Eunoia

Eunoia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eunoia, Shopping & retail, Yangon.

🙏🙏🙏
12/05/2023

🙏🙏🙏

29/12/2021
06/12/2021
13/07/2021
23/06/2021
"သိုးဆောင်း" စာအုပ်များ PDF links ဧဒင်မြို့က အပြေးသမား _https://www.mediafire.com/download/ey0slf561811bq7ဆိုက်ကိုဆော့(ဖ...
12/05/2021

"သိုးဆောင်း" စာအုပ်များ PDF links

ဧဒင်မြို့က အပြေးသမား _
https://www.mediafire.com/download/ey0slf561811bq7

ဆိုက်ကိုဆော့(ဖ်)ဝဲ_
https://www.mediafire.com/download/qvl8pja38rmmkqt

သက်တံ့သစ်_
https://www.mediafire.com/download/8idk06scgbmc274

May We Help You _
https://www.mediafire.com/download/vlk093frs6m4ikz

ဝင်ခွင့်မရမြို့_
https://www.mediafire.com/download/r6abhc1iqhyq7b7

တစ်ရက်_
https://www.mediafire.com/download/b8gw8uqdwxdabbh

ရွှေအတိပြီးသော_
https://www.mediafire.com/download/83yzpb20o1hegub

စျာပနရှင်းတမ်း_
https://www.mediafire.com/download/a22594uy9i4awc6

နေကမ္ဘာရဲ့ မီးအိမ်ရှင်_
https://www.mediafire.com/download/uz9f1l8chlez0aq

မြို့ကလေးရဲ့ ရာဇဝင်_
https://www.mediafire.com/download/97ffc1vq2ve5h5p

သိသောသူမည်ကား ကြားပါစေ_
https://www.mediafire.com/download/ywmd8flihldom35

‌
သင်ပြန်လာရမှာပါ_
https://www.mediafire.com/download/5ccr6to06ik71jy

မြကျွန်းညိုမဟုတ်သော်လည်း_
https://www.mediafire.com/download/ik13a02usqrmgf9

နှစ်ပါးသွား message__
https://www.mediafire.com/download/z91w40u72996u98

အရှေ့အနောက်တောင်မြောက်_
https://docs.google.com/…/0B6nBSljhZ68ua010NVJnSzdSbmV…/edit

လက်ညှိုးထိုး၍ ပန်းဝေသည်_ပထမပိုင်း
https://www.mediafire.com/download/j9i13o9sbiqtp3e

လက်ညှိုးထိုး၍ ပန်းဝေသည် _ဒုတိယပိုင်း
https://www.mediafire.com/download/bpbp2nfsapswxqm

လျှို့ဝှက်မြို့ရိုး ၏နောက်ဆုံးအုပ်ချပ်_
https://www.mediafire.com/download/ukdnoy07l9lllu6

သူဘယ်သူလဲ_
https://www.mediafire.com/download/71wh8539vc6w0ir

တော်ရိလျော်ရိလေးပဲ ချစ်ခဲ့သည် _
https://www.mediafire.com/download/qaq6o8gddg5j5o1

အပေတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန်_
https://www.mediafire.com/download/co2m5ktmmtas0d6

ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင်ချစ်သက်ဝင်၏_
https://www.mediafire.com/download/cehj54o28tgld10

အချစ်တောင်းခံလွှာ_
https://www.mediafire.com/download/b224x5mtuea79pb

သစ္စာမဖောက်ကြေးစာချုပ်_
https://www.mediafire.com/download/otbg2el8ejm8e3u


Link တွေသေချာပြန်စစ်ပြီး စုပေးထားတာပါ
Down မရရင် cb လာမေးနိုင်ပါတယ် 🍀

Credit Bookvio

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

14/03/2021

စစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်
အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ

အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ

ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...

ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..

ဝယ်ထား/ဆောင်ထားသင့်တာတွေက

Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)

သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်

ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ

ဒဏ်ရာရတဲ့သူ တွေ့ရင်

(၁) သွေးတိတ်အောင် လုပ်ပါ..

အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..

သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..

အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..

Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ

သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..

ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ

(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..

ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..

နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..

လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..

ဓာတ်ဆားရည် တိုက်ထားပေးပါ..

ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....

နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..

