A Linn Books

A Linn Books ဤလောကတွင်
အကောင်းဆုံး သတိရနေခြင်းသည်
မေ့လျှော့ထားခြင်းပင် ဖြစ်သည်။

ဇော်ဇော်အောင် 09942279059

08/08/2026

// မြို့မ နှစ် ၁၀၀ ပြည့် မဂ္ဂဇင်း //
ခန့်ချုပ်
စာ ၊ ၅၂၈

တန်ဖိုး ၊ ၅၀၀၀၀ ကျပ်

#မြို့မနှစ်၁၀၀ပြည့်မဂ္ဂဇင်း

31/07/2026

// ဆရာ
စိုင်းခမ်းလိတ်
တေးသီချင်းများ 🥰🥰

တန်ဖိုး ၊ ၅၅၀၀၀ ကျပ်

#စိုင်းခမ်းလိတ်

ဒီစာအုပ်ဟာ အနောက်တိုင်း စာပေရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်တာမို့ ဖြည်းဖြည်းချင်း ဖတ်ပြီး တစိမ့်စိမ့် တွေးရမဲ့ စာအုပ်ကေ...
25/07/2026

ဒီစာအုပ်ဟာ အနောက်တိုင်း စာပေရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်တာမို့ ဖြည်းဖြည်းချင်း ဖတ်ပြီး တစိမ့်စိမ့် တွေးရမဲ့ စာအုပ်ကောင်းမျိုးဖြစ်ပါတယ်။

အိုဒစ်စီးယပ်စ်ရဲ့ စွန့်စားခန်းတွေ၊ လူသားဆန်မှုတွေနဲ့ ကောင်းမှု၊ဆိုးမှု အားပြိုင်မှုတွေ၊ ထူးခြားဆန်းပြားတဲ့ မိစ္ဆာရန်စွယ်တွေအကြောင်းကို မူရင်းအတိုင်း ဘာသာပြန်ဆိုထားပြီး လိုအပ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ စာညွှန်းတွေကိုပါ ထည့်သွင်းပေးထားပါတယ်။

နတ်ဘုရားတွေအကြောင်းနဲ့ စွန့်စားခန်းတွေကို ပုံပြင်တွေ၊ ရုပ်ရှင်တွေနဲ့ ကာတွန်းတွေဖတ်ပြီး စိတ်ကူးယဥ်ခဲ့ရတဲ့ သက်ပိုင်ဆိုတဲ့ ဘာသာပြန်သူတစ်ယောက်အတွက် မှတ်တိုင်တစ်ခုဆိုလည်း မမှားပါဘူး။

သက်ပိုင်
ဩဒစ္ဆေမော်ကွန်းစကားပြေ
ခန့်ချုပ်
တန်ဖိုး ၊ ၄၃၀၀၀ ကျပ်

#သက်ပိုင်

// တန်မှတန်နော် ဒါမျိုးက စာမျက်နှာ ၇၂၂ / မောင်ထွန်းသူ // ရှားလောဟုမ်း ၏ နောက်ဆုံးစွန့်စားခန်းအသစ်များတန်ဖိုး ၊  ၁၅၀၀၀ ကျ...
25/07/2026

// တန်မှတန်နော် ဒါမျိုးက စာမျက်နှာ ၇၂၂ /

မောင်ထွန်းသူ // ရှားလောဟုမ်း ၏ နောက်ဆုံးစွန့်စားခန်းအသစ်များ
တန်ဖိုး ၊ ၁၅၀၀၀ ကျပ်

အချိန် ၂ပတ်သာလျှင်ဖယ်ထားပေးပါ့မယ်ခဗျာ

#မောင်ထွန်းသူ

"အမေ"ဟာ ဆရာဗန်းမော်တင်အောင်ရဲ့ လူကြိုက်များ ထင်ရှားတဲ့ ဝတ္ထုတွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ပြောရရင် ဖဆပလအစိုးရခေတ်မှာ ဆရာဗန်းမ...
25/07/2026

