Stardust Book House

Stardust Book House စာဖတ်ခြင်းဖြင့် စိတ်တံခါးများ ဟင်းလင်းပွင့်စေ

Support System မရှိရင် ပြတ်မှာပဲSupport System မရှိတဲ့ Relationship က အနှေးနဲ့အမြန် ပြတ်မှာပဲ ။ ချစ်သူရည်းစားဆက်ဆံရေးမှာ...
04/03/2026

Support System မရှိရင် ပြတ်မှာပဲ

Support System မရှိတဲ့ Relationship က အနှေးနဲ့အမြန် ပြတ်မှာပဲ ။

ချစ်သူရည်းစားဆက်ဆံရေးမှာ Support System ဆိုတာ နှစ်ဦးနှစ်ဖက် တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာနဲ့အတူ နားလည်မှု၊ ယုံကြည်မှု၊ အားပေးကူညီမှုတွေ ပေးစွမ်းနိုင်တဲ့ စနစ်တစ်ခုပါ။

ဥပမာ ရည်းစားက အလုပ်မှာ စိတ်ညစ်လာရင် ကိုယ်က နားထောင်ပေးတာမျိုး ၊ အားပေးစကားပြောပေးတာမျိုး ၊ သူ့အတွက် အကောင်းဆုံးဖြစ်အောင် ကူညီပေးတာမျိုးပေါ့ ။

◾ Support System က ချစ်သူရည်းစားဆက်ဆံရေးကို ပိုနက်ရှိုင်းစေပြီး ရေရှည်တည်တံ့စေတယ်။နှစ်ဦးနှစ်ဖက်လုံး တစ်ယောက်ကိုတစ်ယောက် အားကိုးယုံကြည်နိုင်တဲ့ ခံစားချက်က ချစ်ခြင်းမေတ္တာကို ပိုခိုင်မာအောင် တည်ဆောက်ပေးပါတယ် တဲ့ ။

အပြန်အလှန် အားပေးကူညီခြင်းက တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်လာစေသလို ရှေ့ဆက်ရမယ့် ဘဝခရီးကိုလည်း အတူတူ လျှောက်လှမ်းနိုင်စွမ်း ရှိလာစေတယ်။

🔶 Support System မရှိတဲ့ ချစ်သူရည်းစားဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားမလည်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

ခက်ခဲတဲ့အခြေအနေတွေမှာ တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားရပြီး၊ အချိန်ကြာလာတဲ့အခါ ချစ်ခြင်းမေတ္တာတွေ လျော့နည်းသွားနိုင်ပါတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို အတူတကွ မခံစားနိုင်တဲ့အခါ ဝေးကွာသွားနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာ ရင့်သန်လာမှ နှစ်ဦးနှစ်ဖက်လုံး တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခုကို အတူတကွဖန်တီးနိုင်မှာမို့ တကယ်ချစ်ရင် Support System တည်ဆောက်ဖို့ မမေ့ပါနဲ့ ။

ကိုယ်နာမကျန်းဖြစ်တဲ့အခါမင်းကပဲ ကူသပေးပေါ့အချစ်ရယ်နွေးထွေးမှုဟာ ဆေးတစ်ခွက်ပါပဲ။   #ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည်  #၆၅၀၀က...
25/02/2026

ကိုယ်နာမကျန်းဖြစ်တဲ့အခါ
မင်းကပဲ ကူသပေးပေါ့အချစ်ရယ်
နွေးထွေးမှုဟာ ဆေးတစ်ခွက်ပါပဲ။

#ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည် #၆၅၀၀ကျပ်

အချစ်ဆိုတဲ့ အရာက ချစ်မိရင် ချစ်ချင်တာပဲသိတော့တယ်ဘယ်သူ့ကိုတော့ ချစ်လိုက်မယ်ဘယ်သူ့ကိုတော့ မချစ်နိုင်ဘူးလို့ရွေးချယ်ခွင့်မရ...
22/02/2026

အချစ်ဆိုတဲ့ အရာက ချစ်မိရင် ချစ်ချင်တာပဲသိတော့တယ်
ဘယ်သူ့ကိုတော့ ချစ်လိုက်မယ်
ဘယ်သူ့ကိုတော့ မချစ်နိုင်ဘူးလို့
ရွေးချယ်ခွင့်မရှိတာဟာ သဘာဝရဲ့ နိယာမပဲ မဟုတ်လား...
ချစ်မိတာဟာ အပြစ်ရှိတာလား

