Moe BKK supplier

Moe BKK supplier Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe BKK supplier, Shopping & retail, Northokkalapa, Yangon.

  ကနေ မင်မင်တို့ပစ္စည်းလေးတွေလည်းပြန်ဝယ်ပေးနေပါပြီနော်။ အဝယ်တော်ခပေးစရာမလိုပါ 0%ပါနော်။ဒါအပြင် coupon တွေ pointတွေပါသုံး...
28/04/2026

ကနေ မင်မင်တို့ပစ္စည်းလေးတွေလည်းပြန်ဝယ်ပေးနေပါပြီနော်။ အဝယ်တော်ခပေးစရာမလိုပါ 0%ပါနော်။ဒါအပြင် coupon တွေ pointတွေပါသုံးပြီး gift cardနဲ့ဝယ်ပေးနေတာမလို့ ဈေးသက်သာပါမယ်နော်🥰♥️
ငွေသီးသန့်ချေချင်တဲ့customerတွေအတွက်လည်း ငွေချေserviceသီးသန့်ရပါမယ်နော် gift cardနဲ့ချေပေးတာမလို့ဈေးသက်သာပါမယ်♥️
Giftcard သီးသန့်ဝယ်ချင်လည်းရပါမယ်နော်
♥️♥️♥️♥️

Customer များအနေဖြင့် ပစ္စည်းများမမှာခင်အောက်ပါအချက်အလက်များကိုသဘောတူလက်ခံမှသာလျှင် ပစ္စည်းများမှာယူပေးကြဖို့ ကြိုတင်မေတ...
26/04/2026

Customer များအနေဖြင့် ပစ္စည်းများမမှာခင်အောက်ပါအချက်အလက်များကိုသဘောတူလက်ခံမှသာလျှင် ပစ္စည်းများမှာယူပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ 🙏🙏
အောက်ပါအချက်အလက်များကိုသိရှိပြီးမှ orderမှာတဲ့customerတိုင်းကိုလည်း အချက်အလက်အားလုံးကိုသဘောတူလက်ခံကြောင်းမှတ်ယူသွားပါမယ်ခင်ဗျာ🙏🙏
2021ကစ၍ ခုချိန် 2026အထိ5နှစ်တိုင်တိုင်supplierလောကမှာရပ်တည်နိုင်အောင် အားပေးခဲ့ကြတဲ့customerတိုင်းကိုလဲအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏♥️♥️🥰🥰

🇨🇳China ရော 🇹🇭bkkရောအဝယ်တော်ပြန်ရပါပြီနော်♥️♥️🇨🇳Chinaက ရန်ကုန်အရောက်ကို  supplier fee 5% 1kg 280 THBပါ။electronicဆိုရင် ...
26/04/2026

🇨🇳China ရော 🇹🇭bkkရောအဝယ်တော်ပြန်ရပါပြီနော်♥️♥️
🇨🇳Chinaက ရန်ကုန်အရောက်ကို supplier fee 5% 1kg 280 THBပါ။electronicဆိုရင် 1kg 330 THB။ကုန်ကျစ်ကုန်ပွ တွက်နည်းကတော့အရင်အတိုင်း အလျား အနံ အမြင့်မြှောက်ပြီးရလာတာကိူ6000နဲ့စားပိး ကုန်ကျစ်ကုန်ပွခွဲတာပါခင်ဗျ။ waiting time ကတော့ရန်ကုန်ကို 4-5 weeksပါနော်။ထိုင်းဘက်ကပတ်သယ်တာပါဗျ
🇹🇭ထိုင်းပစ္စည်းကတော့ 1kg 210 THB electronic ဆို 1kg 255 THBပါ။waiting time 3 weeksလောက်ပါ။ထူးခြားခြေနေလေးတွေရှိရင်တော့ သတ်မှတ်ကြာချိန်ထက်ပိုနိုင်ပါတယ်ခင်ဗျာ။

ပိတ်မိပစ္စည်းလေးတွေလဲဖြည်းဖြည်းစီနဲ့တော့ဝင်နေပါပြီနော် ဒီနေ့လဲဝင်ထားတာရှိပါတယ်။စစ်ပြီးအကြောင်းကြားပေးသွားပါမယ်နော် 🙏🙏မင်...
25/04/2026

ပိတ်မိပစ္စည်းလေးတွေလဲဖြည်းဖြည်းစီနဲ့တော့ဝင်နေပါပြီနော် ဒီနေ့လဲဝင်ထားတာရှိပါတယ်။စစ်ပြီးအကြောင်းကြားပေးသွားပါမယ်နော် 🙏🙏
မင်မင်တို့orderအသစ်တွေတော့ပြန်လက်ခံနေပါပြီနော် ပြန်ဝယ်ပေးနေပါပြီ