"အမေ"ဟာ ဆရာဗန်းမော်တင်အောင်ရဲ့ လူကြိုက်များ ထင်ရှားတဲ့ ဝတ္ထုတွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ပြောရရင် ဖဆပလအစိုးရခေတ်မှာ ဆရာဗန်းမော့်ကို နရသိန်စံရအောင် မျက်မာန်ရှစေခဲ့တဲ့ သူပုန်ကြီးတို့ ပြည်တော်သာခင်ခင်ဦးတို့လို နိုင်ငံရေးနောက်ခံ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ အမေဝတ္ထုဟာ ဖဆပလအစိုးရလက်ထက် ၁၉၅၃ ခုနှစ်မှာ နှစ်ကြိမ်ထွက်ခဲ့ဖူးပါတယ်။ ကံကောင်းထောက်မတယ် ပြောရမှာက စာအုပ်နှစ်ကြိမ်ထွက်ခဲ့လို့ ထောင်ဒဏ်ကို နှစ်နဲ့မမြှောက်ခဲ့တာပါပဲ။
အမေဝတ္ထုရဲ့ ရည်ညွှန်းချက်မှာပါတဲ့ "ဗမာ့တစ်မျိုးသားလုံး၏ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခဲ့ကြသော လင်၊ သား၊ မောင်ဖွားများ၏ နောက်ပိုင်းတွင် ဖြစ်သလို ကြံဖန်နေ၍ အငတ်ငတ် အပြတ်ပြတ်နှင့် ကူညီကာ အမျိုးမျိုး ပါရမီဖြည့်ခဲ့ကြရှာသော ဗမာအမျိုးသမီးများအား ဤအမေဝတ္ထုဖြင့် ရိုသေလေးမြတ်စွာ ဦးညွှတ်ဂုဏ်ပြုပါ၏။" လို့ ဆရာဗန်းမော်တင်အောင် ညွှန်းဆိုထားတဲ့အတိုင်းပါပဲ ဝတ္ထုတစ်လျှောက်လုံးမှာ "ငြိမ်း" ဆိုတဲ့ အမျိုးသမီးကြီးဟာ လင့်အတွက် သားအတွက်နဲ့ ဈေးတောင်းခေါင်းရွက်ပြီး လမ်းတကာ လှည့်လည်ရင်း ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရပုံကို ရေးဖွဲ့ထားတယ်။
ငြိမ်းဆိုတဲ့အမျိုးသမီးကြီးကို ဇာတ်ဆောင်ပြုထားပြီး လွတ်လပ်ရေးမရသေးမီ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလခေတ် မြန်မာ့နိုင်ငံရေး၊ ထိုခေတ် သတင်းစာတွေရဲ့ သရုပ်သကန်၊ မလွတ်မလပ် ကျပ်တည်းလှတဲ့ လူ့အဖွဲ့အစည်း စတဲ့‌ နောက်ခံအကြောင်းတွေနဲ့ ရက်ယှယ်သရုပ်ဖော်‌ရေးဖွဲ့ပြတယ်။
ဝတ္ထုဖတ်ရင်း ထိုခေတ်ထိုအခါကို သရုပ်ဖော်ထားသော်ငြားလည်း ဒီခေတ်ဒီအခါ ဆိုရင်ကောလို့ အတွေးပွားမိစေနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ ခေတ်ကာလ အခြေအနေတွေ ပြောင်းသွားပေမဲ့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူ ဆက်တင်ကတော့ ကမ္ဘာတွင်ကော ဗမာတွင်ပါ ဒီအတိုင်းပင် ဖြစ်နေတယ်။ ရုန်းကန်ရမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်စားပြုတဲ့ ခေတ်အဆက်ဆက် "အမေ"ဝတ္ထုတွေကို ဆရာဗန်းမော်တင်အောင်ရဲ့ ဝတ္ထုကဲ့သို့ အထပ်ထပ် ဖတ်နေကြဦးမည်ပင်။
ပါတယ်။