#ဂျင်ဂျာ #ကျွန်တော်ချစ်မိအပြစ်ရှိသော်
#၁၀၀၀၀ကျပ်

စိတ်ပင်ပန်းတဲ့အခါ အိမ်ကိုသတိရကြတယ်။အဆင်မပြေတဲ့အခါ အိမ်ပြန်ချင်ကြတယ် ။အိမ်ဆိုတဲ့ အရိပ်ဟာ ကျွန်တော်တို့အတွက် ခိုလှုံဖို့အက...
19/02/2026

စိတ်ပင်ပန်းတဲ့အခါ အိမ်ကိုသတိရကြတယ်။
အဆင်မပြေတဲ့အခါ အိမ်ပြန်ချင်ကြတယ် ။
အိမ်ဆိုတဲ့ အရိပ်ဟာ ကျွန်တော်တို့အတွက် ခိုလှုံဖို့အကောင်းဆုံးအရပ်ပါပဲ ။
အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးပေါ့

ကျွန်တော်တို့ဘဝမှာလည်း
ကိုယ့်အပေါ် နားလည်မှုပေးပြီး
ကိုယ့်အတွက် နွေးထွေးစေတဲ့သူမျ်ိုး
အိမ်နဲ့တူတဲ့လူကိုပဲ ရှာဖွေရမယ် ။

အကောင်းဆုံးအချိန်တွေမှာပဲ
ကိုယ့်အနားရှိနေသူထက်
အဆိုးဆုံးအချိန်တွေမှာ
ကိုယ့်က်ိုပစ်မထားဘဲ
အနားမှာရှိနေပေမယ့်သူက်ိုသာ
ကျွန်တော်တို့ အလိုအပ်ဆုံးပါ။

အခက်အခဲတွေများတဲ့
လောကကြီးထဲမှာ တစ်စုံတစ်ယောက်ကြောင့်
အချိန်ခဏစာလောက်
ရယ်ရ ပြုံးရလည်း မနည်းပါဘူး
ဘယ်ချိန်ပြိုလဲမယ်မှန်းမသ််ိတဲ့
အခြေအနေတွေမှာ ကိုယ့်အတွက်တစ်ယောက်ယောက်ရှိနေသေးတယ်ဆိုတဲ့
စိတ်ကလေးနဲ့ ရှင်သန်ရတာ ဖြေသာပါသေးတယ် ။

happiness is a butterfly တဲ့
ပျော်ရွှင်မှုဟာ လိပ်ပြာလေးတစ်ကောင်လိုပဲ
ဖမ်းဆုပ်ရခက်တယ်
အလွယ်တကူမရနိုင်တဲ့ပျော်ရွှင်မှုမျိုး တစ်စုံတစ်ယောက်က ပေးစွမ်းနိုင်တယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။

ဘယ်အရာမှမတည်မြဲ တဲ့အကြောင်း
အကုန်လုံးသိထားကြပြီးသားပါ။
အဲ့ဒီလို လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ
အချိန်တန်ရင် ထွက်ခွါသွားရမယ့် ဘဝကြီးမှာ

ကိုယ့်အတွက် ဝမ်းနည်းပေမယ့်သူ
ကိုယ်ပျော်ရင် အတူတူလိုက်ပျော်ပေးမယ့်သူ
စိတ်ကို နွေးထွေးလုံခြုံစေမယ့်သူ
အိမ်နဲ့တူနဲ့သူ တစ်ယောက်ရှိထားခြင်းဟာလည်း
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ။


#ချစ်သည်ချစ်ခဲ့သည် ဆက်၍ချစ်နေသည်
#၆၅၀၀ကျပ်

ငယ်ငယ်လေးကတည်းက အတူနေ၊ အတူစား၊ အတူကစားခဲ့ကြတဲ့သူငယ်ချင်းသုံးယောက် ယုမော်၊ အကြင်နာ၊ ခိုင်ခန့်ဆိုးအတူကောင်းအတူ ပြောမနာဆိုမ...
17/02/2026

ငယ်ငယ်လေးကတည်းက အတူနေ၊ အတူစား၊ အတူကစားခဲ့ကြတဲ့သူငယ်ချင်းသုံးယောက် ယုမော်၊ အကြင်နာ၊ ခိုင်ခန့်

ဆိုးအတူကောင်းအတူ ပြောမနာဆိုမနာသူငယ်ချင်းအုပ်စုလေးပေါ့

သူတို့သူငယ်ချင်းအုပ်စုရဲ့ အလွဲလေးတွေ၊ ဟာသလေးတွေအပြင် တစ်ယောက်ပေါ်တစ်ယောက် ဂရုစိုက်မှုလေးတွေ မြင်တွေ့ရပါတယ်။

ဒီလိုပျော်ရွှင်နေတဲ့ သူငယ်ချင်းအုပ်စုလေးထဲကို " ဓောနမင်း " ဆိုတဲ့ကောင်လေးဝင်လာတဲ့အချိန်မှာတော့