11/02/2021

Civil disobedience (သို့) အမိန့်တွေကို သေစေခြင်း

အာဏာသိမ်းအစိုးရကို တုံ့ပြန်တဲ့နေရာမှာ တုံ့ပြန်နည်းမြောက်မြားစွာရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ action (ပြုလုပ်ခြင်း) နဲ့ inaction ( မပြုလုပ်ခြင်း) ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ Inaction (မပြုလုပ်ခြင်း) ဆိုတာ ဒီလိုအာဏာသိမ်းတာကို ဘာမှဆန့်ကျင်ခြင်းမရှိဘဲ ပုံမှန်လိုဘဲလက်ခံလိုက်ခြင်းမျိုးပါ။ Action (ပြုလုပ်ခြင်း) ဆိုတဲ့ အာဏာရှင်ကို ဆန့်ကျင်ခြင်း မှာတော့ အမျိူးအစားတွေ ထပ်ကွဲသွားပါတယ်။ Action (ပြုလုပ်ခြင်း)ထဲမှာ လူပုဂ္ဂိုလ်တွေကို အင်အားသုံးပြီးတိုက်ခိုက်တာ၊ ပစ္စည်းတွေ၊ အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်ဆီးတာတို့လို အကြမ်းဖက်တဲ့ဆန့်ကျင်မှုတွေလည်းပါသလို ဆွေးနွေးညှိနှိုင်းခြင်း၊ စည်းရုံးခြင်း၊ အစိုးရနဲ့မပူးပေါင်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း စတဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တာတွေလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ဘာမှမလုပ်ဘဲ အာဏာသိမ်းတာကို ငြိမ်ခံနေတဲ့ inaction နဲ့ အကြမ်းမဖက်သောနည်းနဲ့ အာဏာရှင်ကိုဆန့်ကျင်တဲ့နည်း non violent action ဟာ ကွာခြားကြောင်း သတိပြုဖို့လိုပါတယ်။ ဒီလို အကြမ်းမဖက်ဆန့်ကျင်ခြင်းတွေထဲကမှ civil disobedience ဆိုတာကတော့ အာဏာသိမ်းပြီးတက်လာတဲ့အစိုးရရဲ့ အမိန့်မှန်သမျှကို မနာခံဘဲ ဆန့်ကျင်တာပါ။ "မတရားတဲ့ အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့ဆောင်ပုဒ်လိုပါပဲ။ အာဏာသိမ်းအစိုးရဆီကထွက်လာတဲ့ အမိန့်ဟူသမျှဟာ မတရားတာပဲဖြစ်ပါတယ်။ အဲတာကြောင့် သူ့အမိန့်မှန်သမျှကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ အမိန့်တွေဟာ လိုက်နာမယ့်သူ၊ လိုက်လုပ်မယ့်သူမရှိရင် စကားသက်သက်ပဲဖြစ်သွားပါလိမ့်မယ်။ Civil disobedience ဆိုတာက မတရားတဲ့ အမိန့်တွေကို သေစေတာပါပဲ။

Civil disobedience ဟာ အစိုးရရဲ့အမိန့်တွေကို အသက်မဝင်စေဖို့ နဲ့ အစိုးရရဲ့ ယန္တရားတွေရပ်သွားစေဖို့ရည်ရွယ်ပါတယ်။ အစိုးရဆိုပြီး တည်ရှိနေနိုင်တာဟာ သူပြောတာတွေကို နာခံလိုက်နာနေတဲ့ ပြည်သူတွေရှိနေလို့ပါ။ တကယ်လို့သာ သူ့​ပြောတာတွေကို လိုက်အကောင်အထည်ဖော်ပေးမယ့် အစိုးရယန္တရားလည်းမရှိဘူး၊ သူပေးတဲ့အမိန့်တွေကိုနာခံမယ့်ပြည်သူလည်းမရှိဘူးဆိုရင် အဲအစိုးရဟာ နာမည်အရသာအစိုးရဖြစ်ပါတော့တယ်။ လက်တွေ့အားဖြင့် ဘာအာဏာမှမရှိတော့ပါဘူး။ ဒီလိုမျိုးနဲ့ အာဏာရှင်ကို ချည့်နဲ့သေဆုံးစေတာပါ။

