14/09/2021
နေ့စဉ်တာဝန်တွေ များပြားလှတဲ့ အိမ်ရှင်မတိုင်း စဉ်းစားတက်ကြတာကတော့ အိမ်မှုကိစ္စတွေကို မြန်ဆန်အောင် ဆောင်ရွက်ချင်ကြတာပဲ မဟုတ်ပါလား❓
အဲ့ဒီထဲမှာမှ ဟင်းချက်ရာမှာ မြန်ဆန်ပြီး ဘယ်အချိန်ချက်ချက် အဆင်သင့်ဖြစ်နေမယ့် ဂက်စ်မီးဖိုလေးတွေက အရမ်းအသုံးဝင်ပြီလေ
နေရာလည်းမယူ၊ ဘယ်သွားသွား သယ်ယူနိုင်မယ့်အပြင် သန့်ရှင်းရေးလုပ်ရလည်း လွယ်ကူတော့ အိမ်တိုင်းမှာ ဂက်စ်မီးဖို တစ်လုံးတော့ လိုအပ်တာပေါ့
ဂက်စ်မီးဖိုလို့ စဉ်းစားလိုက်တာနဲ့ အများစု ပြေးမြင်ကြတဲ့ တံဆိပ်လေးက Rinnai ဆို မှားမယ်မထင်ဘူးနော်
Rinnai ရဲ့ ဂက်စ်မီးဖိုတွေက အသုံးခံပြီး customer တွေရဲ့ ယုံကြည်မှု အပြည့်အဝ ရရှိထားလို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်
Rinnai အမှတ်တံဆိပ်ထဲမှာမှ Table Top ဂက်စ်မီးဖိုလေးတွေဖြစ်တဲ့ -
✔ RT-902SCC
✔ RT-902A
✔ RT-902M
✔ RT-901SC
✔ RT-901A
✔ RT-901M လေးတွေဟာဆိုရင် ပေါ့ပေါ့ပါးပါး ဂက်စ်မီးဖိုလေးတွေ အိမ်မှာ ဆောင်ထားချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲခင်ဗျာ
Rinnai ဂက်စ်မီးဖိုလေးတွေမှာ အသုံးပြုထားတဲ့ Gas Valve နဲ့ Burner Head လေးတွေရဲ့ အားသာချက်လေးတွေကတော့ -
Gas Valve
Gas Valve ဆိုတာကတော့ မီးဖိုတစ်လုံးရဲ့ အရေးပါဆုံးပါပဲ(ကားတစ်စီးမှာဆိုရင်တော့ အင်ဂျင်တစ်လုံးပေါ့) Gas Valve ကို Japan High Technology ဖြင့်ပြုလုပ်ထားပြီး အကြိမ်ပေါင်း(၃၀၀၀၀) သို့မဟုတ် ၁ဝနှစ်ခန့် အသုံးပြုနိုင်သော Gas Valve ကို အသုံးပြုထားပါတယ်။ Rinnai မီးဖိုများတွင်တပ်ဆင်ထားသော Gas Valve များသည်သာမန် Supply Pressure များထက် ၂ ဆကျော် ပိုမိုဖိအားပြင်းသော High Pressure နဲ့ စစ်ဆေးထားတာကြောင့် သုံးစွဲသူ Customer များကို 100% လုံခြုံစိတ်ချစွာ အသုံးပြုစေနိုင်မှာ အသေအချာပါပဲ။ သာမန် Gas Valve များထက် (၁၀%) မှ (၃၀%) အထိ Gas အသုံးပြုမှုနှုန်းသက်သာစေရန် အဓိကထားပြုလုပ်ထားပါတယ်။ Rinnai အသားတံဆိပ်ပါရှိခြင်းကြောင့် (၁၀၀%) ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ရန် အာမခံလည်းပေးထားပါသေးတယ်။
BURNER HEAD
မီးထွက်ခေါင်း(Burner Head)ကိုလည်း Copper ဖြင့် ပြုလုပ်ထားပြီး မီးထွက်သည့်ပုံစံမှန်စေရန် မီးထွက်သည့်အပေါက်ငယ်လေးများအား အရွယ်အစားညီညာစွာအသေးစိတ်ပြုလုပ်ထားသောကြောင့် ဂက်(စ်)စားနှူန်းကို အထူးသက်သာစေပါသည်။ Mega Burner ဖြစ်တဲ့အတွက် မီးထွက်အားအမြင့်ဆုံး 4.8kw အထိ အသုံးပြုနိုင်ပြီး အိမ်မှာအလှူအတန်းပြုလုပ်မယ်ဆိုရင်တောင် အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အရည်အသွေးစစ်မှန်ကောင်းမွန်ခြင်း၊ ဂက်စ်စား သိသိသာသာသက်သာခြင်း၊ သပ်ရပ်လှပတဲ့ဒီဇိုင်းနဲ့ အသုံးပြုရလွယ်ကူအဆင်ပြေစေခြင်း တို့ပဲဖြစ်ပါတယ်
"မီးဖိုချောင်တိုင်းအတွက် အသင့်တော်ဆုံး Rinnai Gas Cooker အကောင်းဆုံး"