WIN Family Lubricants Trading

WIN Family Lubricants Trading Ozone & Atlantic Distributor

အင်ဂျင်ဝိုင် တွေ စျေးတအား တက်နေတဲ့ အချိန်မှာစျေးနှုန်း လည်း သင့်ပြီး Fully Synthetic ဖြစ်တဲ့ATLANTIC 10W40 - 4L လေးတွေWI...
17/06/2022

အင်ဂျင်ဝိုင် တွေ စျေးတအား တက်နေတဲ့ အချိန်မှာ
စျေးနှုန်း လည်း သင့်ပြီး Fully Synthetic ဖြစ်တဲ့
ATLANTIC 10W40 - 4L လေးတွေ
WIN Family မှာ ပြန်ရနေပါပြီနော်
📞📞📞 09 794938808
📞📞📞 09 423455577

ပစ္စတင်နဲ့ ရိမ်းကွင်းကြောင့် အင်ဂျင်ဝိုင်စားနိုင်ပါသလား ?ပစ္စတင်နဲ့ ရိမ်းကွင်းကြောင့် အင်ဂျင်ဝိုင်စားနိုင်ပါတယ်။ ဘာဖြစ်လ...
01/04/2022

ပစ္စတင်နဲ့ ရိမ်းကွင်းကြောင့် အင်ဂျင်ဝိုင်စားနိုင်ပါသလား ?

ပစ္စတင်နဲ့ ရိမ်းကွင်းကြောင့် အင်ဂျင်ဝိုင်စားနိုင်ပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် အင်ဂျင်အတွင်းပိုင်းက pistonနဲ့စလစ်ကြားမှာ Ring ကွင်းတွေတပ်ဆင်ထားပါတယ်။

Piston တစ်လုံးမှာ Compression Ring နင့် Oil Ring ဆိုပြီး ရိန်းကွင်းတွေ တပ်ဆင်ထားပါတယ်။

အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ piston တစ်လုံးဟာ စလစ်ထဲမှာ ရှေ့ နောက်ရွေ့လျားပါတယ်။

စလစ်နဲ့ ပင်စ္စတင်ကြားမှာ ရိန်းကွင်းလေးတွေက စလစ်နံရံတွေရှိတဲ့ အင်ဂျင်ဝိုင်တွေကို ခြစ်ချပေးရပါတယ်။

အင်ဂျင်သက်တမ်းကြာလာတာနဲ့အမျှ စလစ် နံရံတွေရော ပင်စ္စတင် ရိန်းကွင်းတွေပါ ချောင်တက်ပါတယ်။

ဒါကြောင့် ပင်စ္စတင် ရိန်းကွင်းတွေ တပ်ဆင်ပုံ မှန်ကန်မူမရှိရင် အင်ဂျင်ဝိုင်ပိုမိုစားနိုင်ပါတယ်ခင်ဗျာ။။


နွေနေပူ နဲ့အတူ တရိပ်ရိပ်တက်လာတာကတော့ ဆီစျေးနှုန်းပါပဲ။ နေကပူ၊ ဆီစျေးကတက်၊ ကားကပျက်ဆိုရင်တော့ ဘယ်လောက်စိတ်ရှုပ်စရာကောင်းလ...
25/03/2022

နွေနေပူ နဲ့အတူ တရိပ်ရိပ်တက်လာတာကတော့ ဆီစျေးနှုန်းပါပဲ။ နေကပူ၊ ဆီစျေးကတက်၊ ကားကပျက်ဆိုရင်တော့ ဘယ်လောက်စိတ်ရှုပ်စရာကောင်းလိုက်မလဲနော်...

