Rainbow Kiss

Rainbow Kiss Wednesday Mini Market Have All Product

Jade roller ရပါပီနော် ကိုရီးယားဇာတ်လမ်းထဲမှာမင်းသမီးတွေ အမြဲတမ်းလုပ်လေ့ရှိတယ်နော်😍 mask လေးတွေ ကပ်ပြီးလုပ်လေ့ရှိတယ်🥰 အာ့...
03/07/2021

Jade roller ရပါပီနော်

ကိုရီးယားဇာတ်လမ်းထဲမှာမင်းသမီးတွေ အမြဲတမ်းလုပ်လေ့ရှိတယ်နော်😍 mask လေးတွေ ကပ်ပြီးလုပ်လေ့ရှိတယ်🥰 အာ့တာ jade roller လေးပါ

-Jade roller က ဘာကောင်းလဲဆိုတော့..
Skincare တွေသုံးပြီးသူ့ကိုသုံးပေးရင် ပိုစိမ့်ဝင်မှုကောင်းတယ်..
ပြီးတော့သူက ချွေးပေါက်တွေကျယ်တာသက်သာတယ်..
အရေးကြောင်းတွေလျော့စေတယ်..ကာကွယ်ပေးတယ်..
အထူးသဖြင့် eye areaက wrinkles တွေအတွက်သုံးပေးသင့်တယ်..

-သူကအသားရည်ကိုတင်းရင်းစေတယ်..
မျက်နှာတွေသွယ်စေတယ်..
အချို့ကအသက်ငယ်ပေမယ့် ဖုန်းကိုအောက်ငိုက်ပြီးသုံးတာများတော့မေးနှစ်ထပ်ဖြစ်တာရှိတယ်လေ
အဲ့လိုတွေဆိုသုံးသင့်တယ်

အသုံးပြုနည်းလေးကတော့😍

Roller လေးကို အသုံးပြုခါနီး မိနစ်အနည်းငယ် ရေခဲသေတ္တာထဲ ထည့်ပြီး သုံးရင် အသားလေးလည်း အေးတာမလို့ ပိုအဆင်ပြေပါတယ် Roller အကြီးလေးက ပါးရိုး နဲ့ ပါးတစ်လျောက်ကို အပေါ်ပင့်တင်ပြီး လှိမ့်ပေးဖို့အတွက်ပါ နဖူး နဲ့ Smile line (နှုတ်ခမ်းဘေး နှစ်ဖက်) အတွက်လည်း အသုံးပြုပေးနိုင်ပါတယ် Small roller က nose area နဲ့ မျက်ဝန်းအတွက် သာမက နှုတ်ခမ်းအောက်ဖက် မေးစေ့နေရာကိုလည်း အသုံးပြုပေးနိုင်ပါသေးတယ် Skincare လိမ်းပြီး အသုံးပြုနိုင်သလို Skincare ကို Roller နဲ့ လိမ်းလည်းအဆင်ပြေပါတယ်။

Jade Roller လေးကို ပုံမှန်သုံးပေးခြင်းအားဖြင့်✔️✔️

▪️မျက်နှာ သွေးလည်ပတ်မှုကောင်းစေတယ်
▪️ကိုယ်သုံးတဲ့ skin care တွေ အရေပြားထဲ စိမ့်ဝင်မှုကို ပိုအားကောင်းစေလို့ ပုံမှန်လိမ်းတာထက် effect ပိုရတယ်
▪️skincare တွေ လိမ်းပြီးတာနဲ့ jade roller လေးနဲ့ ထပ်လိမ့်မယ် မျက်နှာ အနှံ့လှိမ့်ပေးပါ ( အောက်ကနေအပေါ်ကို ပင့်တင်တဲ့ ပုံမျိုးနဲ့ပါနော်)
▪️သွေးလည်ပတ်မှုကောင်းမွန်ပြီး လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းစေတယ်
လည်ပင်းနှစ်ထပ်ဖြစ်နေတာတွေလဲ ပျောက်စေတယ်
အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေနုပျိုစေတယ်
မျက်လုံးအိတ်ဖောင်းတာကို သက်သာစေတယ်
ဆဲလ်သေတွေ ဖယ်ရှားပေးတာကြောင့် ဝက်ခြံ အဆီဖုတွေကိုလဲ ပျောက်ကင်းစေတယ်
V shape ပိုင်ရှင် ဖြစ်ဖို့အတွက်လဲ ကူညီပေးသေးတယ်နော်
▪️လိမ်းထားသမျှ skincare တွေ ပိုထိရောက် ပိုစိမ့်ဝင်စေတာကြောင့် မိန်းခလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ glow skin ကိုပိုင်ဆိုင်နိုင်ဖို့အတွက် မိန်းကလေးတိုင်း ရှိသင့်တဲ့ beauty tool လေးပါ

