Tin Myint Chemical Sales Group

Tin Myint Chemical Sales Group ဆပ်ပြာဆီနှင့်စက်ရုံသုံး၊ကျောင်းသံ?

29/11/2021

ပလတ်စတစ် နဲ့ ကြွပ်ကြွပ်အိတ်တို့ အကြောင်း။ ။

ဒီခေတ်ကို ပလတ်စတစ်ခေတ်လို့တောင် ခေါ်လို့ရတယ်။ ပလတ်စတစ်အကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြရင် ကျမ်းတစ်စောင် ဖြစ်လာမယ်။ သာမန်အားဖြင့် လူလုပ်ထားတဲ့ ပိုလီမာများကို ပလတ်စတစ်လို့ ခေါ်တယ်။ ပိုလီမာမဖြစ်ခင် မိုနိုမာဆိုတာ ရှိတယ်။

လူငယ်တွေ နား လည်အောင် ပလတ်စတစ်ရဲ့ ဇစ်မြစ်ကို အနည်းငယ်ရှင်းပြလိုတယ်။ မိုနိုမာ ပလတ်စတစ် အမြောက်အမြားထုတ်လုပ်တဲ့ မိုနိုမာတွေရဲ့ ပင်ရင်းကတော့ ရေနံပါပဲ။ ရေနံကို (fossil fuel)လို့ခေါ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ရေနံကိုချက်ပြီး ဓာတ်ဆီ၊ ဒီဇယ်၊ မီးထိုးဆီ၊ အမဲဆီ၊ ဖယောင်း၊ ကတ္တရာဆိုပြီး တိုက်ရိုက်ပစ္စည်းတွေရသလို တစ်ဘက်လည်း ဓာတ်ငွေ့တွေကို ဘေးထွက်ပစ္စည်း(by-product) အနေနဲ့ ရတယ်။

ဒီဓာတ်ငွေ့တွေထဲမှာ အီသင်း(ethene)ဟာ အဓိကပါဝင်တယ်။ အီသင်းနဲ့မျိုးတူအုပ်စုတွေဖြစ်တဲ့ ပရိုပင်း၊ ဗီနိုင်းကလိုရိုဒ်တွေဟာ ပလတ်စတစ်လုပ်ဖို့ အခြေခံ မိုနိုမာတွေပါပဲ။ ပိုလီမာ ဒီ မိုနိုမာတွေကို ဖိအားပေး အပူပေး ကတ်တလစ်သုံးကာပေါင်းစေရင် ပိုလီမာဆိုတဲ့ ဆက်တန်းရှည်ကြီးကို ရတယ်။ အီသင်းကို ပိုလီမာဖြစ်စေရင် ပိုလီအီသင်း (PE) သို့မဟုတ် ပိုလီသင်းကို ရတယ်။

အသုံးပြုပုံ ယနေ့မှာ လူတိုင်း ပလတ်စတစ်သုံးကြပါတယ်။ နိုင်ငံအများမှာ မှို့ရှားလာတယ်။ ဒါကြောင့် ခေါင်းအုံးတွေမှာ cellular polyurethane သို့မဟုတ် polyester ကိုသုံးတယ်။ အိပ်ယာခင်းတွေ ခေါင်းအုံးစွပ်တွေဟာလည်း ပလတ်စတစ်တွေပါပဲ။ အိပ်ယာခင်းတွေဟာ acrylic plastic တွေဖြစ်တယ်။ ယနေ့ခေတ် ကော်ဇောဆိုရင်လည်း polyester နဲ့ nylon carpetsတွေပါပဲ။ သာမန် မော်တော်ကားတစ်စီးမှာ ပလတ်စတစ်ပစ္စည်း ပေါင် ၃၀၀လောက်ပါဝင်တယ်။ တယ်လီဖုန်းတွေ ကွန်ပျူတာတွေရဲ့ အစိတ် အပိုင်း အများစုဟာ ပလတ်စတစ်ပါပဲ။

ဒီအထဲမှာ လူထုနဲ့ထိတွေ့တာအများဆုံး ပတ်ဝန်းကျင်မှာ ဒုက္ခအပေးဆုံးကတော့ ပလတ်စတစ်အိတ် သို့မဟုတ် ကြွပ်ကြွပ်အိတ်တွေပါပဲ။ ကြွပ်ကြွပ်အိပ်တွေကို လုပ်တဲ့ ပလတ်စတစ်ဟာ ပိုလီအီသင်း poly (ethene) or polyetthylene (PE) တွေဖြစ်တယ်။ ရေပုလင်းတွေကိုတော့ (PET) တွေနဲ့ လုပ်တယ်။ ဖော့ဗူးတွေကတော့ polystyrene ဖြစ်တယ်။ သူတို့ကို ယနေ့သုံးနေပုံကို အကြမ်း အားဖြင့် အောက်ပါအတိုင်း ဖော်ပြနိုင်ပါတယ်။