ဒီလိုမဖြစ်အောင်ဆိုရင် ကားတွေမှာ ဂရုစိုက်ဖို့ အလိုအပ်ဆုံးဖြစ်တဲ့ Essential Fluids တွေကို အမြဲ Check up လုပ်နေဖို့ လိုအပ်ပါတယ်။

Essential Fluids တွေကို စစ်ဆေးပြီး ဖြည့်သင့်တာ၊ လဲသင့်တာကို လဲလှယ်ပေးမယ်ဆိုရင် ကားမောင်းနှင်ရတာ အဆင်ပိုပြေစေပြီး အင်ဂျင်လည်ပတ်မှု စနစ်ကိုလည်း အထောက်အကူ အများကြီးပြုပါတယ်။ နောက်ပြီး စက်ပြင်ဆင်စရိတ်လည်း အများကြီး သက်သာသွားစေမှာပါ။ ဘာကြောင့်လဲ ဆိုရင် စက်ပစ္စည်းပျက်လို့ ပြင်ရမယ်ဆို ပြင်ဆင်စရိတ်က Essential Fluids တွေထည့်တာထက် အဆပေါင်းများစွာ ပိုကုန်လို့ပါပဲ။

ဒါဆို ကားတစ်စီးအတွက် အရေးပါတဲ့ Essential Fluidsတွေကို ဖတ်ကြည့်လိုက်ရအောင်...

(၁) အင်ဂျင်ဝိုင်

FUEL ပြီးတာနဲ့ အင်ဂျင်ဝိုင်က ကားအတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးအပါဆုံး Fluid ဖြစ်ပါတယ်။ အင်ဂျင်ထဲက အစိတ်အပိုင်းတွေ အကုန်လုံးက အင်ဂျင်အလုပ်လုပ်နေတာ နဲ့အမျှ လည်ပတ်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သူတို့ကို ချောချောမွေ့မွေ့ လည်ပတ်စေဖို့ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ပြီး လဲလှယ်ပေးရပါမယ်။

(၂) Coolant

အင်ဂျင်ဟာ Combustion တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်တဲ့အတွက် အပူတွေအများကြီး ထွက်ပါတယ်။ Antifreeze လို့ခေါ်တဲ့ Coolant တွေက Engine ကအပူတွေကို စုပ်ယူပေးတဲ့အပြင် Overheating မဖြစ်အောင် အပူကို Radiator ကတစ်ဆင့် ဖြတ်စီးပြီး ထွက်စေပါတယ်။

(၃) Power Steering Fluid

Power Steering System က Hydraulic တွေများပါတယ်။ ကွေ့တဲ့အချိန်မှာ Pressurized Fluid သုံးပြီး တစ်ချို့ Model အသစ်တွေမှာတော့ Electric Steering သုံးတတ်ပါတယ်။ Steering Fluid ကိုလည်း ကွေ့ရလွယ်အောင်၊ Steering လေးနေတာမျိုး မဖြစ်ဘဲ ချောချောမွေ့မွေ့နဲ့ မောင်းနိုင်အောင် လဲလှယ်ပေးရပါတယ်။

(၄) Brake fluid

ကားမှာ အရေးကြီးဆုံးက ဘရိတ်ဆိုတာတော့ အထူးတလည် ရှင်းပြစရာ မလိုပါဘူး။ နောက်ပိုင်းကားတွေမှာ Hydraulic Brakes တွေ အသုံးများပါတယ်။ Pedal ပေါ်ကို နင်းလိုက်တာနဲ့ Plunger ဟာ ဘရိတ်ဆီကို ဖိအားပေးတာကြောင့် Brake Pads တွေ အလုပ်လုပ်ကာ ကားကိုနှေးစေ၊ ရပ်စေပါတယ်။ ချက်ချင်းမရပ်တန့်သွားဘဲ နှေးတာ (သို့) တစ်ခုခုပုံမှန်မဟုတ်တာ ဖြစ်နေတယ်ဆိုရင် ဘရိတ်ဆီကို ပထမဆုံး စစ်ဆေးရပါမယ်။