တစ်ခုသတိထားရမှာက Civil disobedience နည်းလမ်းအပါအဝင်ဖြစ်တဲ့ အကြမ်းမဖက်ဆန့်ကျင်ခြင်းဆိုတာဟာ ကိုယ့်ဘက်က အကြမ်းမဖက်တာကိုပဲဆိုလိုတယ်ဆိုတာကိုပါပဲ။ ကိုယ့်အနေနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်နေပေမယ့် အာဏာရှင်တွေဘက်က အကြမ်းဖက်တဲ့နည်းနဲ့လည်း တုံ့ပြန်လာနိုင်ပါတယ်။ အဲတာကြောင့် အကြမ်းမဖက်တဲ့နည်းကိုသုံးလို့ အကြမ်းဖက်ခံရတာတွေလျော့နည်းသွားမယ်လို့တော့ မတွေးစေချင်ပါဘူး။ ကြိုတင်မှန်ဆထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြရင်လည်း သေနတ်နဲ့အပစ်ခံရနိုင်သလို အမိန့်တွေကိုဆန့်ကျင်ပြီး အစိုးရနဲ့မပူးပေါင်းရင်လည်း မပူးပေါင်းတဲ့ဝန်ထမ်းတွေက ဘဝပျက်နိုင်ပါတယ်။ အငြိုးထားပြီး ဖမ်းဆီးနှိပ်စက်ခံရနိုင်ပါတယ်။ ဒါတွေကြောင့် အားလျော့သွားဖို့ဆိုလိုတာမဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ဖြစ်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုကတည်းက ဘယ်လိုပဲဆန့်ကျင်ပါစေ အာဏာရှင်တွေကတော့ အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်လာနိုင်တယ်ဆိုတာကို သတိထားဖို့ပါပဲ။ ဆန့်ကျင်တဲ့လူများလေ၊ တစ်ယောက်ချင်းအနေနဲ့ အကြမ်းဖက်နှိပ်စက်ခံရဖို့ နည်းလေပါပဲ။ လူတွေအကုန်သာ အာဏာရှင်ကိုဆန့်ကျင်မယ်၊ ဝန်ထမ်းအကုန်သာ အစိုးရယန္တရားကနေ ထွက်လာမယ်ဆိုရင် အာဏာရှင်တွေလည်း ဘယ်လိုမှ အကုန်လုံးကိုလိုက်ဖမ်းနိုင်မှမဟုတ်ပါဘူး။ အဓိကက ဆန့်ကျင်တဲ့ အင်အားများဖို့ပါပဲ။ ငါတစ်ယောက်နဲ့ ဘာမှမဖြစ်ပါဘူးလို့မတွေးကြဘဲ ဝန်ထမ်းတိုင်းက အစိုးရယန္တရားကနေ ထွက်လာကြဖို့လိုပါတယ်။ ဒီလိုသာ အင်အားများများနဲ့ ဆန့်ကျင်ပြီး အမိန့်မနာခံကြရင် အစိုးရယန္တရားကိုပျက်စေနိုင်ပြီး အာဏာရှင်လည်းနိဂုံးချုပ်နိုင်ပါတယ်။

နိုင်ငံတကာမှာလည်း အာဏာသိမ်းသူတွေကျရှုံးသွားတဲ့ သာဓကများစွာရှိခဲ့ပါတယ်။ဒီလိုကျရှုံးရတဲ့အကြောင်းရင်းက အစိုးရရဲ့ လုပ်ဆောင်ချက်များနဲ့ အမိန့်များကို ပြည်သူတွေက ပူးဆောင်ရွက်မှုမရှိခြင်းနဲ့ အာဏာဖီဆန်ခြင်း(အမိန့်မနာခံခြင်း) တို့ကြောင့် ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူလူထု အလုပ်သမား ဌာနဆိုင်ရာဝန်ထမ်း လူမှု စီးပွားအဖွဲ့အစည်းများ ရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ အစိုးရယန္တရားတွေ မလည်ပတ်နိုင်သလို သူတို့ရဲ့ အာဏာသိမ်းမှုကလည်း ကြာရှည် မရပ်တည်နိုင်ပါဘူး။