(a) Poly vinyl chloride (PVC) Used for insulation, pipes and guttering.
(b) Polytetrafluoroetheneor poly tetrafluoroethylene (PTFE) Used for non-stick frying pans, non-stick taps and joints.
(c) Poly (propene) or polypropylene (PP) Used for crates and boxes, plastic rope.
(d) Polystyrene (PS) Used for insulation, packaging foam.
(e) Poly(ethene) or polyetthylene (PE) Use for plastic bags, bowls, bottles, packing
(f) Polyethene phthalate (PET) Use for plastic bottles

ဒီ ပိုလီမာတွေ အားလုံးဟာ အီသင်းဆီက အခြေခံတာပါပဲ။ စွန့်ပစ်ပစ္စည်း (Plastic Waste) သူတို့ဟာ အင်မတန် အသုံးဝင်သော်လည်း ပတ်ဝန်းကျင်ကို ဒုက္ခပေးသလို လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာပဲ။ သူတို့ကိုမရှိမကောင်း၊ရှိမကောင်းလို့ခေါ်တယ်။ ကမ္ဘာမှာ အသုံးပြုပြီး စွန့်ပစ်တဲ့ Plastic Waste ဟာ တစ်နှစ်မှာ တန် ၂၀၀၀ကျော် ရှိတယ်။ ဒီပလတ်စတစ်တွေဟာ အမှိုက်တွေပွပြီး ရေမြောင်းတွေကို ပိတ်ဆို့တယ်။ သဘာဝအရ မပျက်စီးဘူး။
ဥပမာ – ထုပ်ပိုးပစ္စည်း အဖြစ်ဖက်တွေကို သုံးပြီး လွှင့်ပစ်လိုက်ရင် ဖက်ဟာ မြေကြီးထဲမှာ ဆွေးသွားတယ်။ ဒါကို (Biodegradable) လို့ခေါ်တယ်။ ကြွပ်ကြွပ်အိတ်လို ပလစ်စတစ်တွေကျတော့ နှစ်ပေါင်း ၅၀၀လောက်ထိ ဆွေးမြေ့ပျက်စီးမှာ မဟုတ်ဘူး။ သူဟာ မြေကြီးထဲမှာ အောက်ဆီဂျင်ကို ပိတ်ဆို့တယ်။ အပင်တွေရှင်သန်ဖို့နဲ့ သတ္တဝါတွေ ရှင်သန်မှုကို ဖျက်ဆီးတယ်။

ဒါကြောင့် တစ်စုံတစ်ခုနဲ့ အစားထိုးရမယ်။ ယနေ့တိုင် ကြွပ်ကြွပ်အိတ်ကို အစားထိုးနိုင်တဲ့ ပစ္စည်းတွေ ရှာမတွေ့သေးဘူး။ ဒါကြောင့် သူ့ကိုလျော့သုံးရမယ်။ အမှိုက်ပစ်ရင်လည်း စနစ်တကျရှိကြရမယ်။ ကြွပ်ကြွပ်အိတ်အစားထိုး လက်ရှိလူတွေကြား အများဆုံးရောက်ပြီး ပြဿနာဖြစ်နေတာကတော့ ကြွပ်ကြွပ်အိတ်ပါပဲ။ ဈေးပေါတယ်။ အသုံးတည့်တယ်။ အဆင်ပြေ ကြလို့ အရောင်းအ၀ယ်အတွက် ထုပ်ပိုးစရာ ဒီအိတ်တွေကိုသာ အသုံးများတယ်။ စောစောကပြောတဲ့အတိုင်းပဲ အီသင်း(အီသိုင်လင်း)ဟာ ရေနံချက်စက်ရုံတွေက ပေါပေါလောလော စွန့်ထုတ်နေတဲ့ ဘေးထွက်ပစ္စည်း ဖြစ်တယ်။