(၅) Transmission fluid

Transmission ထဲမှာရှိတဲ့ Gear နဲ့ Clutch စတဲ့ စက်ပစ္စည်းတွေ လည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့စေဖို့ ချောဆီလို ဆောင်ရွက်ပေးတာပါတယ်။ တစ်ခါထည့်ပြီးရင် လဲလှယ်စရာမလိုဘူး ဆိုပေမယ့် ဂီယာပြောင်းတိုင်း ထူးဆန်းတဲ့အသံတွေထွက်တာ၊ လျှောလျှောရှူရှူ မဖြစ်တာမျိုးတွေရှိလာရင်တော့ ပြောင်းလဲအသုံးပြုသင့်ပါတယ်။

(၆) Windshield Washer Fluid

ကားအတွက် ဘာမှအကျိုးမပြုဘူးလို့ ထင်ရပေမယ့် တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့က အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ ကားတစ်စီး အဆင်ပြေချောမွေ့စွာ မောင်းနှင်တဲ့နေရာမှာ အရေးပါတဲ့ Fluidတွေကို ရွေးချယ်တဲ့အခါ ကွာလတီစိတ်ချရတဲ့ Fluidတွေကိုပဲ သုံးဖို့လည်း မမေ့နဲ့နော်

25/03/2022

Ozone & Atlantic အမှတ်တံဆိပ် အင်ဂျင်ဝိုင်များကို UAE နိုင်ငံက Atlantic စက်ရုံမှာ အခုလို ကမ္ဘာ့အဆင့်မှီစွာ ထုတ်လုပ်ထားတာပါ

Ozone & Atlantic Lubricants  မှာ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေအတွက် အင်ဂျင်ဝိုင်အမျိုးအစား (၄) မျိုး ထုတ်လုပ်ထာ...
16/03/2022

Ozone & Atlantic Lubricants မှာ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေအတွက် အင်ဂျင်ဝိုင်အမျိုးအစား (၄) မျိုး ထုတ်လုပ်ထားပါတယ်။

ဆိုင်ကယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Atlanticရဲ့ Special 4T (SAE 20W-50 API CJ-4/SN) နဲ့ Economical ( SAE 20W-50 API SN)၊

သုံးဘီးဆိုင်ကယ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ Atlantic ရဲ့ 0zone Economical Motor Oil (SAE 20W-50 API SN) အင်ဂျင်ဝိုင်တွေက စွမ်းဆောင်ရည်မြင့် Conventional Four-Stroke မော်တော်ဆိုင်ကယ်အင်ဂျင်ဝိုင်တွေ ဖြစ်ပါတယ်။

စွမ်းဆောင်ရည် ကောင်းမွန်ဖို့၊ Wet Clutch စနစ်ကို ကာကွယ်မှုပေးနိုင်ဖို့၊ RPMs နဲ့ အပူချိန်အမြင့်တွေကို ခံနိုင်ရည်ရှိစေဖို့အတွက် အရည်အသွေးမြင့် Base Oil နဲ့ အဆင့်မြင့် Additives တွေကို ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

Atlantic ရဲ့ 0zone Normal (SAE 20W-50 API CJ-4/ SN) အင်ဂျင်ဝိုင်ကလည်း ဆိုင်ကယ်တွေ အတွက် အထူးထုတ်လုပ်ထားတာ ဖြစ်ပြီး ရာသီဥတု အပူ၊ အအေး နှစ်မျိုးစလုံးမှာ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ တစ်နှစ်ပတ်လုံး အင်ဂျင်အတွက် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပေးဆောင်နိုင်တဲ့ Atlantic 0zone Normal က API CJ 4/SN နဲ့ ကိုက်ညီတဲ့ ဆိုင်ကယ်အင်ဂျင်တွေအတွက် သင့်တော်ပါတယ်။

အခုဆိုရင် Atlantic မှာရရှိနိုင်တဲ့ အင်ဂျင်ဝိုင်တွေကို ပြောပြပေးသွားပြီမို့ ကိုယ်နဲ့သင့်တော်တဲ့ အင်ဂျင်ဝိုင်ကို အခုပဲ ရွေးချယ်အသုံးပြုလိုက်တော့နော်..

