NHWE Online Bookshop

NHWE Online Bookshop Books will take you to all over the world and they will let you travel without moving your feet 👣

23/09/2025

"စာအုပ်ဖတ်ခြင်း၏ အကျိုးကျေးဇူးများ"

စာအုပ်ဖတ်တာက အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်၊ အသိပညာတွေ တိုးပွားအောင် ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ တူပါတယ်။ စာအုပ်ဖတ်ခြင်းက ကျွန်တော်တို့ရဲ့ ဘဝအပေါ် ဘယ်လိုကောင်းကျိုးတွေ သက်ရောက်စေလဲဆိုတာ ကြည့်လိုက်ရကြအောင်ဗျ။

🫰၁။ ဗဟုသုတ တိုးပွားခြင်း

စာအုပ်တစ်အုပ် ဖတ်လိုက်တိုင်း အကြောင်းအရာအသစ်၊ အမြင်အသစ်တစ်ခုကို သိရှိလာနိုင်ပါတယ်။ သမိုင်း၊ သိပ္ပံ၊ စိတ်ပညာ စသဖြင့် ဘယ်အမျိုးအစားဖြစ်ဖြစ် ကိုယ့်ရဲ့ အသိပညာနယ်ပယ်ကို ပိုပြီး ကျယ်ပြန့်စေပါတယ်။ ဒါက လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ ပိုမိုယုံကြည်မှုရှိလာစေပါတယ်။

🫰၂။ စိတ်ဖိစီးမှု လျော့ကျစေခြင်း

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်ရှုခြင်းက စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲ နစ်မြောသွားတာ၊ ဒါမှမဟုတ် ဗဟုသုတ စာအုပ်တွေထဲ အာရုံစိုက်လိုက်တာက စိတ်ပင်ပန်းမှုတွေကို ခဏတာ မေ့ပစ်ဖို့ ကူညီပေးပါတယ်။

🫰၃။ ဝေါဟာရကြွယ်ဝပြီး ရေးသားပြောဆိုမှု တိုးတက်လာခြင်း

စာအုပ်တွေ ဖတ်တဲ့အခါ စကားလုံးအသစ်တွေ၊ စကားစုအသစ်တွေကို မြင်တွေ့ရပါတယ်။ ဒါက ကိုယ့်ရဲ့ ဝေါဟာရအင်အားကို တိုးစေပြီး ကိုယ်ရေးသားတဲ့အခါ ဒါမှမဟုတ် ပြောဆိုတဲ့အခါမှာ ပိုပြီး ထိရောက်စေပါတယ်။ ကိုယ့်စိတ်ကူးတွေကို ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ဖော်ပြနိုင်လာပါတယ်။

🫰၄။ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာခြင်း

ဒီနေ့ခေတ်မှာ ဖုန်းနဲ့ အင်တာနက်ကို အလွန်အကျွံသုံးစွဲတာကြောင့် အာရုံစိုက်မှုအားနည်းလာတတ်ပါတယ်။ စာအုပ်တစ်အုပ်ကို အချိန်ပေးပြီး ဖတ်ရှုတာက ကိုယ့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပြန်လည်လေ့ကျင့်ပေးသလို ဖြစ်စေပါတယ်။

စာဖတ်ခြင်းဟာ ပျော်ရွှင်စရာ ဝါသနာတစ်ခုဖြစ်သလို ကိုယ့်ဘဝအတွက် အကျိုးအမြတ်များတဲ့ အလေ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။ မိတ်ဆွေရော စာဖတ်ဖို့အတွက် ဘယ်လိုအချိန်ပေးလေ့ရှိပါသလဲဗျ.. ။☘️

#သုခကျော်

Hello Bookworms လေးတို့ရေ ☺️😍🤗📚👓မင်မင့်ရဲ့ Own Business ဖြစ်တဲ့ မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု နဲ့  #မနော...
08/08/2025

