16/08/2025
“ဉာဏမြေပုံ”
Eric Weiner’s The Geography of Genius
ချမ်းမြေ့ဝင်းဘာသာပြန်သည်။
++++++++++++++++++++++++++
ပါရမီရှင် ၊ ဉာဏ်ကြီးရှင် တစ်ယောက်
ဖြစ်လာဖို့အတွက်ဘယ်လို လျှို့ဝှက်ချက်တွေ
ရှိသလဲ။ မျိုးရိုးဗီဇကြောင့်လား၊
ပတ်ဝန်းကျင်ကြောင့်လား၊
နောက်ခံပံ့ပိုးမှုကြောင့်လား၊
ပညာရေးအခြေခံတွေကြောင့်လား၊
ဒါမှမဟုတ် ..ဘယ်လိုမှ မှန်းဆ
တွက်ချက်လို့မရတဲ့ အခြားအခြားသော
လျှို့ဝှက်ဖော်မြူလာတွေ ရှိနေသလား။
ဒီမေးခွန်းတွေကို အဖြေရှာဖို့ စာရေးဆရာ
အဲရစ်ဝိုင်နာဟာကမ္ဘာအနှံ့ ခရီးထွက်တယ်။
ပါရမီရှင်တွေ ထွန်းကားခဲ့တဲ့ နေရာတွေဖြစ်တဲ့
အေသင်၊ ဟန်ဂျိုး၊ ဖလော်ရန့်စ်၊ ကာလကတ္တား၊
အက်ဒင်ဘရာ၊ ဗီယင်နာ စတဲ့ မြို့တွေအပြင်
ယနေ့အချိန်အထိ ကမ္ဘာကို လှုပ်ကိုင်
ပြောင်းလဲစေနေသေးတဲ့
ဆီလီကွန်တောင်ကြားကိုပါ
ကိုယ်တိုင်သွားရောက်လေ့လာတယ်။
ကမ္ဘာကျော် ပါရမီရှင်ကြီးတွေဖြစ်တဲ့
ဆိုခရေးတီးစ်၊ ဆုဒေါင်းပို၊ လီယိုနာဒို ဒါဗင်ချီ၊
အက်ဒမ်စမစ်၊ ဆစ်ဂမန်ဖရွိုက်၊ စတိဗ်ဂျော့ဗ်..စတဲ့
ပုဂ္ဂိုလ်တွေရဲ့ ဉာဏခရီး ဖြတ်သန်းမှုတွေကို
စေ့စေ့စပ်စပ် အဖြေရှာကြည့်တယ်။
ဉာဏ်ပညာဗေဒပါရဂူတွေနဲ့
တွေ့ဆုံဆွေးနွေးတယ်။
အဲဒီ ဉာဏမြေပုံ ခရီးစဉ်ရဲ့
အဖြေဟာ ဘာဖြစ်မလဲ။
ဒီစာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ
ဉာဏ်ပညာထွန်းကားတိုးတက်ဖို့အတွက်
ဘယ်အချက်တွေက အဓိကကျသလဲ ဆိုတဲ့
ပဟေဠိကို အဖြေရှာဖို့ပါပဲ။
သုခမြေပုံစာအုပ်ကို သဘောကျနှစ်သက်ခဲ့တဲ့
စာဖတ်သူတွေအနေနဲ့ ဉာဏမြေပုံစာအုပ်ကိုလည်း
အကြိုက်တွေ့ကြမှာ သေချာပါတယ်။
ဉာဏမြေပုံ ခရီးစဉ်မှာ အခန်း ၈ ခန်းပါဝင်ပြီး
နိုင်ငံပေါင်း ၇ နိုင်ငံကို သွားရောက်
လေ့လာထားတာတွေကို တစ်ဝကြီးဖတ်ရပါလိမ့်မယ်။
စာမျက်နှာ - ၄၂၀
စာအုပ်တန်ဖိုး - ၂၀၀၀၀ ကျပ်
အရွယ်အစား - ၆” x ၉”
Rangoon Books Gallery-RBG ရဲ့ Page Messenger သို့မဟုတ်
09 783 988 038 (Viber) သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်။
မြို့နယ်တိုင်းကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်🤗
#ချမ်းမြေ့ဝင်း
#ဉာဏမြေပုံ