ဖုန်းနံပါတ်
09 794938808
09 423455577 ကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။

အင်ဂျင်ဝိုင် ပုံမှန်လဲဖို့ မမေ့နဲ့နော်....ဘာကြောင့်သတ်မှတ်ကီလိုပြည့်တိုင်းအင်ဂျင်ဝိုင်လဲသင့်တာလဲ?အင်ဂျင်ဝိုင်ဆိုတာ အင်ဂျ...
09/03/2022

အင်ဂျင်ဝိုင် ပုံမှန်လဲဖို့ မမေ့နဲ့နော်....

ဘာကြောင့်သတ်မှတ်ကီလိုပြည့်တိုင်းအင်ဂျင်ဝိုင်လဲသင့်တာလဲ?

အင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ထဲမှာလှည့်ပါတ်စီးဆင်းနေပြီးအင်ဂျင်အစိတ်အပိုင်းတွေကို ပွန်းစားမှုမဖြစ်ဘဲနဲ့ နူးညံ့ချောမွတ်စွာလှုပ်ရှားနိုင်စေဖို့ စွမ်းဆောင်ပေးတဲ့ တစ်ခုထဲသောချောဆီဖြစ်ပါတယ်။

သို့သော်လည်း အင်ဂျင်အပူကြောင့်သော်လည်းကောင်း ပွတ်တိုက်ဖန်များလာသောကြောင့်သော်လည်းကောင်း
အင်ဂျင်ဝိုင်စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်းကျဆင်းလာပါတယ်။

မိမိကားစက်သံကြမ်းပြီး အရုန်းအဆွဲကျဆင်းလာတဲ့အခါမှာ အင်ဂျင်ဝိုင်လဲလှယ်သင့်နေပြီဆိုတာကို ကနဦးသိနိုင်ပါတယ်။

မလဲလှယ်ဘဲ ဆက်ပြီးအသုံးပြုတဲ့အခါမှာ

အင်ဂျင်သက်တမ်းတိုခြင်း
Oil sludge များဖြစ်ပေါ်ခြင်း (အင်ဂျင်ဝိုင်ဂျိုးတက်ခြင်း)
Engine overhaul လုပ်ရခြင်း (အင်ဂျင်ကိုင်ရခြင်း)
စတဲ့ဆိုးကျိုးတွေကြောင့်ငွေအပိုကုန်ပြီး စိတ်ညစ်ရတတ်ပါတယ်။

ဒါကြောင့် သတ်မှတ်ကီလိုပြည့်တိုင်းမှာ အင်ဂျင်ဝိုင်ကိုမဖြစ်မနေလဲလှယ်ပေးသင့်ပါတယ် ။။။

ဆိုင်ကယ် တစ်စီး ကောင်းကောင်း မောင်းနှင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အင်ဂျင် ရဲ့ ကျန်းမာရေးပါပဲ။ Atlantic ရဲ့ 0zone N...
03/03/2022

ဆိုင်ကယ် တစ်စီး ကောင်းကောင်း မောင်းနှင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အင်ဂျင် ရဲ့ ကျန်းမာရေးပါပဲ။

Atlantic ရဲ့ 0zone Normal အင်ဂျင်ဝိုင်ဟာ ဆိုင်ကယ် တွေ အတွက် အထူး ထုတ်လုပ်ထားတာ ဖြစ်ပြီး ရာသီဥတု အပူ အအေး နှစ်မျိုး စလုံး မှာ တစ်နှစ်ပတ်လုံး အဆင်ပြေနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်အတွက် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပေးဆောင်နိုင်မှာ သေချာပါတယ်။

Atlantic 0zone Normal ဟာ ဆိုရင် API CJ 4/SN နှင့် ကိုက်ညီသော ဆိုင်ကယ် အင်ဂျင်များအတွက် အထူးသင့်လျော်ပါတယ်။

