A Linn Books

A Linn Books ဤလောကတွင်
အကောင်းဆုံး သတိရနေခြင်းသည်
မေ့လျှော့ထားခြင်းပင် ဖြစ်သည်။

ဇော်ဇော်အောင် 09942279059

စိတ်ချစမ်းပါကွယ်: 3ကာတွန်း - တော်တီဆွေ
09/03/2026

စိတ်ချစမ်းပါကွယ်: 3

ကာတွန်း - တော်တီဆွေ

❝ အကြာကြီးနေဖို့ မလိုဘူး❝----------------------- လှသန်းလူ့ဘဝမှာအကြာကြီးနေဖို့ လိုအပ်သလား။လူတွေ နေခဲ့တယ်။မြို့မငြိမ်းလည်း...
07/03/2026

❝ အကြာကြီးနေဖို့ မလိုဘူး❝

----------------------- လှသန်း

လူ့ဘဝမှာ
အကြာကြီးနေဖို့ လိုအပ်သလား။

လူတွေ နေခဲ့တယ်။
မြို့မငြိမ်းလည်း လိုအပ်သလောက်ပဲ နေခဲ့တယ်။
ကတ်ကိုဘိန်းလည်း လိုသလောက်ပဲ နေခဲ့တယ်။

ဗင်းဆင့်ဗင်ဂိုး
ဂျက်လန်ဒန်
မာယာကော့ဖ်စကီး
ဟဲမင်းဝေ
သူတို့ လမ်းကို သူတို့ ရွေးခဲ့တယ်။
သူတို့ ဘဝကို သူတို့ သိခဲ့တယ်။
လူ့ဘဝမှာ
အကြာကြီးနေပြီး အသုံးမကျ
ဆန်ကုန်မြေလေး ဘဝတော့ မလိုချင်။
ဘဝမှာ
အာကာသမှာ
အချိန်ကာလမှာ
အချိန်အကြာကြီး နေစရာ မလိုပါဘူး။

ဗာဂျီးနီးယားဝုဖ်
ဆယ်လ်ဗီယာပလပ်
ဂျင်းနစ္စဂျိုပလင်
ကမ္ဘာကြီးကို ချစ်လို့ စွန့်သွားခဲ့တယ်။

ဘဝကို ခင်တွယ်မှု ဆိုတာ
အသေခံ ဗုံးခွဲသမားတွေက
ဟားတိုက်ရယ်လိမ့်မယ် ။ ။

#လှသန်း

ဒီဇင်ဘာ ၂၅ရက်၊ ညနေ ၅နာရီ___________________________ ပိုင်စိုးဝေအုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း တခုမှာပေါ့ကိုယ့်ဘဝထဲ သူ ဖြ...
07/03/2026

ဒီဇင်ဘာ ၂၅ရက်၊ ညနေ ၅နာရီ
___________________________ ပိုင်စိုးဝေ

အုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း တခုမှာပေါ့
ကိုယ့်ဘဝထဲ သူ ဖြတ်သန်းသွားပုံကြီး
ကြေကွဲရ။

သစ္စာတရားကို ဖက်တွယ်လိုတဲ့
ငနဲတယောက်ရဲ့ ကျဆုံးခန်းပေါ့။

လိမ်ညာဖို့ စကားလုံးတွေ
အများကြီးကို ရွတ်ဆိုတတ်ပေမဲ့
အကောင်းဆုံးကို မရွေးချယ်တတ်တဲ့
ကိုယ့်အဖြစ်ပါ။

ဆက်ထိုင်နေရ ကောင်းမလား
စဥ်းစားရင်း ထရပ်မိ။

ထွက်သွားရ ကောင်းမလား
စဥ်းစားပြီး ပြန်ထိုင်။

သြော် ... မစိမ်းမြ ... မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခ ကြမ်းရှရှကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲ ပစ်ထားရက်ခဲ့လေခြင်းနော်။

ခံစားပြနေတာ မဟုတ်ဘူးကွဲ့
ထင်ရာမစိုင်းရဲလို့
သည်အတိုင်းပဲ ဆက်ထိုင်နေရပါတယ်။ ။

#ပိုင်စိုးဝေ
သရဖူမဂ္ဂဇင်း၊ ၁၊ ၁၉၉၆။

ကျဆုံးသွားတဲ့ လူ့ယဉ်ကျေးမှုတိုင်းကိုအနမ်းနဲ့ နှုတ်ဆက်ဖို့ကိုယ့်အနာဂတ်ဟာအဝေးက ပြန်လာနေပါပြီ။ ။ #ပိုင်စိုးဝေ
06/03/2026