ဒါကြောင့် အာဏာရှင်ကို ကျရှုံးစေမယ့် လူထုရဲ့ ခုခံမှု နည်းလမ်း၂ချက်ကို တင်ပြချင်ပါတယ်။ ပထမအချက်ကတော့ စစ်တပ်ရဲ့အာဏာရယူမှုကို အသိအမှတ်မပြုခြင်းဖြစ်ပါတယ်။ ပြည်သူတွေမဲပေးရွေးချယ်ထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး သိမ်းပိုက်ရယူလိုက်တဲ့ အာဏာနဲ့ ပြည်သူလူထုကိုအုပ်ချုပ်ခွင့်မရှိပါဘူး။ဒါပေမဲ့ အာဏာသိမ်းတဲ့သူတွေကတော့ နည်းအမျိုးမျိုးနဲ့ legitamacy (တရားဝင်မှု) ကို ရှာကြပါတယ်။ ဥပမာအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို အနုနည်းဖြင့်ချဉ်းကပ်ခြင်းဖြစ်စေ အကြမ်းနည်းနဲ့ ခြမ်းခြောက်ခြင်းဖြင့်ဖြစ်စေ လူထုအပေါ်လွှမ်းမိုးလာအောင် လုပ်နိုင်ပါတယ်။ အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ငံရေးသမားများရဲ့အကူအညီတွေရယူပြီး နိုင်ငံယန္တရားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့အာဏာရဲ့ တရားဝင်ဖြစ်မှုကို ပြသဖို့ကြိုးစားတဲ့လုပ်ရပ်တိုင်း အဆိုပြုချက်တိုင်းကို ဆန့်ကျင်ပြီး သူတို့ရဲ့အာဏာအခြေခိုင်လာစေမယ့်လုပ်ရပ်တိုင်းကို တားဆီးရပါမယ်။

ဒုတိယအချက်အနေနဲ့နောက်ဆက်တွဲ လုပ်ရမှာကတော့ လူ့အဖွဲ့အစည်းရဲ့ တိုက်ရိုက်ခုခံမှုအနေနဲ့ စစ်တပ်က အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့အမိန့် ဆောင်ရွက်မှုတိုင်းကို လိုက်နာမှု ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းဖြစ်ပါတယ်။အာဏာသိမ်းလိုက်တဲ့အခါ စစ်တပ်အနေနဲ့ အစိုးရအဆောက်အအုံတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆက်သွယ်ရေးစင်တာတွေနဲ့ နိုင်ငံရဲ့အချက်အချာနေရာတွေကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ သူတို့ရဲ့ နေရာယူမှုဖြန့်ကျက်လာနိုင်တာနဲ့အမျှ သူတို့ရဲ့အာဏာသိမ်းမှုအောင်မြင်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဒါဟာ အုပ်ချုပ်မှုအာဏာနဲ့ လူထုအပေါ် ထိန်းချုပ်လာနိုင်တာ မဟုတ်သေးပါဘူး။ သူတို့အနေနဲ့ အချိန်တိုအတွင်းမှာ လူထု လူမှုစီးပွားအဖွဲ့အစည်းတွေနဲ့ အစိုးရလုပ်ငန်းတွေကို တပြိုင်နက်ထိန်းချုပ်မှုတွေလုပ်ဆောင်ဖို့ခက်ခဲပါတယ်။ ဥပမာ အစိုးရရုံးရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒတွေကို ဘယ်သူမှ မလိုက်နာကြတဲ့အခါ အုပ်ချုပ်မှု ယန္တရားက ရပ်တန့်သွားမှာပါ။ ဒါကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တိုင်းကို ကန့်ကွက်ဆန့်ကျင်ပြီး သူတို့ခေါင်းဆောင်မှုတွေကို လိုက်နာမှုမရှိတဲ့အခါ သူတို့ရဲ့ အာဏာတည်ဆောက်မှုနဲ့ အခြေခိုင်လာအောင်ကြိုးပမ်းမှုတွေကမအောင်မြင်ဘဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာမှာပါ။

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ Civil Disobedience Movements များစွာဖြစ်ပွားခဲ့ပါတယ်။ ဥပမာ သာဓကယူစရာအချက်များလည်းပါဝင်ပါတယ်။ အဆိုပါ Movements များစွာအနက်က ဒီနေရာမှာ Civil Disobedience Movement အနေနဲ့ လူသိများတဲ့ American Civil Rights Movement of the 1950s and 1960s၊ မဟတ္တမဂန္ဒီပါဝင်တဲ့ Nationalist Movement of India နဲ့ တောင်ကိုးရီးယားနိုင်ငံမှာ ၁၉၈၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ June Democratic Struggle တို့ကို ဖော်ပြပေးသွားပါမယ်။