Hello Bookworms လေးတို့ရေ ☺️😍🤗📚👓
မင်မင့်ရဲ့ Own Business ဖြစ်တဲ့ မနောဖြူ-ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝန်ဆောင်မှု နဲ့ #မနောဖြူစတိုး ဆိုင်လေး စဖွင့်ထဲက အလုပ်တွေမနိုင်လို့ NHWE Online Bookshop လေးကို ၁နှစ်ခွဲနီးပါး ရပ်နားထားခဲ့တာ ဒီနေ့ (8-8-2025) #ဝါခေါင်လပြည့်နေ့ #မေတ္တာအခါတော်နေ့ လေးကစပြီး စာအုပ် Page လေးကနေ အရင်လိုဘဲ စာချစ်သူတို့ မှာယူချင်တဲ့ စာအုပ်မျိုးစုံကို မူရင်းတိုက်ထုတ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးတော့မှာဖြစ်ပါတယ်နော်🥰

Business တစ်ခု စစချင်း set up လုပ်တဲ့အခါ မလွယ်ကူတာကြောင့် ဒီ page လေးကို ခဏ break လုပ်ထားပေမယ့် စာအုပ်တွေကိုချစ်မြတ်နိုးတဲ့စိတ်ရယ် အခုချိန်ထိ messenger ကနေ စာအုပ်လေးတွေလှမ်းမေးကြတဲ့ကာကာတွေကြောင့် မင်မင် ဒီ Page လေးကို ပြန်ပြီး Active လုပ်ဖြစ်တာပါ🩵

မင်မင်အပြင်ဆိုင်ဖွင့်ထားတဲ့ #မနောဖြူစတိုး နဲ့ #မနောဖြူပြည်တွင်း/ပြည်ပလေယာဉ်လက်မှတ်နဲ့ အဝေးပြေးကားလက်မှတ်ရောင်းဝယ်ရေး ရယ် ငွေလွှဲ/ငွေထုတ်ဝန်ဆောင်မှုတွေရယ်ကိုလည်း နေ့စဉ်ပိတ်ရက်မရှိ ရောင်းချပေးပါတယ်နော် 🩵
စာဖတ်သူတွေလိုအပ်ပါကလည်း CB ကနေ ကားလက်မှတ်/လေယာဉ်လက်မှတ်လေးတွေ E-Ticket ဖြင့်ဝယ်ယူလို့ရနိုင်ပါတယ်ရှင့်🩵

August လထဲမှာ မင်မင့်မွေးနေ့လည်းရှိတာကြောင့် Page လေး ပြန် active ဖြစ်တဲ့အထိမ်းအမှတ်အဖြစ် စာအုပ်လက်ဆောင်လေးလည်းပေးဖို့ရှိပါတယ်နော် ☺️ ပေးမယ့်စာအုပ်လေးကိုလည်း New Post လေးနဲ့ ဖော်ပြပေးသွားမှာမို့ stay tuned naw Bookworms လေးတို့ရေ🩵

အခုကစပြီး စာချစ်သူတို့မှာယူချင်တဲ့ သုတ,ရသ, ဘာသာပြန်,ဝတ္ထု, သားသားမီးမီးတို့အတွက် ရုပ်ပြ,ကာတွန်း စတဲ့ စာအုပ်မျိုးစုံကို မင်မင်က အကောင်းဆုံးဝန်ဆောင်မှုနဲ့ ပြန်လည်ရောင်းချပေးတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ကာကာတို့ရေ😍
အော် မေ့လို့ ကိုယ်ချစ်ခင်သူတွေကို စာအုပ်လက်ဆောင်ပေးမယ်ဆိုရင်လည်း surprise post လေးတွေပြန်မှာလို့ရပါပြီနော် 🩵

