Leo's Book Shelf

Leo's Book Shelf U can't buy happiness, but books. Buy here.

07/11/2025

📌 စာအုပ်ဆိုင်လေးနဲ့ပတ်သက်ပြီး အသိပေးချင်တာလေးပါ။

စာအုပ်ဆိုင်လေးကို Covid ကာလမှာ စဖွင့်ခဲ့ပြီး သူငယ်ချင်းတစ်ယောက်က အစစအရာရာ တာဝန်ယူပြီး ကျွန်တော်ကတော့ နည်းနည်းပါးပါး ဝင်ကူရင်း လုပ်ခဲ့တဲ့ဆိုင်လေးပါ။ နောက်တော့ အကြောင်းကြောင်းတွေကြောင့် ဈေးလည်းသိပ်မရောင်းဖြစ်တော့သလို ပိုင်ရှင်ကလည်း နိုင်ငံခြားရောက်သွားတာနဲ့ ပိတ်ထားခဲ့ပါတယ်။

ဒီကြားထဲမှာ ကျနော့်ဆီကို စာအုပ်တွေသယ်ပြီး ပြန်ရောင်းခဲ့သေးပေမယ့် အချိန်မပေးနိုင်တာနဲ့ သေချာလေးမရောင်းဖြစ်ခဲ့ပါဘူး။

နောက်တော့ ကျွန်တော်လည်း မလုပ်နိုင်၊ မထိန်းသိမ်းနိုင်တာကြောင့် စာအုပ်လောကထဲကပဲ အစ်ကိုတစ်ယောက်ကို စာအုပ်တွေလိုချင်ရင် ယူရောင်းဖို့ပြောပြီး ရှိသမျှစာအုပ်တွေရဲ့ 95% ကို အဆင်ပြေတဲ့ဈေးနဲ့ ပေးလိုက်ပြီးပါပြီ။

အခုထိ Page မှာ စာအုပ်တွေလာမေးနေကြသေးတဲ့ မိတ်ဆွေတွေရှိနေသေးတဲ့အတွက် ကျနော်တို့ဘက်က ပြန်မဖြေတော့တာကို ဒီစာဖတ်ပြီး နားလည်ပေးကြဖို့ ပြောချင်ပါတယ်။ ကျွန်တော့်ဆီမှာကျန်ခဲ့တဲ့စာအုပ်တွေက ကျွန်တော်ဖတ်ဖို့လောက်ပဲရှိတော့တာမလို့ပါ။

Page ထဲဝင်ကြည့်တဲ့အခါ ဒီစာလေးကို မြင်နိုင်အောင် တင်လိုက်တာပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သူအိ စိတ်ထား
07/02/2024

သူအိ စိတ်ထား

Giveaway Winner 🎊🎊စာအုပ်လေး ပို့ဆောင်ပေးဖို့အတွက် Chat Box ကနေတဆင့် ဆက်သွယ်ပေးပါဦးခင်ဗျာ။ဝယ်ယူလိုသူများအနေဖြင့်•ဆုလာဘ် ...
05/02/2024

Giveaway Winner 🎊🎊

စာအုပ်လေး ပို့ဆောင်ပေးဖို့အတွက် Chat Box ကနေတဆင့် ဆက်သွယ်ပေးပါဦးခင်ဗျာ။

ဝယ်ယူလိုသူများအနေဖြင့်

•ဆုလာဘ် - ချမ်းမြေ့ဝင်း
Discount Price - ၉၅၀၀ ကျပ်
( Discount ရဖို့အတွက် Page ကို Like လုပ်ထားတဲ့ Screenshot လေးပြပေးရပါမယ်။)

စိတ်မကောင်းစရာ သတင်းပါ။တိုးမြစ်စာအုပ်တိုက် ကို စာအုပ်ထုတ်ဝေခွင့်ပိတ်သိမ်းသွားပါတယ်။
05/02/2024

စိတ်မကောင်းစရာ သတင်းပါ။

တိုးမြစ်စာအုပ်တိုက် ကို စာအုပ်ထုတ်ဝေခွင့်ပိတ်သိမ်းသွားပါတယ်။

စာဖတ်မိတ်ဆွေများသို့—
တိုးမြစ်စာအုပ်တိုက်ရဲ့ အသိပေးတင်ပြခြင်း။

ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ရဲ့ပုံနှိပ်ထုတ်ဝေ
ဥပဒေပါ စည်းကမ်းတွေနဲ့ ငြိစွန်းလို့ဆိုပြီး၊
တိုးမြစ်စာအုပ်တိုက်ရဲ့စာအုပ်ထုတ်ဝေခြင်းလုပ်ငန်း
အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း
အကြောင်းကြားစာ ပေးပို့လာပါတယ် ။

