေဖြစ်စေနိုင်တယ်။ ဗောက်ထခြင်းဟာ eczema လို့ခေါ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ပုံမှန်ဦးရေပြားဆဲလ်တွေကြွေကျခြင်းဖြစ်ပါတယ်။ မှိုရောဂါတစ်မျိုးကြောင့်လည်းဖြစ်နိုင်ပြီး ဟော်မုန်းနဲ့ ရာသီဥတုအပြောင်းအလဲတွေက ပိုဆိုးစေနိုင်ပါတယ်။
• ခေါင်းသန်းတွေကြောင့်လည်း ဦးရေပြားယားယံနိုင်တယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။
• ပွေးပေါက်ခြင်းကဲ့သို့ ဦးရေပြားရောဂါတစ်မျိုး၊ ပွေးကဲ့သို့ အနီရောင်အနားသတ်တွေနဲ့ အဝိုင်းသဏ္ဍာန် အကွက်တွေဖြစ်တယ်။ တခါတရံအနားသတ်တွေပျံ့သွားပြီး လက်စွပ်ပုံစံအဝိုင်းတွေဖြစ်နေတတ်ပါတယ်။
• Psoriasis, seborrhea ကဲ့သို့ နာတာရှည် အရေပြားရောဂါတွေ၊
• Planus လို့ခေါ်တဲ့ ဖြစ်လေ့မရှိပေမယ့် ထပ်တလဲလဲပြန်ဖြစ်တတ်တဲ့ အရေပြားရောဂါတစ်မျိုး၊ ထိုအခြေအနေဟာ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုနဲ့ ဆေးတွေ ဓါတုပစ္စည်းတွေကို ထိတွေ့မှုကြောင့်ဖြစ်တတ်ပါတယ်။

ဦးရေပြားမှာ အနာများ၊ အရည်ကြည်ဖုများ၊ အဖုများပေါက်ခြင်း
ဖြစ်စေတဲ့အကြောင်းတွေကတော့
• ဆံပင်ပေါက်လေးများရောင်ရမ်းခြင်း၊ ဦးရေပြားရောင်ရမ်းခြင်း
• ဓါတ်မတည့်မှုများ
• ရေကျောက်၊ ရေယုန်များကဲ့သို့ ဗိုင်းရပ်စ်ရောဂါများ
• ပြည်ဖုများဖြစ်ပေါ်ခြင်း၊ ထိုပြည်ဖုတွေဟာ ဦးရေပြား၊ နား၊ မျက်နှာ၊ ကျောနဲ့ ကပ်ပယ်အိတ်တဝိုက်မှာ ဖြစ်ပေါ်တတ်ပြီး ရောဂါပိုးဝင်သွားပါက နောက်ထပ်တခြားသောပြဿနာတွေဖြစ်လာနိုင်ပါတယ်။

crd

 #ဆံပင်ထိန်းသိမ်းနည်း (ဗဟုသုတဖြစ်အောင် ပြန်တင်ပေးလိုက်ပါတယ်ရှင့်)မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ...
28/01/2022

#ဆံပင်ထိန်းသိမ်းနည်း
(ဗဟုသုတဖြစ်အောင် ပြန်တင်ပေးလိုက်ပါတယ်ရှင့်)

မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။

၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။

၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။

၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။

၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။

၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။

၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၇။ဆံပငျကောကျပွီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။

၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။

၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။

၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။

၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။

၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။

၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။

၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။

#ဆံပင်ရှည်
#ဆံသား

အပူငြိမ်းဖို့အတွက်ရေချိုးနည်းနှင့်ခေါင်းလျှော်နည်းUnicodeအပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို ...
11/01/2022

အပူငြိမ်းဖို့အတွက်
ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း

Unicode

အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ - ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကားရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။

ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက ် … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

#ရေချိုးနည်း

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။
သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ… ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား။ မုချ သက်သာသွားမှာလား၊ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။

အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။ နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅)ကြိမ်စီလောက်၊ ပါးစပ်ကလည်း ငုံမယ်။ နှာခေါင်းကိုလည်း ရေလေးထည့်မယ့်။ မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။

ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ - ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။ ဒါက ဆရာကြီးတို့ စာအတွေ့ကြုံရော၊ ဘဝအတွေ့ကြုံရော၊ ကုထုံးအတွေ့အကြုံရော ပေါင်းစပ်ပြောနေတာလို့ တလေးတနက် ဒေါ်ထွေးကြည် နားလည်စေချင်တယ်နော်။

အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။

အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ အခြေခံ ရူပဗေဒသိပ္ပံဘာသာအရ အပူတွေဟာ တစ်နေရာကနေ တစ်နေရာကို လျှောက်တယ်၊ စီးတယ်၊ ဟတ်တယ်ပေါ့။ ဥပမာ - မီးပုံရှိတယ်။ ခမ်းလှမ်းလှမ်းမှာ ထိုင်နေရင်တောင် လာဟတ်နေတာ။ ရေနွေးအိုးတစ်အိုး မီးပူပေးထားရင် တည်စက ရေကို လက်ညှိးလေး ထောက်ကြည့်။ လုံးဝ မပူဘူး။ တော်တော်ကြာရင် ရေက အပူစီးလာတယ်။ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ဆယ်ပေလောက်သံချောင်းကြီး အဖျားတစ်ဖက်ကို မီးပုံထဲ ထည့်ထားမယ်။ ကြာရင် အပူကဘယ်ရောက်လာလဲ။ ဒီဘက်ထိပ်အထိ စီးလာတယ်။ အပူစီးလာတာ။ အပူ လျှောက်လာတာ။

ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

#ခေါင်းလျှော်နည်း

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။

ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။

အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။ အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။ အဲဒီအခါ ဒေါ်ထွေးကြည် သိပ်ကိုခံစားနေရတဲ့ ငယ်ထိပ်အပူဆိုတာဟာ ပိုက်ဆံဘယ်လောက်ကုန်သလဲ။ မကုန်ပါဘူးနော်။ အကုန်အကျမများဘဲနဲ့ အခြေခံအစုံရမယ့် ကျန်းမာရေးပါလို့။ နည်းနည်းလေး နားကြီးကြီးနှင့် နားထောင်ကြည့်ပါ။ အကုန်အကျမများဘဲနဲ့ တစ်မျိုးသာလုံးကျန်းမာရေး၊ တစ်မျိုးသားလုံး ဒီလို ရေကိုသာ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် လူတွေရဲ့ ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာမှာပါ။

ဒါကြောင့်မို့လို့ ရှေးအခါက ဆရာကြီးတစ်ပါးပြောခဲ့တဲ့ စကားလုံးလေးကို ဘာသာပြန်လိုက်တာ။ နောင်သောအခါမှာ အပူတွေများတဲ့ခေတ်ကိုရောက်ရင် ရေမှ တစ်ပါး ဆေးမရှိဘူးတဲ့။

ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အစာဝ၊ အနာကင်း၊ ဘယာရှင်း - ကြပါစေ။

ဆရာကြီးဦးရန်အောင်

အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့် ခေါင်းလျှော်နည်း

အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့့လို့ ပြောချင်ပါတယ်။

ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ - ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကားရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။

ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက် … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

ရေချိုးနည်း

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။

သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ… ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား။ မုချ သက်သာသွားမှာလား၊ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။

အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။ နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅)ကြိမ်စီလောက်၊ ပါးစပ်ကလည်း ငုံမယ်။ နှာခေါင်းကိုလည်း ရေလေးထည့်မယ့်။ မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။

ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ - ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။ ဒါက ဆရာကြီးတို့ စာအတွေ့ကြုံရော၊ ဘဝအတွေ့ကြုံရော၊ ကုထုံးအတွေ့အကြုံရော ပေါင်းစပ်ပြောနေတာလို့ တလေးတနက် ဒေါ်ထွေးကြည် နားလည်စေချင်တယ်နော်။

အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။

အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ အခြေခံ ရူပဗေဒသိပ္ပံဘာသာအရ အပူတွေဟာ တစ်နေရာကနေ တစ်နေရာကို လျှောက်တယ်၊ စီးတယ်၊ ဟတ်တယ်ပေါ့။ ဥပမာ - မီးပုံရှိတယ်။ ခမ်းလှမ်းလှမ်းမှာ ထိုင်နေရင်တောင် လာဟတ်နေတာ။ ရေနွေးအိုးတစ်အိုး မီးပူပေးထားရင် တည်စက ရေကို လက်ညှိးလေး ထောက်ကြည့်။ လုံးဝ မပူဘူး။ တော်တော်ကြာရင် ရေက အပူစီးလာတယ်။ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ဆယ်ပေလောက်သံချောင်းကြီး အဖျားတစ်ဖက်ကို မီးပုံထဲ ထည့်ထားမယ်။ ကြာရင် အပူကဘယ်ရောက်လာလဲ။ ဒီဘက်ထိပ်အထိ စီးလာတယ်။ အပူစီးလာတာ။ အပူ လျှောက်လာတာ။

ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

ခေါင်းလျှော်နည်း

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။

ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။

အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။ အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။ အဲဒီအခါ ဒေါ်ထွေးကြည် သိပ်ကိုခံစားနေရတဲ့ ငယ်ထိပ်အပူဆိုတာဟာ ပိုက်ဆံဘယ်လောက်ကုန်သလဲ။ မကုန်ပါဘူးနော်။ အကုန်အကျမများဘဲနဲ့ အခြေခံအစုံရမယ့် ကျန်းမာရေးပါလို့။ နည်းနည်းလေး နားကြီးကြီးနှင့် နားထောင်ကြည့်ပါ။ အကုန်အကျမများဘဲနဲ့ တစ်မျိုးသာလုံးကျန်းမာရေး၊ တစ်မျိုးသားလုံး ဒီလို ရေကိုသာ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် လူတွေရဲ့ ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာမှာပါ။