[Zawgyi]

ဆိုင်ကယ် တစ်စီး ကောင်းကောင်း မောင်းနှင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အင်ဂျင် ရဲ့ ကျန်းမာရေးပါပဲ။

Atlantic ရဲ့ 0zone Normal အင်ဂျင်ဝိုင်ဟာ ဆိုင်ကယ် တွေ အတွက် အထူး ထုတ်လုပ်ထားတာ ဖြစ်ပြီး ရာသီဥတု အပူ အအေး နှစ်မျိုး စလုံး မှာ တစ်နှစ်ပတ်လုံး အဆင်ပြေနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်အတွက် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပေးဆောင်နိုင်မှာ သေချာပါတယ်။

Atlantic 0zone Normal ဟာ ဆိုရင် API CJ 4/SN နှင့် ကိုက်ညီသော ဆိုင်ကယ် အင်ဂျင်များအတွက် အထူးသင့်လျော်ပါတယ်။

" ခရီးမိုင် အကွာအဝေးများ "ရန်ကုန် - ပဲခူး ၅၀ မိုင်ရန်ကုန် - ဘုရားကြီး ၆၀ မိုင်ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်ရန်ကုန် - ညောင်လ...
19/02/2022

" ခရီးမိုင် အကွာအဝေးများ "

ရန်ကုန် - ပဲခူး ၅၀ မိုင်
ရန်ကုန် - ဘုရားကြီး ၆၀ မိုင်
ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် - ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် - မဒေါက် ၁၁၀ မိုင်
ရန်ကုန် - ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် - ကျောက်တံခါး ၁၁၅ မိုင်
ရန်ကုန် - ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် - ဖြူး ၁၄၂ မိုင်
ရန်ကုန် - ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် - တောင်ငူ ၁၇၅ မိုင်
ရန်ကုန် - ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် - ဆွာ ၂၀၁ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) ၂၀၀ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် - ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် - မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် - တောင်သာ ၃၈၁ မိုင်
ရန်ကုန် - မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် - စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် - မန္တလေး ၄၃၀ မိုင်
ရန်ကုန် - မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် - ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် - ရွှေဘို ၅၀၀ မိုင်
ရန်ကုန် - တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် - လားရှိုး ၆၀၅ မိုင်
ရန်ကုန် - တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် - လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် - တမူး ၇၂၅ မိုင်
ရန်ကုန် - မြစ်ကြီးနား ၉၁၉ မိုင်
ရန်ကုန် - လက်ပံတန်း ၈၅ မိုင်
ရန်ကုန် - ပြည် ၁၇၉ မိုင်
ရန်ကုန် - ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် - အောင်လံ ၂၂၃ မိုင်
ရန်ကုန် - ကြံခင်း ၂၄၅ မိုင်
ရန်ကုန် - မြန်အောင် ၂၅၀ မိုင်
ရန်ကုန် - တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် - မကွေး ၃၃၁ မိုင်
ရန်ကုန် - မင်းဘူး ၃၃၂ မိုင်
ရန်ကုန် - အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် - ချောက် ၄၀၈ မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် - ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် - မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် - နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် - တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် - သံတွဲ ၃၂၃ မိုင်
ရန်ကုန် - ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် - စစ်တွေ ၆၃၄ မိုင်
ရန်ကုန် - မအူပင် ၅၁ မိုင်
ရန်ကုန် - အိမ်မဲ ၇၅ မိုင်
ရန်ကုန် - မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် - လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် - ဂွ ၁၄၆ မိုင်
ရန်ကုန် - ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် - ရေကြည် ၉၀ မိုင်
ရန်ကုန် - ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် - ဟင်္သာတ ၉၆ မိုင်
ရန်ကုန် - ထူးကြီး ၁၃၃ မိုင်
ရန်ကုန် - ပုသိမ် ၁၁၅ မိုင်
ရန်ကုန် - ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် - ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် - ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် - ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် - ညောင်တုန်း ၃၅ မိုင်
ရန်ကုန် - ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် - ဇလွန် ၈၇ မိုင်
ရန်ကုန် - ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် - ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် - ကျုံပျော် ၉၆ မိုင်
ရန်ကုန် - ရွှေလောင်း ၇၈ မိုင်
ရန်ကုန် - ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် - ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် - လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် - သာပေါင်း ၁၄၂ မိုင်
ရန်ကုန် - ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် - ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် - တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် - ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် - သထုံ ၁၅၂ မိုင်
ရန်ကုန် - မုတ္တမ ၁၉၀ မိုင်
ရန်ကုန် - မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် - မုဒုံ ၂၀၈ မိုင်
ရန်ကုန် - သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် - ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် - ဘားအံ ၁၈၀ မိုင်
ရန်ကုန် - သာမည ၂၀၀ မိုင်
ရန်ကုန် - ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် - မြ၀တီ ၂၇၉ မိုင်
ရန်ကုန် - ရေး ၂၈၇ မိုင်
ရန်ကုန် - ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် - မြိတ် ၅၅၀ မိုင်
ရန်ကုန် - ကော့သောင်း ၇၄၅ မိုင်