American Civil Rights Movement of the 1950s and 1960s

အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ဟာ အမေရိကန်ပြည်တွင်းစစ်အပြီးကတည်းက ပပျောက်ခဲ့တယ်ဆိုပေမယ့် လူဖြူလူမဲခွဲခြားမှုများက​တော့ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ American Civil Rights Movement ဟာ လူမဲများလည်း တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Martin Luther King Jr.၊ James Bevel၊ Rosa Parks စသူတို့ဟာ အဆိုပါလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့ သူများအဖြစ် ထင်ရှားပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ Civil disobedience movements များ ပုံစံ နှစ်မျိုးနဲ့ ဖြစ်ပွားခဲ့ပါတယ်။

ပထမတစ်မျိုးမှာ အကြမ်းမဖက်သော Sit-in movement ဖြစ်ပါတယ်။ အဆိုပါလှုပ်ရှားမှုကို မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှစတင်ခဲ့ပါတယ်။ တက္ကသိုလ်ကန်တင်းများမှာ လူဖြူများသာ ထိုင်ရန်ကန့်သတ် ထားသောနေရာများမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေးအတူထိုင်ခဲ့ကြတာပါ။ မူလက အဆိုပါ လှုပ်ရှားမှုကို အာဖရိကန်−အမေရိကန်ကျောင်းသား လေးယောက်က စတင်ခဲ့ပေမယ့် ၁၉၆၀ နဲ့ ၁၉၆၁ ခုနှစ်များမှာ လူဖြူများအပါအဝင် ကျောင်းသား ၇သောင်းခန့်ပါဝင်ခဲ့ကြပြီး ပြည်နယ် ၂၀ ခန့်ကို ပျံ့နှံ့သွားခဲ့ပါတယ်။

ဒုတိယအနေဖြင့် အကြမ်းမဖက်သော လူထုဆန္ဒပြမှုများပြုလုပ်ခဲ့ကြပါတယ်။ Montgomery Bus Boycott ကဲ့သို့သော လှုပ်ရှားမှုများလည်းပါဝင်ပါတယ်။ ထိုစဉ်အခါက ဘတ်စ်ကားများမှာ အာဖရိကန်−အမေရိကန်များအား ဘတ်စ်ကားမောင်းသူအဖြစ်မခန့်ခြင်း၊ အာဖရိကန်−အမေရိကန်များက လူဖြူများအတွက်ခုံနေရာဖယ်ပေးရခြင်းစတဲ့ ဓလေ့များလည်းရှိနေသေးတာကြောင့် အဆိုပါဓလေ့များကို တော်လှန်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ Civil disobedience Movement in American Civil Rights ဟာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

Nationalist Movement of India

နောက်ထပ် Civil disobedience လှုပ်ရှားမှုတစ်ခုကတော့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလများမှာ ဖြစ်ပွားခဲ့တဲ့ မဟတ္တမဂန္ဒီဦးဆောင်တဲ့ အဟိံသလမ်းစဉ်နဲ့ အကြမ်းမဖက်တော်လှန်ရေးပဲဖြစ်ပါတယ်။ ထိုစဉ်က အိန္ဒိယနိုင်ငံမှာ Britain’s Salt Acts အရ အိန္ဒိယလူမျိုးတွေကို ဆားချက်ခြင်း၊ ရောင်းဝယ်ခြင်း တို့ကို တားမြစ်ထားခဲ့ပါတယ်။ ဆားခွန်မှာလည်း များပြားခဲ့ပါတယ်။ ဂန္ဒီက ဗြိတိသျှအစိုးရရဲ့ ဆားအက်ဥပဒေကို ၁၉၃၀ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ နောက်လိုက် ၇၈ ယောက်နဲ့ ၂၄၁ မိုင်ရှည်လျားတဲ့ ချီတက်မှုကို ပြုလုပ်ခဲ့ပြီး ဒန္တီကမ်းခြေမှာ ပင်လယ်ရေမှ ဆားချက်ကာ အကြမ်းမဖက်ဘဲတော်လှန်ခဲ့ပါတယ်။ ဒန္တီကို ဧပြီလ ၅ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး အဲအချိန်မှာ ပူးပေါင်းပါဝင်သူ သောင်းနှင့်ချီ ရှိနေပြီဖြစ်ပါတယ်။ ဂန္ဒီရဲ့ အကြမ်းမဖက်လှုပ်ရှားမှုဟာ အလုံးစုံ အောင်မြင်ခဲ့တယ်လို့ မယူဆနိုင်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့တာတော့ ငြင်းမရပါဘူး။

