16/09/2023
” စာနာမှု ”
စာနာမှုလို့ခေါင်းစဥ်တတ်လိုက်တယ်ဆိုရင်ပဲ
မိဘနှင့်သားသမီးကြား ၊
လင်နှင့်မယားကြား၊ ယောက္ခမ နှင့်ချွေးမကြား ၊
လူသားတစ်ဦးနှင့်တစ်ဦးကြား
စာနာမှုလေးထားတတ်ဖို့လိုအပ်ပါတယ်။
မိဘကလဲသားသမီးကိုနားလည်ပေးမှုရှိရသလို ၊
လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကလဲ အချင်းချင်းစာနာနားလည်ပေးမှုရှိသင့်တယ်လို့ထင်ပါတယ်..,,,…
အက်ထိထဲကမှ ယောက္ခမနှင့်ချွေးမကြားစာနာမှုလေးကိုပြောချင်ပါတယ်။
လူရယ်လို့ဖြစ်လာပီဆိုရင် ချစ်ခြင်းမေတ္တာကနေ
ရှောင်လွယ်လို့မရကြပပု၊
တစ်ဦးနှင့်တစ်ဦး ချစ်လာကြပီးဆိုရင်
ကိုချစ်တဲ့သူနဲ့ အတူနေချင်ကြတယ် ဘဝဆိုတဲ့ခရီးကိုအတူလျှောက်လှမ်းချင်ကြတာ သဘာဝပပဲ ။
အက်လိုတမိသားနဲ့တမိသား ပေါင်းဖက်ကြမယ်ဆိုရင်
နှစ်ဖက်မိဘဆိုတဲ့ အသိုင်းအဝန်းတေရှိလာမယ်၊
သူတို့နဲ့လဲ ဆက်ဆံလာကြရမယ်
အက်ထိလိုအတူနေကြ ဆက်ဆံလာကြတဲ့အခါမှာ ပြသနာတွေ ကြုံလာကြရတယ်…
ယောက္ခမ နဲ့ချွေးမကြား ဆက်ဆံရေးအဖုထစ်လေးတေရှိလာတတ်ကြတယ်
အက်တာကတော့ လူတိုင်းကြုံတတ်ကြတာပပဲ
ယောက္ခမဆိုတိုင်းလဲမဆိုးကြသလို ချွေးမလို့ပြောတိုင်းလဲ မဆိုးကြမရိုင်းကြပပု
အကုန်လုံးကိုတော့မပြောလိုပပု
တချို့ကကောင်းတဲ့လူရှိသလို ဆိုးတဲ့လူလဲရှိနိုင်ကြတာပပဲ…
အရင်ဆုံးယောက္ခမဆိုးနဲ့တွေ့တဲ့သူတေအတွက်လဲ တကယ်တော့ သူတို့ဘဝကသနားစရာပပဲ 😔
မိဘလက်ထဲမှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာရတဲ့သူတေမှအများကြီး
မင်းသမီးလေးတပါးလိုနေလာရတဲ့သူတေပါ ။
ဒါမက် မိန်းကလေးမှန်ရင် အိမ်မှုကိစ္စဖြစ်တဲ့ ချက်ပြုတ်တဲ့အလုပ်ကိုတော့ တတ်ထားရမာပဲမဟုလား ?
ဒါကလဲ တချိန်မာ မိဘတေမရှိတဲ့အခါ ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင်လို့ပါ
ယောက္ခမ အိမ်မှာ ကျွန်လို ထမင်းကျွေးအစေခံလုပ်ဖို့မဟုပဘူး.....
ချွေးမဆိုတာကလဲ သားနဲ့ပတ်သက်လာရင်သမီးတယောက်ပပဲ
ခိုင်းချင်တာခိုင်းဖို့ ကျွန်ဝယ်ထားတာမှမဟုပဲ
မိဘအိမ်မာ ရွှေလို ဥထားခံရပေမဲ့ ယောက္ခမအိမ်မာ မီးဖိုခန်းထဲကမထွက်ရ တနေကုန်လက်နဲ့အလုပ်မပြတ် စားချိန်တန်လေးစားp အစေခံလိုနေနေရတဲ့သူတေမှအများရီး ရိုက်သတ်လို့တောင်မကုန်ဘူး
ဒါမက် အက်လိုသူတေက." နုံ”လို့ "အ ”လို့ မဟုပုနော်
မိန်းမတျောက်ဆိုတာ အိမ်ထောင်ပြုတော့မယ်လို့စဥ်းစားရင် ငါအိမ်ထောင်ဘယ်တော့ကွဲရမရ်ဆိုပီး ဘယ်သူမှ အိမ်ထောင်မပြုကြပဘူး
အိမ်ထောင်ရည်ရှည်တည်မြဲဖို့ပဲ တွေးထားတဲ့လူချည်ပဘဲ
ဒါ့ကြောင့်လည်း ဖြစ်သမျှအကြောင်း အကောင်းဆိုပီး သည်းခံနေကြတာပါပဲ
အက်တာကိုအခွင့်ကောင်းယူပီးအနိုင်မလိုချင်ကြပနဲ့
စာနာမှုလေးထားစေချင်ပါတယ် တချို့ကပြောကြအူးမယ် အတူမနေရင်ရတာပဲဆိုပီး
မိဘက ကိုပိုင်အိမ်နက် တိုက်နဲ့ကားနဲ့ထားနိုင်တဲ့လူကတော့ ဒီလို မခံစားရတော့ ဘယ်နားလည်နိုင်မလဲ😟
ငွေကြေးချို့တဲ့သူတေက ဒီလို ဒုက္ခကိုကောင်းကောင်းသိမယ်နားလည်မယ်လို့ထင်ပါတယ်
နောက်ဆုံးပြောချင်တာက ငါ့သမီးလေးသာဆိုရင် ငါသာဆိုရင်ဆိုတဲ့ အသိလေး စာနာမှုလေးထားစေရှိစေချင်ပါတယ် ဝဋ်ဆိုတာ နောက်ဘဝမကူးပဘူး
ကိုယ့်အလှည့်ကြမှ ကိုယ့်လက်ပူမှ အပူလို့မထင်စေချင်ဘူး ငါသာဆိုရင်ဆိုတဲ့စိတ်ကလေးသာရှိမယ်ဆိုရင် ဒီလောကရီးမာ စိတ်ချမ်းသာစရာတေပြည့်နေမာအမှန်ပပဲ....................
မကြည့်ရင်ကျော်သွားကြပါ မဝေဘင်စေချင်ဘူး
မေတ္တာဖြင့်
#စု