အင်ဂျင်ဝိုင်တွေကို အလွယ်တကူ ဘယ်လိုခွဲခြားလို့ရနိုင်လဲ?😬 မော်တော်ကား အင်ဂျင်တွေမှာအသုံးပြုနေတဲ့ အင်ဂျင်ဝိုင်တွေမှာ ဓာတ်ဆီ...
17/01/2022

အင်ဂျင်ဝိုင်တွေကို အလွယ်တကူ ဘယ်လိုခွဲခြားလို့ရနိုင်လဲ?

😬 မော်တော်ကား အင်ဂျင်တွေမှာအသုံးပြုနေတဲ့ အင်ဂျင်ဝိုင်တွေမှာ ဓာတ်ဆီ အင်ဂျင်အတွက် အသုံးပြုတဲ့ အင်ဂျင်ဝိုင်လား?

😬 ဒီဇယ်အင်ဂျင်တွက်အသုံးပြုတဲ့ အင်ဂျင်ဝိုင်လား ?

ဘယ်အင်ဂျင်မှာအသုံးပြုတဲ့ အင်ဂျင်ဝိုင်လဲဆိုတာကို အလွယ်တကူခွဲခြားနိုင်တဲ့ နည်းလမ်းလေးကို
WIN Family Lubricants Trading မှ ဗဟုသုတအနေနှင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ . . . . .🙆🙆

မော်တော်ကားတွေမှာ အသုံးပြုဖို့အတွက် အင်ဂျင်ဝိုင်တွေကို ဒီဇယ်အင်ဂျင်သုံး ဒီဇယ်အင်ဂျင်ဝိုင်နဲ့ ဓာတ်ဆီအင်ဂျင်သုံး ဓာတ်ဆီအင်ဂျင်ဝိုင်ဆိုပြီး သီးသန့်စီ ထုတ်လုပ်ထားပါတယ်

သို့ပေမယ့် . . . နှစ်မျိုးသုံးလို့ရတဲ့ Multi-oil တွေလည်း ဈေးကွက်ထဲမှာ တွေ့ရတတ်ပါတယ်

အသုံးပြုသူများအနေဖြင့် သတိပြုရမှာကတော့ ဒီဇယ် အင်ဂျင်ဝိုင်ကို ဓာတ်ဆီအင်ဂျင်မှာ အသုံးမပြုမိဖို့နဲ့ ဓာတ်ဆီအင်ဂျင်ဝိုင်ကို ဒီဇယ်အင်ဂျင်မှာ မှားပြီးအသုံးမပြုမိဖို့ပဲဖြစ်ပါတယ်

