KAW Online Shopping & Delivery

KAW Online Shopping & Delivery KAW သည် စာပေမြတ်နိုးသူ၊သမိုင်းလေ့လာခ?

စာအုပ်အမည် - နိုင်ငံမဲ့သူများစာရေးသူ - စောကျော်လင်းစာအုပ်စျေးနှုန်း - ၃၀၀၀ကျပ် +ပို့ခပထမကမ္ဘာစစ်အတွင်း၌ သေဆုံးသူ (၉၀) ရာ...
16/02/2022

စာအုပ်အမည် - နိုင်ငံမဲ့သူများ
စာရေးသူ - စောကျော်လင်း
စာအုပ်စျေးနှုန်း - ၃၀၀၀ကျပ် +ပို့ခ

ပထမကမ္ဘာစစ်အတွင်း၌ သေဆုံးသူ (၉၀) ရာခိုင်နှုန်းကျော်သည် တိုက်ပွဲဝင်သူများဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌မူ သေဆုံးသွားသူထက်ဝက်ကျော်မှာ အရပ်သားများဖြစ်ကြပြီး ယနေ့ခေတ်တွင် စစ်ပွဲနှင့်ဆက်စပ်ပြီး သေ ဆုံးရသူ (၉၀) ရာခိုင်နှုန်းကျော်မှာ အရပ်သားများဖြစ်သည်။
နှစ်ပေါင်း (၇၀) ကျော် ကြာနေပြီးဖြစ်သော ဗမာပြည်ဟု သတ်မှတ်ထားသောပြည်သည့်ပြည်တွင်းစစ်ကာလတလျှောက်လုံးတွင် လူပေါင်းမည်မျှ အသတ်ခံခဲ့ရပြီးလဲ?
လူပေါင်းမည်မျှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပြီးလဲ? ဗမာပြည်သည် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူဦးရေ အများဆုံးရှိသည့် နေရာတခုဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆုံးရှုံးရသူများအတွက်မှာ ယနေ့ခေတ်ကာလတွင်မှ ဖြစ်ပေါ်လာသည့်အရာများမဟုတ်။ အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအဓမ္မမှုများ၊ အပစ်မဲ့ သတ် ဖြတ်ခံရမှုများသည်လည်း ဤ ၂၁ ရာစုတွင်မှ ဖြစ်တည်လာသည့်အရာများလည်း မဟုတ်ပေ။ မိမိနှင့်အုပ်စုမတူ သည့် အခြားသူများအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖန်တီးလုပ်ဆောင်ထားသည့် အရာများဖြစ်သည်။

တကယ်တော့ သူတို့တွင် မြေရှိသည်။ သူတို့၏ ဘိုးဘွားမိဘများက လက်ဆင့်ကမ်းပေးထားသော ဥယာဉ်ခြံများ၊ တောင်ယာမြေများ၊ လယ်ယာမြေများ ရှိသည်။ သူတို့မျိုးရိုးစဉ်ဆက်အားလုံး ထိုမြေပေါ်၌သာ မွေးဖွားကြီးလာကြ သည်။ ထိုမြေသည် သူတို့နှင့်ဆိုင်သော သူတို့၏ကိုယ်ပိုင်မြေများ ဖြစ်သည်။