ကျဆုံးသွားတဲ့ လူ့ယဉ်ကျေးမှုတိုင်းကို
အနမ်းနဲ့ နှုတ်ဆက်ဖို့
ကိုယ့်အနာဂတ်ဟာ
အဝေးက ပြန်လာနေပါပြီ။ ။

#ပိုင်စိုးဝေ

❝ သိန်းစွန်ငှက် အပြန်လမ်း ❞  - ပိုင်စိုးဝေ [ကဗျာရှည်]၂၁၊ ၃၊ ၈၆ •••နောက်ဆုံး အခေါက်ပါပဲကျွန်‌‌တော် ရွာကို ပြန်လာခဲ့ပါတယ် ...
05/03/2026

❝ သိန်းစွန်ငှက် အပြန်လမ်း ❞ - ပိုင်စိုးဝေ [ကဗျာရှည်]

၂၁၊ ၃၊ ၈၆ •••
နောက်ဆုံး အခေါက်ပါပဲ
ကျွန်‌‌တော် ရွာကို ပြန်လာခဲ့ပါတယ်
အမေ။

ရွာ ဆိုတာ •••
တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနံချုံပုတ်၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေ ကြားက
တဲကလေးတစ်လုံးပါ။

အဲဒီ တဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ ••ကျွန်တော် ရောက်လာပြီ အမေ ။
အမေ•• ကျွန်တော့်ကို ထပြီး နှုတ်ဆက်ပါဦး အမေ။

အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျနော် ငိုတယ်။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ •••။

ကျွန်‌တော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်း စေ့ထားသလား၊
ကျွန်တော့်ကိုကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား၊
ထ ကြည့်ပါဦး
စကားပြောပါဦး အမေရယ်။

ဟော •• အမေ ••
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းညို့ညို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့။

ကျွန်‌တော်
မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့် တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ။

အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့် အစ်ကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့် အစ်မ
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည် လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည် ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ။

အမေ့အတွက်
သူတို့ မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ။

ကျွန်တော်ကတော့
နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတ ပူဆွေးခဲ့သူပါ အမေ။

“အမေ နေကောင်းပါစေ ...
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏”

ညအိပ်ရာဝင်၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ ဆုတောင်းသံများကြား
ရှည်လျားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ။

မနေ့ကတော့
“အမေဆုံးပြီ၊ အမြန်လာ •••” တဲ့
ကုသိုလ်ကြမ္မာ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ။
အမေက မွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ။

အဲသည်လို နောင်တ တရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။

ကျွန်တော်
မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့။

ဟော ••
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ။

ဟိုး •• လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတယောက်
သည်ရွာကို ပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။

သူနဲ့ သူ စီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့
ပြောဆို အမှတ်ရသူ
တစ်စုံတစ်ယောက်မျှ မရှိတော့။

အဲသည်လူငယ်ဟာ
အခု
အမေ့ အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော် ပဲပါ့ အမေ••။

ဟောသည် ယာခင်းတွေကြား
အမေ နေ့တိုင်း လှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး။

အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား၊ ထန်းရည်ချိုး။

အမေ့သား
ကျွန်တော့်အစ်ကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတဖက်ကွယ်။

သူတို့တတွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေး‌လေးတွေနဲ့အတူ
ထန်းလျက်ကျို၊ ထင်းခွေ ရေခပ်
ငတ်မသေဖို့
အမေ ရုန်းကန်ခဲ့တဲ့ နေ့တွေမှာ
ကျနော်ဟာ
ဟိုအဝေးမှာပေါ့။

ဟိုတစ်နှစ်က
တစ်ရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကို ပြန်မရောက်
အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။

အမေရေ ••
အမေရေ ••
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
ဟိုး •• အနောက်တောင် တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်း ညိုခဲ့ပေါ့။

တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။
ဟိုတောင်ကမူ ကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား။

သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့။

နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျနော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား။
အမေရေ ••
တစ္ဆေဆို ကျနော် ကြောက်လှချည့်။

တစ်ညသား
ပျူစောထီးဆိုလား၊ ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညိုတစ်ရှဉ်းနဲ့အတူ
လှည်းမောင်းပို့ ဆိုပြီး အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတချက်ကြားလိုက်ရ။

အဖေရေ ••
အဖေရေ •• ••
ကျနော်တို့မိသားစုဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ ညပေါ့။

