Mira's diaries

Mira's diaries Hello, welcome to my world! 🤗

A small girl with a big heart who loves to wonder in miracles. This is me.

10/05/2026

May 10 Sunday

အိမ်ပြောင်းလာပြီးနည်းနည်းလေး အခြေကျလာတဲ့နေ့လေးပေါ့။ ကမ်းခြေနဲ့ လှမ်းသွားပေမဲ့ ဒီနေရာက ပိုတိတ်ဆိတ်အေးချမ်းတာကို သဘောကျတယ်၊ဒါနဲ့ဆို တနှစ်တည်းမှာ သုံးကြိမ်မြောက်ပြောင်းရွှေ့ခြင်းပေါ့ (ဒါတောင် ကြားထဲ အလုပ်တခုမွှေလို့ ပြောင်းမယ်ဟေ့ဆိုပီး တပတ်ကြာ အထုတ်ဆွဲပြန်လာရတာထည့်မတွက်ထားသေးဘူး)။

တနေရာရာထွက်ချင်တာပဲသိပြီး ရောက်ချင်ရာရောက် လာလိုက်တဲ့မြို့လေးက ဖူးခက်ဖြစ်နေပြီး သူပေးတဲ့သင်ခန်းစာတွေနဲ့ သူ့ကိုရင်းနှီးအောင် မနည်းလုပ်ယူလိုက်ရတယ်။ ဘာအတွေ့အကြုံပဲဖြစ်ဖြစ် တန်ဖိုးထားပါတယ် ကျေနပ်စွာခံယူလျက်ပါကွယ်၊ မကျေနပ်လဲ ထိုင်ပြီး စိတ်ဒုက္ခများနေရုံပဲရှိတာကိုး 😅

မနေ့က ဖူးခက်မှာ မိုးကြီးလေကြီးရွာတယ် မနက် 10နာရီလောက်ထိ သည်းနေတုန်း၊ နေ့လည်ရောက်တော့ ရာသီဥတုကခုလိုလေးပေါ့။ April May ရောက်တိုင်း ဘဝမှာ အပြောင်းအလဲလေးတွေအမြဲတမ်း ကြုံရတယ်။ အဲ့တာကြောင့် ဒီအချိန်ကာလရောက်ပြီဆို စိတ်က nostalgic mood ကြီးကို သိသိသာသာခံစားလာရတယ်။ မိုးကလေးက ထပ်ပေါင်းပေးတော့...အင်းးးး...

ဒါပေမဲ့ အရင်လို တအီအီတညောင်ညောင်နဲ့ လွမ်းနာကျတာလိုလို ဘာလိုလို‌ မဟုတ်တော့တာပဲ ကိုယ့်ကိုယ်ကိုကျေးဇူးတင်ရမယ်။ ‌ စိတ်ကလေး သူ့အလုပ်သူလုပ်နေတာပဲ ကိုယ်က သိနေပီး အသာလေးလွှတ်ထားပေးရုံပါပဲ။ ဒီရက်ထဲ အပြောင်းအလဲတွေကြားထဲ အမောတကော လိုက်နေရတဲ့ ကိုယ့်ကိုယ်ကို appreciate လုပ်ပေးဖို့ သတိရမိတယ် ၊ ကိုယ့် အကြောင်းနဲ့ကိုယ် ချုံ့ပစ်ထားခဲ့တဲ့ social circle ကို အခု မဖြစ်မနေ ဆန့်ထုတ်ပေးနေရချိန် ညင်သာဖို့အတွက် အလုပ်မှာ မောလာတဲ့အချိန် နင်အကောင်းဆုံးလုပ်နေပါတယ် လို့ ကိုယ့်ကိုယ်ကို သတိပေးမိတယ်။ အဲ့လိုဆို နေရထိုင်ရ နည်းနည်း သက်သောင့်သက်သာပိုဖြစ်သွားတယ်။ ငါဟာ ငါ့ကို လူတကာလက်ခံအောင်၊ လက်ခံချင်အောင် အတင်းလုပ်ယူနေမိလို့ လိုတာထက်ပိုပြီးပင်ပန်းနေတာပဲ ဆိုတာ တွေ့လာတယ်။ လူတွေရဲ့အမြင်ကိုကြောက်ပြီးစိုးရိမ်နေတာတွေက ငါ့မသိစိတ်မှာ တချိန်လုံးလွှမ်းမိုးထားလေသလားပဲ။ အကြောတင်းတင်းပဲနေစမ်းပါ ဒါ
ငါ့ကိုယ်ငါ ပိုပီးလက်ခံနိုင်အောင် လေ့ကျင့်ယူရမယ့် အခွင့်အရေးပဲလို့ မှတ်လိုက်တယ်။ 😇

21/04/2026

သူ့ကိုကိုစားတာခံဖို့စောင့်နေတဲ့ရုပ်လေးမှာ ငါလေ🫠🫠

21/04/2026

11/04/2026

It was just a boring summer day at home until I see these happy snacks
နွေရာသီနဲ့လိုက်ဖက်တဲ့ ဗမာမုန့်လေးတွေနော် 🤤🤤

11/04/2026

သိပ်သိပ် ချစ်ရတဲ့ နွဲ့တင်ရယ် 🌅

10/04/2026

အရင် 15 16 နှစ်တုန်းကဆို ဘာရယ်မဟုတ် လမ်းသလားနေရရင်ပျော်နေတတ်တယ် ခုတော့ ကြိုက်သလောက်သွားစမ်းဆိုတော့ ဘာမှလဲမဟုတ်တော့ အရင်လိုခံစားချက်တွေ စိတ်ရဲ့လွတ်လပ်မှုတွေနဲ့အကွာကြီး အသက်ကစကားပြောလာတာဆိုတာဒါလား 🤔