ဒီ အီသင်း(ဓာတ်ငွေ့) ကို ဖိအားအပူချိန်နဲ့ ကက်တလစ်ထည့်ရင် (PE) ပိုလီမာရတယ်။ ဒီပိုလီမာကို ကန့်လန့်ဖြတ်ဆက်တန်းအုပ်စု (cross linking group) တွေထည့်ပေးလိုက်ရင် မာလာတယ်။ ဆက်တန်းအုပ်စုတွေကတော့ (vinyl)အုပ်စုတွေပါပဲ။ မာမာလိုချင်ရင် (cross linking group) တွေများများထည့်ရတယ်။ ပျော့ပျော့လိုချင်ရင်တော့ နည်းနည်းသာထည့်ရတယ်။ ဒီအတွက် များသောအားဖြင့် (HDPE)နဲ့ (LDPE)ဆိုပြီး (PE)နှစ်မျိုးရှိတယ်။ ကြွပ်ကြွပ်အိတ်ကောင်းကောင်းတွေကိုတော့ (HDPE)နဲ့လုပ်ပါတယ်။ သူဟာ အပူချိန် ၂၀၀°Cထိအောင် ခံနိုင်ရည်ရှိတဲ့အတွက် အန္တရာယ်နည်းတယ်။

နေရောင်ခြည်တွေကြောင့်ထွက်တဲ့ စွမ်းအင်(UV-Ray)တွေကို ခံနိုင် ရည်ရှိတယ်။ ဒီ(PE)တွေဟာ ခံနိုင်ရည်ကောင်းတယ်။ တကယ်တော့ ပလတ်စတစ်အကြည်တွေကို (PP)နဲ့လုပ်လေ့ရှိတယ်။ (PP)ကို (PE) လောက်ပါး အောင် အိတ်ဆွဲလို့မရဘူး။ စရိတ်စကပိုကြီးတယ်။ သူ့ကို ကွမ်းယာထုပ်တဲ့နေရာတွေမှာ အများအပြားသုံးတယ်။ ကြွပ်ကြွပ်အိတ်မှာ ဘာတွေပါလဲ မြန်မာပြည်က ကြွပ်ကြွပ်အိတ်တွေမှာ (HDPE) နဲ့ (LDPE) တို့အပြင်အခြားပစ္စည်းတွေလည်း အများအပြားပါတယ်။ သာမန်အားဖြင့် ဆိုးဆေးတွေကို မြင်နေရတယ်။ ဆိုးဆေးမှာလည်း အရည်အသွေး(grade)တွေရှိတယ်။ မကောင်းတဲ့ဆိုးဆေးတွေဟာ ပလတ်စတစ်ထဲကနေ လွယ်လွယ်ကူကူထွက်လာတယ်။ သူတို့ဟာ အန္တရာယ်ရှိတယ်။ အစားအသောက်က ဆိုးဆေးတွေလိုပါပဲ။ သုံးခွင့် ပြုတဲ့ဆိုးဆေးနဲ့ သုံးခွင့်မပြုတဲ့ဆိုးဆေးဆိုတာရှိတယ်။

၂၀၀၇ခုနှစ်လောက်မှာ ပလတ်စတစ်ဆိုးဆေးနဲ့ ပတ်သက်ပြီး တရုတ်မှာ ပြဿနာ ပေါ်ခဲ့တယ်။ ကလေးကစားတဲ့ အရုပ်တွေမှာ “ခဲ” တွေကိုသုံးထားတယ်။ Lead Oxide RedLead တွေလို့ဆိုတယ်။ တစ်ကမ္ဘာလုံးမှာ ပွက်လောရိုက်သွားတယ်။ အနာဂတ်ကို စိုးမိုးတဲ့လူငယ်တွေကို ဂရုတစိုက်မလုပ်ကြလို့ဖြစ်တဲ့ကိစ္စပဲ။ အရုပ်တွေကို ပြန်သိမ်းရတယ်။ စက်ရုံပိုင်ရှင်လည်း မိမိကိုယ်ကို သတ်သေသွားရှာတယ်။ ကျွန်တော်တို့ တွေ့နေကြတယ်။ မြန်မာမုန့် တွေကို ကြွပ်ကြွပ်အိတ်တွေနဲ့ ထည့်ရောင်းနေကြတယ်။ ကောက်ညှင်းပေါင်းပူပူကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ရောင်းတယ်။ အဲဒီကြွပ်ကြွပ်အိတ်ဟာ အရောင်လေးနဲ့ ဆိုးဆေးတွေပါလာပြီ။ အပူနဲ့ ထိတော့ ပလတ်စတစ် material ရော ဆိုးဆေးတွေပါ ထွက်လာလို့ရတယ်။ အဲဒီကြွပ်ကြွပ်အိတ်ကရော သန့်ရဲ့လား။ ဆေးရုံက တစ်ခါသုံးဆေးထိုးအပ်တွေ၊ ဆီးပြွန်တွေ၊ ၀မ်းချူပိုက်တွေ အားလုံးသော ပလတ်စတစ်တွေကို ရောပြီးကော်စေ့လုပ်ကာ အိတ် ဆွဲထားတာပါ။ ပလတ်စတစ်တွေကို Recycle လုပ်တာကောင်းပါတယ်။