ပစ္စည်းလေးတွေ မကြာခင်ပြန်မှာပေးပါတော့မယ်နော်🥰။အရင်ပိတ်မိတာလေးတွေလဲတော်တော်များများတော့ထုတ်လို့ရပြီးပြီမလို့ အသစ်ပြန်စတော...
23/04/2026

ပစ္စည်းလေးတွေ မကြာခင်ပြန်မှာပေးပါတော့မယ်နော်🥰။အရင်ပိတ်မိတာလေးတွေလဲတော်တော်များများတော့ထုတ်လို့ရပြီးပြီမလို့ အသစ်ပြန်စတော့မှာပါ။မရ သေးဘဲကျန်နေတာတွေလဲ ထုတ်ဖို့ကြိုးစားနေပါတယ်နော်🙏
ခုအသစ်ထပ်မှာမယ့်ပစ္စည်းလေးတွေကိုတော့
🇹🇭ထိုင်းwebsiteပစ္စည်းဆိုရင် ရိုးရိုးပစ္စည်း ✅1kg 180 THBနဲ့ electronic ဆို✅ 1kg 225 THB ကုန်းကြောင်းနဲ့မှာလို့ရပါပြီ ⏭️ ကြာချိန်က 2-3 ပတ်လောက်ပါ(တခါတလေထူးခြားခြေနေရှိရင်တော့ ပုံမှန်ထက်ကြာနိုင်ပါတယ်နော်)။
🇨🇳တရုတ်websiteဘက်ကမှာမယ့်ဟာတွေကတော့ မင်မင်တို့လမ်းကြောင်း၂ခုစဉ်းစားနေပါတယ်နော်။ပထမလမ်းက 🚚တရုတ်ကနေ ထိူင်း ထိုင်းကနေမှ မြန်မာသယ်တာပါ။cargoခကဈေးနည်းနည်းများပါမယ်။ ရိုးရိုးပစ္စည်းဆို✅1kgကို 250 THBပါ electronic ဆို✅ 300 THBလောက်ထိသွားနိုင်ပါတယ်နော်။⏭️ကြာချိန်က တရုတ်ကနေ မြန်မာအထိကို 4ပတ်5ပတ်ဝန်းကျင်လောက်ပါ။ နောက်တစ်လမ်းကတော့ 🚛ရွှေလီ မူဆယ်ကနေသယ်တာပါ သူကတော့နည်းနည်းပိုသက်သာပါမယ်ခင်ဗျ ✅1kgကို 27000 28000လောက်ကျနိုင်ပါမယ် ဒါပေမယ့်အဲ့ဒိဘက်လမ်းကြောင်းခြေနေကမသေချာသေးလို့ ခဏစောင့်ကြည့်နေပါသေးတယ်နော်
လားရှိုး ရန်ကုန်သယ်ရတာက အဆင်မပြေဖြစ်တတ်လို့ပါ 🙏🙏
လမ်းကြောင်းခြေနေတွေကခုထိတော့ အရင်လိုလွယ်လွယ်ကူကူခြေနေတော့ပြန်မဖြစ်သေးပါဘူး။ဒါကြောင့်လမ်းကြောင်းကြာချိန်နဲ့ ဈေးနှုန်းတွေကလဲ အပြောင်းအလဲရှိနိုင်ပါသေးတယ်ခင်ဗျာ 🙏🙏

https://www.facebook.com/share/16zVfa9t4X/
19/08/2025

https://www.facebook.com/share/16zVfa9t4X/

တော်လှန်ရေးတပ်များအား ပိတ်ဆို့ရန် ထိုင်း−မြန်မာနယ်စပ်တံတားကို စစ်တပ် ပိတ်
-------------------------------
မြဝတီမြို့နယ်အတွင်း ကုန်သွယ်ရေးလမ်းမကြီးကို နယ်မြေစိုးမိုးရန် မြေပြင်စစ်ကြောင်းထိုးလာသလို လောင်စာဆီအပြင် ထိုင်းဘက်က ကုန်စည်ဝင်ရောက်ခွင့်ပါ ဖြတ်တောက်လိုက်သည်။

စစ်တပ်သည် ထိုကဲ့သို့သော ပိတ်ဆို့မှုမျိုးလုပ်ဆောင်လေ့ရှိပြီး မကြာသေးခင်ကလည်း စစ်ကိုင်းတိုင်းအတွင်း ၁၅ မြို့နယ်တွင် စစ်ရေးလှုပ်ရှားကာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခုလဆန်း ကုန်စည်တင်ပို့ခွင့် ကန့်သတ်ရာမှာ အခြေခံကုန်စည်အများအပြား ပိတ်ပင်ခဲ့သည်။

