31/05/2026
သင့်ကြောင့် man utd အသင်းနဲ့ ပရိတ်သတ်များကို အောက်တန်းကျသူများအဖြစ် အထင်မရောက်စေသင့်
မေ ၃၁၊ ဘန်ကောက်
ကျွန်တော် ဒီ အက်ဆေးကို ပုံမှန်လို ဟာသနှောပြီး ရေးမှာမဟုတ်ဘဲ အကြောင်းအရာကိုသာ အဓိက focus ထားပြီး ရေးပါမယ်။ ( အာဆင်နယ် မြို့ပတ်ပြီး အောင်ပွဲခံတဲ့အခန်းအနားကို ကြည့်နေလို့ နောက်ကျသွားတာပါ )
အာဆင်နယ် ပရိတ်သတ် အနေနဲ့ ရေးမှာမဟုတ်ဘဲ ဘောလုံးနဲ့မဆိုင်တဲ့ ရပ်ဝန်းက ဝေဖန်သုံးသပ်သူ အနေနဲ့ ရေးသားမှာ ဖြစ်ပါတယ်။
မနေ့ညက ucl final အကြောင်းကို အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မှာ ရလဒ်အားဖြင့် ပြတ်သားပေမဲ့ အခြေအနေအားဖြင့် အနိုင်အရှုံးပြတ်သားတဲ့ ပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဒါ့ကြောင့် မိနစ် ၁၂၀ အထိ ကန်ပြီး အဖြေမပေါ်လို့ ခေါင်း-ပန်း လှန်တယ်လို့ခေါ်တဲ့ penalty ကို ကန်ခဲ့ရတာ ဖြစ်ပါတယ်။
ခေါင်း-ပန်း ဆိုတာကတော့ ကံစမ်းခြင်း သက်သက်သာ ဖြစ်ပါတယ်။ penalty မှာအနိုင်ရသွားသူက အာဆင်နယ် မဖြစ်နိုင်ပါဘူးလို့ရော ပြောနိုင်တဲ့လူ ရှိပါသလား? pro ဘောလုံးသမားတွေအနေနဲ့ရော ပင်နယ်တီကို မလေ့ကျင့်ဘူးလို့ ထင်ပါသလား?
အရေးကြီးတဲ့အချက်က ဒီပွဲမှာ အာဆင်နယ်ဘက်က နစ်နာမှုတချို့ရှိခဲ့တယ်လို့ ကျွန်တော်အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကတော့ မာဒူကီ ပင်နယ်တီ မရလိုက်တာကို ပြောတာမဟုတ်ဘဲ ပပိုင်းအပြီး နဲ့ အချိန်ပို ဒုပိုင်းအပြီး မှာ အာဆင်နယ် ရခဲ့တဲ့ ဒေါင့်ကန်ဘောတွေကို ပေးမကန်ခြင်းနဲ့ မော်စကွဲရားကို အချိန်ဆွဲလို့ဆိုပြီး ပြလိုက်တဲ့ အဝါကဒ်အကြောင်းကို ပြောတာဖြစ်ပါတယ်။
epl မှာ အချိန်ပြည့်သွားသည့်တိုင်အောင် ခြေထဲမှာ ဘောလုံးရှိနေသေးရင် final kick တွေကို ပေးကန်တာ epl ကြည့်တဲ့သူတိုင်း သိပါတယ်။ ဥရောပမှာတော့ ဘယ်လိုစည်းမျဉ်းသုံးနေသလဲ ကျွန်တော်အတိအကျ မသိပေမဲ့ epl ရဲ့ အခြေအနေအတိုင်းဆိုရင် ဒီလုပ်ရပ်ဟာ တစ်ဖက်အသင်းကို bias လုပ်ပြီး အာဆင်နယ်ကို နစ်နာစေတာ မဟုတ်ပါလား။
