31/08/2022
အားလုံးပဲ မင်္ဂလာပါ. Three Little Birds Crafting Co. founder ရဲ့ ခြေလှမ်း အသစ်လေးဖြစ်တဲ့ Pīti E-library လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
Pīti E-library မှာ မြန်မာနိုင်ငံသားအားလုံးအတွက် ရည်ရွယ်ထားသည့် လစဉ်/နှစ်စဉ်ကြေးပေးသွင်းမှုကို အခြေခံသော အများအသုံးပြုနိုင်မည့် အွန်လိုင်းစာကြည့်တိုက်ဖြစ်ပါသည်။ စာတတ်မြောက်ရေး၊ အခွင့်အလမ်းများတိုးပွားရေးနှင့် လူထုအသိုင်းအ
ဝိုင်းတိုးတက်ပြောင်းလဲရေးတို့တွင် အဓိကကဏ္ဍမှ ပါဝင်လျက်ရှိသော ပညာရပ်ရင်းမြစ်များကို ဝင်ရောက်ဖတ်ရှုနိုင်ရေး ရည်ရွယ်ချက်ဖြင့်
စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Pīti E-library တွင် အမျိုးအစားပေါင်းစုံလင်သော စာအုပ်များ၊ အသံသွင်းစာအုပ်ပေါင်:များစွာကို စုစည်းတင်ပြထားပါသည်။ ကလေးရုပ်ပြစာအုပ်များနှင့်အတူ အခြား စာအုပ်အမြောက်အမြားကိုသာမက နာမည်ကြီးစာအုပ်များနှင့် ဂန္တဝင်ရသစာပေ အမည်များအထိ ရှာဖွေလိုက်ပါ။ လစဉ်/နှစ်စဉ်ကြေး ပေးသွင်းထားရုံဖြင့် ဒီဂျစ်တယ်ပညာရပ် အရင်းမြစ်အလုံးစုံကို Pīti E-library တွင် ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
ဘယ်သွားသွား စာအုပ်တွေ သယ်သွားနေဖို့ မလိုတော့ပဲ Piti E Library မှာ လစဉ်ကြေး စာရင်းပေးသွင်းရုံနဲ့ ကိုယ့်ရဲ့ user page ထဲကို ကိုယ်ဖတ်ချင်တဲ့ စာအုပ်နဲ့ audiobooks တွေ add လုပ်ထားနိုင်မှာဆိုတော့ ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခုကို ပိုင်ဆိုင်ထားသလို ဖြစ်စေမှာပါ။
ကဲ.. ကိုယ့်ရဲ့ သီးသန့် Own Library လေးကို ပိုင်ဆိုင်ချင်တဲ့ bookworms လေးတိုင်း Piti E Library မှာ စာရင်းပေးသွင်းဖို့အတွက်ဆို Piti E Library chat box ကို အခုပဲ ဆက်သွယ်ပြီး စုံစမ်းနိုင်ပါပြီ။
https://www.facebook.com/PitiElibrary