ဓောနမင်းဟာ အကြင်နာကိုမကြိုက်ခဲ့ဘဲ ခိုင်ခန့်ဇော်ကိုမှသဲသဲလှုပ်ချစ်တဲ့သူ ခိုင်ခန့်ဇော်အချစ်ကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မဲ့လူမျိုးပေါ့

ခိုင်ခန့်ဇော်ဟာ ဓောနမင်းကိုမချစ်မိအောင် သူ့ကိုယ်သူကြိုးစားပေမဲ့လည်း ဓောနအပေါ်မှာရှိနေတဲ့သူ့ရင်ခုန်သံတွေကို ညာလို့မရခဲ့ပါဘူး

သူတို့နှစ်ဦးရဲ့ချစ်ခြင်းလေးဟာ ခနတာ ပျော်ရွှင်ခဲ့ရပေမဲ့နောက်ပိုင်းကံကြမ္မာဆိုးကြီးဟာ သူတို့ချစ်သူနှစ်ဦးကြား ဝင်နှောင့်ခဲ့ပါတယ်။

သူတို့နှစ်ဦးရှေ့ဆက်နိုင်မလား၊ ကံကြမ္မာဆိုးကြီးကဘဲ သူတို့ကိုအနိုင်ယူသွားမလားဆိုတာတော့ ဖတ်ရင်းရင်ခုန်လိုက်ကြပါနော် 🤍

အကြင်နာဆိုလည်း သူ့ဇာတ်လမ်းလေးနဲ့သူ
ယုမော်ကလည်း သူ့ဇာတ်လမ်းလေးနဲ့သူ
ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်လေးပါဗျ

စာအုပ်လေးရဲ့နာမည်ဖြစ်တဲ့ " ကျွန်တော်ချစ်မိအပြစ်ရှိသော် " လေးက ဓောနလည်းမဟုတ်သလို ခိုင်ခန့်လည်း မဟုတ်ခဲ့ပါဘူး ။ (ဒါဆိုဘယ်သူများလည်း . . . . . )

ဇာတ်လမ်းလေးဟာအရှေ့ပိုင်းမှာပေါ့ပေါ့ပါးပါးဆန်ပေမဲ့အနောက်ပိုင်းရောက်လေ ဇာတ်ရှိန်မြင့်လေပါပဲ။

Review by tyrianbookshelf
(စာညွှန်းရေးသူအား လေးစားစွာ Credit ပေးပါတယ်ရှင့်)

#ကျွန်တော်ချစ်မိအပြစ်ရှိသော်
#ဂျင်ဂျာ
#၁၀၀၀၀ကျပ်

အကျအဆုံးတွေများခဲ့ပေမယ့်ဘဝမှာ မင်းကိုတွေ့ခဲ့တယ်။ ။  #ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည် #၆၅၀၀ကျပ်
16/02/2026

အကျအဆုံးတွေများခဲ့ပေမယ့်
ဘဝမှာ မင်းကိုတွေ့ခဲ့တယ်။ ။


#ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည်
#၆၅၀၀ကျပ်

Valentines မှာချစ်တဲ့သူကို ချစ်ရတဲ့အကြောင်းတွေပြောပြဖို့ အကောင်းဆုံးလက်ဆောင်မွန်စာအုပ်လေးတစ်အုပ် အကြောင်းပြချက်တွေ မရှိဘ...
14/02/2026

Valentines မှာချစ်တဲ့သူကို ချစ်ရတဲ့အကြောင်းတွေပြောပြဖို့ အကောင်းဆုံးလက်ဆောင်မွန်စာအုပ်လေးတစ်အုပ်

အကြောင်းပြချက်တွေ မရှိဘူး
မင်းဖြစ်နေလို့
သဘောကျခဲ့ခြင်းတွေဖြစ်တယ်
ဆုံကြုံဖူးသမျှ သူစိမ်းတွေထဲ
မင်းကို အမြတ်နိုးရဆုံးပါပဲ။

ချစ်သည် ချစ်ခဲ့သည် ဆက်၍ ချစ်နေသည်
Oak
6500 ကျပ်

ရေစက်နီးစက်ဖို့အကြောင်းတွေပါလာရင်နေရာဒေသတွေခြားလည်းအကွာအဝေးတွေခြားလည်းသူ့အလိုလို နီးကြရတာပါပဲ။ချစ်သည်ချစ်ခဲ့သည် ဆက်၍ချစ်...
11/02/2026