ဆိုင်ရာက နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြတဲ့အခါ
‘နိုင်ငံတော် လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး၊
အများပြည်သူအေးချမ်းသာယာရေး….
နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊တရားမျှတမှု
အခွင့်အရေး… စတာတွေကို ထိခိုက်စေတဲ့
အကြောင်းအရာတွေကို ရေးသားထုတ်ဝေလို့မို့
အခုလို ပိတ်သိမ်းရတာလို့ ဆိုပါတယ် ။
[ ကြေးမုံ/ ၁ ဖေ၂၀၂၄ ]

နိုင်ငံပိုင်သတင်းစာမှာ ဘာ စာအုပ်ကို ရေးသားပုံနှိပ်
ထုတ်ဝေလို့ ပိတ်ရတယ် မပါတော့ပေမဲ့ ကျနော်တို့ဆီ
လိပ်မူ ပို့တဲ့ စာမှာတော့ သမိုင်းပညာရှင် ဒေါက်တာ
အောင်ခင် ရေးတဲ့ ‘ စိတ်ဓာတ်တော်လှန်ရေး’
စာအုပ်ကို ထုတ်ဝေလို့ တိုးမြစ်တိုက်ကို- ထုတ်ဝေခွင့်
လိုင်စင် ပိတ်သိမ်းရတယ်လို့ ဖော်ပြပါထားတယ်။
[ ရုံးစာ(လက္ခံရရှိ) / ၃၁ ဇန် ၂၀၂၄ ]

ဘာစာအုပ်? ဆိုတာ နိုင်ငံပိုင်သတင်းစာကနေ
ထုတ်ပြန်တဲ့ အသိပေးကြေညာချက်မှာ ဖော်ပြခြင်း
ပြုမထားတဲ့အတွက် စာဖတ်သူ မိတ်ဆွေအများစုက
သို့လော သို့လော မေးမြန်းလာကြတာကြောင့်မို့
အခုလို ရေးသား အသိပေးရခြင်းပါပဲ။

အားလုံးသော စာဖတ်သူများ သိကြတဲ့အတိုင်းပါပဲ။
‘စိတ်ဓာတ်တော်လှန်ရေး’စာအုပ်ဟာ၂၀၁၉ ခုနှစ်
ဇန်နဝါရီလက ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပြီး
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ပြင်ဆင်ဖြည့်စွက်ချက်
အလျဉ်းမရှိဘဲ စျေးနှုန်းနဲ့ စာရွက်သာ ပြောင်းလဲကာ
ဒုတိယအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်သလို
ဆိုင်ရာ မူပိုင်နဲ့ မှတ်ပုံတင်ဌာနသို့လည်း သတ်မှတ်
စည်းကမ်းနဲ့ အညီ တင်သွင်းပြီးမှသာ စျေးကွက်
အတွင်း ဖြန့်ချိထားခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ပါ အကြောင်းအရာများဟာ
၂၀၁၀-၁၁ ခုနှစ်ကာလက အသံလွှင့်ချက်များဖြစ်ပြီး
စာအုပ်တအုပ်လုံးရဲ့ခြုံငုံအမည်ဖြစ်တဲ့-
'စိတ်ဓာတ်တော်လှန်ရေး’ အသံလွှင့်ဆောင်းပါးဟာ
Jonathan Israel ရဲ့ A Revolution of the Mind ဆိုတဲ့
စာအုပ်ကို မိတ်ဆက်ပေးထားတာပါ။
လူ့သမိုင်းတလျှောက် လူသားရဲ့ အတွေးအခေါ်တွေ
ပြောင်းလဲ တော်လှန်တိုးတက်လာပုံ အကြောင်း
ခြင်းရာပါပဲ။အခြား အသံလွှင့်ဆောင်းပါးတွေကတော့
ထိုခေတ်ကာလ မြန်မာနိုင်ငံရေး အခြေအနေတွေအပေါ်
သုံးသပ် တင်ဆက်ထားခဲ့တာတွေပါ။ အနီးသမိုင်းလို့
ဆိုနိုင်သော်လည်း အခုအခါ ကြာရှည်လေးမြင့်ခဲ့ပါပြီ။
၁၀ နှစ်နီးပါးမျှ ရှိခဲ့ပြီ။

