Chomaimai

Chomaimai Mobile Phone Accessories, Mi Eco Product

Xiaomi accessories များ ပစ္စည်းပြတ်သွားသဖြင့် အရောင်းများ ခေတ္တရပ်နားထားပါတယ်ရှင့်၊ လာရောက်မေးမြန်းထားသော Customer များက...
29/09/2021

Xiaomi accessories များ ပစ္စည်းပြတ်သွားသဖြင့် အရောင်းများ ခေတ္တရပ်နားထားပါတယ်ရှင့်၊ လာရောက်မေးမြန်းထားသော Customer များကို Reply အချိန်မှီ မပြန်ပေးနိုင်တဲ့ အတွက်တောင်းပန်ပါတယ်နော်၊ ပစ္စည်းများ အစုံအလင် နဲ့ အရောင်းပြန်ဖွင့်တဲ့ အခါကျရင် Page မှာ Up to date ဖြစ်အောင် တင်ပေးပါ့မယ်နော်၊ လက်လီ လက်ကား အားပေးကြသော Customer များ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။

အားလုံးကျန်းမာ ဘေးကင်းကြပါစေရှင့်

#ချိုမိုင်မိုင်

အားလုံးပဲ မဂ်လာပါ ခင်ဗျာ🙏🙏ကျွန်တော်တို့ ဆိုင်လေးကို ယနေ့မှစ8/8/2021 အထိ ခေတ္တ ပြန်ဖွင့်မည် ဖြစ်ပါသောကြောင့်လိုအပ်သည်များ...
05/08/2021

အားလုံးပဲ မဂ်လာပါ ခင်ဗျာ🙏🙏

ကျွန်တော်တို့ ဆိုင်လေးကို ယနေ့မှစ
8/8/2021 အထိ ခေတ္တ ပြန်ဖွင့်မည် ဖြစ်ပါသောကြောင့်
လိုအပ်သည်များကို မှာယူလို့ရပါတယ် ခင်ဗျာ🤘

Online delivery စနစ်နဲ့ပဲ ပို့ပေးမှာမို့လို့
အိမ်မှာပဲ အဆင့်သင့် Hand Gel ဘူးလေး ကိုင်ပြီး စောင့်နေပေးနော်😁😁

လိုအပ်သည်များကို 09-777780803 (သို့)
Page messenger မှ လဲ အချိန်မရွေး
အားမနာတမ်း မေးမြန်းနိုင်ပါတယ်

Telegram Group ထဲမှာလဲ ပစ္စည်းအသုံးပြုပုံနဲ့
Stock ရှိမရှိ ကြည့်နိုင်ပါတယ်ခင်ဗျာ

https://t.me/joinchat/11sd-8d68fIyZWZl

အသေးစိတ်က အစ ဂရုစိုက်ကြပါနော်🙆ကိုဗစ်ကြီးသာ မရှိတော့ရင် အရင်လို လက်ဆွဲနူတ်ဆက်ပြီးပျော်ရွှင်စွာ အလုပ်တွေ လုပ်နိုင်မှာပါ🤘အဲ...
17/07/2021

အသေးစိတ်က အစ ဂရုစိုက်ကြပါနော်🙆

ကိုဗစ်ကြီးသာ မရှိတော့ရင်
အရင်လို လက်ဆွဲနူတ်ဆက်ပြီး
ပျော်ရွှင်စွာ အလုပ်တွေ လုပ်နိုင်မှာပါ🤘

အဲလို ပျော်ရွှင်စရာ ကောင်းတဲ့အချိန်ကို
ကိုယ်တိုင်ခံစားလို့ရတဲ့အထိ
တောင့်ခံထားကြမယ်နော်

အားလုံး ဖိုက်တင်းပါနော်♥️

Photo crd

16/07/2021

စိတ်ဓါတ်မကျဖို့က - ၁
မ​ကြောက်ဖို့က - ၂
​fb မသုံးဖို့က - ၃
​ဆေးမှန်မှန်​သောက်ဖို့ - ၄
များများစားဖို့ -၅
များများအိပ်ဖို့ - ၆
​ပျော်​ပျော်​နေဖို့ - ၇
ဖြစ်ဖူးတဲ့သူ​တွေ or ဆရာဝန်ကို တိုင်ပင်ဖို့ - ၈

