Inner Peace Books Hub

Inner Peace Books Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inner Peace Books Hub, Book shop, Yangon.

Inner Peace Books Hub ရဲ့ Self- development အတွက် အကောင်းဆုံး collection 5 အုပ်💚📚 High Quality with fair price We delive...
18/09/2022

Inner Peace Books Hub ရဲ့ Self- development အတွက် အကောင်းဆုံး collection 5 အုပ်💚

📚 High Quality with fair price

We deliver within 7 days. Stay strong and enjoy books with inner peace 💚

Many Thanks for supporting us! Stay strong and just enjoy books with inner peace 💚
11/09/2022

Many Thanks for supporting us! Stay strong and just enjoy books with inner peace 💚

NovelizationNovelization ဆိုတာကတော့ Movie, TV series , Game နဲ့ Comic တွေကို Novel  ပြောင်းထားတဲ့ စာအုပ်တွေကို ခေါ်တာပါ။...
09/09/2022

Novelization

Novelization ဆိုတာကတော့ Movie, TV series , Game နဲ့ Comic တွေကို Novel ပြောင်းထားတဲ့ စာအုပ်တွေကို ခေါ်တာပါ။ 1920 ၀န်းကျင်‌ လောက်ထဲက Silent Film တွေကို Novelization လုပ်ပီး စာဖတ်သူတွေ ကြားတဲ့မှာစပီး Popular ဖြစ်လာခဲ့ပါတယ်။King Kong (1933)ရုပ်ရှင်ကတော့ပထမဆုံးအသံနဲ့ ရုပ်ရှင်ကို စာအုပ်အနေနဲ့ထွက်ရှိခဲ့ပီး Home Video ‌တွေ မပေါ်ခင်ထဲကNovelization စာအုပ်တွေဟာ စာဖတ်သူတွေကြားထဲမှာ ပုံမှန် Novel တွေလိုပဲ ရောင်းတန်း၀င်ခဲ့တာပါ။Theaters တွေမှာကြည့်ပီး story ကို ပြန်ခံစားချင်ရင်ပဲဖြစ်ဖြစ်၊ Characters တွေရဲ့ အကြောင်းကို အသေးစိတ်ထပ်ပီး explore လုပ်ကြည့်ချင်ကြလို့ပဲဖြစ်ဖြစ် Novelization ‌စာအုပ်တွေဟာ စာဖတ်သူတွေအတွက်ရုပ်ရှင်ထပ်ပိုတဲ့ Vibe ကိုခံစားစေမှာပါ။1970 နောက်ပိုင်း Star Wars, Alien, StarTrek စတဲ့ရုပ်ရှင်တွေရဲ့ Novelization တွေဟာဆိုရင် Best selling Novel တွေတောင်ဖြစ်ခဲ့ပီး2014 မှာ ထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ရဲ့ Novel ဟာ The New York Time Best seller ဖြစ်ခဲ့ပါတယ်။Movie Novelization တွေ‌ ရေးတဲ့ Author တွေ ဟာ အများအားဖြင့် ရုပ်ရှင်မဖြစ်ခင် screenplay ပေါ်မှာအ‌ခြေပြုပီး Novel ရေးကြတာဖြစ်တဲ့အတွက် ရုပ်ရှင်ထဲက Deleted sence တွေအပြင် Characters တယောက်ချင်းစီရဲ့ storyအသေးစိတ်ကိုစာဖတ်သူတွေကစီး‌မျောနိုင်မှာပါ။မင်မင့်အမြင်ကတော့ ရုပ်ရှင်ဆိုတာ Directorရဲ့တင်ပြပုံအရအကန့်အသတ်နဲ့သာဖြစ်ပီး Novel ကတော့ စာဖတ်ရင်းမိမိ စိတ်ကူးရှိသလောက် တွေးကြည့်ပီးခံစားနိုင်မယ်လို့ထင်မိပါတယ်။မိမိကြည့်ပီးသားရုပ်ရှင်ကို စာအုပ် Vibe နဲ့ ခံစားချင်ရင်ပဲဖြစ်ဖြစ်မကြည့်ရသေးတဲ့ ရုပ်ရှင်ကို စာအုပ်အရင်ဖတ်ချင်ရင်ပဲပဲဖြစ်ဖြစ် Inner Peace Books Hub မှာ Order တင်လို့ရပါပီ။Novelization Books Collection Vol-1 အနေနဲ့ မှာယူရရှိနိုင်တဲ့စာအုပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