စာညွှန်း - လင်းသစ်ရောင်စဥ်

ဗန်းမော်တင်အောင် // အမေ //
မျက်နှာဖုံးပန်းချီ အောင်ကြည်စိုး

တန်ဖိုး ၊ ၂၀၀၀၀ကျပ်

#ဗန်းမော်တင်အောင်

ပိုက်ဆံ တသောင်းမကျော်သော အောင်ခင်မြင့် ရရှိနိုင်သော စာအုပ်များ၁။ တစ်ယောက်ယောက်ကတော့ ဂျင်ဂျစ်ခန် ၊ ၆၀၀၀ ကျပ်၂။ တိမ်လွှာမိ...
25/07/2026

ပိုက်ဆံ တသောင်းမကျော်သော
အောင်ခင်မြင့် ရရှိနိုင်သော စာအုပ်များ

၁။ တစ်ယောက်ယောက်ကတော့ ဂျင်ဂျစ်ခန် ၊ ၆၀၀၀ ကျပ်
၂။ တိမ်လွှာမို့မိုလွင်မှသည် ပိုစ့်မော်ဒန် အနုပညာဆီသို့ ၊ ၆၀၀၀ ကျပ်
၃။ အဓိပ္ပါယ်မဲ့ ပြဇတ် ၊ ၅၀၀၀ ကျပ်
၄။ အရေးအသားများ ၊ ၆၀၀၀ ကျပ်
၅။ ဆိုနာတာ ၊ ၃၀၀၀ ကျပ်
၄။ ကဗျာအချို့ ၊ ၄၀၀၀ ကျပ်
၅။ ကဗျာအကြောင်းနည်းနည်း ၊ ၃၅၀၀ ကျပ်
၆။ ကာတွန်း ၊ ၆၀၀၀ ကျပ်

#အောင်ခင်မြင့်

အသစ်အတိုင်း သန့်မယ်မြသန်းတင့် // ပါရီကျဆုံးခန်း //တန်ဖိုး ၊ သုံးသိန်းကျပ် ၃၀၀၀၀၀ ကျပ်အိမ်ရောက်ငွေချေရပါတယ် ။ #မြသန်းတင့်...
25/07/2026

အသစ်အတိုင်း သန့်မယ်

မြသန်းတင့် // ပါရီကျဆုံးခန်း //
တန်ဖိုး ၊ သုံးသိန်းကျပ် ၃၀၀၀၀၀ ကျပ်

အိမ်ရောက်ငွေချေရပါတယ် ။

#မြသန်းတင့်

မောင်ဝဏ္ဏ // လျက်ဆားပုလင်း အာဖျံကွီး၏ စွန့်စားခန်းများ တန်ဖိုး ၊  ၅၅၀၀ ကျပ်အချိန် ၂ပတ်သာလျှင်ဖယ်ထားပေးပါ့မယ်ခဗျာ #မောင်ဝ...
25/07/2026

မောင်ဝဏ္ဏ // လျက်ဆားပုလင်း အာဖျံကွီး၏ စွန့်စားခန်းများ
တန်ဖိုး ၊ ၅၅၀၀ ကျပ်

အချိန် ၂ပတ်သာလျှင်ဖယ်ထားပေးပါ့မယ်ခဗျာ

#မောင်ဝဏ္ဏ

စာအုပ်ကို ဘာကြောင့် မဖြစ်မနေ ဖတ်သင့်သလဲ ... ?'ဘဝအနှောင်' ဟာ ပေါ့ပေါ့ပါးပါး ဖတ်ရုံ အချစ်ဝတ္ထုတစ်အုပ် မဟုတ်ပါဘူး။ လူတစ်ယော...
25/07/2026