ဒါပေမဲ့စဉ်းစားစရာတွေ အများကြီးပါပဲ။ အပူတွေထည့်ရင် ပလတ်စတစ်အိတ် တွေ မသုံးကောင်းပါဘူး။ ပိုလီစတိုင်းရင်းဖော့ဘူးတွေကို ခေါက်ဆွဲကျော်တွေ ဒန်ပေါက်တွေထည့်ရောင်းတယ်။ ဒါလည်း ဒုက္ခပေးနိုင်တာ ပဲ။ ပိုရီ စတိုင်ရင်းမှာပါတဲ့ ဘင်ဇင်းအုပ်စုဟာ ကာစီနိုဂျင်ဖြစ်တယ်။ အနောက်တိုင်းတွေမှာတော့ ပိုလီစတိုင်းရင်း ဖော့ဗူးတွေနဲ့ အပူတွေ ထည့်မယ်ဆိုရင် အလူမီနီယမ်ဖိုင် (Aluminium Foil) တွေခံလေ့ရှိတယ်။ Recycle PP အကြည်အိတ်တွေဟာ ထူတယ်။ သူတို့ကိုကောက်ပြီး ရောင်းသူတွေများတယ်။ အကြည်မို့ သန့်တယ်။ PE အိတ်တွေကတော့ အင် မတန်ပါးလွှာတယ်။ လေထဲလွင့်နေတတ်တယ်။ သူ့ကိုကောက်ပြီး ရောင်းလို့ အကျိုးများစွာ မဖြစ်ထွန်းဘူး။

ဒါကြောင့် Plastic Waste ရဲ့ ပြဿနာဟာ အကြီးကြီးပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ လွန်ခဲ့တဲ့ (၂)နှစ်က စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ပလတ် စတစ်စွန့်ပစ်ပစ္စည်း တန်ချိန် ၂၃၀ကျော်ကို စွန့်ပစ်နေရတယ်။ တစ်ကမ္ဘာလုံးမှာ နောက်ထပ် (၁၀)ဆရှိပေမယ်။ တစ်နေ့တခြားပလတ် စတစ်အသုံးများလာကြတယ်။ ဒါကို ဘယ်လိုလုပ်လျော့မလဲ။ ဘာနဲ့ အစားထိုးမှာလဲ။ တစ်ချိန်က မြန်မာနိုင်ငံမှာ အမှိုက်ပြဿနာ အင်မတန်နည်းခဲ့တယ်။ ဒါပေမဲ့ လူဦးရေများလာပြီး ပလတ်စတစ်အိတ်တွေ ပေါ်လာကတည်း က တောရောမြို့ပါ ပြဿနာတက်တော့တယ်။ ကြွပ်ကြွပ်အိတ်တွေဟာ ရေမြောင်းပိတ်တဲ့ တရားခံဖြစ်ရရှာတယ်။

တကယ်တော့သူဟာ တရားခံမဟုတ်ပါဘူး။ တရားခံဟာ ကျွန်တော်တို့ပါ။ ကျွန်တော်ပြောပြီးပါပြီ။ ကြွပ်ကြွပ်အိတ်တွေဟာ အဝိဥာဏတွေပါ။ မြောင်းကို သူ သွားမပိတ်ပါဘူး။ ကျွန်တော်တို့ကြောင့် မြောင်းပိတ်တယ်။ ခြင်တွေပေါက်တယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေ သွေးလွန်တုပ်ကွေးတွေ ဖြစ်တော့တာပါပဲ။ ယနေ့ ကမ္ဘာကြီးပူနွေးလာတာ အသေအချာပါပဲ။

ယခု သဘာဝပတ်ဝန်းကျင်ကို လူတွေ မသိလို့ ဖျက်ခဲ့ကြတယ်။
ပတ်ဝန်းကျင်ကို လူ တွေဖျက်ကြမှာလား။ ပြု ပြင်ကြမှာလား။
မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ကြရမှာပဲ ။ ။
===============
ရေးသားသူ ။ ။ ဒေါက်တာခင်မောင်ညို။
credit # U Thant Zaw