မကန်လိုက်ရတဲ့ ဒီ corner ၂ လုံးကနေ အာဆင်နယ် ဂိုးရမသွားနိုင်ဘူးလို့ ယတိပြတ် ဘယ်သူပြောနိုင်ပါသလဲ? ခြုံငုံပြောရရင် မျှတတဲ့ "ဒိုင်" နဲ့ ကစားခဲ့ရတယ်လို့ မထင်ပါ။ သေချာပေါက် ဒီဒိုင်ဟာ အာဆင်နယ်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေသလို ပုံစံမျိုး ပေါက်နေပါတယ်။
ဒီအချက်ဟာ အာဆင်နယ် ဖလားလက်လွတ်သွားစေလောက်အောင် မသက်ရောက်ပါဘူးလို့ ဘယ်သူအာမခံနိုင်ပါသလဲ? ရှုံးသွားလို့ ပြောတယ်ထင်တာ သင့်အပိုင်းဖြစ်ပြီး အမှန်တရားကတော့ ဒီပွဲမှာ အာဆင်နယ် မျှတစွာ ယှဉ်ပြိုင်ရခြင်း မရှိပါဘူး။ သေချာချင်ရင် ပွဲကိုပြန်ကြည့်ကြည့်ပါလို့ပဲ ပြောရပါလိမ့်မယ်။
အဆုံးသတ်မှာ ပင်နယ်တီအရ psg နိုင်ပြီး အာဆင်နယ် ရှုံးသွားခဲ့တယ်။ ကြားဖန်တွေအနေနဲ့ psg ဖလားရသွားတာကို ပျော်ရွှင်လို့ ရပါတယ်။ အာဆင်နယ် ဖလားမရသွားတာကိုလည်း ပျော်လို့ရပါတယ်။
သို့သော် အာဆင်နယ်ရပ်ဝန်း ဝမ်းနည်းသွားတာကိုတော့ ပျော်ရွှင်လို့ မရပါဘူး။ ဖလားရသွားတာကို ပျော်ရွှင်တာနဲ့ ဖလားမရတာကို ပျော်ရွှင်တာက "ဘောလုံး" ဖြစ်ပြီး ဝမ်းနည်းခြင်းကို ပျော်ရွှင်တာကတော့ "သီလမရှိတာ" လို့ ခေါ်ပါတယ်။
ucl final ကို ဘောလုံးပရိပ်သတ်တိုင်း ကြိုက်ကြ၊ ကြည့်ကြပါတယ်။ ဒါပေမဲ့ man utd အင်္ကျီဝတ်ပြီး psg ကို အားပေးရတာက ကျွန်တော်ဆိုရင်တော့ အလွန်ရှက်မိမှာပါ။
ပတ်ဝန်းကျင်မှာ ကျွန်တော် အလွန်ချစ်တဲ့လူတွေထဲက တချို့ဟာ man utd fan တွေ ဖြစ်ပါတယ်။ သူတို့ကတော့ ကျွန်တော့်ရည်ရွယ်ချက်ကို သိရှိနားလည်ကြပြီးသား ဖြစ်ပါတယ်။
online မှာ မိတ်ဆွေခန်း ပျက်သွားတဲ့ post တွေ၊ ခိုက်ရန်ဖြစ်ပွါးတာတွေ အများအပြားကို တွေ့ရတာကလည်း ဒီ post ကို ရေးရခြင်းအကြောင်းတစ်ရပ်ပါ။
မန်ယူအသင်းပရိတ်သတ်တွေအနေနဲ့ ကိုယ်မပါဝင်ရတဲ့ ပြိုင်ပွဲအပေါ် ဒီလောက်ဝင်ပျော်တာကိုကျတော့ ကျွန်တော် ကာယကံရှင်တွေအစား ရှက်မိပါတယ်။
ကြားပရိတ်သတ်အနေနဲ့ ကျွန်တော် အမှန်တရားတချို့ ဆက်ပြောပါမယ် -
- ဒီနှစ် အာဆင်နယ် ဗိုလ်လုလိုက်ရတဲ့ ucl ပြိုင်ပွဲမှာ man utd အသင်း မပါဝင် ပါဘူး