ဒါကြောင့်မို့လို့ ရှေးအခါက ဆရာကြီးတစ်ပါးပြောခဲ့တဲ့ စကားလုံးလေးကို ဘာသာပြန်လိုက်တာ။ နောင်သောအခါမှာ အပူတွေများတဲ့ခေတ်ကိုရောက်ရင် ရေမှ တစ်ပါး ဆေးမရှိဘူးတဲ့။

ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အစာဝ၊ အနာကင်း၊ ဘယာရှင်း - ကြပါစေ။

ဆရာကြီးဦးရန်အောင်
ှပြန်လည်မျှဝေပါသည်။

သဲလေးတို့ရော ….ဘာနဲ့ဖီးလ် လဲ 😁မင်မင်တို့ကတော့ ….ဘီးနဲ့ဖီးတယ် 😜
08/01/2022

သဲလေးတို့ရော ….ဘာနဲ့ဖီးလ် လဲ 😁
မင်မင်တို့ကတော့ ….ဘီးနဲ့ဖီးတယ် 😜

 #အခုတော့အုပ်စု ၃စုကွဲသွားပါပီ 🤭😅၁/  ရှမ်းပျိုမယ်လုံး၀မသောက်ဘူးမသိတဲ့အုပ်စု၂/  ရှမ်းပျိုမယ်သောက်ပီး ရင်ဘတ်ကိတ်တာသိတဲ့အုပ...
07/01/2022

#အခုတော့အုပ်စု ၃စုကွဲသွားပါပီ 🤭😅

၁/ ရှမ်းပျိုမယ်လုံး၀မသောက်ဘူးမသိတဲ့အုပ်စု

၂/ ရှမ်းပျိုမယ်သောက်ပီး ရင်ဘတ်ကိတ်တာသိတဲ့အုပ်စုနဲ့

၃/ ရှမ်းပျိုမယ်သောက်ကြည့်ပီး ဗိုက်မှာလာကိတ်တဲ့အုပ်စုပါ😄😄😆

ဟုတ်ကဲ့.. ကျယ်မတို့က နံပါတ် ၃ အုပ်စုပါ😛😛

Photo :crd.

04/01/2022

လိုင်းကျနေလို့ ပြန်တက်လာခဲ့ပါမယ် ဖုံးဘေမဲဖောက်ပေးမှာမလို့ pageလေးကို Shareပေးကြနော်🤗

🎉 𝗛𝗮𝗽𝗽𝘆 𝗞𝗮𝘆𝗶𝗻 𝗡𝗲𝘄 𝗬𝗲𝗮𝗿 🎉ဖုုံဏိင်းသာထါ်(2761)ဏိင်းအင်းဟှးလင်ဖုုံယှင်​ဖေါဟ်ဏိင်းသင့်မူဏီကရင်နှစ် 2761 ခုနှစ် ခရစ်နစ် 2.1.2...
02/01/2022

🎉 𝗛𝗮𝗽𝗽𝘆 𝗞𝗮𝘆𝗶𝗻 𝗡𝗲𝘄 𝗬𝗲𝗮𝗿 🎉
ဖုုံဏိင်းသာထါ်(2761)ဏိင်း
အင်းဟှးလင်ဖုုံယှင်​ဖေါဟ်ဏိင်းသင့်မူဏီ

ကရင်နှစ် 2761 ခုနှစ် ခရစ်နစ် 2.1.2022
ယ​နေ့''ကရင်နှစ်သစ်ကူး '' နေ့တွင်

ကရင်တိုင်းရင်းသားများအားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အခက်အခဲအကြပ်အတည်းများ နှင့် ကပ်ရောဂါဘေးများ
အာလုံးမှကင်းဝေးလွတ်မြောက်ကြပြီး
ကျန်းမာ ပျော်ရွှင်သော2022 ခုနှစ် ဖြစ်ပါစေလို့
BKK HairTonic Myanmar မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ် 🙏🙏🙏

#ကရင်နှစ်သစ်ကူးနေ့
😍😍
2-01-2022

မင်္ဂလာရှိသောနှစ်သစ် ရဲ့ပထမရက်မှစ၍ တနှစ်ပတ်လုံး           ကျန်းမာပျော်ရွှင်ခြင်း           ကံကောင်းခြင်းတွေရောက်ရှိပြီး ...
01/01/2022

မင်္ဂလာရှိသောနှစ်သစ် ရဲ့ပထမရက်မှစ၍ တနှစ်ပတ်လုံး
ကျန်းမာပျော်ရွှင်ခြင်း
ကံကောင်းခြင်းတွေရောက်ရှိပြီး
လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့
BKK HairTonic Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🙏🙏

ဆံပင် သန်စွမ်းစေမယ့် အစားအစာလေးတွေ 💁🏻‍♀️Credit.
23/12/2021

ဆံပင် သန်စွမ်းစေမယ့် အစားအစာလေးတွေ 💁🏻‍♀️

Credit.

Address

Yangon

Telephone

+959765175181

Website

Alerts

Be the first to know and let us send you an email when Beauty Lady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share