စာအုပ်ကို ဘာကြောင့် မဖြစ်မနေ ဖတ်သင့်သလဲ ... ?
'ဘဝအနှောင်' ဟာ ပေါ့ပေါ့ပါးပါး ဖတ်ရုံ အချစ်ဝတ္ထုတစ်အုပ် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မွေးဖွားစမှ အရွယ်ရောက်သည်အထိ ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ၊ အချစ်၊ အမုန်း၊ မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုတို့ကို အစွဲအလန်းမဲ့၊ ဟန်ဆောင်မှုမဲ့ ယှဉ်ပြိုင်ရိုက်ကူးထားသည့် ရသစာပေလက်ရာမွန် ဖြစ်ပါတယ်။

လူ့သဘာဝ၏ အနှောင်အဖွဲ့ (Human Bo***ge):

မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်၊ ရုပ်ဝတ္ထုမက်မောမှု၊ သစ္စာမရှိသော အတ္တကြီးသည့် စားပွဲထိုးမလေး မီလ်ဒရက်ဒ်အပေါ် ရူးသွပ်စွာ စွဲလန်းမိသည့် အချစ် ...။ လူတိုင်းဟာ စိတ်၏ ကျေးကျွန်ဖြစ်နေသမျှ ကာလပတ်လုံး ဒီအနှောင်အဖွဲ့ထဲက မရုန်းထွက်နိုင်ကြပုံကို ဘူးသီးခါးသလို ပီပြင်စွာ ရိုက်ပြထားပါတယ်။

ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေခြင်း (Meaning of Life):

"ဘဝမှာ သီးသန့် အဓိပ္ပာယ်ရယ်လို့ မရှိဘူး၊ လူတစ်ယောက်ဟာ မိမိဘဝဆိုတဲ့ ကော်ဇောပေါ်မှာ မိမိနှစ်သက်ရာ ပန်းချီကား၊ ရုပ်ပုံစံကို ကိုယ်တိုင် ရက်လုပ်ဖန်တီးသွားရုံပဲ" ဆိုသည့် အမှန်တရားကို ရင်ထဲထိအောင် ခံစားရစေမှာပါ။

ဆရာတင်မောင်မြင့်၏ ပြောင်မြောက်လှသော ဘာသာပြန်လက်ရာ:

မူရင်းစာရေးဆရာ၏ စကားပြေအရေးအသား၊ စိတ်ခံစားမှုနှင့် ဝတ္ထု၏ လေးနက်သော အနက်အဓိပ္ပာယ်များကို ပျောက်ပျက်မသွားဘဲ မြန်မာဘာသာစကားဖြင့် အင်မတန် ပြေပြစ်၊ လှပ၊ ရသမြောက်စွာ ဘာသာပြန်ဆိုပေးထားပါတယ်။

✨ ဖတ်သင့်သည့်သူများ: ဘဝ၏ အဓိပ္ပာယ်ကို စဉ်းစားနေသူများ၊ စိတ်ပညာနှင့် လူ့သဘာဝကို စိတ်ဝင်စားသူများ၊ ဂန္ထဝင် ဘာသာပြန် စာပေကောင်းများကို စုဆောင်းလိုသူများ မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ကောင်း ဖြစ်ပါတယ်။

ထုတ်ဝေသည့် ပုံစံ: ခေါက်ဖုံး၊ စက္ကူဖြူချော (အဆင့်မြင့် ရိုက်နှိပ်ထားပါသည်)

// စာညွန်း လင်းလွန်းခင် //

တင်မောင်မြင့်
ဘဝအနှောင်
စာ၊ ၄၉၄
တန်ဖိုး ၊ ၃၅၀၀၀ ကျပ်

အချိန် ၂ပတ်သာလျှင်ဖယ်ထားပေးပါ့မယ်ခဗျာ

#တင်မောင်မြင့်

ဇော်ဇော်အောင် - ဝတ္ထုတိုပေါင်းချုပ်- // ၃ အုပ်သာလျှင် ရပါတော့မယ် အချိန် ၂ပတ်သာလျှင် ဖယ်ထားပေးပါ့မယ် ခဗျတန်ဖိုး ၊ ၂၅၀၀၀ က...
21/07/2026

