12/12/2021
PRF Member အဖြစ်ပါဝင်လိုသူများအနေဖြင့် -
ကမ္ဘာအနှံ့အပြားမှာရှိတဲ့ OFP Official Fundraiser တွေကနေတဆင့် လျှောက်ထားသူ၏ အမည် (Name or Nickname) နှင့် Email address များ ပေးပို့လှူဒါန်းရမှာပါ။ PRF Member ဖြစ်ပြီဆိုတာနဲ့ အသိအမှတ်ပြုမှတ်ပုံတင်ကတ်လေးကို Email မှတဆင့် ထောက်ပံ့ငွေထည့်ဝင်တဲ့လတိုင်းအတွက် ပေးပို့နေမှာဖြစ်ပါတယ်။ Official Fundraiser များစာရင်းကို ဖော်ပြပါ website link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://ofp.crphmyanmar.org
လစဥ် OFP မှအတည်ပြုထားတဲ့ နိုင်ငံအလိုက်ငွေလဲနှုန်းထားများကို ဖော်ပြလိုက်ပါတယ်။ အလှူရှင် ပြည်သူ့တော်လှန်ရေး မိသားစုဝင်များ အနေနဲ့ ထိုငွေလဲနှုန်းထားများ အတိုင်း လှူဒါန်းလိုသည့်ငွေပမာဏကို မိမိတို့ရွေးချယ်ထားတဲ့ Fundraiser ထံသို့ လစဥ် ၁၅ ရက်နေ့နောက်ဆုံးထားပြီး ငွေလွှဲရပါမယ်။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
#အရေးတော်ပုံအောင်ရမည်