31/01/2021
Skincareလုပ်ရတဲ့အကြောင်းနဲ့ပတ်သတ်ပြီးမျှဝေပေးချင်ပါတယ်..
လှချင်တယ်ဆိုရင်တော့ စာဖတ်မပျင်းနဲ့နော် ☺💆💆💆
တချို့တွေမေးကြတယ် မိတ်ကပ်လိမ်းရင် ပြောင်ပြောင်လေးနဲ့ ပါးပါးကြည်ကြည်လေးဖြစ်ချင်လို့ ဘာမိတ်ကပ်လိမ်းရမလဲလို့ မေးကြတယ်ပေါ့နော်.
အသားအရေမကောင်းရင် ဘယ်မိတ်ကပ်ပဲ လိမ်းလိမ်း မလှနေနိုင်ပါဘူးနော်.
ဒါကြောင့် မိတ်ကပ်လိမ်းဖို့အရင် မစဉ်းစားပဲ skin careလေး လုပ်ဖို့အကြံပေးပါရစေရှင့်😊
ပထမဆုံး skin careလုပ်တော့မယ်ဆို သိထားရမယ့်အချက်က ကိုယ့်ရဲ့ skin typeလေးကို သိဖို့လိုအပ်ပါတယ်.
ဘာလို့လဲဆိုတော့ ပစ္စည်းတွေက တမျိုးနဲ့ တမျိုး အာနိသင်မတူကြပါဘူး.
ဒါကြောင့် ကိုယ့်အသားအရေက ဘာလိုအပ်နေလဲဆိုတာသိဖို့ လိုအပ်ပါတယ်
Skin type ၅မျိုးရှိပါတယ်
1. oily skinဒီအသားအရေပိုင်ရှင်ကတော့
မျက်နှာတစ်ပြင်လုံးအဆီပြန်တတ်ပါတယ် အဆီပြန်ခြင်းကြောင့် ချွေးပေါက်လည်းကျယ်လာသလို အဆီဖုလေးတွေလည်းထွက်တတ်ပါတယ်.
2. combination skin ကတော့ နဖူး နှာခေါင်း မေးစေ့
T zone တစ်လျှောက်မှာ အဆီပြန်နေတတ်ပြီး ကျန်နေရာတွေမှာ ခြောက်နေတတ်ပါတယ် ဒီလိုအသားအရေရှိတဲ့သူက အဆီပြန်တာနဲ့ အသားခြောက်တာကိုသူ့နေရာနဲ့သူကိုက်ညီတဲ့ cosmetics ကိုရွေးချယ်ရပါမယ်.
3. dry skin ဖြစ်တဲ့အသားအရေကတော့ မျက်နှာမှာရေဓာတ်မလုံလောက်လို့ ခြောက်ခြောက်ကြမ်းကြမ်းကြီးဖြစ်တဲ့သူတွေပါပါတယ်နော်
အသားပတ်သလိုအဖတ်အဖတ်တွေလည်းဖြစ်နေတတ်ပါတယ်.
4. normal skin ဒီ skin ပိုင်ရှင်တွေကတော့ ကံအကောင်းဆုံးသူတွေပါ skin problem တွေလည်းအဖြစ်နည်းပြီး အသားလည်းမခြောက် အဆီလည်းမပြန် skinမှာ လိုတာတွေမျှမျှတတရှိတဲ့သူတွေပါ ရှားတော့ရှားတယ်နော့် 😁
5. sensitive skin ကတော့အရမ်းကိုထိခိုက်လွယ်တဲ့အသားအရေပါ အသားအရေပါးတာကြောင့်လည်းပါတယ် မတည့်တာတခုခုလိမ်းမိလိုက်ရင် နီရဲလာတတ်တယ် skin care products ကိုသေချာရွေးချယ်ဖို့လိုအပ်ပါတယ်.
👉ကဲ.....ခုဆိုရင် ကိုယ်က ဘယ်skin type ထဲမှာ ပါလဲဆိုတာ သိအောင်လုပ်ထားပါနော်.
ဒါမှ cosmetics ပစ္စည်းလေးတွေကိုဝယ်ယူတဲ့အခါမှာ မှန်ကန်ပြီး healthy skinလေးကိုရစေမှာပါနော်.
Skin careအကြောင်းလေးကိုလေ့လာပြီးသိသလောက် sharing လုပ်ပေးတာပါ ကိုယ်ချစ်တဲ့သူတွေကိုလည်း လှစေချင်ရင် ပြန်ပြီး shareပေးနော်🖤 😘😘