( ဒါ​တွေ လိုက်နာလို့ တစ်ပတ် or ၈ ရက်​နေပြည့်ရင် Negative ဖြစ်ပါပြီ )
သူငယ်ချင်များအားလုံး​ကျော်ဖြတ်နိုင်ကြပါ​စေ....
Crd

ဒီList ကတော့ အိမ်တိုင်ရာရောက် လာကြည့်ပေးမယ့် ဆေးခန်းListပါ ။ ဒီListကို ရှာဖွေ ပြုစုပေးထားတဲ့ အမကို ကျေးဇူးအထူးတင်ပါတယ် ။...
16/07/2021

ဒီList ကတော့ အိမ်တိုင်ရာရောက် လာကြည့်ပေးမယ့် ဆေးခန်းListပါ ။

ဒီListကို ရှာဖွေ ပြုစုပေးထားတဲ့ အမကို ကျေးဇူးအထူးတင်ပါတယ် ။

(🔹Kaung Pyae Sone Advanced Laboratory and Specialist Clinic

🔹RIGHT Laboratory & Healthscreen တွေက home visit ရပါတယ်တဲ့

Covid patient အတွက်အိမ်ကို သွေးလာဖောက်ပေးဖို့ဆို
🔹Dr.Htein Laboratory and Medical Check Up Services က ရပါတယ်နော်

Home visit fees မြောက်ဥက္ကလာတွင်းဆို ၅၀၀၀ တခြားမြို့နယ်ဆို ၁၀၀၀၀ ပါတဲ့ )

Crd - trusted source

ထပ်ရှာတွေ့ထားတာ-

🔹 Hantha Pharmacy ( Nasal prongs oxygen,Reservoir bag တွေလည်းလှူပေးနေပါတယ်)
https://www.facebook.com/hanthapharma/

🔹 Doctors on Wheel
https://www.facebook.com/doctorsonwheelsmobilehealthcareservices/

🔹Covi-Care
https://www.facebook.com/Covi-Care-108916631458865/

🔹ဒေါက်တာသွေး
https://www.facebook.com/ygnhealthcareservice/

🔹Housecall Doctors Network
https://www.facebook.com/HDNHealthcare/

🔹Hearts& Hands Myanmar
https://www.facebook.com/Hearts-Hands-Myanmar-HHM-107216991540388/

Health care service by Nay & Me

https://m.facebook.com/story.php?story_fbid=102669298753690&id=102645218756098

🟡 Chest Xray/ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးရန်

ဆေးရုံတက်ခွင့်မရတဲ့/​ဆေးရုံလူပြည့်လို့​စာရင်း​ပေးစောင့်စား​နေတဲ့ကိုဗစ်​လူနာများအတွက် အ​ရေး​ပေါ် ရင်ဘတ်ဓါတ်မှန် ရိုက်ဘို့လိုလျင် BPG Healthcare 09420909072သို့ အကူညီ​တောင်းခံနိုင်ပါသည် ။



Credit : Intellectus_by_Jeremiah

ကိုဗစ် အခြေအနေ အရမ်းဆိုးလာတာကြောင့်ကျွန်တော်တို့ ဆိုင်လေးကို 13.July.2021 ရက်နေ့ကနေစပြီးယာယီ ခဏ ပိတ်ထားပါမယ် ခင်ဗျာ😢ဒီကြ...
09/07/2021

ကိုဗစ် အခြေအနေ အရမ်းဆိုးလာတာကြောင့်
ကျွန်တော်တို့ ဆိုင်လေးကို 13.July.2021 ရက်နေ့ကနေစပြီး
ယာယီ ခဏ ပိတ်ထားပါမယ် ခင်ဗျာ😢