လွတ်လပ်ရေး ရပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ ခေတ်ကြီးထဲ
လူဖြစ်ခဲ့ရတဲ့ ကျနော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်မဟုတ်လား အမေ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြား အမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ၊ တချို့လင်ဆုံး
စစ် ဆိုတာကြီးကို
မုန်းခဲ့တယ် မဟုတ်လား အမေ။

အဖေ မရှိတဲ့နောက်
အမေရယ်၊ အစ်ကိုကြီးရယ်၊ အစ်မရယ်၊
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီး သင်ရပေါ့။

အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမဲ့
ကျနော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။

ကျွန်တော်ကတော့
သျှောင်တစောင်းနဲ့ ဘုန်းကြီးကျောင်းသား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး၊ ဆိတ်၊ နွားကျောင်း။

ကျွန်တော်တို့တတွေ
ဟိုသပြေပင် တောင်စောင်းဆီက
လက်ပြ ဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ်၊ ပတတ်တူး
ဟင်းရွက်ခူး၊ ယုန်ရှာ
တောင်ယာလုပ်သူ၊ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ၊ ထန်းတက်သူတွေ
နေက ပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပားဆိုတဲ့ တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ ယာတောတွေကြား။

အစ်ကိုကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ်၊ အစ်မရယ်က
ထန်းလျက်ကျို၊ ရက်ကန်းခတ်၊ ထင်းခွေ
တခါတလေ မြေပဲကောက်
တခါတလေ ဝါစိုက်
တောအလိုက် လုပ်ငန်းစုံပေါ့။

“မြို့ရွာနိဂုံး၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့၊ တိုက်ခိုက်ပူလောင်
ဝ သ လ၊ မှတ်ကြ သူယုတ်ကောင်”

“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာ မလုပ်တယ်
ဝါးခုတ်တဲ့ တောင်”

အဲသည်လို အစ်ကိုကြီး တတ်တဲ့
ကဗျာတွေ၊ သံပေါက်တွေ
ကျွန်တော့်မှာ အမွေရခဲ့ပေါ့။

“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ ... ”

အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲမှာ အမြစ်တွယ်ခဲ့ရပေါ့။

အမေရေ ••
ကြေးစည်ကို ရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့။

အမေ ခေါင်းချခဲ့တဲ့ တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမဲ့
သည်တော သည်တောင်ကြား
အမေ့ကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ။

အမေ့ အမေ ကျွန်တော့်အဘွား
ကျွန်တော့်အဘွားရဲ့ အမေ့ အမေ ... စတဲ့
ဆွေမျိုးတော်သူရော မတော်သူပါ
တစ်ရွာလုံး နောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့မှာပေါ့။

လမ်းက ကြမ်းလိုက်တာ အမေ
တောင်ကမူ ကျတ်တီးကြား
နှစ်တွေ များစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းမပေါ်မှာ
အမေ့ခေါင်းဟာ၊ လှုပ်ယမ်းလှချည့်။

ဖြည်းဖြည်း ... ဖြည်းဖြည်း ...
ဆူးကိုင်းတွေ ဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကို ရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံ ရွတ်ဖတ်
ကျွန်တော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိ လားပါစေ ...လို့
ကျွန်တော် အမျှဝေမယ်။

ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေ ပေကပ်
ညစ်ပတ်နေမလားပဲ။

မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင် တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ။

ကျွန်တော့် ကိုယ်ပေါ်မှာ
ကျွန်တော့် တစ်ခေါင်းလုံးမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားပဲ။

ဟိုသုဿာန်ကို ရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့်ကို ကြည့်ပြီး
အံ့သြနေလိမ့်မယ်။

ညရောက်တဲ့အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး
ဟောဒီ အငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီ ကျန်နေတဲ့
မျက်စိတစ်ဖက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ တာဝန်ယူနိုင်မလဲ။

မင်းတို့အတွက်၊ ငါ့အတွက်
အနှစ် သုံးဆယ်လုံးလုံး
ဦးလေး စဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ်။
တစ်စုံတရာ
ကတိတွေ ပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတခုမှာ
ငှက်တကောင်လို ပျံပြေးသွားမယ်။

ဟိုတခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး

ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျနော် ကဗျာဆရာလုပ်ရမယ်
ကဗျာဆရာလုပ်မှဖြစ်မယ် အမေ
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေကို တိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ်။

ယာခင်းတွေ နောက်မှာ ချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။

ကျောက်စရစ် ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင်၊ ပုတတ်တူး၊ ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ်။

လိမ်လိမ်မာမာ နေဖို့
စကားလုံးတို့ တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။