လူကြီးမင်းတို့ဧ။်တစ်ကိုယ်ရေနဲ့ပတ်ဝန်းကျင်အတွက်ပိုးသတ်ဆေးဖြန်းရာတွင် စိတ်ကြည်လင်မှုရှိစေရန်အသုံးပြုနိုင်သည့်အပြင် 💫ဆပ်ပြာဆ...
20/08/2021

လူကြီးမင်းတို့ဧ။်တစ်ကိုယ်ရေနဲ့ပတ်ဝန်းကျင်အတွက်ပိုးသတ်ဆေးဖြန်းရာတွင် စိတ်ကြည်လင်မှုရှိစေရန်အသုံးပြု
နိုင်သည့်အပြင် 💫ဆပ်ပြာဆီဖျော်ရာတွင်လည်းကောင်း၊
ပေါ့ပေါ့ပါးပါးရေမွှေးဖော်စပ်လိုရာတွင်လည်းကောင်း
Handspray တွင်လည်းကောင်း..ရောစပ်အသုံးပြုနိုင်
သည့် ..
👉အသီးနံ့ 🍊..ပန်းနံ့.🌺.အစုံရေမွှေးဆီ ...!!!!😍😍
တစ်ဗူး - 1,000/- ကျပ်

12/08/2021

ကိုဗစ် တတိယလှိုင်းကာလ အတွင်း Tin Myint Chemical Sales Group အနေဖြင့်အရေးကြီးသော
လက်သန့်ဆေး..အရက်ပြန် ပိုးသတ်ဆေးများကိုသာ ဆိုင်တစ်ဝက်ဖွင့် စနစ်ဖြင့် ရောင်းချလျက်ရှိရာ...
13.8.2021 (Friday) မှစ၍ ယခင်ပုံမှန်အတိုင်း ဆိုင် ပြန်လည်ဖွင့်လှစ်လည်ပတ်မည်ဖြစ်ပြီး ဆပ်ပြာဆီ နှင့် ၊စက်ရုံသုံး ဓာတ်ခွဲခန်းသုံး ကျောင်းသုံး ဓာတုဗေဒပစ္စည်း များကိုပါဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်း လေးစားစွာ
အသိပေးပြောကြားအပ်ပါသည်...!

Hi everyones...!!!💥💫💫ယခုလို virusပိုးကောင်း ကောင်းကြီးဒုက္ခပေးနေတဲ့အချိန်မျိုးမှာကိုယ်က safe side ဖြစ်အောင်..handsanitize...
10/08/2021

Hi everyones...!!!💥💫💫
ယခုလို virusပိုးကောင်း ကောင်းကြီးဒုက္ခပေးနေတဲ့
အချိန်မျိုးမှာကိုယ်က safe side ဖြစ်အောင်..
handsanitizer, hand spray ,chlorine ,dettol စသဖြင့်တွေကိုQuality အရည်အသွေးကောင်း ကောင်းလေးတော့ကိုယ့်မှာရှိသင့်တယ်နော်..👍👍အဲ့တာကြောင့် TM chemical group အနေနဲ့လူကြီးမင်း တို့အတွက် ဘယ်မှာမှမရရှိနိုင်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး အရည်အသွေး product များကို လက်လီလက်ကား
service ကောင်းမွန်စွာဖြင့်ရောင်းချပေးလျက်ရှိ နေပါတယ်နော်...💓💓ပ..... ဆိုင်မှဝယ်ယူဖူးသော customer မိတ်ဟောင်းများ ကတော့ TM ရဲ့ product တွေကိုလုံးဝယုံကြည်စိတ်ချစွာ
အသုံးပြုလျက်ရှိနေသောကြောင့် မိတ်သစ်များအား
အရောက်လှမ်းခဲ့ပါရန်..နွေးထွေးစွာကြိုဆိုလျက်ပါနော်..
..... အသေးစိတ်အချက်အလက်များကို page chatbox ကသော်၎င်း , ဖုန်းဖြင့်သော် ၄င်းဆက်သွယ် စုံစမ်းနိုင်ပါတယ်....💓💓
ပုံအောက်တိုင်းတွင်ဈေးနှုန်းများဖော်ပြထားပါတယ်..
.ဆိုင်လိပ်စာကတော့..
🏘 အမှတ် ၁၃၆ , ၂၈လမ်း(အလယ်) , ပန်းဘဲတန်းမြို့နယ်
ရန်ကုန်မြို့

☎️ 01-377396 , 01-385348
📞 09-421080867 , 09-5000579 , 09420159760

Address

No. 136 , 28 Street(middle)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420159760

Website

Alerts

Be the first to know and let us send you an email when Tin Myint Chemical Sales Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tin Myint Chemical Sales Group:

Share