စစ်တပ်သည် ဒေသများအတွင်း ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား မရောက်ရှိစေရန် စနစ်တကျ စီစဉ်ဟန့်တားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်သည်ကို ဖြတ်လေးဖြတ်မူဝါဒဟု ထင်ရှားသည်။

ပုံစာ-ထိုင်း- မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး အကောက်ခွန်ဂိတ်တွင် ကုန်တင်ကားတစ်စီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ရပုံ။ (ဓာတ်ပုံ-မြတ်ကြီး/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/66606/

https://www.facebook.com/share/p/18qh892M7F/
18/08/2025

https://www.facebook.com/share/p/18qh892M7F/

မြဝတီ-မဲဆောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)အား မြန်မာဘက်အခြမ်းမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၌ မြန်မာဘက်ခြမ်းမှ (ယာယီ)ပိတ်ထားကြောင်းသိရပါတယ်။

Ref: မြတ်ကို_ဒေါ‌နမြေ

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

https://www.facebook.com/share/1SA48SwxC6/
14/08/2025

https://www.facebook.com/share/1SA48SwxC6/

လက်နက်ကိုင်တပ်များက တရားမဝင်ကုန်သွယ်မှုများမှ ဆက်ကြေးကောက် အင်အား ပိုမို တည်ဆောက်လာ၍ တရားမဝင်ကုန်စည်များ ဖမ်းရန် မင်းအောင်လှိုင် ထပ်မံအမိန့်ပေးပြန်

🟥ဆေးဝါးနှင့်ဆေးပစ္စည်းများကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုပြီး စစ်တပ်က ဒေါ်လာ ရောင်းမပေးဘဲ ကိုယ့်ငွေကိုယ်ရှာ တင်သွင်းခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များက တရားမဝင်ကုန်သွယ်မှုများမှ ဆက်ကြေးကောက်၍ အင်အား ပိုမို တည်ဆောက်လာမည်ဖြစ်သောကြောင့် တရားမဝင်ကုန်စည်များ ဖမ်းဆီးရန် မင်းအောင်လှိုင် ထပ်မံအမိန့်ပေးသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် အစည်းအဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း အမိန့် ပေးလာခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးကောက်ခံ၍ အင်အားပိုမိုတည်ဆောက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်များကို ထိထိရောက်ရောက် တားဆီးဖော်ထုတ် ဖမ်းဆီးရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

"တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျ လာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများ အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့်ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း" မင်းအောင်လှိုင်က ဆိုသည်။

ထို့ပင် တရားမဝင် ကုန်စည်များ မှောင်ခိုလမ်းကြောင်းမှ ခိုးသွင်းနေခြင်းကြောင့် တိုင်းပြည် စီးပွားပျက်နေကြောင်း၊ နိုင်ငံရှိ အဖိုးတန်သယံဇာတများကိုလည်း မှောင်ခိုလမ်းကြောင်းခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို မှောင်ခို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မင်းအောင်လှိုင်က ဆိုသည်။

လတ်တလော အကြမ်းဖက် စစ်ကော်မရှင်က ဘားအံမြို့နယ်တွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တက်လာသော ကုန်စည်များ အပြည့်တင်ဆောင်လာသော ကုန်တင်ကားများ အစီးရေ ရာပေါင်းများစွာကို ဘားအံမြို့နယ်တွင် ကြားဖြတ် တားဆီး၍ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း စစ်တပ်က မြန်မာပြည်သူများအတွက် နေ့စဉ် စားဝတ်နေရေးအတွက် အဓိကျသည့် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် တင်းကျပ်ခြင်းများ လုပ်ဆောင်နေပြီး အထူးသဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသော ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခွင့်ကို ပင်လယ်ရေကြောင်း တစ်မျိုးတည်းသာ ခွင့်ပြုတော့ကြောင်း သိရှိရသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းများကို တင်သွင်းလိုပါက ပင်လယ်ရေကြောင်းမှ တင်သွင်းရန် သွင်းကုန် လိုင်စင် လျှောက်ထားရမည့်အပြင် တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာကိုလည်း စစ်တပ်၏ ဗဟိုဘဏ်က ရောင်းချပေးခြင်းမရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းလိုပါက မိမိကိုယ်ပိုင် နည်းလမ်းဖြင့် ဒေါ်လာရှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