ရှောင်ကျဉ်ရမှာ နဲ့ လိုက်နာရမှာလေးတွေက 🙅🙆

Roller လေးကို အသုံးပြုချိန် အားလုံးဝ မစိုက်ရပါဘူးနော် အားထည့်ပြီး လှိမ့်တာမျိုးကိုရှောင်ပေးရမယ်နော်
Roller လေးကို တစ်ရက်တစ်ကြိမ် ပုံမှန် ဆေးဖြစ်အောင် ဆေးပေးရပါမယ် ရေစင်အောင် သုတ်ဖို့နဲ့ အခြောက်ခံ ဖို့လည်းမမေ့နဲ့နော်။

အမျိုးအစားလိုက် ကွာဟမှုရှိပါသည် Price 3000

ကြက်ဥစားသုံးခြင်း ၏ အကျိုးကျေးဇူးများကျွန်ုပ်တို့ နေ့စဉ် လှုပ်ရှား သွားလာရာတွင် တက်ကြွလန်းဆန်း နေစေရန် အတွက် အာဟာရ ပြည့်ဝ...
20/06/2020

ကြက်ဥစားသုံးခြင်း ၏ အကျိုးကျေးဇူးများ

ကျွန်ုပ်တို့ နေ့စဉ် လှုပ်ရှား သွားလာရာတွင် တက်ကြွလန်းဆန်း နေစေရန် အတွက် အာဟာရ ပြည့်ဝသော နံနက်စာ စားသုံးရန် လိုအပ်ပါသည်။ အာဟာရ ပြည့်ဝသော နံနက်စာကို ကလေးများအား ကျွေးခြင်းဖြင့် ဉာဏ်ရည် ပိုမိုထက်မြက် လာ စေနိုင်သည်။ ဦးနှောက်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပြီး အာရုံစူးစိုက်မှု ကိုလည်း ပိုမို အားကောင်း စေနိုင်သည်။ ကြက်ဥတွင် ပါဝင်သော ကိုလင်းဓာတ် သည် ဦးနှောက်၏ လုပ်ငန်း ဆောင်တာ များကို ပိုမို အားကောင်း လာစေရန် စွမ်းဆောင်ပေး နိုင်သည်။ သန္ဓေသား ၏ ဦးနှောက် ဖွံ့ဖြိုးမှု အတွက်လည်း အလွန် အသုံးဝင် သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များ ကြက်ဥကို စားသုံး ပေးသင့်ပါသည်။

ကြက်ဥတွင် ကိုလင်းဓာတ် အပြင် ပရိုတင်းဓာတ်များ ကြွယ်ဝစွာ ပါရှိသည်။ ထို ပရိုတင်းဓာတ် သည် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေး သောကြောင့် အာရုံစူးစိုက်မှု ပိုမိုအားကောင်း စေသည်။ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ 12၊ Selenium ၊ အမိုင်နိုအက်စစ် ၊ Antioxidant စသည့် အာဟာရဓာတ် များနှင့် အခြား အာဟာရဓာတ် များစွာ ပါဝင်ပါသည်။