June Democratic Struggle

၁၉၇၂ ခုနှစ်မှာ Park Chung-hee မှ Yushin ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့ပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတများကို Electoral College မှတစ်ဆင့် ရွေးကောက်တင်မြောက်ခဲ့ ကြပါတယ်။ ၁၉၇၉ ခုနှစ် ဒီဇင်ဘာမှာ တောင်ကိုရီးယားနိုင်ငံ၌ Chun Doo-hwan ခေါင်းဆောင်တဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီ စံချိန်စံနှုန်းများ ပျောက်ဆုံးခဲ့ရပါတယ်။ နိုင်ငံတွင်းနဲ့ ပြည်ပမှ ထောက်ခံမှုများပိုမိုရရှိဖို့အတွက် ၁၉၈၅ ခုနှစ်မှာ Chun Doo-hwan က ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် အဆိုပါရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း Chun ဟာ ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခဲ့ပြီး သူနဲ့ အလိုတူအလိုပါ ဗိုလ်ချုပ် Roh Tae-woo ကို ဆက်ခံသူ သမ္မတအဖြစ်ခန့်ထားခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၂၉ ရက်အတွင်း ၎င်းတို့ကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ တောင်ကိုးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ လူပေါင်း ၁.၅ သန်းက မြို့ ၁၆ မြို့မှာ ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ white collar workers (အစိုးရယန္တရားရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ အလုပ်သမား) များ လည်း Civil Disobedience ပြုလုပ်ကာပါဝင်ခဲ့ကြပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်အစိုးရဘက်မှ ဖမ်းဆီး ထိန်းသိမ်းမှုများရှိခဲ့ပေမယ့် လှုပ်ရှားမှုအောင်မြင်ခဲ့ပြီးတော့ တောင်ကိုရီးယားမှာ ပထမဦးဆုံးသော ဒီမိုကရေစီရွေးကောက်ပွဲပေါ်ပေါက်လာခဲ့ပါတယ်။

ဒီ Civil Disobedience သာဓကများကို ကြည့်ရင် လှုပ်ရှားမှုပြလုပ်တဲ့ အချိန်ကာလများမှာ အခြေအနေပေါ်လိုက်ပြီး ကွာခြားကြတာ​တွေ့ရပါတယ်။ လှုပ်ရှားမှုအောင်မြင်ဖို့ အဓိကလိုအပ်တာက အစိုးရယန္တရားမှာ ပါဝင်လုပ်ဆောင်နေသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက တူညီတဲ့ပန်းတိုင်ကို အတူတကွလှမ်းလျှောက်ကြဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်ကို စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်တွေက အုပ်ချုပ်နေပါတယ်။ ဒါကို အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ကြဖို့လိုပါတယ်။ အစိုးရဝန်ထမ်းများနဲ့ ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းအစိုးရနဲ့ မပူးပေါင်းကြပါနဲ့။ သူတို့ရဲ့ ယန္တရားကိုလည်ပတ်ပေးနေရတဲ့ အစိုးရရုံးတွေကို အလုပ်သွားမဆင်းကြပါနဲ့။ သူတို့ရဲ့အမိန့်တွေကို မလိုက်နာကြပါနဲ့။ ဒီလိုနည်းနဲ့ အကြမ်းမဖက်ဘဲ အာဏာရှင်ကိုဆန့်ကျင်ဖို့လိုပါတယ်။ သူတို့ရဲ့အမိန့်တွေသေသွားတဲ့အခါ၊ သူတို့ယန္တရားကြီးပျက်သွားတဲ့အခါ အာဏာရှင်တွေလည်း ကျရှုံးသွားပါလိမ့်မယ်။ အာဏာရှင်တွေ ကျရှုံးသွားရပါမယ်။

06/02/2021

Psywar ဆိုတာဘာလဲ?