"ဆေးနဲ့ ဆေးပစ္စည်းတွေကို တင်သွင်းရာမှာ သွင်းကုန်လိုင်စင်လျှောက်ရတဲ့အပြင် ဒေါ်လာကို ကိုယ့်ဟာကိုယ် ရှာရတယ်။ ဗဟိုဘဏ်က ရောင်းမပေးဘူး။ နယ်စပ်ကလည်း ဆေးတင်သွင်းခွင့်ပိတ်တော့ ပြည်တွင်းမှာ ဆေး​တွေ လုံး၀ ပြတ်လပ်နေတယ်။ လုပ်ငန်းရှင်တွေကလည်း ဗဟိုဘဏ်ကမှ ရောင်းမပေးရင် အပြင်မှာ ဒေါ်လာရှာဖို့က ခက်ပါတယ်။ အဲဒါကြောင့် ဆေးဝါးတွေ မသွင်းနိုင်ကြဘူး။ ရှိတဲ့ ဆေးတွေလည်း စျေးတွေက အသားကုန် ထိုးတက်နေတယ်" ဟု UMFCCI လက်အောက်ခံ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သတင်းရင်းမြစ်က ပြောဆိုသည်။

https://www.facebook.com/100064880160350/posts/1219240786915249/?mibextid=Nif5oz
13/08/2025

https://www.facebook.com/100064880160350/posts/1219240786915249/?mibextid=Nif5oz

ပြည်တွင်းမှာ ထိုင်းကုန်စည်တွေ ဝယ်ယူသုံးစွဲရမှု အခြေအနေဘယ်လိုကြုံနေရလဲ

ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ပစ္စည်းပြတ်လပ်လာသလို စျေးနှုန်းအဆမတန်မြင့်တက်မှုတွေဖြစ်လာတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံ တချို့က ဘီဘီစီကို ပြောလာပါတယ်။

ကုန်ပစ္စည်းဝင်ရောက်မှုနည်းတာကြောင့် စျေးကွက်မှာ အဆမတန်စျေးမြင့်တက်တဲ့ အခြေအနေဖြစ်လာတာလို့ လက်ကားနဲ့ လက်လီရောင်းချတဲ့ ဆိုင်တချို့ကို မေးမြန်းချက်အရ သိရပါတယ်။

အထူးသဖြင့် ထိုင်းထုတ်ကုန် ဆပ်ပြာမှုန့် ၊ စားသုံးဆီ၊‌ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသုံးကုန်ပစ္စည်းတွေ က ၂၀၂၁ ခုနှစ် မတိုင်ခင်ကာလစျေးနဲ့ နှိုင်းယှဥ်ရင် ၃ ဆ ကနေ ၄ ဆ ခန့်အထိ စျေးမြင့်တက်နေတာလို့ဆိုပါတယ်။

''ကြာပန်း ဆပ်ပြာမှုန့်က ၇၀ ဂရမ် က ၅,၀၀၀ ပေးရတယ်။ ပုစွန် ၂ ကောင် ၅ လီတာ ဘူးက ၄ သောင်း ၈ ထောင် ဖြစ်လာတယ်။ ခေါင်းလျှော်ရည်နဲ့ အလှကုန်တွေလည်းစျေးတက်တယ်။ သွားတိုက်ဆေး Colgate တစ်ဘူးကို ၁၆၀ ဂရမ် ကို ကျပ် ၇,၀၀၀ ကျော် ဖြစ်လာတယ်'' လို့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က အိမ်ရှင်မ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သွင်းကုန်တွေ အတွက် ဒေါ်လာသုံးစွဲရမှုကို လျှော့ချထားတယ်ဆိုပြီး ပြည်ပကနေ ပြည်တွင်းကို ကုန်ပစ္စည်းတွေ တင်သွင်းသွင်းခွင့်ကို စစ်ကော်မရှင်က ကန့်သတ်မှုတွေ လုပ်ထားပါတယ်။

ဒါတင်မက နယ်စပ်လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်သွင်းမှုတွေကို စိစစ်နေပြီး တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုကို အထူးတင်းကျပ်ဖမ်းဆီးနေတာကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေဖြစ်ပြီး စျေးမြင့်တက်နေတာလို့ ကုန်သည်တချို့ကပြောပါတယ်။

ဘီဘီစီပရိသတ်တွေအနေနဲ့ ကိုယ်တွေ့ ကြုံနေရတဲ့ နိုင်ငံတွင်းမှာ ထိုင်းကုန်စည်တွေကို ဝယ်ယူသုံးစွဲရမှု အခြေအနေနဲ့ အခက်အခဲတွေကို မှတ်ချက်ပေးမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ ဩဂုတ် ၁၃ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/c7419wdx1wnt ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ထိုင်းကုန်စည် #စျေးနှုန်းမြင့်တက်

Address

Northokkalapa
Yangon
11181

Telephone

+959762180921

Website

Alerts

Be the first to know and let us send you an email when Moe BKK supplier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe BKK supplier:

Share