ဒီကြားတည်း လိုမယ့်ပစ္စည်းလေးတွေ
မှာထားလို့ရပါတယ်

ပြန်ဖွင့်မယ့်ရက်ကိုလည်း Page ကနေ တစ်ဆင့်
ကြေငြာပေးပါမယ်ဗျ

အားလုံးလည်းပဲ တတ်နိုင်သမျှ
Stay at home နေကြပါနော်

အားလုံးပဲ ဂရုစိုက်ကြပါနော်🙆

''အပိုမပြောတကယ်ပြောရင်လိုတောင်လိုအုံးမယ်'' 😬😬အိတ် Qualityကတော့လက်ထဲရောက်လာမှ Admin ပြောတာ နည်းနေသေးတယ်လို့တွေးနေမိအောင်က...
07/07/2021

''အပိုမပြော
တကယ်ပြောရင်
လိုတောင်လိုအုံးမယ်'' 😬😬

အိတ် Qualityကတော့
လက်ထဲရောက်လာမှ
Admin ပြောတာ နည်းနေသေးတယ်လို့
တွေးနေမိအောင်ကို ရှယ်ကောင်းတာပါဗျာ😉

Leather သားနဲ့ ပြုလုပ်ထားပြီးတော့
ကိုယ့်မှာ ရှိသမှာ ပုစိကွစိ သေးသေးလေးတွေရော
ရေဘူး(သို့)ထီး ကိုပါ သွားလေရာ တစ်ပါတည်း
သယ်သွားလို့ရအောင် လုံလုံလောက်လောက် ကျယ်ပါတယ်ဗျ🥰

ဈေးနှုန်း 23,500 ပါ ခင်ဗျာ

မြန်မြန် လာဝယ်ထားတော့နော်

မှာယူလိုပါက 09-777780803 ကို ဆက်သွယ်လို့ရသလို
Page messenger မှလဲ အသေးစိတ်မေးမြန်းလို့ရပါတယ်
(Admin ချောချောလေး ဖြေပေးမှာပါ😛😛)

ဆိုင်မှာပဲ လာဝယ်ချင်သူတွေ အတွက်
တိုက် 12 အခန်း 4 ဂန္ဓမာ 6 လမ်း
ယုဇန ပလာဇာ အနောက်ဘက် မဂ်လာတောင်ညွန့်မြို့နယ်မှာ လာဝယ်လို့ရပါတယ်ဗျာ

နယ်ဆိုရင်တော့ ကားဂိတ်ကနေ ပို့‌ပေးပါတယ်ခင်ဗျာ


မီးပျက်ရင် WiFi လဲပျက်တော့အရေးကြီးတဲ့ သတင်းတွေ လွတ်သွားမှာ စိုးတဲ့သူတွေအတွက်5V to 12V Cable လေး ရှိတယ်နော်😉အသုံးပြုပုံ.....
03/07/2021

မီးပျက်ရင် WiFi လဲပျက်တော့
အရေးကြီးတဲ့ သတင်းတွေ လွတ်သွားမှာ စိုးတဲ့သူတွေအတွက်

5V to 12V Cable လေး ရှိတယ်နော်😉

အသုံးပြုပုံ.......................
မီးပျက်ရင်
Power bank ကို 5V to 12V ကြိုးနဲ့သွယ်ပြီးတော့
WiFi စက်မှာ ချိတ်လိုက်ရုံနဲ့ ရပါပြီခင်ဗျာ🥰

♥️ဈေးနှုန်းလေးက 2,500/- ပါခင်ဗျာ♥️

မှာယူလိုပါက 09-777780803 ကို ဖြစ်စေ
Page Messenger မှလဲ လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျ

ဆိုင်မှာ လာရောက်ဝယ်ယူလိုပါက
တိုက်12 အခန်း4 ဂန္ဓမာ 6 လမ်း
ယုဇနပလာဇာ အနောက်ဘက် မဂ်လာတောင်ညွန့်မြို့နယ်
မှာ လာရောက် ဝယ်ယူလို့ရပါတယ် ခင်ဗျာ


ရောက်လာပါပြီဗျို့..............📢📢New Arrival...♥️Mi က ထုတ်တဲ့AAA Alkaline Batteryလေး ရောက်လာပါပြီဗျာ🙏🙏အဲယားကွန်းအတွက်သုံ...
26/06/2021

ရောက်လာပါပြီဗျို့..............📢📢

New Arrival...♥️

Mi က ထုတ်တဲ့
AAA Alkaline Batteryလေး ရောက်လာပါပြီဗျာ🙏🙏

အဲယားကွန်းအတွက်သုံးမလား?
TV remote အတွက်ပဲသုံးမလား?