Psychological Warfare
(Psywar, Psyop)

Psywar လို့ခုခေါ်နေတဲ့ဟာကိုနည်းနည်းရှင်းပြပါမယ်။ Psywar ဆိုတာ သေသေချာချာကျကျနနစီစဉ်ထားတဲ့၊ လူတွေရဲ့တုံ့ပြန်မှုကို ကိုယ်လိုချင်တဲ့ဘောင်ထဲဝင်လာအောင် စိတ်ပညာနည်းလမ်းတွေသုံးပြီး ကျုံးသွင်းယူတာကိုပြောတာပါ။ လူတွေကိုကိုယ်တုံ့ပြန်စေချင်တဲ့ပုံစံအတိုင်းတုံ့ပြန်လာအောင် သေချာအကွက်ချစီစဉ်ထားတာပါ။

Psywarအတွက်အသုံးပြုတဲ့စိတ်ပညာနည်းလမ်းတွေက အမျိုးမျိုးရှိပါတယ်။ အဓိကလွှမ်းမိုးချုပ်ကိုင်ချင်ကျုံးသွင်းချင်တဲ့အရာတွေကတော့ ပစ်မှတ်ထားတဲ့လူတွေရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ၊ စိတ်လှုပ်ရှားမှု‌တွေ၊ ရည်ရွယ်ရာတွေ၊ ဆင်ခြင်တုံတရားတွေ၊ နဲ့အပြုအမူပိုင်းဆိုင်ရာတွေပါပဲ။

ထင်ယောင်ထင်မှားဖြစ်အောင်၊ အမှားကိုအမှန်ထင်အောင်၊ အမှန်ကိုအမှားထင်အောင်၊ နည်းနည်းကိုများများထင်အောင်၊ များများကိုနည်းနည်းထင်အောင်၊ စတဲ့ကပြောင်းကပြန်ဖြစ်စဉ်ထဲရောက်လာအောင် လူတွေကိုဆွဲခေါ်ကျုံးသွင်းသွားတာမျိုးပါ။ လုပ်တဲ့သူကျွမ်းရင်ကျွမ်းသလောက် ပစ်မှတ်ထားတဲ့လူတွေအကြီးအကျယ်လမ်းလွဲကုန်ပြီး အချင်းချင်းစိတ်ဝမ်းကွဲ ပြဿနာဖြစ်စေပါတယ်။ အထူးသတိထားသင့်တဲ့ ချေမှုန်းရေးအထောက်အကူပြုနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနှင့်
အတိုင်ပင်ခံစိတ်ပညာပါရဂူ

03/02/2021

သားရေ စာတွေမရေးနဲ့နော်
စိတ်ပူတယ်

သမီး ဝင်မပါနဲ့နော်

မကျေနပ်တာကတော့မကျေနပ်ကြဘူး
ဦးတို့လည်းမကျေနပ်ဘူး
ဒါပေမဲ့ သူတို့ဘာသာဖြေရှင်းလိမ့်မယ် ဝင်မပါပါနဲ့

ကျွန်တော် နားမလည်ဘူး
မတရားတာကို ဘာဖြစ်လို့ ဘေးထွက်နေခိုင်းတာလဲ လူကြီးတွေကိုကျွန်တော်နားမလည်ဘူး

လူကြီးတွေက ကျွန်တော်တို့ထက်စာရင်
ဒီလိုအခြေအနေကို အတွေ့အကြုံရှိပြီးသားမှတ်လား နောက်ဆက်တွဲဆိုးဝါးတဲ့ပြသနာတွေကို နှစ်
ပေါင်းများစွာခံစားခဲ့ရတာမှတ်လား

ဒါကိုဘာဖြစ်လို့ဘေးရှောင်ခိုင်းတာလဲ

ငါတို့အဲ့တုန်းက စဉ်းစားခဲ့လို့
နင်တို့အခုချိန် အဆင်ပြေပြေနေနိုင်တာ

ဟုတ်လား တကယ် အဆင်ပြေရဲ့လား
တလကို နာရီ၆၀၀လောက်အလုပ်လုပ်ပြီး
လစာ ၂ သိန်းခွဲနဲ့ အသက်ဆက်နေရတဲ့
အဖေ့သမီးဆရာဝန်တွေကို တကယ် အဆင်ပြေရဲ့လားလို့ အဖေမေးဖူးလား

နိုင်ငံတော်ကဆင်းရဲလွန်းလို့ ပြည်သူတွေဆင်းရဲလွန်းလို့ တချို့တွေခွေးစာပါလုစားနေရတာ သိလား

စစ်ကိုင်းက မြစင်္ကြာဘုန်းကြီးကျောင်းရှေ့မှာ သာမန်လူတန်းစားတွေ ထမင်းဟင်းလေးရဖို့ နေ့တိုင်းနေ့တိုင်း မနက်အစောကြီးထ တန်းစီနေရတာ မြင်လား