သို့သော်လည်း . . .
ပြေးစရာလဲ မြေမရှိတော့၊ မရေရာသောအနာဂတ်၊ နိုင်ငံသားမဲ့အမွေ၊ လွတ်လပ်မှုကိုတမ်းတရင်း . . .
မတရားမှုများက သူတို့ဆီသို့ တည့်တည့်ကြီးရောက်ရှိလာပြီး သူတို့နေထိုင်ရာမြေပေါ်၌ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့ဂုဏ်သိက္ခာများလည်း ဆိတ်သုဉ်းသွားလေတော့သည်။ နောက်ဆုံး၌ သူတို့နေရာသည် မတရား မှု၊ အကြမ်းဖက်မှု၊ အမုန်းတရား၊ အငြိုးအာဃာတများ၊ မီးလောင်ပြင်များ၊ လက်ပျက်ယာပျက် တောင်ယာပျက် များ၊ ရွာပျက်ရွာဟောင်းများ၊ ဒုက္ခိတများ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ၊ မုဆိုးဖိုများ၊ ငိုကြွေးသံများသာ လှိုင် လှိုင်ပေါ်ထွက်သည့်ဒေသတခု ဖြစ်လာရသည်။ သူတို့ ဖန်တီးထားခြင်းမဟုတ်သော ထိုမတရားမှု၊ အကြမ်းဖက်မှု၊ အငြိုးအာဃာတများ၏ အသီးအပွင့်များကို ယနေ့အချိန်တိုင် သူတို့ခါးစည်းခံနေရခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာမဟာမင်းကြီးရုံး (United Nation High Commissioner for Refugees -UNHCR) က နိုင်ငံမဲ့ဖြစ်ခြင်းများကို အဆုံးသတ်ရန်တိုက်တွန်းထားသလို ၂၀၂၄ ခုနှစ်၌ နိုင်ငံမဲ့ဖြစ်ခြင်းများကို အ ဆုံးသတ်ရန် သတ်မှတ်ထားသည်။

ဤစာအုပ်သည် လိုအပ်ချက်များအပေါ်တွင်
ကိုးကားချက်များပါရှိပြီး သမိုင်းနောက်ခံအချို့ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ထို့အပြင် ရသစာအုပ်လည်းမဟုတ်သော မြေပြင်ရှိ လူထုများ၏ ပကတိအခြေအနေကို မေးမြန်းထားခြင်းဖြစ်ပြီး ထိုသူတို့ကပြောထားသည့် သူတို့၏ ဘဝဖြတ်သန်းမှုများကို ထည့်သွင်းဖော် ထားခြင်းဖြစ်သည်။ အတိတ်တွေ ဖြစ်ပေါ်ခဲ့ပြီးသောအရာများကို ယနေ့မျက်မှောက်ခေတ်ရှိ ဖိနှိပ်ခံတို့၏
ကြုံနေရသည့်အရာများနှင့် ယှဥ်တွဲဖော်ပြထားသည်။

အိမ်အရောက်မှာယူသူများ
**********************
အမည်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် ပို့ပေးရမည် ဖော်ပြခြင်းဖြင့်ယူနိုင်ပါသည်။
ရန်ကုန်မြို့တွင်း သောကြာနေ့ တစ်ရက်သာ KAW မှ စာအုပ်များ ပို့ပေးပါသည်။ လုံခြုံရေးအရ comment တွင် မှာယူခြင်းမပြုပါ။ Messger Box တွင်သာမှာယူပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Kaw Online Shopping and Delivery
**********************************
ဖုန်းနံပါတ် -
၀၉ ၈၉၉၀၅၃၅၀၃၊
၀၉ ၇၄၀၉၃၉၁၈၂
Email [email protected]



#နိုင်ငံမဲ့သူများ
#စောကျော်လင်း

(၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုပါသည်။  crd.pto
11/02/2022

(၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုပါသည်။


crd.pto

28/01/2022
27/12/2021
27/10/2021

စာအုပ် down ရမယ့်
Karen ID Group ဖြစ်တယ်။
ထောင်ပြီးသွားပြီ။

လောလောဆယ် ဖိုင်အကုန်တင်နေတာ
ဖြစ်လို့ ခဏ-ယာယီပိတ်ထားပါတယ်။

အာလုံး အကုန်တင်ပြီးရင် ပွင့်ပါလိမ့်မယ်။

မှတ်ချက်
Group တွင်
*တင်ထားသော pdf ဖိုင်များအား
မ down ပါက account ကို block ပါမယ်.

ကျေးဇူးပါ.
KAREN ID

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959899053503

Website

Alerts

Be the first to know and let us send you an email when KAW Online Shopping & Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KAW Online Shopping & Delivery:

Share