📚High Quality
📚 Creamy

We deliver within 6 days.Stay strong and enjoy books with inner peace 💚

Many thanks for supporting us! Enjoy books with Inner Peace 💚
05/09/2022

Many thanks for supporting us! Enjoy books with Inner Peace 💚

The Three Body Problemမင်မင်လက်ရှိဖတ်နေတဲ့စာအုပ်ဖြစ်ပြီး‌ ပြောစရာတွေအများကြီးရှိတဲ့စာအုပ်ဖြစ်ပါတယ်။တရုတ်sci-fi စာရေးဆရာL...
03/09/2022

The Three Body Problem

မင်မင်လက်ရှိဖတ်နေတဲ့စာအုပ်ဖြစ်ပြီး‌ ပြောစရာတွေအများကြီးရှိတဲ့စာအုပ်ဖြစ်ပါတယ်။တရုတ်sci-fi စာရေးဆရာLiu Cixin ရဲ့ Remeberance of Earth's Past Trilogy သုံးအုပ်ထဲက ပထမဆုံးစာအုပ်ဖြစ်ပါတယ်။စာရေးဆရာKen Liu က Englishဘာသာပြန်ခဲ့ပီးStoryကတော့ သမားရိုးကျ Alien Invasion တွေထက်အများကြီးပိုပါတယ်။ဘယ်အရာမှပုံသေမရှိတဲ့ ဒီ လောကကြီးဒီ Universeကြီးမှာကမ္ဘာပေါ်က scientistတွေချမှတ်ထားတဲ့ Laws တွေ Physicsသဘောတရားတွေကတကယ်ပုံသေအမြဲမှန်နိုင်ရဲ့လား။လူသား‌တွေရဲ့သိမြင်နိုင်စွမ်းနဲ့သာတွက်ချက်ထားတဲ့ဒီအရာ‌‌တွေကအလုံးစုံမှန်နိုင်ပမလား။ဘယ်အရာမှမတည်မြဲပဲနောက်ဆုံးပျက်သုဉ်းခြင်းအတိဆိုတဲ့ အရှေ့တိုင်းဘာသာရေးအယူအဆတွေကို science နဲ့တွဲပီးမြင်ရမှာပါ။ဒီစာအုပ်ဟာ2008မှာ orginalထွက်ရှိခဲ့ပီး2014မှာမှဘာသာပြန်ထွက်ရှိခဲ့တာပါ။ဘာသာပြန်ထွက်ပီးချင်းအ‌နောက်တိုင်းစာဖတ်သူတွေကြားထဲမှာ တော်တော်ကိုလူ‌ပြောများခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ဒီTrilogyကိုဖတ်ပီးတစ်ပတ်လောက်ထိကိုစာအုပ်ထဲကအကြောင်းအရာတွေကိုမတွေးပဲမနေနိုင်လောက်အောင်Mind-blowingဖြစ်ခဲ့တယ်လို့စာဖတ်သူတချို့ကဆိုပါတယ်။

ဇာတ်လမ်းကတော့ တရုတ်နိုင်ငံရဲ့1967 ကွန်မြူနစ်တော်လှန်ရေးခေတ်ကိုအစပြုထားပီး Scientist တယောက်ရဲ့သမီးဖြစ်သူ Ye Wenjie ကတော်လှန်ရေးကာလအတွင်း ဖခင်တယောက်ဆုံးရှုံးမှုအပေါ် မကျေနပ်ဖြစ်ရာကAlien Spices တခုကို contact လုပ်ပီးကမ္ဘာကိုသိမ်းပိုက်ဖို့အကြံပေး ခဲ့ပါတယ်။‌‌ နောက်ပိုင်း Contact လုပ်ခဲ့တဲ့ Alien တွေကို ကြိုဆိုမဲ့အဖွဲ့နဲ့ ပြန်ခုခံမဲ့အဖွဲ့ ကွဲပြားတာ‌ တွေဖြစ်လာခဲ့ပါတယ်