သူငယ်ချင်းတွေ
လက်ပြနေဆဲ၊ ဥသြဆွဲပေါ့
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။

မြို့ပြဘဝရဲ့
ခံစားမှုမြစ် ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်မီးတိုင်တွေအောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်ကျော် လျှောက်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို •• အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန် အိမ်အပြန်
လမ်းဘေး တိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ ...
တစ္ဆေကို ကျွန်တော် ကြောက်လှချည့်”
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ။

လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါအမေ။

ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ကြရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ။

အမေ့ထံ ကျွန်တော် ပြန်မလာနိုင်တော့ဘူး
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို။

ဟော ...
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ။

အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကလေး၊
နောက်တစ်ယောက်က
သားကြီး မောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင် မျောက်နဲ့ တူမလားပဲ။

သူတို့မောင်နှမတတွေ
ဦးလေးတွေ၊ အဒေါ်တွေနဲ့ တွေ့ဖို့
ကျွန်တော်လာချင်ပါရဲ့
ဒါပေမဲ့ ... အမေ။

ဟော ••
ကျွန်တော် တို့အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အစ်ကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား။

ကျနော့်အစ်မ
အမေ့သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီမဟုတ်လား အမေ။
အမေ ...
သည်တော သည်တောင်ထဲမှာ
အမေ့ သားသမီးတွေနဲ့
အနေဝေး၊ အသေဝေးခဲ့ကြရသော်လည်း
အမေတစ်ယောက်တည်းမဟုတ်။

အမေ့မြေး တစ်အုပ်နဲ့
ထန်းလျက်ကျို၊ ထင်းခွေ၊ ရေခပ်
ကျနော် တပြားတချပ်မှ
မထောက်ပံ့နိုင်ပေမဲ့၊ ငတ်မသေခဲ့ဘူး
အမေ သေရတာ
ငတ်လို့ မဟုတ်ဘူး အမေ။

မနေ့က အမေဆုံးကြောင်း ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။

ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် ... မင်းတို့ အဖွားသေတဲ့ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော်။

ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တစ်ကဏ္ဍပေါ့။
မြို့ပြမှာနေတဲ့ အမေ့မြေးကလေးတွေ
အမေနဲ့ တအား ဝေးခဲ့ပါ‌ ပေါ့လားဆိုတဲ့
အတွေးတွေက
နှလုံးသားထဲ စူးနစ်
တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ။

ခံစားရပြီပေါ့
ကျွန်တော် ခံစားရပြီပေါ့ အမေ။
ကျွန်တော်ဟာ
ဗုဒ္ဓ ဘာသာ ဗမာယဉ်ကျေးမှုထဲက
လူတစ်ယောက်အဖြစ်နဲ့ပဲ
အသက်ရှင် ရပ်တည်နေဆဲပါ အမေ။

အမေရေ ...
အမေရေ ... ... အမေရေ ... ... ...
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြာသာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့ အကောင်တွေ
တကျည်ကျည် မြည်လို့။

အမေ့ မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေ့ကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆို ငိုကြွေးလို့။

အမေ့ခေါင်းပေါ်
ညောင်ရွက်တွေ ကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလား မသိပေဘူး အမေ။

ကုန်တန်ချိန်အပြည့်နဲ့ ကားတစီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ••• ။ ။

#ပိုင်စိုးဝေ
#သိန်းစွန်ငှက်အပြန်လမ်း

သတိရသူ တစ်ယောက် ရှိတယ် မန္တလေး ခင်ဇော်မြင့် ရန်ကုန် ဝင်းမြင့် ကိုဟိန်းမြတ်ဇော် ကဦးဇင်း ဝင်းမြင့်နဲ့ ဖုန်းပြောကြတော့ ရှေ...
17/02/2026

သတိရသူ တစ်ယောက် ရှိတယ်

မန္တလေး ခင်ဇော်မြင့်
ရန်ကုန် ဝင်းမြင့်

ကိုဟိန်းမြတ်ဇော် က
ဦးဇင်း ဝင်းမြင့်နဲ့ ဖုန်းပြောကြတော့
ရှေးဟောင်းနှောင်းဖြစ်များ ကြားရ သိရ
သူတို့တွေ ရယ်မောကြရဲ့
ဪ..
ကဗျာ သစ္စာတရားတွေနဲ့ သူတို့ဘဝကို ပုံအပ်ကြရဲ့
ရှက်ရပါတယ်