- မပါဝင်ရခြင်းက မနှစ်က အဆင့် ၁၅ နဲ့ ရာသီသိမ်းသွားလို့ပါ
- ဒီရာသီမှာ မန်ယူအသင်း ပွဲ ၄၀ သာ ကန်ရပါတယ်
- မန်ယူအသင်းရဲ့ ဒီရာသီ အိပ်မက်ဟာ ucl ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ဖြစ်ပါတယ်
- အာဆင်နယ် ဒီ ၄ နှစ်အတွင်း အနိမ့်ဆုံး အဆင့်က ၂ ပါ
- နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အာဆင်နယ်ရဲ့ ကြမ်းပြင်မှာ မန်ယူအသင်းရဲ့ မျက်နှာကျတ် ဖြစ်နေတာ အမှန်တရားပါ
- လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ အာဆင်နယ်ရဲ့ အဆင့်ကိုရောက်ဖို့ လိုအပ်နေပါသေးတယ်
- အာဆင်နယ်ဟာ အချိန်နဲ့ အမျှ ရှေ့ကို ဆက်လက်တိုးတက်နေပါတယ်
ဆက်ပြောရရင် ဒီ ucl final မှာ နောက်ဆုံး ခေါင်း-ပန်း လှန်တဲ့ အခြေအနေဟာ အဖြေမပေါ်တဲ့အဆုံး နောက်ဆုံး ရွေးချယ်လိုက်ရတဲ့ option ဖြစ်ပြီး ဒီ ခေါင်း-ပန်း မှာ တစ်သင်းနိုင်ပြီး၊ တစ်သင်းရှုံးရမှာ မို့လို့သာ သဘာဝ ကျကျ ဖြစ်ပျက်သွားရုံပါပဲ။ အာဆင်နယ် ဂုဏ်ငယ်စရာမရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ကိုယ့်အသင်းအကြောင်း မရှိရှိတဲ့ အားနည်းချက်ကို ပြောပါဆိုရင်တော့ penalty ၂ လုံး ဂိုးပေါက် လွဲသွားတဲ့ ကိုယ့် player ၂ ယောက်ကို အနည်းငယ် အားမလို အားမရ ဖြစ်တာလောက်ပဲ ရှိပါတယ်။
ဒိုင်နဲ့ပက်သက်ပြီး ရိုးရိုးပဲ ပြောရရင်တော့ အောက်ကအချက်တွေကို မျှတခြင်း မရှိဘူးလို့ ယုံကြည်ပါတယ် -
- ပပိုင်းအချိန်ပိုအပြီး corner kick ပေးပြီးမှ ကန်ဖို့ပြင်နေတုန်း ရပ်တန့်လိုက်တာ
- အချိန်ပို ဒုပိုင်းအပြီး corner kick ပေးပြီးမှ ပေးမကန်တာ
- မာဒူကီ ရဲ့ ပွတ်တိုက်မှုကို VAR တောင် ပြန်မကြည့်ပေးခဲ့တာ
- အာဆင်နယ် ခြေထဲ ဘောလုံးရောက်တိုင်း ပွဲကို ရပ်ရပ်ပစ်လိုက်တာ
အချုပ်အနေနဲ့ ပြောရရင် မန်ယူအသင်း တစ်နေ့မှာ ယနေ့ အာဆင်နယ်ရဲ့ အခြေအနေ အဆင့်အတန်းမျိုးကို များမကြာမှီ ရောက်ရှိပါစေကြောင်း ဆုတောင်းပေးလိုက် ရပါကြောင်း...
စာကတော့ ဒီလောက်ပါပဲ၊ ဒီနေ့ည ကျွန်တော်တို့ ဆက်လက်အောင်ပွဲခံလိုက်ပါဦးမယ်။