Universeကြီးရဲ့ဖြစ်တည်မှု.. ကမ္ဘာကြီးရဲ့ဖြစ်တည်မှုကရောဘယ်လိုလဲ.. dimensions တွေဖြစ်တည်မှုရဲ့မူလအစ...စတဲ့ What if မေးခွန်းတွေနဲ့စာဖတ်သူကိုအတွေးများစွာနဲ့ လက်ကမချနိင်အောင်ဆွဲခေါ်သွားမှာပါ။2015 မှာ Nebula award ရရှိခဲ့ပီး Mark Zuckerberg ကိုတိုင် recommend လုပ်ခဲ့တဲ့ Trilogy. ဖြစ်ပါတယ်။Netflixက Series အနေနဲ့ထွက်ရှိသွားမယ်လဲသိရပီးcastတွေရွေးချယ်တာလဲပီးသွားပီလို့သိရပါတယ်။21 ရာစုရဲ့အကောင်းဆုံးsci-fi Trilogyလို့သတ်မှတ်ခံထားရတဲ့ဒီစာအုပ် ကိုခံစားချင်ရင်တော့ Inner Peace မှာ Order တင်လို့ရပါပီ။

📚 High Quality
📚 Creamy

8400 MMK

We deliver within 5 days.Stay strong and enjoy books with inner peace 💚

People We meet on vacationတက္ကသိုလ် ထဲက နှစ်တိုင်းနီးပါး ခရီးတွေသွား‌နေကြသူငယ်ချင်းနှစ်ယောက်။သူ့ အတွင်းရေး ကို့အတွင်းရေး...
02/09/2022

People We meet on vacation

တက္ကသိုလ် ထဲက နှစ်တိုင်းနီးပါး ခရီးတွေသွား‌နေကြသူငယ်ချင်းနှစ်ယောက်။သူ့ အတွင်းရေး ကို့အတွင်းရေးတွေက စ လျှို့ဝှက်မထားပဲ အမြဲ Key ကိုက်တဲ့ Poppy နဲ့ Alex။ ကျောင်းတွေပီး ကို့ဘ၀နဲ့ ကို နေထိုင်ရင်း ခရီးတခုမှာ Chemistry တွေစမိလာသလိုဖြစ်လာတော့.......

သူငယ်ချင်းနှစ်ယောက် တဆင့်တက်ဖို့ ဖြစ်လာတာကိုစိတ်ထဲလက်မခံနိုင်ဖြစ်နေ‌ရင်း သူတို့နှစ်ဦးရဲ့နောက်ထပ်အခွင့်အရေးတခုရောက်ရှိလာပါတော့တယ်.....။ဒီစာအုပ်ဟာ 2021 ကထွက်ရှိခဲ့တာဖြစ်ပီးBeach Read တို့ Books Lover တို့ကိုဖန်တီးသူ Emily Henry ရဲ့ အကောင်းဆုံးလက်ရာဖြစ်ပါတယ်။2021 ရဲ့Goodread Choice award Best Romance ရခဲ့တဲ့စာအုပ်ဖြစ်ပီး ပေါ့ပေါ့ပါးပါးနဲ့Romance ဇာတ်လမ်းလေးခံစားချင်ရင်ပဲဖြစ်ဖြစ်၊English Dialogue တွေလေ့လာချင်ရင်ပဲဖြစ်ဖြစ် Inner Peace မှာ Order တင်လို့ရပါပြီ။

📚 High Quality
📚 Creamy

8400 MMK

We deliver within 5 days.Stay strong and enjoy books with inner peace 💚

The Paper Menagerie and Other StoriesHugo award တွေများစွာရရှိထားတဲ့ စာရေးဆရာ Ken Liu ရဲ့လက်ရာ Short Stories 15 ခုကိုတအု...
31/08/2022