ကြက်ဥကို အသင့်အတင့် စားပေးခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းရာတွင် အထောက်အကူ ဖြစ်စေသည်။ ကြက်ဥကို နံနက်စာ အဖြစ် စားသုံးပါက ကြာကြာ ဗိုက်ပြည့်စေပြီး ကယ်လိုရီ ရရှိမှုကို ထိန်းချုပ် ပေးနိုင်ကြောင်း လေ့လာ သိရှိရသည်။ တချို့သော လူများက ကြက်ဥသည် သွေးတွင်း မကောင်းသော ကိုလက်စထရော ကို မြင့်တက် စေသည်ဟု ယူဆကာ ကြက်ဥ စားသုံးခြင်းကို ရှောင်ကြဉ် တတ်ကြသည်။ မည်သည့် အစားအစာ မဆို အသင့်အတင့် စားသုံးပေးပါက ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေနိုင် ပါသည်။ ကြက်ဥသည် အာဟာရ ပါဝင်မှု အများဆုံး အစားအစာများ ထဲမှ တစ်ခုလည်း ဖြစ်သည်။

တစ်နေ့တစ်လုံး ပုံမှန် စားသုံးပေး ပါက သွေးခဲနှုန်း၊ နှလုံးရောဂါ ဖြစ်ပွားနှုန်းနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ တို့ကို လျော့ကျ စေနိုင်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။ မျက်စိ ကျန်းမာရေး အတွက်လည်း အထောက်အကူ ဖြစ်စေသည်။ အသက်ကြီး ချိန်တွင် ဖြစ်တတ်သော မက်ကူလာ ယိုယွင်းပျက်စီး မှုနဲ့ အတွင်းတိမ် ရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျော့ကျ စေသည်။

အသားအရေ လှပစေခြင်း၊ လက်သည်းများကို သန်စွမ်း စေခြင်းနှင့် ဆံကေသာကို တောက်ပစေခြင်း စသည့် အစွမ်းသတ္တိ များကို ပေးစွမ်းနိုင်သော ဆာလဖာဓာတ် သည်လည်း ကြက်ဥထဲတွင် ပါဝင်ပေသည်။ ဆာလဖာသည် ကော်လာဂျင် နှင့် ကီရာတင် ထုတ်လုပ်မှု အလွန် အားကောင်း ပါသည်။ ကြက်ဥ တစ်လုံးတွင် အရွယ်ရောက်သူ တစ်ဦးအတွက် တစ်နေ့တာ လိုအပ်သော အာဟာရ၏ ၂၅ ရာခိုင်နှုန်း ခန့် ပါဝင်သည်။ ဈေးကွက် တွင်လည်း အလွယ်တကူ ဝယ်ယူရရှိ နိုင်ပြီး ချက်ရ လွယ်ကူသော အစားအစာ တစ်မျိုးလည်း ဖြစ်သည်။ကြက်ဥတွင် ပါဝင်နေသော ပရိုတင်းဓာတ် သည် လူ၏ ခန္ဓာကိုယ်ကို သန်မာ ထွားကျိုင်း စေပြီး ကြွက်သားများ ကိုလည်း ပိုမိုသန်မာ လာစေနိုင်သည်။

အမိုင်နိုအက်စစ် သည် ကလေးများ၊ ဆယ်ကျော်သက် များနှင့် လူငယ်လူရွယ် များအတွက် မရှိမဖြစ် လိုအပ်သောကြောင့် ကြက်ဥကို နံနက်စာ အနေဖြင့် တစ်နေ့တစ်လုံး စားသုံးသင့် ပါသည်။

Credit to သဲစုလှိုင်

အဝတ်အစားဆိုတာ ဈေးကြီးတာ၊ ဈေးပေါတာထက် ဝတ်တတ်၊ ပြင်ဆင်တတ်ဖို့က အရေးကြီးဆုံးပဲ။ အင်္ကျီတစ်ထည်တည်းကိုပဲ ဝတ်တဲ့လူပေါ် မူတည်ပြီး...
20/06/2020

အဝတ်အစားဆိုတာ ဈေးကြီးတာ၊ ဈေးပေါတာထက် ဝတ်တတ်၊ ပြင်ဆင်တတ်ဖို့က အရေးကြီးဆုံးပဲ။ အင်္ကျီတစ်ထည်တည်းကိုပဲ ဝတ်တဲ့လူပေါ် မူတည်ပြီး အမြင်က ကွာသွားတာ။