09/04/2026

08/04/2026

Why I'm so obsessed with these two men sharing ci******es... Damnnnnn🥹🥹🥹
I put them in my favorite song ❤️

ထိုင်းရောက်ပြီး သူများတွေ 711ကဘာညာသာရကာကိုယ့်အတွက်တော့ တချောင်း 10 နဲ့ အိမ်ရှေ့ထိ လာရောင်းတဲ့ ဒါးလှီးရေခဲချောင်း 7 ထဲကဘာ...
08/04/2026

ထိုင်းရောက်ပြီး သူများတွေ 711ကဘာညာသာရကာ
ကိုယ့်အတွက်တော့ တချောင်း 10 နဲ့ အိမ်ရှေ့ထိ လာရောင်းတဲ့ ဒါးလှီးရေခဲချောင်း 7 ထဲကဘာမုန့်နဲ့မှမလဲနိုင်ပေါင်🤤 အမြဲတမ်း ဒူးရင်းပဲစားဖြစ်.. အိစက်ညက်ညောနေတာပဲ🤤🤤 နွေဓာတ်စာလေးပေါ့ကွယ်

ဒီကားဇာတ်သိမ်းလေးကနေ သင်ယူလိုက်ရခြင်းပေါ့ကိုယ်တို့လူသားတွေ ဒီလောကကြီးထဲမှာ မွေးဖွားလာကြ၊ အသက်ရှင်ဖို့ တာဝန်ကြီးတခုနှယ် ရ...
29/03/2026

ဒီကားဇာတ်သိမ်းလေးကနေ သင်ယူလိုက်ရခြင်းပေါ့
ကိုယ်တို့လူသားတွေ ဒီလောကကြီးထဲမှာ မွေးဖွားလာကြ၊ အသက်ရှင်ဖို့ တာဝန်ကြီးတခုနှယ် ရုန်းကန်ကြ၊ တခါ သေရမှာကို အလန့်တကြားကြောက်ကြရနဲ့ လောကကြီးနဲ့ ကိုယ်နဲ့ကြား အဓိပ္ပာယ်တွေကွာဝေးအလွှာ‌တွေခြားလို့နေနေမိကြတယ်။ ကိုယ်တို့ကမေ့လျော့ပြီးနေမိကြပေမဲ့ သဘာဝတရားကြီးကတော့ ဒါကိုကောင်းကောင်းနားလည်ပါတယ်။ နင်တို့လူသားတွေဆိုတာကလဲ ငါရဲ့တစိတ်တပိုင်းပါပဲ။ ဒီလောကကြီးထဲမှာ သက်ရှိသတ္တဝါတိုင်း ရှင်သန်ဖို့လုပ်စရာရှိတာလုပ်ကြတာကိုလည်း ငါကောင်းကောင်းနားလည်တယ်။ ငါက သေခြင်းတရားဆိုတာကိုကောင်းကောင်းသိတယ်။ သေခြင်းဆိုတာ ဝမ်းနည်းစရာမဟုတ်သလို အပြစ်တခုလည်းမဟုတ်ဘူး။ နင်တို့ဟာ ဒီကနေလာကြတယ်ဒီကိုပြန်သွားကြတာမှာပဲလေ။ ဘာလို့လဲဆိုတော့ အဲ့ဒီ‌ မွေးသေဖြစ်ပျက်ဆိုတဲ့ ဖြစ်စဉ်ကြီးရော နင်တို့‌လူသားဆိုတဲ့ အရာတွေကိုယ်တိုင်ကရော သဘာဝတရားပဲဖြစ်နေလို့ပေါ့။ ဒါကိုသတိရလိုက်ရင် ကိုယ်တွေလဲ သဘာဝအတိုင်း အလိုက်သင့်လေး လိုက်ပါစီးမျောလိုက်ဖို့ပဲလိုတယ်လေ။
This ending is such a reminder to me to stay more connected to nature and no wonder about leaving it one day as we are being there apart of it.

Those are my favorite lines that I wanted to keep myself reminded.❤️

Where the Crawdads Sing (2022)

31/12/2025

2025 တနှစ်လုံးဟာ ဒုက္ခ သောက တွေပြည့်နှက်နေခဲ့တယ် ဖြစ်သင့်လို့ အကြောင်းစုံလို့ ကြုံတွေ့ခဲ့ရတဲ့အကျိုးအပြစ်တွေချည်းပဲလို့ ကျေနပ်စွာ ခံယူတဲ့အတွက် ရရှိစေခဲ့တဲ့ သင်ခန်းစာတွေ အတွေ့အကြုံတွေကိုအားလုံးကို ကျေးဇူးတင်စွာနဲ့ နှုတ်ဆက်ပါတယ် 2025 ရေ၊

Happy New Year အချိန်လေးကို ကိုယ်ချစ်တဲ့သူလေးနဲ့တောင် အတူတူဖြတ်သန်းခွင့် မရလိုက်ပါဘူး၊ ဒါပေမဲ့လည်း အဆင်ပြေပါတယ်၊ 2025 မှာ အပြင်းစားထရိန်နင်တွေတက်ခဲ့ရပြီးနောက် 2026 အတွက် အရာအားလုံးအဆင်သင့်ဖြစ်နေပီလို့ ကိုယ့်ကိုယ်ကို ခံယူလိုက်ပါပြီ။

But still, Happy New Year 😇 Yesssss, I made sure that I welcomed a HAPPY HAPPY HAPPY HAPPY NEW YEAR 🤗🤗🤗🤗

ဗီဒီယိုက နျူးယားည ကလေးထိန်းညအမှတ်တရ😅

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mira's diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share