The Paper Menagerie and Other Stories

Hugo award တွေများစွာရရှိထားတဲ့ စာရေးဆရာ Ken Liu ရဲ့လက်ရာ Short Stories 15 ခုကိုတအုပ်ထဲခံစားရမှာပါ။Netlfixကထုတ်လွင့်တဲ့ Love,Death and Robots Animated Series ကိုကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Ken Liuရဲ့ ဖန်တီးမှုတွေဟာစာဖတ်သူကိုတူညီတဲ့အရသာကိုပေးနိုင်မှာပါ။L,D & R season 1 မှာပါ၀င်ခဲ့တဲ့Good Haunting ဆိုတဲ့ Storyလဲဒီစာအုပ်ထဲမှာပါ၀င်ပီးတခြား stories တွေ အကုန်လုံးနီးပါးကလဲ Hugo, Nebula award Finalists တွေပါပဲ။The Paper Menagerie မှာတော့ Jack ဆိုတဲ့ American- Chinese ကပြားကောင်လေးတစ်ယောက်အကြောင်းကိုအခြေပြုထားပါတယ်။Chinese လူမျိုးဖြစ်တဲ့ အမေဟာ Jack ကစားဖို့အတွက် စက္ကူရုပ်လေးတွေ လုပ်ပေးခဲ့ပါတယ်။အဲ့အရုပ်လေးတွေဟာအသက်၀င်လာပီးနောက်မှာဘယ်လိုဆက်ဖြစ်မလဲ...America မှာနေတဲ့ Chinese ကပြားတယောက်အတွက် ကြုံတွေ့လာတဲ့ လူမျိုးရေးခွဲခြားမှုတွေကိုJackတ‌ ယောက်ဘယ်လိုရင်ဆိုင်မလဲ...အသက်ကြီးလာတာနဲ့အမျှအေးစက်သွားတဲ့ မိဘနဲ့သားသမီးကြားကဆက်ဆံရေးတွေ...စတဲ့ရသပေါင်းစုံနဲ့နောက်ဆုံးမှာစာဖတ်သူကို ရင်ထဲနင့်အောင်ခံစားစေရမှာဖြစ်ပါတယ်။

ဒီstoryဟာStand alone အနေနဲ့အရင်ထွက်ရှိခဲ့ပီး Sci-fi award တွေဖြစ်တဲ့ Hugo,Nebula,World Fantasy Award သုံးခုလုံးရရှိခဲ့တာပါ။Magic, Science Fiction, Fantasy စတဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ stories တွေနဲ့ Ken Liu ရဲ့ဖန်တီးမှုတွေကိုခံစားချင်ရင်ပဲဖြစ်ဖြစ် English ဘာသာကိုစိတ်၀င်စားစရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့ လေ့လာချင်ရင်ပဲဖြစ်ဖြစ် Inner Peace Books Hub မှာ Order တင်လို့ရပါပီ။

📖 High Quality
📖 Creamy

9000 MMK

We deliver within 5 days.Stay strong and enjoy books with inner peace 💚

Elon Musk: Tesla, SpaceX, and the Quest for a Fantastic FutureElon Musk ရဲ့ Biographyစာအုပ်ဖြစ်ပီးAshlee Vanceက2015 မှာရ...
30/08/2022

Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future

Elon Musk ရဲ့ Biographyစာအုပ်ဖြစ်ပီးAshlee Vanceက2015 မှာရေးသားခဲ့တာပါ။Elon ရဲ့မွေးရပ်မြေ South Africa မှစပီးTesla, Space Xတို့နဲ့အောင်မြင်လာတဲ့ကာလတွေအထိElon ရဲ့ ဘ၀တလျောက်လုံးတီထွင်ကြိုးစားမှုတို့ကိုလေ့လာနိုင်မှာပါ။Real life Tony Starkလို့လူ‌ တွေသတ်မှတ်ထားကြတဲ့ Elon ဟာ ဒီစာအုပ်အတွက် စာရေးသူ Ashleeနဲ့ နာရီ 30 ကျော်အောင်ကုန်ဆုံးခဲ့ရပါတယ်။

Innovator, Entrepreneur,Engineer, Billionaire တယောက်ရဲ့ ဘဝကိုလေ့လာချင်ရင်တော့ Inner Peace Books Hubမှာ မှာယူလို့ရပါပီ။

📚Hight Quality
📚Creamy

8300 MMK

We deliver within 5 days.Stay strong and enjoy books with inner peace 💚

Eleanor and Parkအမြဲဖရိုဖရဲ Fashion ,ဆံပင်အနီရောင်နဲ့ပြည့်ပြည့်ဖောင်းဖောင်းကောင်မလေး Eleanor ဟာမြင်တာနဲ့ကြောင်တောင်တောင်...
30/08/2022