စစ်တပ်က ထွက်လာတဲ့ စစ်သားတွေ
ချိုင်းထောက်ကြီးနဲ့ စာအုပ်လိုက်ရောင်းနေရတာ မြင်လား

ကျွန်တော်ကျောင်းအုပ်အငြိမ်းစားပါ
လင်မယားနှစ်ယောက်ခြံစောင့်လုပ်လိုပါတယ်ဆိုတဲ့ သတင်းစာကြော်ငြာကိုမြင်ဖူးလား

ဒါတွေကတကယ် အဆင်ပြေတဲ့အခြေအနေဟုတ်ရဲ့လား

အဲ့ဒီတုန်းက အဲ့လိုအဖြစ်အပျက်မျိုး
ကိုရီးယားမှာလည်းရှိခဲ့ဖူးတယ်

ဒါပေမဲ့ သူတို့ငြိမ်မခံခဲ့ဘူး

အခု သူတို့ဘယ်နေရာရောက်နေပြီလဲကြည့်ပါ

ကျွန်တော်တို့ရော ဘယ်နေရာမှာလဲ

သူတို့ကအဖွံ့ဖြိုးဆုံးနိုင်ငံစာရင်းဝင်သွားတဲ့အချိန်မှာ ကျွန်တော်တို့အဆင်းရဲဆုံးနိုင်ငံထဲမှာပါနေပြီ

တကယ်တွေးကြည့်ရင် အဲ့တုန်းကလက်ရှောင်ခဲ့တဲ့ဆိုတဲ့သူတွေရှက်ဖို့ကောင်းတယ်

အနာဂတ်မှာကျွန်တော်မရှက်ချင်ဘူး

ကျွန်တော့်မျိုးဆက်တွေကိုလည်း ဆင်းရဲမနေစေချင်ဘူး

အနာဂတ်တခုမှာ ကျွန်တော်ဟာ ဒီနေ့နင်တို့ဒီလိုနေနိုင်တာ ဒိလိုနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်လာတာ ငါတို့ တချိန်က ငြိမ်မခံခဲ့လို့ဆိုတာကို ဂုဏ်ယူစွာနဲ့ လိပ်ပြာလုံစွာနဲ့ ကျွန်တော့်ရဲ့မျိုးဆက်တွေကိုကျွန်တော်ပြောပြချင်တယ်

ဆန္ဒပြဖို့ လမ်းပေါ်ထွက်ပြီးဆူပူဖို့ပြောတာမဟုတ်ပါဘူး
(အဲ့လိုဆို တဖက်က အကြိုက်ဖြစိသွားပါလိမ့်မယ်)

မတရားတာကိုငြိမ်မခံဖို့ပါ
တတ်နိုင်တဲ့နေရာကနေ တတ်စွမ်းသလောက်
ကျွန်တော်တို့ ရွေးချယ်ထားတဲ့ခေါင်းဆောင်ကို
support ပေးရအောင်ပါ
လိုင်းပေါ်ကနေပဲဖြစ်ဖြစ် မတရားခံနေရတာကို
ကမ္ဘာသိအောင် အော်ကြရအောင်ပါ

သတင်းမှားတွေတားဆီးပြီး သတင်းမှန်တွေ
ကမ္ဘာကသိအောင် များများShareကြဖို့ ရေးကြဖို့ပါ

ကျွန်တော်တို့တွန်းရအောင်ပါ ပြိုင်တူတွန်းရအောင်ပါ

ပြိုင်တူတွန်းရင်ရွေ့နိုင်ပါတယ်

နှင်းတစေ့က ဆီမဖြစ်ဘူး
မှင်တစက်နဲ့ပင်လယ်ရေမပြာဘူးတဲ့

နှမ်းစေ့တွေအများကြီးစုလိုက်ရင်ဆီဖြစ်လာတယ်
မှင်စက်တွေအများကြီးစုလိုက်ရင် ပင်လယ်ကြီးဘယ်လောက်ကျယ်ကျယ် ပြာနိုင်ပါတယ်

🤣
10/01/2021

🤣

2021 ရဲ့ နောက်ဆုံးပေါ် အလှကုန်ရောင်းနည်း 🤣

Address

Yangon

Telephone

+959690650559

Website

Alerts

Be the first to know and let us send you an email when Eunoia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share