ရေစက်

နီးစက်ဖို့အကြောင်းတွေပါလာရင်
နေရာဒေသတွေခြားလည်း
အကွာအဝေးတွေခြားလည်း
သူ့အလိုလို နီးကြရတာပါပဲ။

ချစ်သည်ချစ်ခဲ့သည် ဆက်၍ချစ်နေသည်
Oak
6500 ကျပ်

ကိုယ့်ဘဝမှာ မင်းကြောင့် ကံကောင်းခဲ့ရပါတယ် …တစ်ယောက်တည်းရှိတဲ့ဘဝဟာ အပူအပင်ကင်းတယ်ဆိုပြီး အရာရာကို တစ်ကိုယ်တည်းကျော်ဖြတ်လာ...
10/02/2026

ကိုယ့်ဘဝမှာ မင်းကြောင့် ကံကောင်းခဲ့ရပါတယ် …

တစ်ယောက်တည်းရှိတဲ့ဘဝဟာ အပူအပင်ကင်းတယ်ဆိုပြီး အရာရာကို တစ်ကိုယ်တည်းကျော်ဖြတ်လာရတာနဲ့ မင်း ကိုယ့်အနားရောက်လာချိန် ကိုယ့်အခက်အခဲတွေရင်ဆိုင်ရတဲ့ ခံစားချက်နှစ်မျိုးဟာ သိသိသာသာကွာခြားခဲ့ပါတယ်...

ဂစ်တာသံတွေဟာ ပိုသက်ဝင်လာတယ်.... ညနေခင်းတွေဟာ ပိုလှလာတယ်.... ပင်လယ်တွေဟာ ပိုအေးချမ်းလာတယ်....အရာရာဟာ အရာရာနဲ့ မတူတော့ဘူးပေါ့...

ကိုယ့်မှာ ကိုယ်ပဲရှိတယ်ဆိုပြီး ဘယ်လောက်ပဲ အားတင်းထားပါစေ ကိုယ်တို့ပြိုလဲချိန် အနားမှာတစ်ယောက်ယောက်ရှိနေဖို့ လိုအပ်တာပဲမဟုတ်လား...

ကျေးဇူးတင်ရပါတယ် အချစ်ရယ်.....တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်.. ကံကောင်းဖို့ ခဏခဏ မျှော်လင့်ခဲ့တဲ့ ကိုယ်က မင်းနဲ့မှ ဆုတောင်းတွေပြည့်ခဲ့ရပါတယ်....။

#ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည်
Oak
တန်ဖိုး - 6500 ကျပ်

Page chatbox မှာ လာရောက်မှာယူနိုင်ပါပြီရှင်။

မရှိလည်းဖြစ်တယ်ဆိုတာ ညာတာအချစ်ရဲ့။မရှိမဖြစ်ပါဆိုမင်းမရှိလို့ဘယ်ဖြစ်မလဲကွယ်...  #ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည် #၆၅၀၀ကျပ်
08/02/2026

မရှိလည်းဖြစ်တယ်ဆိုတာ ညာတာအချစ်ရဲ့။
မရှိမဖြစ်ပါဆို
မင်းမရှိလို့ဘယ်ဖြစ်မလဲကွယ်...


#ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည်
#၆၅၀၀ကျပ်

စိတ်ကိုထပ်မချစ်မိဖို့အကျဉ်းချထားပေမယ့်ထောင်ချောက်ဟာမင်းဖြစ်နေခဲ့တယ် ...  #ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည် #၆၅၀၀ကျပ်
06/02/2026

စိတ်ကို
ထပ်မချစ်မိဖို့
အကျဉ်းချထားပေမယ့်
ထောင်ချောက်ဟာ
မင်းဖြစ်နေခဲ့တယ် ...


#ချစ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေသည်
#၆၅၀၀ကျပ်

Comfort person စိတ်သက်သာမှုပေးတဲ့သူဆိုတာအဲ့ဒီလူကိုမြင်လိုက်ရုံတင်ပျော်ရွှင်စေတယ်...တစ်ပြတိုင်တည်းမှာပဲ လုံခြုံစေတယ်။တစ်န...
05/02/2026

Comfort person

စိတ်သက်သာမှုပေးတဲ့သူဆိုတာ
အဲ့ဒီလူကိုမြင်လိုက်ရုံတင်
ပျော်ရွှင်စေတယ်...
တစ်ပြတိုင်တည်းမှာပဲ လုံခြုံစေတယ်။
တစ်နည်းပြောရရင်
ကိုယ့်ရဲ့အဆိုးရွားဆုံးအချိန်တွေကနေ
လွတ်မြောက်အောင်ဖေးမခဲ့တဲ့သူမျိုးပေါ့။

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959772015708

Website

Alerts

Be the first to know and let us send you an email when Stardust Book House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category