အိမ်မှာ အမြဲလိုနေတဲ့ ဓာတ်ခဲလေးနော်😉

10လုံး 1ဗူး
ဗူးလေးနဲ့လာတာဆို‌တော့ မသုံးရသေးလည်း
ဗူးထဲ သိမ်းထားလို့ရပါတယိ🥰

ဈေးနှုန်းက 5,000ကျပ်ပါ ခင်ဗျာ
တစ်ဗူး 10လုံးပါတာဆိုတော့ တစ်ခုကို 500 ပဲ ကျတယ်နော်

မှာယူလိုပါက 09-777780803 ကို ဖုန်းဆက်မှာယူလို့ရသလို
Page messenger မှာလဲ အသေးစိတ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ဆိုင်မှာ ကိုယ်တိုင်စိတ်တိုင်းကျ ကြည့်ပြီး ဝယ်ချင်တယ်ဆိုရင်တော့
တိုက်12 အခန်း4 ဂန္ဓာမာ 6 လမ်း မဂ်လာတောင်ညွန့်မြို့နယ်မှာ
လာဝယ်လို့ရပါတယ် ခင်‌‌ဗျ

ဘက်စုံသုံးလို့ရတဲ့ Xiaomi LCD Blackboard လေး🥰🥰ရုံးသုံး ကျောင်းသုံး အိမ်မှာပါ သုံးလို့ရတဲ့ ခေတ်သစ် ကျောက်သင်ပုန်းလေးပါ✌️✌...
26/06/2021

ဘက်စုံသုံးလို့ရတဲ့ Xiaomi LCD Blackboard လေး🥰🥰

ရုံးသုံး ကျောင်းသုံး အိမ်မှာပါ သုံးလို့ရတဲ့ ခေတ်သစ် ကျောက်သင်ပုန်းလေးပါ✌️✌️

သားသားမီးမီးလေးတွေကို စာသင်ပေးတဲ့အခါမှာလဲ သုံးလို့ရပါတယ်

သုံးပြီးရင် အားပြန်သွင်းစရာ မလိုဘဲနဲ့
အားကုန်သွားရင် ဝယ်ရလွယ်တဲ့ ဓာတ်ခဲလေးလဲရုံပါပဲ။
တစ်ခါလဲပြီးရင် ၆လလောက် အသုံးခံတာဆိုတော့ ရှယ်မိုက်သွားပြီနော်😉😉

ဈေးနှုန်းလေးတွေကတော့

XIAOMI LCD Black Board XMXHB01WC 10in 20,000/-
XIAOMI LCD Black Board XMXHB02WC 13.5in 31,000/-
XIAOMI LCD Black Board 20in 44,000/-

အိမ်အရောက် Delivery Service ရှိသလို
နယ်ကဆိုရင် ကားဂိတ် အထိ ပို့ပေးပါတယ်ရှင့်
☎️မှာယူလိုပါက 09-777780803ကို ဆက်သွယ်လို့ရပါတယ်ရှင့်

🥰Mi accessoriesများကို လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါပြီနော်🥰

ကျန်းမာရေးအတွက်ပါဗျို့......📢📢Covid ကလဲ တကျော့ပြန်ထလာပြီမို့လို့ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ🙏...
21/06/2021

ကျန်းမာရေးအတွက်ပါဗျို့......📢📢

Covid ကလဲ တကျော့ပြန်ထလာပြီမို့လို့
ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ🙏🙏

အိမ်မှာ လူကြီးတွေ ကလေးငယ်တွေ ရှိရင်
ပိုလို့တောင် ဂရုစိုက်ကြပါနော်

အိမ်ထဲ ဧည့်သည်လာရင်လည်း အပူချိန်တိုင်း
လက်ဆေးစေပြီးမှပဲ အိမ်ထဲသို့ ဝင်ခိုင်းကြပါနော်