ကိုယ်ဝယ်ထားတာက တန်ဖိုးကြီးပစ္စည်း မဟုတ်သည့်တိုင်အောင် တန်ဖိုးကြီးတယ်လို့ ထင်မြင်စေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။

၁။ ချုပ်ဝတ်ခြင်း

တကယ်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အတိုင်းအထွာနဲ့ ချုပ်ပြီးဝတ်တာတွေကသာ ကိုယ်နဲ့အလိုက်ဖက်ဆုံးပါ။ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေရင်ကိုပဲ အဝတ်အစားရောလူပါ စမတ်ကျနေတာ။ အပြင်ကဝယ်လာပြီးတာတွေကိုဆိုရင်လည်း ဒီတိုင်းမဝတ်နဲ့။ ပွနေတာတွေ၊ ချောင်နေတာတွေကို ပြန်ပြင်ပြီးမှ ဝတ်သင့်တယ်။

၂။ သပ်သပ်ရပ်ရပ်ရှိပါစေ

တွန့်ကြေနေတဲ့ အဝတ်အစားတွေက ဘယ်လောက်ပဲဈေးကြီးတယ်ဆိုဆို လှတယ်လို့ကို မထင်ရဘူး။ ဘာပဲဝတ်ဝတ် သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရေးကြီးတယ်။ မီးပူတိုက်သင့်တာကိုတိုက်၊ ရေနွေးငွေ့နဲ့ အပူပေးရတာကိုတွေကိုလည်း အပူပေးသင့်တန်ပေး။ သပ်သပ်ရပ်ရပ်ရှိပါစေ။

၃။ Accessories

လည်ဆွဲ၊ နားကပ်၊ အိတ် စတာတွေနဲ့ မွမ်းမံလိုက်ပါ။ ဒါတွေက သင့်ကို ဖက်ရှင်ကျကျနဲ့ အထက်တန်းစားတစ်ယောက်ရဲ့အသွင် ဖော်ဆောင်ပေးနိုင်တယ်။

၎။ တစ်ရောင်တည်း

ပွဲသွားပွဲလာရှိတဲ့အခါ အဝတ်အစားကို အရောင်စပ်တာတွေ မဝတ်ဘဲ တစ်ရောင်တည်းဝတ်ကြည့်။ ဥပမာ အပေါ်အဖြူ၊ အောက်အဖြူ ... အဖြူဆွတ်ဆွတ်တွေချည်း။ ဒါမှမဟုတ် အနက်ဆိုလည်း အနက်ပြောင်ကိုမှ အပေါ်ရောအောက်ပါ ခန္ဓာကိုယ်တစ်ခုလုံး တစ်ရောင်တည်းဖြစ်သွားတာမျိုး။ ဒီလိုဆိုရင် အရမ်းကို ထည်ဝါတယ်။

၅။ တောက်ပြောင်မှု

ပြိုးပြိုးပြက်ပြက် တောက်နေရမယ်လို့ မဆိုလိုဘူး။ စီးတဲ့ဖိနပ်၊ လက်ကိုင်အိတ်မှာ ဖုန်တွေကပ်နေတာမျိုး မဖြစ်ဖို့ကို ပြောတာပါ။ တောက်ပြောင်နေအောင် တိုက်ပေးထားရမယ်နော်။

၆။ ခြယ်သမှု

မိတ်ကပ်၊ ဆံပင် ပြင်ဆင်ခြယ်သထားတဲ့အခါ အဝတ်အစားကိုပါ အရောင်ဟပ်သွားစေတယ်။ ပွဲတက်တဲ့အခါမျိုးမှာ ဘယ်လောက်ဈေးကြီးတာဝတ်ဝတ် ခြယ်သမှုမပါရင် မပေါ်လွင်နိုင်ဘူး။ ဆံပင်တွေရှုပ်ပွပြီး မျက်နှာအဆီပြန်နေသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်စစ်ဆေးကြည့်ပါဦး။

စမတ်ကျကျ ဝတ်ဆင်ကြရအောင်

Source:Shwe Chit Thu

Address

Mingaladone Township
Yangon

Website

Alerts

Be the first to know and let us send you an email when Rainbow Kiss posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share