Eleanor and Park

အမြဲဖရိုဖရဲ Fashion ,ဆံပင်အနီရောင်နဲ့ပြည့်ပြည့်ဖောင်းဖောင်းကောင်မလေး Eleanor ဟာမြင်တာနဲ့ကြောင်တောင်တောင်ပုံ‌ပေါက်နေလို့ဘယ်သူမှသူနဲ့အပေါင်းအသင်းမလုပ်ချင်ကြပါဘူး။High School ကျောင်းအသစ်ကိုစပြောင်းလာတဲ့ ကျောင်းသူအသစ်လည်းဖြစ်တဲ့ Eleanorရဲ့ မိသားစုအ‌ခြေအနေကလဲပုံမှန်လိုမရိုးရှင်းလှပါဘူး။ရမ်းကားတဲ့အရက်သမားပထွေးကြောင့်သူမတို့မောင်နှမ ငါးယောက်လုံး စိတ်ညစ်ရပေမဲ့ အမေက‌ တော့အဆင်ပြေမှာပါ ဆိုပီးအမြဲအားပေးနှစ်သိမ့်ပါတယ်။ကျောင်းသွားတဲ့ bus ပေါ်မှာလဲဘယ်သူမှသူနဲ့မထိုင်ချင်ကြပြန်ပါဘူး။Parkဆိုတဲ့ ကောင်လေးကတော့ မတတ်သာလို့သူ့ဘေးမှာထိုင်ဖို့နေရာပေးခဲ့ပေမဲ့အရမ်းကြီးလိုလားလို့‌တော့မဟုတ်ပါဘူး။

ParkဟာAsia-American ကပြားတယောက်ဖြစ်ပီး မိသားစုအ‌ခြေအနေကတော့ သာမန်ပါပဲ။သီချင်းနားထောင်ရတာနဲ့ကာတွန်းတွေဖတ်ရတာနှစ်သက်တဲ့ Parkကိုသူ့အဖေကအရမ်းယောက်ျားပီသစေချင်ပေမဲ့Parkက‌တော့သူ့အဖေဒေါသထွက်အောင် Eyelinerတွေဆိုးရတာကိုသဘောကျနေတာပါ။ဒီလိုနဲ့ Eleanorနဲ့Parkတို့နေ့စဉ် Busတူတူစီးရင်းနှစ်ယောက်ဘယ်လိုအလွဲတွေဖြစ်မလဲ......နှစ်ယောက်ဘယ်လိုနီးစပ်သွားမလဲ....ဘယ်လိုမထင်မှတ်တဲ့ အလှည့်အပြောင်းတွေဖြစ်လာမလဲ....

ဒီစာအုပ်ဟာ 1987 ပတ်၀န်းကျင် High School တက်နေတဲ့16နှစ်အရွယ် Teenagerတွေရဲ့ဇာတ်လမ်းကိုအခြေခံထားတာပါ။စာရေးဆရာမ Rainbow Rowell ရဲ့ လက်ရာဖြစ်ပီး2012 မှာထွက်ရှိခဲ့ပါတယ်။Romance ကြိုက်သူတွေအတွက်ဖတ်ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။

📚High Quality
📚 Creamy

7500 MMK

We deliver within 5 days.Stay strong and enjoy books with inner peace 💚

The Satanic Verses Fiction Novel ရဲ့အရှုပ်တော်ပုံThe Satanic Verses ဆိုတဲ့ Novel ကိုJapanစာရေးဆရာတစ်ဦး ဘာသာပြန်မိလို့ 19...
28/08/2022

The Satanic Verses Fiction Novel ရဲ့အရှုပ်တော်ပုံ

The Satanic Verses ဆိုတဲ့ Novel ကိုJapanစာရေးဆရာတစ်ဦး ဘာသာပြန်မိလို့ 1991 မှာအသတ်ခံခဲ့ရတယ်။ အီတလီဘာသာပြန် စာရေးဆရာတဦးကတော့ လုပ်ကြံခံရပေမဲ့ လွတ်မြောက်ခဲ့တယ်။1993 မှာNorway စာရေးဆရာတဦးလဲ လုပ်ကြံခံခဲ့ရပေမဲ့အသက်ရှင်ခဲ့တယ်။ဘာသာပြန်စာရေးဆရာတွေတောင်ဒီလိုအသက်အန္တရာယ်ခြိမ်းခြောက်ခံနေရရင် မူရင်းစာရေးဆရာဆိုရင်ဘယ်လိုဖြစ်မလဲ....