မန္တလေး ခင်ဇော်မြင့်
ရန်ကုန် ဝင်းမြင့် လို့ ဘာလို့ ဆိုရသလဲဆိုတော့
ကဗျာဆိုတာ
ဒီလို ရေးလို့လဲ ရတာပဲဟ ဆိုတဲ့ အတွေးကို
မကြာခဏ ပြသခဲ့ကြသူတွေပဲ

" ကိုယ့်နံထင်ကို
ပလာစတာလေးကပ်
လွမ်းရပါတော့တယ်"

ခင်ဇော်မြင့်
မျှော်စင် ကဗျာမှ

"မိသားစုမှာ
တယောက်တိုးလာရင် မသိသာဘူး
တယောက်လျော့သွားကြည့် သိပ်သိသာတယ်"
ဝင်းမြင့်
မိသားစု ကဗျာမှ

ဆရာ ဇေယျာလင်း က ပြောတယ်
ကဗျာဆိုတာ ဘာလဲ သိချင်ရင်
ကိုဝင်းမြင့် ကဗျာတွေ ဖတ်ပါ
ကျွန်တော် ကို ဝင်း​မြင့်ရဲ့ ကဗျာကျောင်းဆင်းပါတဲ့

သူတို့တွေ
မထင်မှတ်တဲ့ ရှုထောင့်တွေကနေ
ကဗျာဆိုတာ ဒီလိုရေးလဲ ရတာပါလားလို့
ရိုးရိုးလေးနဲ့ပဲ
ကဗျာရဲ့ အနှစ်သာရတွေ မြင်ခဲ့ကြရပေါ့

ခုနှစ်တွေမှာတော့
ဦးမိုးဝေး အရေးအသားတွေပဲ ရင်ခုန်မိရဲ့
ခေတ်ရဲ့ ရိုက်ချက်မှာ
ဘယ်သူမှ ကဗျာမဆန်ကြရတော့ဘူး

မနေ့က
ဓာတ်အားခွဲခန်းက ပေါက်ကွဲသွားတယ်
ကျတော်တို့ ဓာတ်လိုက်ကုန်ပါတယ် ဆရာ ဝင်းမြင့်

အမြဲ သတိရလျှက်ပါ။

#အယ်လင်း

ဓာတ်ပုံ
crd

အခွန်တော်မဲ့ရာသီဥတု------------------------ ➖ မောင်ချောနွယ်(၁)လူ့ဘဝတစ်ခုလုံးကိုရှုမဝဖိနပ်လို စီးထားလိုက်တယ်ခပ်ချောချောလှ...
05/02/2026

အခွန်တော်မဲ့ရာသီဥတု
------------------------ ➖ မောင်ချောနွယ်

(၁)
လူ့ဘဝတစ်ခုလုံးကို
ရှုမဝဖိနပ်လို စီးထားလိုက်တယ်
ခပ်ချောချောလှလှ ကောင်မလေးနဲ့
ဆက်ဆံရသလိုပဲပ
ဟန်ပန်လည်းကျ
အရသာလည်းရှိ
လူ့ဘဝဟာ
သည်လောက်တော့ အရသာရှိမှပေါ့ ။

မင်းဟာ ဝိုင်အရက်တစ်ပုလင်းပါပဲ
အငြိမ့်မင်းသမီးလေး ‘နှင်း’ရဲ့
အနုပညာလည်း ရှိ
လိင်ခွန်အားလည်း ရှိ
ဒါကိုမှ ငါမသိတတ်ရင်
မဟုတ်သေးပါဘူးကွယ့်
ပေါင်မုန့် ဖုတ်စားတတ်တာဟာ
မဟုတ်သေးပါဘူးကွယ့်
ဥစ္စာဓန ခူးစားတာဟာ
မဟုတ်သေးပါဘူးကွယ့်
ရက်ကော်ဒါခလုတ် ဖွင့်တာဟာ
ဒါတွေဟာ
စိတ်ရဲ့ ‘အင်နားကျွတ်’တွေပါကွယ့်
ကော်ဖီတစ်ခွက်နဲ့
အချစ်ကို ဆင်ခြင်မကြည့်ရင်
ကောက်ဖီတစ်ခွက်နဲ့
မင်းသမီး ‘နှင်း’ ကို ဆင်ခြင်မကြည့်ရင်
ပျော်ရွှင်မှုဟာ
လင်ကောင်းသားကောင်းရတော့မှာ မဟုတ်ဘူး
ကော်ဖီတစ်ခွက်နဲ့
အချစ်ကို ဆင်ခြင်ကြည့်ရအောင်
မောင်တို့ရဲ့
ပျော်ရွှင်မှုတွေ
မုန်လာဥလုပ်နေလေပေါ့ ။