ဇော်ဇော်အောင် - ဝတ္ထုတိုပေါင်းချုပ်

-

// ၃ အုပ်သာလျှင် ရပါတော့မယ်

အချိန် ၂ပတ်သာလျှင် ဖယ်ထားပေးပါ့မယ် ခဗျ

တန်ဖိုး ၊ ၂၅၀၀၀ ကျပ်

❝ ခံစားကြည့်ပါ မကြည်ပြာ ❞ -

ကမ္ဘာပေါ်မှာ မြက်ပင်အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ လိမ်ညာတတ်သော နိုင်ငံရေးသမားအမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာငတ်မွတ်ခြင်း အမျိုးပေါင်းဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ ကဗျာ အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ကမ္ဘာပေါ်မှာ မနာလိုဝန်တိုမှုအမျိုးပေါင်းဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ စိတ်ကောင်းစေတနာကောင်းအမျိုးပေါင်းဘယ်လောက်ရှိသလဲ။ မကြည်ပြာကို ကျွန်တော်ချစ်သော အချစ်သည် တစ်မျိုးတည်းသာ ရှိပါသည်။ ပေးအပ်တာ ၊ ရယူတာ ၊ ပိုင်ဆိုင်တာ ၊ လိင်မှုကိစ္စ ဘာမျှမဟုတ်။ အချစ်သည် အချစ်ဖြစ်၏။ ကန့်ကွက်သည်လား မကြည်ပြာ။ငြင်းဆန်သည်လား မကြည်ပြာ။ ပြစ်တင်ကြိမ်းမောင်းမည်လား ၊ ရှုပ်ချငေါက်ငမ်းမည်လား မကြည်ပြာ။ အရေးယူတိုင်တန်းမည်လားမကြည်ပြာ။ ချစ်ပါသည်ဟူသော စကားသုံးခွန်း၏သည်ဘက်မှာ မြင့်မားသော တံတိုင်းတစ်ခု ခြားလျက်ရှိ၏။ တိုတံတိုင်းသည် ရူးကြောင်ကြောင်လူများပြောလေ့ရှိသော ဂုဏ်တံတိုင်း ၊ ငွေတံတိုင်း ၊ ပကာသနတံတိုင်း ၊ အဆင့်အတန်းတံတိုင်း ၊ လူမှုရေးတံတိုင်း ၊ ယဉ်ကျေးမှုတံတိုင်း ၊ ဘာတံတိုင်း ၊ ညာတံတိုင်း ထိုတံတိုင်းများ ဘာတစ်ခုမျှမဟုတ်ပါ။ ချစ်၍ နေခြင်းသက်သက်မျှသော တံတိုင်းသာဖြစ်၏။ နေစကြာဝဠာအတွင်းသို့ ပစ်လွှတ်လိုက်သော လေဆာရောင်ခြည်အလင်းတန်းကဲ့သို့ အဆုံးမဲ့အစဉ်ဖြင့်သွားလျက်နေမည့် ချစ်ခြင်းသက်သက် ရောင်ခြည်တန်းသည် ကျွန်တော့်အသည်းနှလုံးထဲမှာ ငုပ်လျှိုးပျောက်ကွယ်သွား၏။ ခံစားကြည့်ပါမကြည်ပြာ။ သိပ်ချစ်သည် မကြည်ပြာ။ ချစ်ဖို့မလိုပါ မကြည်ပြာ။


#ခံစားကြည့်ပါမကြည်ပြာ #ဇော်ဇော်အောင်

Address

Yangon

Telephone

+959942279059

Website

Alerts

Be the first to know and let us send you an email when A Linn Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Linn Books:

Shortcuts

Share

Category