The Satanic Verses ရဲ့မူရင်းဖန်တီးသူ Author ကတော့ india လူမျိုး British စာရေးဆရာ Salman Rushdieဖြစ်ပါတယ်။ Salmanဟာ 1981 မှာ Midnight's Childrenနဲ့ Booker Prizeရရှိခဲ့ပီး 1988 မှာတော့ The Satanic Versesဆိုတဲ့ fiction Novelကို‌ ရေးသားခဲ့ပါတယ်။Novelထွက်ပီးချင်း1989မှာ ကမ္ဘာတ၀န်း Muslim နိုင်ငံတွေအပြင် india,UK,France စတဲ့ နိုင်ငံတွေမှာ ဆန္ဒပြမှုတွေအဓိကရုဏ်းတွေများစွာဖြစ်ပေါ်ခဲ့ပီးစာအုပ်ကိုလဲ indiaအပါအ၀င်အစ္စလာမ်ဘာသာ၀င်နိုင်ငံတချို့မှာတားမြစ်ခဲ့ပါတယ်။အဓိကရုဏ်းတွေမှာစာအုပ်ကိုမီးရှို့တာတွေအပြင်လူအသေအပျာက်တွေပါရှိလာပီးနောက်ပိုင်းIran နိုင်ငံမှ leader တဦးက စာရေးဆရာကို သတ်နိုင်သူ မည်သူမဆိုအား 2.8M $ အထိပေးမည်ဟု Bounty သတ်မှတ်ခဲ့ပါတယ်။Salmanဟာအသက်အန္တာရယ်ခြိမ်းခြောက်လုပ်ကြံမှုတွေ10ကြိမ်ထက်မနည်းဖြစ်လာတဲ့နောက်ပိုင်းလုံခြုံရေးအကာအကွယ်နဲ့9နှစ်နီးပါးပုန်း အောင်းနေထိုင်ခဲ့ရပါတယ်။အကြောင်းအရင်းကတော့ စာအုပ်ပါအကြောင်းအရာအချို့ဟာအစ္စလာမ်ဘာသာရေးကိုစော်ကားတိုက်ခိုက်ထားတယ်လို့ဘာသာ၀င်အများစုကယူဆထားကြလို့ပါ။Salmanဟာနှစ်ပေါင်း30ကျော်တိုင်အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရပီး56 ကြိမ်မကရွေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ယခုလ August 12 မှာNew Yorkမှာကျင်းပတဲ့စာပေအခမ်းအနားတခုမှာတော့ Salman ဟာ လည်ပင်းအပါအ၀င် ခန္ဒာကိုယ်နေရာအနှံ့အပြားကိုဓါးနဲ့အချက်‌‌ပေါင်းများစွာထိုးခံခဲ့ရပါတယ်။အရေးအပေါ်စိုးရိမ်ရတဲ့အနေအထားနဲ့ယခုအထိဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။American Gods, The Sandmanတို့ကို ဖန်တီးသူ Neil Gaimanအပါအ၀င်ကမ္ဘာတ၀န်းမှစာရေးဆရာများကSalmanဘက်က ရပ်တည်ပီးဆုတောင်းပေးခဲ့ကြပါတယ်။ထို့အပြင် Stand with Salman (Defend the freedom to write) movementတွေလဲပေါ်ပေါက်လာခဲ့ပါတယ်။

The Silent PatientAlicia ဟာပန်းချီဆရာမ တစ်ယောက်လဲဖြစ်ပီးပျော်ရွင်တဲ့အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ထားတဲ့သူပါ။ယောက်ျားဖြစ်သ...
26/08/2022