(၂)
စိတ်ဓာတ်ကျညောင်းရောဂါကို
အကနဲ့ ပျော့ပျောင်းပါစေကွယ်
အသက်ဓာတ်ကို တပ်ဆင်ပြီး ပျံဝဲကြ
ပန်းချီကားကို နားဆင်
ဂီတကိုကြည့်ရှု
ကဗျာတစ်ပုဒ်ဟာ
မသန့်ရေတွေကို အလုပ်မလုပ်ပါစေနဲ့ကွယ်။

အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့ ။

ဒန်ခွက်ပိန်ခြောက်ခြောက်နဲ့
ရေသောက်ခွင့် မပေးကြပါနဲ့
သူဟာလည်း
လူတစ်ယောက်ပါပဲကွယ့်
ဝိုင်တစ်ခွက်လောက်ပဲဖြစ်ဖြစ်
စတိုင်နဲ့ သောက်ပါစေကွယ့်။

ဂျက်ကလင်းကို ကြည့်ရတာ
ထမင်းတော့ ဆာတာပေါ့
ဒါပေမဲ့
ဣတ္ထိယကို မှီဝဲပါ
ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို
ပြန်ဆွဲငင်ထားမှ ဖြစ်ပေမယ် ။

ဘဝလွင်ပြင်ပေါ်မှာ
ရင်ခုန်သံတွေ သစ်တော်သီးဖြစ်ခဲ့ရင်
စစ်ဆိုတာ
အသည်းတခြား အူတခြားနဲ့
ဖွဲမျှသာ ဖြစ်သွားပေလိမ့်မယ် ။

(၃)
ထိခြင်းငါးပါးဟာ
ဂီတရဲ့ သံမဏိကြိုးချောင်းတွေဖြစ်ရဲ့
ဟာဝိုင်ယီနာနတ်ခင်းများဖို့
သီချင်းဟစ်ပါ
စိတ်တွေ အက်စစ်ဖြစ်နေ‌ပေါ့
ပင်နယ်စလင်ဟာ
နှလုံးသွေးရပ်ခဲ့ပေါ့ ။

တတိယကမ္ဘာဟာ
ဖိနပ်မှ မပါဘဲကွယ်
ကြည့်စမ်း ပျော့စိစိနဲ့
ပတ်ကျိလားကွယ့်
မာဆတ်ဆတ်နဲ့
ကျောက်ခဲညှပ် မုန့်တစ်ခုလားကွယ့်
မဟုတ်ဘူး...မဟုတ်ဘူးထင်တယ်
သုတေသနစာတမ်းတစ်ခုပါတဲ့၊
မဟုတ်ဘူး...မဟုတ်ဘူး
‘ဂျွန်ဒင်းဗား’ ရဲ့ သီချင်းတစ်ပုဒ်လားကွယ့်
မဟုတ်ဘူး...မဟုတ်လောက်ဘူး
အချစ်ရူးသူ ‘ဂျူးလိယက်’
မဟုတ်ပါဘူး
ဥက္ကလာဟိုးမားက ဂျုံခင်းတွေပါ
မဟုတ်ပါဘူးကွယ့်
‘အာဆူလာ’ ရဲ့ နှုတ်ခမ်းသားပါ
မဟုတ်ဘူးဟေ့...မဟုတ်ဘူး
ဆူးမရှိတဲ့ ဘိန်းပွင့်အလောင်းပါ
အို...ဘာပဲဖြစ်ဖြစ်ပါ
လောကကို ဖြားယောင်းဖို့ပဲ လိုတယ်
မကောင်းမှုမှာ နှစ်ချေပေါ့
စိတ်ရဲ့ သိပ်သည်းမှုကို
သိပ္ပံပညာ အန်မတုနိုင်ပါဘူးကွယ့် ။

(၄)
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့ အချစ်ရေ
တို့တွေ
ကျောက်စရစ်ဖြစ်ဖို့ မလိုတော့ဘူးကွယ့် ။

ဘဝရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ
နယူးယောက်မြို့ကြီး လမ်းလျှောက်နေခဲ့ပြီ
ပိတောက်တွေ ဝတ်လစ်စလစ်ခင်းကျင်းချေပေါ့
‘ဒေစီကျော်ဝင်း’နဲ့ ‘ဆစ်ဒနီတံတား’
စီးဆင်းသွားနေပေါ့ ။

သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွယ့်
ဂန္ဓမာပန်းတစ်ပွင့်လောက်မှ
အချစ်နဲ့အလှကို
သဘောမပေါက်ကြသူတို့ရဲ့
လောကရဲ့ အတွင်းပိုင်းကျကျမှာ
လောကဓံတရားဟာ
ကဗျာနဲ့ မေထုန်မှီဝဲခဲ့ပေါ့
ဘဲသားမုန့်ပဲ ခေါင်းထဲရှိကြ
မုသားကျမ်းနဲ့ ညစ်ညမ်းမှုထုဆစ်ကြ
လောကရှိရှိသမျှ
အပွင့်အခိုင် အသီးတွေဟာ
(သစ်တောက ရတဲ့ သစ်သားနဲ့ သစ်တော)
သူတို့နဲ့ဆိုင်တယ်ဆိုတာ
မသိကြချေဘူး ။

ကာလသုံးပါးမရှိတဲ့ ကိတ်မုန့်ကို စားကြပြီး
ကိတ်မုန့်လိုပဲ အစားခံကြနဲ့

အနုပညာတစ်ရပ်ကိုဖြင့်
ဆံပင်ညှပ်ခဲ့ကြပါနဲ့ကွယ်တို့ရဲ့
လောကဓာတ်ဟာ
ကြည်လင်စွာ ကပ်ငြိခဲ့ချေပေါ့
အဲသည်မှာ ။

(၅)
သီချင်းဆိုကြ မောင်တို့ရဲ့
တင်တင်ဝင်းမှာ လင်မရှိသေးပါဘူးကွယ့်
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွယ့်
ကမ္ဘာကြီးကို အသစ်ပြန်စတင်ကြရအောင် ။

ဥစ္စာဓနတွေနဲ့
ဘဝကို မပုပ်မသိုးပါစေနဲ့ကွယ့်
အော်ဂင်ခလုတ်တွေနဲ့
ပုတ်တလုတ်ရေကန်လေးဟာ
အမှန်ပဲ သာယာပါပေရဲ့ ။

စပျစ်တစ်ခိုင်တော့
သင်တို့ငါတို့ သီးနိုင်ကြတာပဲ
ဘဝရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး
မပုပ်သိုးအောင် ဆေးစီရင်ကြ
ပျော်ရွှင်မှုတွေ ရေရောတယ် ။

ကြည်လင်မှုကို ခြေဆေးကြ
ကလေးတွေသောက်တဲ့ ရေမှာ
ငွေတွေကြေးတွေ မပါစေနဲ့
ကမ္ဘာကြီးဟာ မှန်မှန်လည်ပတ်နေတယ် ။

လိုအပ်ရင် ထပ်လုပ်
မဟုတ်တာတွေဟာ ပုပ်သိုးတယ် ။

ဟုတ်တာတွေဟာ သိုးသားမဟုတ်ချေဘူး
ပိုးတွေ ဘယ်လောက်ကုန်ကုန်
မောင်ပုံ စောင်းတတ်ရမယ် ။

(၆)
အမြတ်ဆုံးတရားများ
ကပ်သုံးပါး ကျော်ရုံတင် မဟုတ်
မြင်ရဲ့မဟုတ်လား မိတ်ဆွေ
ရွေ့လျားမှုစွမ်းအင်တွေ
မြင်ကွင်းကျယ်ဖြစ်ခဲ့ပေါ့ ။

ကိုလံဘတ်( စ် )သာ
ကမ္ဘာကြီးကျယ်တယ်လို့ မယူဆခဲ့ရင်
နယူးယောက်မြို့ကြီး
လှပခဲ့မှာ မဟုတ်ချေဘူး ။

လူသားနဲ့ ကမ္ဘာကြီးခင်ဗျား
မောင်ချောနွယ်ကို
ချိုမြိန်ဖွယ်အချိန်များ အကြောင်း
အိပ်မက်ခွင့် ပေးတော်မူပါ
၂၀ရာစု နောက်ဆုံးပတ်မှာ
နိုင်ငံကျော် မင်းသမီးတစ်ယောက်နဲ့
လက်ထပ်ရမှာ ဖြစ်ပါတယ် ။ ။

#မောင်ချောနွယ်

ယခုနှစ်မှာအထူးသဖြင့်ငါတို့ နမ်းခွင့်မရသောပန်းများ ပွင့်ပါစေ #အောင်ချိမ့်
02/01/2026