အပူချိန်တိုင်းတဲ့ ကိရိယာလေးလဲ
အိမ်တိုင်းမှာ ဆောင်ထားကြဖို့အကြံပေးချင်ပါတယ်
ဒါမှသာ သားသားမီးမီးတို့ နေမကောင်းရင် တန်းသိနိုင်မှာပါ

Thermometer လေး ဝယ်ဖို့ ဘယ်ဟာကောင်းလဲ စဉ်းစားနေရင်
Mi ကထုတ်တဲ့ Thermometer လေးကို သုံးဖို့ အကြံပေးပါရစေ ခင်ဗျ

ကလေးတွေအတွက် safety ဖြစ်စေသလို
တိုင်းတာရတာ မြန်ဆန်ပြီး စိတ်ချရတဲ့ result ထွက်ပါတယ်

အပူချိန်ကို 'F (or) 'C ဆိုပြီး
ကိုယ်အဆင်ပြေသလို ချိန်လို့ရပါတယ်

ဝန်ထမ်းတော်တော်များများနေ့စဉ် လိုင်းကားတိုးစီးပြီး လာရတဲ့အတွက်
လုပ်ငန်းခွင်မှာလဲ လိုအပ်ပါတယ်နော်

ဈေးနှုန်းလေးက 33,500/- ကျပ်ပဲ ဖြစ်ပါတယ်ခင်ဗျာ

လက်ကားဈေး သီးသန့်ရှိပါတယ်

မှာယူလိုပါက 09-777780803ကို ဖုန်းဆက်မေးနိုင်သလို
Page messenger မှလဲ အသေးစိတ်မေးမြန်းနိုင်ပါတယ်

ရန်ကုန်ဆိုရင် အိမ်တိုင်ရာရောက် delivery ရှိသလို
နယ်ဆိုရင် ကားဂိတ်ကနေတစ်ဆင့် ပို့ပေးပါတယ်ဗျ

Mi accessories များကို လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပြီဗျ

ရောက်လာပါပြီဗျာ.....😉အားလုံးမျှော်နေတဲ့ Mi WiFi repeater pro လေး ရောက်လာပါပြီဗျာWiFi ရတဲ့ area လေးကို ပိုပြီးကျယ်အောင် ပ...
21/06/2021

ရောက်လာပါပြီဗျာ.....😉

အားလုံးမျှော်နေတဲ့ Mi WiFi repeater pro လေး ရောက်လာပါပြီဗျာ

WiFi ရတဲ့ area လေးကို ပိုပြီးကျယ်အောင် ပြုလုပ်ပေးမယ့် ပစ္စည်းလေးပါ

ဘယ်လိုသုံးရမလဲဆိုရင်တော့
Mi home app ထဲကနေ ဝင်သုံးရမှာပါဗျ🤘

ဒီနေရာမှာ အကြံပေးချင်တာ
Mi Home ထဲက Location ရွေးတဲ့နေရာမှာ
Myanmar လို့မရွေးဘဲ
China Mainland လို့ ရွေးပေးရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ

ဈေးနှုန်းလေးက 18,000/- ကျပ်ပါခင်ဗျာ
3လုံးယူရင် 17,500/- နဲ့ ရပါမယ်ဗျ

ကဲ စပ်တူဝယ်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေများ
ဝယ်ထားလိုက်တော့နော်🥰

အိမ်တိုင်ရာရောက် delivery လဲ ရှိသလို
နယ်ဆိုရင် ကားဂိတ်ကနေတစ်ဆင့် ပို့ပေးပါတယ်ခင်ဗျာ

ဆိုင်မှာ လာကြည့်ပြီးဝယ်ချင်တယ်ဆိုရင်တော့
ယုဇနပလာဇာ အနောက်ဘက်က ဆိုင်ကို လာဝယ်လို့ရပါတယ်ဗျ

ဖုန်းနံပါတ် 09-777780803 ကို ဖုန်းဆက်မှာလို့ရသိလို
Messenger မှလဲ အသေးစိတ်မေးမြန်းလို့ရပါတယ်ဗျ

Mi accessories များကို လက်လီ လက်ကား အားပေးလို့ရပါတယ်

Address

Gandamar Street
Yangon

Alerts

Be the first to know and let us send you an email when Chomaimai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share