31/12/2020
စာဖတ်ချစ်သူတွေကို Bookshelf Yangonနဲ့မိတ်ဆက်ပေးချင်ပါတယ်!😇
ကျွန်မတို့ “Bookshelf Yangon”ဟာဆိုရင် အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရှုရတာနှစ်သက်တဲ့ စာကြမ်းပိုးလေးတွေကို ရည်ရွယ်ပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာပြည်မှာ ကိုယ်ဖတ်ချင်တဲ့အင်္ဂလိပ်စာအုပ်တိုင်းကို ဝယ်ချင်ရင်တောင် လွယ်လွယ်ကူကူဝယ်လို့မရကြပါဘူး။ ဒါပေမယ့် အခုတော့ Bookshelf Yangonနဲ့ ကိုယ့်စိတ်ကြိုက်အင်္ဂလိပ်စာအုပ်တွေကို လွယ်လွယ်ကူကူဝယ်ယူနိုင်ပြီနော်! Stephen Kingစာအုပ်တွေလား? JK Rowlingရဲ့စာအုပ်တွေလား? Simon Sinekရဲ့စာအုပ်တွေလား?ကြိုက်တဲ့စာအုပ်သာပြော Bookshelf Yangonကအတတ်နိုင်ဆုံးရှာပြီး ဝယ်ပေးမယ်နော်!
📚Bookshelf Yangonမှာ Authentic အင်္ဂလိပ်စာအုပ်များကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ရှင့်! (မိတ္တူကူးထားသော စာအုပ်များအား လုံးဝမရောင်းချပါ။)
📚ကျွန်မတို့ "Bookshelf Yangon" pageမှာမတင်ထားတဲ့ စာအုပ်တွေကိုလဲ စာအုပ်ပုံပြပြီး pre-orderတင် မှာယူနိုင်ပါတယ်ရှင့်။
📚door-to-door delivery serviceရှိတာမို့လို့ အိမ်မှာနေပြီး အေးအေးဆေးဆေး စာအုပ်တွေကို မှာယူနိုင်ပါတယ်။ (Delivery fee ကိုတော့မြို့နယ်အလိုက် ၁၅၀၀၊၂၀၀၀၊၂၅၀၀ ဆိုပြီးသတ်မှတ်ထားပါတယ်ရှင့်။ စမ်းချောင်းဆိုရင်တော့ deli freeပါ။ မန္တလေးကိုလဲပို့ပေးပါတယ်ရှင့်။ deli ကတော့ ၃၀၀၀ပါ။ နောက်ကျရင် တစ်ခြားမြု့တွေကိုပို့ပေးဖို့လဲစီစဉ်ထားတာမို့လို့ stay tunedပါနော်!)
📚၆၀,၀၀၀ကျပ်အောက် orderများအားလုံး Cash on deliveryပါ။ ၆၀,၀၀၀ကျပ်နှင့်အထက်မှာယူမယ်ဆိုရင်တော့ half depositတင်ရမှာဖြစ်ပါတယ်။
————————————————————————
အောက်ကစာအုပ်လေးတွေကတော့ ဒီအပတ် “Bookshelf Yangon”မှာ instockရှိတဲ့ စာအုပ်လေးတွေပါ။ (👉ပုံအောက်တွင် စာအုပ်နာမည်နှင့် ဈေးနူန်းများကို ဖတ်ရှုနိုင်ပါတယ်)
အပတ်စဉ်အပတ်တိုင်း ဒီလိုမျိုးစာအုပ်အသစ်လေးတွေကိုတင်ပေးသွားမှာမလို့ အားပေးကြပါဦးနော်!🥰