လွဲမှားပြီးအသုံးပြုမိရင် မိတ်ဆွေမော်တော်ကားအတွက် များစွာတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်
🙋 မှားယွင်းအသုံးမပြုမိဖို့တွက် အင်ဂျင်ဝိုင်ပုံးတွေမှာ ဖော်ပြထားတဲ့ အညွှန်းတွေကို ကြည့်ပြီး အလွယ်တကူခွဲခြားနိုင်သလို API ဂရိတ်တွေကို ကြည့်၍လည်း ခွဲခြားနိုင်ပါတယ်

လွယ်လွယ်ကူကူသိနိုင်တာကတော့ API ဂရိတ်ဖော်ပြချက်မှာ
S နဲ့စရင် ဓာတ်ဆီအင်ဂျင်တွက်သုံးတဲ့ အင်ဂျင်ဝိုင်အမျိုးအစားဖြစ်ပြီး
C နဲ့စရင် ဒီဇယ်အင်ဂျင်တွက်သုံးတဲ့ အင်ဂျင်ဝိုင်အမျိုးအစားဖြစ် ဖြစ်ပါတယ်

မိတ်ဆွေတို့အနေဖြင့် ဘယ်အင်ဂျင်အတွက်အသုံးပြုတဲ့ အင်ဂျင်ဝိုင်လဲဆိုတာ ခွဲခြားသိဖို့လိုအပ်သလို အင်ဂျင်ဝိုင်ကို မှားယွင်းအသုံးမပြုမိဖို့လည်း သတိပြုဝယ်ယူဖို့လိုပါတယ်ခင်ဗျာ . . . .

** နည်းပညာစနစ်တွေမြင့်လာတာနှင့် အမျှ ယခုအခါ ဓာတ်ဆီနဲ့ ဒီဇယ်အင်ဂျင်ဝိုင်တွေရဲ့ ဂရိတ်နံပါတ်တွေဟာလည်း မြင့်တက်နေတာကို ဈေးကွက်ထဲ မိတ်ဆွေတို့အနေနဲ့ သိရှိပြီးသားဖြစ်မှာပါခင်ဗျာ

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ။၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင...
08/01/2022

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ။

၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။

ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ
ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်
မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်
မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့
ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။

၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။

နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာ
တချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။
ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ
ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သော
အကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေ
မရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလို
အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်
လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်
ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့
ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့
ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသား
ကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။

၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။

မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်
ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့
နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်
ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့
ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစား
ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။

၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။

ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်
မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြ
ထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)
ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်
ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာ
အသုံးပြုရမှာဖြစ်ပါတယ်။

၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။

Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့
ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။

၆။တည့်ယာဉ်နှင့်ဝဲဘက်သို့'ဂ'ကွေ့ကွေ့သော
ယာဉ်တိုက်မိခြင်း။

နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့
ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။
"လွတ်မယ်ထင်လို့ကွေ့တာပါ" တို့"ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ" တို့ပြောတက်ကြပါတယ်။
ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။

၇။လမျးပွောငျးပွနျကြောျတကျ၍မကြျနှာခငြျး
ဆိုင်ယာဉ်နှင့်တိုက်မိခြင်း။

နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်း
ဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။

၈။ဘေးချင်းယှဉ်ကျော်တက်၍ပွတ်တိုက်ခြင်း။

လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်
ယာဉ်သာအမှားဖြစ်ပါတယ်။

၉။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။

နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ
ဖြစ်ပေမယ့်မြို့တော်တော်များများမှာအဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲရပ်ပေးနေတာကိုမြင်နေရပါတယ်။

၁၀။ယာဉ်မှလူကိုတိုက်ခြင်း။

စက်တပ်ယာဉ်နဲ့လူတိုက်မိပြီဆိုရင်တော့
စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။

ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

by legal Information

Address

No(862/B) , Dawna Street, (8)ward , East Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959794938808

Website

Alerts

Be the first to know and let us send you an email when WIN Family Lubricants Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WIN Family Lubricants Trading:

Share