ယခုနှစ်မှာ
အထူးသဖြင့်
ငါတို့ နမ်းခွင့်မရသော
ပန်းများ ပွင့်ပါစေ

#အောင်ချိမ့်

မဖြစ်နိုင်တာတွေ အများကြီးနဲ့မဖြစ်သေးတာတွေ အများကြီးနဲ့နေ့ရက်တွေ အများကြီးနဲ့လုပ်ချင်တာတွေ အများကြီးနဲ့တကယ်မှာ မတတ်နိုင်တ...
05/12/2025

မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့

နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ မတတ်နိုင်တာတွေ အများကြီးနဲ့

ဒါကြောင့်ပင် .....
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။

#အောင်ချိမ့်

"မမတင်ရဲ့ ကျောင်းကလေး"  နေတဖွေးဖွေး ... လေတဖွေးဖွေး ...  မမတင်ရဲ့ ကျောင်းကလေး  သဲတဖွေးဖွေး ... ဖုံတဖွေးဖွေး ...  မမတင်ရဲ...
04/12/2025

"မမတင်ရဲ့ ကျောင်းကလေး"

နေတဖွေးဖွေး ... လေတဖွေးဖွေး ...
မမတင်ရဲ့ ကျောင်းကလေး

သဲတဖွေးဖွေး ... ဖုံတဖွေးဖွေး ...
မမတင်ရဲ့ ကျောင်းကလေး

မမတင်ရဲ့ ကျောင်းကလေးမှာ
ထန်းပင်တွေကလည်း လက်ပိုက်ပြီးတော့တန်းစီရပ်လို့
တစ်ဘဝလုံးပဲ မမတင်ကျောင်းက မထွက်တော့ဘူးတဲ့
တစ်သက်လုံးပဲ မမတင်ရဲ့ကျောင်းမှာ ကျောင်းတက်မ
တဲ့

ထန်းသီးတွေကလည်း အပြွတ်လိုက် အခိုင်လိုက် သီးလို့
မမတင်ရဲ့ ကျောင်းမှာလည်း
ကျောင်းသားတွေက အပြွတ်လိုက် အခိုင်လိုက်သီးလို့
ယာကွက်ကလေး တစ်ကွက်လည်း
မမတင်ရဲ့ကျောင်းမှာ ကျောင်းတက်လို့
မြေပဲနဲ့ ပဲစဉ်းငုံတွေလဲလည်း
မမတင်ရဲ့ကျောင်းမှာ ကျောင်းတက်လို့
ဟိုတောင်ဘက်က ဂေါင်းနီတောင်ကလဲ
မမတင်ကျောင်းကို တက်ချင်ရက် မတက်ရလို့
တစ်ဘဝလုံး တစ်သက်လုံး ဆွေးရပါပြီ...တဲ့

ပုပ္ပါးတောင်ကြီးကတော့
မမတင်ရဲ့ ကျောင်းထွက်ကြီးပေါ့
မမတင်ရဲ့ ကျောင်းသားဟောင်းကြီးပေါ့
ခုလဲ မမတင်ကျောင်းကလေးကို ငေးကြည့်
တစ်ဘဝလုံး ပီတိတွေနဲ့
မမတင်ကျောင်းလေးကို
မြိန်မြိန်ကြီးငေးလို့။

မမတင်ကျောင်းလာရင်
သူများမိန်းကလေးတွေလို
စိန်တွေငွေတွေ ဖိတ်လက်နေအောင် ဝတ်စားမလာဘူး။

စေတနာရယ်
ဝါသနာရယ်
အနစ်နာရယ်
နာသုံးနာကို
ဖိတ်လက်ရွှန်းတောက်နေအောင် ဝတ်စားလာတယ်။

မမတင်ဟာ ကျောင်းအုပ်ဆရာမကြီးပေါ့
မမတင်ဟာ
လင်မယူ သားမမွေး
အနာဂတ်သစ်တွေကို မွေးတယ်
စာကျက်သံ စာအံသံ တညံညံကို မွေးတယ်
အဝေးပြေး အသံသစ်တွေကို မွေးတယ်

မမတင်ရဲ့ ကျောင်းကလေးမြောက်ဘက်မှာ
သင်္ချိုင်းထဲက အုတ်ဂူတွေဟာ
အဝေးပြေးကားဂိတ်မှာ
ကားတန်းစီ ဂိတ်ထိုးထားသလိုပဲ၊
မမတင်ကျောင်းကလေးမှာတော့
အဝေးပြေးတေးသံတွေ ဆော့ကစား ပျော်ပါးလို့ပေါ့။



#မောင်ချောနွယ်

Address

Yangon

Telephone

+959942279059

Website

Alerts

Be the first to know and let us send you an email when A Linn Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Linn Books:

Share

Category