🙏🙏🙏
19/09/2024

🙏🙏🙏

မင်မင့်ရဲ့ Page လေးပါ ပါဝင်အားဖြည့်လှူဒါန်းပေးလို့ရပါတယ်ရှင်🙏
14/09/2024

မင်မင့်ရဲ့ Page လေးပါ ပါဝင်အားဖြည့်လှူဒါန်းပေးလို့ရပါတယ်ရှင်🙏

မင်္ဂလာပါ တိချစ်သူအမျိုးတို့ရေ🤗
ရေဘေးသင့်နေရာဒေသတွေက တိလေးတွေကို ဖေးကူပေးဖို့ Members တွေနဲ့အတူအလှူငွေလေးစုစည်းချင်ပါတယ်•••••
မနှစ်က Bago ရေဘေးတုန်းကလည်း အဖွဲ့အနေနဲ့ ကိုယ်တိုင်သွားရောက်ဖေးကူလှူဒါန်းပေးခဲ့ပါတယ်ရှင်🙏
အခုရေဘေးမှာ အဖွဲ့ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ အခွင့်မသင့်ပေမယ့် ငွေအားလေးကူပေးချင်ပါတယ်🙏
ယခုရရှိတဲ့ အလှူငွေကို သီးသန့်စာရင်းလေးလုပ်ပြီး လိုအပ်တဲ့နေရာတွေကို ပြန်ပြီးလှူဒါန်းပေးပါမယ်🙏
အလှူမှတ်တမ်းလေးတွေကိုလည်း Page မှာပြန်ပြီး share လုပ်ပေးပါမယ်ရှင်🙏
နိုင်ငံတဝန်း လူတွေရော တိလေးတွေရော ကပ်ကြီး၃ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ🙏

#ဖေးကူမယ့်တွဲလက်လေးများ

Happy Birthday Pig Pout🎉🎊🎈🥳🎂အမြဲအေးချမ်းပျော်ရွှင်ပြီး ချက်ချာနိုင်ပါစေ 🥰ဆိုတဲ့ BD wish လေးနဲ့အတူ   Acc ပိုင်ရှင်လေးအတွက...
13/03/2024

Happy Birthday Pig Pout🎉🎊🎈🥳🎂

အမြဲအေးချမ်းပျော်ရွှင်ပြီး ချက်ချာနိုင်ပါစေ 🥰

ဆိုတဲ့ BD wish လေးနဲ့အတူ Acc ပိုင်ရှင်လေးအတွက် မွေးနေ့လက်ဆောင်စာအုပ်လေး၂အုပ် လာပေးထားပါတယ်ရှင်😍

စာအုပ်လေးတွေလက်ခံပေးဖို့ CB လေးကို ဆက်သွယ်ပေးပါအုန်းနော်😻

မွေးနေ့တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေရှင်💕💕💕

🎈Happy Birthday ပါ အသည်းကွဲပြီးမှ လှလာတဲ့ကောင်မလေးရေ👩‍🦰🎊🎉🎂🥳မွေးနေ့မှစ အသည်းကွဲရောဂါပျောက်ကင်းသက်သာပြီး အေးချမ်းပျော်ရွှင...
08/02/2024

🎈Happy Birthday ပါ အသည်းကွဲပြီးမှ လှလာတဲ့ကောင်မလေးရေ👩‍🦰🎊🎉🎂🥳

မွေးနေ့မှစ အသည်းကွဲရောဂါပျောက်ကင်းသက်သာပြီး အေးချမ်းပျော်ရွှင်ပါစေ၊ လိုအင်ဆန္ဒအားလုံးပြည့်ပါစေနော်။ 😍🥰😘ဆိုတဲ့ BD Wish လေးနဲ့အတူ Acc ပိုင်ရှင်လေးအတွက် စာအုပ်လေးတွေ မွေးနေ့လက်ဆောင် ပေးထားပါတယ် ☺️

စာအုပ်လေးတွေ လက်ခံဖို့ Page CB လေးကို စာပို့ဆက်သွယ်ပေးပါအုန်းနော် 😍

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးပါတယ်ရှင် 🥰

🎈Happy Birthday To My Funny Buddy 🎈Today is your big day 🎉🎊🎂Enjoy your special day with full of happiness and laughs 🥳🍎B...
18/12/2023

🎈Happy Birthday To My Funny Buddy 🎈
Today is your big day 🎉🎊🎂
Enjoy your special day with full of happiness and laughs 🥳🍎
BD Gift 🎁 အဖြစ် ကြိုက်နှစ်သက်ရာ English Books 📚လေးတွေ ရွေးယူပါ ☺️

ဆိုပြီး Acc ပိုင်ရှင်လေးအတွက် မွေးနေ့လက်ဆောင်စာအုပ်လေးတွေ ပေးထားပါတယ်နော် 😍

စာအုပ်လေးတွေလက်ခံပေးဖို့ Page CB လေးကို စာပို့ဆက်သွယ်ပေးပါအုန်းနော် 🥰🩵

Address

Yangon

Telephone

+959421071248

Website

Alerts

Be the first to know and let us send you an email when NHWE Online Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NHWE Online Bookshop:

Share

Category