The Silent Patient

Alicia ဟာပန်းချီဆရာမ တစ်ယောက်လဲဖြစ်ပီးပျော်ရွင်တဲ့အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ထားတဲ့သူပါ။ယောက်ျားဖြစ်သူကလဲ နာမည်ရ ဓါတ်ပုံဆရာဖြစ်ပီးသာယာတဲ့အိမ်ကြီးတခုမှာမိသားစုဘ၀ကို အေးချမ်းစွာဖြတ်သန်းနေထိုင်ပါတယ်။တစ်‌နေ့တော့Alicia ဟာယောက်ျားဖြစ်သူအိမ်အပြန်ရောက်မှာမျက်နှာကိုသေနတ်နဲ့ငါးချက်တိတိပစ်သတ်ခဲ့ပါတယ်။ဘာကြောင့်သတ်ခဲ့ရတယ်ဆိုတဲ့ထွက်ဆိုချက်ကိုလုံး၀မပြောပဲနှုတ်ဆိတ်နေခဲ့ရင်းလူတွေကြားထဲမှာMysteryတခုလိုဖြစ်လာခဲ့ပါတယ်။သူမရဲ့ပန်းချီအနုပညာတွေကလဲဈေးတွေတက်လာသလိုတဖက်မှာလဲလူတွေကြားထဲမှာနာမည်ဆိုးနဲ့ကျော်ကြားလို့လာပါတယ်။Criminal Psychotherapist တစ်ယော်ဖြစ်တဲ့ Theo Faberက‌တော့ဒီအဖြစ်အပျက်အမှန်ကို‌ဖော်ထုတ်ချင်ခဲ့တာကြာပါပီ။Aliciaကိုဖွင့်ထုတ်ပြောပြလာအောင်ကြိုးစားဖို့Theoအခွင့်အရေးရရှိခဲ့တဲ့နောက်မှာတော့အမှန်တရားကဘယ်လိုဖြစ်မလဲ….စာဖတ်သူကိုတိုင်Theoနေရာကနေအဖြစ်အမှန်ကိုသိချင်စိတ်တွေခံစားရမှာပါ။

ဒီစာအုပ်ဟာ Murder Mystery အမျိူးအစားဖြစ်ပီးAgatha Christie ရဲ့ Murder on the Orient Express တို့ Death on the Nile တို့လိုနောက်ဆုံးပိုင်းစာမျက်မှာတွေလောက်မှာစာဖတ်သူကိုMind Blowingဖြစ်စေမှာပါ။မိုး‌‌အေးအေးနဲ့coffee‌လေး‌ သောက်ပီးဒီစာအုပ်လေးနဲ့Chillချင်ရင်တော့ Inner Peace မှာorderတင်လို့ရပါပီ။

📖High Quality
📖 Creamy
📖 Reprint

7800 MMK

We deliver within 5 days.Stay strong and enjoy books with inner peace. 💚

Zero to one2014ကထွက်ရှိခဲ့တဲ့ဒီစာအုပ်ကဆိုရင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ဖို့ကြိုးစားနေသူတွေ၊လက်ရှိလုပ်ကိုင်‌နေတဲ့သူတွ...
25/08/2022

Zero to one

2014ကထွက်ရှိခဲ့တဲ့ဒီစာအုပ်ကဆိုရင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ဖို့ကြိုးစားနေသူတွေ၊လက်ရှိလုပ်ကိုင်‌နေတဲ့သူတွေအတွက်အကြံကောင်းဥာဏ်ကောင်းတွေပေးနိုင်တဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။

PayPal co-founderတဦးလဲဖြစ် Billionaireတဦးလဲဖြစ်တဲ့Peter Thielရဲ့ဒီစာအုပ်ဟာဆိုရင်စီးပွားရေးတခုကိုစတင်ရန်ကြိုတင်စဥ်းစားသင့်တဲ့လိုအပ်ချက်‌‌တွေ ၊စီးပွားရေတခုရည်ရှည်အကျိုးမြတ်ရရန်နည်းလမ်းတွေ၊ပြိင်ဘက်စီးပွားရေးသမားတွေထက်အားသာအောင် ချမှတ်လိုက်နာရမယ့်အချက်တွေကို လက်တွေ့ကျကျ မျှဝေထားပီးMark Zuckerberg နဲ့ Elon Muskတို့ recommendလုပ်ထားတဲ့စာအုပ်တအုပ်လဲဖြစ်ပါတယ်။

6500 MMK

📖High Quality
📖 Creamy

We deliver within 5 days.Stay strong and enjoy books with inner peace.

Address

Yangon

Telephone

+959960942600

Website

Alerts

Be the first to know and let us send you an email when Inner Peace Books Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category