သို့သော် —
ဆိုင်ရာတို့က နိုင်ငံလုံခြုံရေး၊ အများပြည်သူအေးချမ်း
သာယာရေး ၊ နိုင်ငံသားများရဲ့တန်းတူမှု လွတ်လပ်မှု
တရားမျှတမှုကို ထိခိုက်စေသောကြောင့်ဟု ဆိုကာ
ထုတ်ဝေသူ တိုးမြစ်စာအုပ်တိုက်ကို လိုင်စင်ပိတ်သိမ်း
လိုက်ကြောင်း ကြေညာလိုက်သောအခါ
—ဘာကြောင့်လဲ
—ဘာအတွက်လဲ
—ဘာအပြစ်ရှိလို့လဲ
—ဘယ်လို ဖြစ်လို့လဲ
—ဘာစာအုပ်နဲ့ ငြိသွားတာလဲ…. စသဖြင့် စသဖြင့်
စိတ်ပူစွာ အံ့ဩမှင်သက်စွာ မေးမြန်းလာကြတဲ့၊
အနီး အဝေး မြန်မာပြည် တနံတလျားက စိုးရိမ်ပေး
ကြတဲ့ စာပေမိတ်ဆွေများကို အခုလို ပေါင်းရုံးပြီး
ရှင်းပြရခြင်း ဖြစ်ပါတယ်။

ကျနော်တို့နဲ့အတူ ရပ်တည် အားပေးနေကြတဲ့
အနယ်နယ်အရပ်ရပ်က စာဖတ်သူမိတ်ဆွေများကို
တသက်မမေ့နိုင် ကျေးဇူးတင်လျက်ရှိပါတယ် ခင်ဗျား။

တိုးမြစ်စာအုပ်တိုက်ရဲ့သက်တမ်း ၁၄ နှစ်ကာလအတော
အတွင်း စာဖတ်သူများအပေါ် ရိုးသားစွာ ၊ သစ္စာရှိစွာ၊
ယုံကြည်ချက် မှန်ကန်စွာနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းသော စာအုပ်တိုက်တတိုက်အဖြစ် ရပ်တည်လျက်-
စာပေဝန်ကို တတ်နိုင်သမျှ ထမ်းခဲ့ပါကြောင်း၊ အခုလို
လမ်းခုလတ်မှာ ခေတ္တခွဲခွါရမယ့် အဖြစ် အတွက်လည်း
အားနာမိပါကြောင်း စကားဆိုပါရစေ။

တိုးမြစ်စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တဲ့
စိတ်ဓာတ်တော်လှန်ရေး’စာအုပ်အတွက်
တိုးမြစ်ထုတ်ဝေသူတွင်သာ အလုံးစုံ တာဝန်ရှိ
ပါသော်လည်း ဆိုင်ရာ ဆိုင်ရာ ဥပဒေများအရ
စာအုပ်ကို ပုံနှိပ်ပေးလို့ဆိုပြီး ကြားထဲက ပုံနှိပ်လိုင်စင်
အသိမ်းခံရတဲ့ 'လပြည့်လင်း’ပုံနှိပ်လုပ်ငန်းကိုလည်း
တိုးမြစ်စာအုပ်တိုက်က တောင်းပန်စကားဆိုပါရစေ။
အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။

စာဖတ်သူများအတွက်
စာဖတ်သူများနဲ့အတူ ရပ်တည်လျက်
စာပေအပေါ် သစ္စာရှိစွာဖြင့်—

တိုးမြစ်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၅ ဖေဖော်ဝါရီ ၂၀၂၄။ တနင်္လာနေ့။

(ပူးတွဲပုံ - ၁ ဖေ ၂၀၂၄ ထုတ် သတင်းစာဖြတ်ပိုင်း)

တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်တစ်ခုတည်းနဲ့ အရာမရောက်ဘူးလား။ ဂျပန်ပုံပြင် တစ်ပုဒ်ထဲမှာတော့ ကျွန်မအဖေ မသေခင်က ကျွန်မကို မှာခဲ...
03/02/2024

တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်တစ်ခုတည်းနဲ့ အရာမရောက်ဘူးလား။ ဂျပန်ပုံပြင် တစ်ပုဒ်ထဲမှာတော့ ကျွန်မအဖေ မသေခင်က ကျွန်မကို မှာခဲ့ဖူးတယ်တဲ့ လူ့ဘဝကို လူတွေ ရောက်ရှိလာတယ်ဆိုတာ ကိုယ်ကချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ ရှာဖို့ပဲတဲ့။ ငါဟာဘယ်တော့မှ လူမလွဲ ငါ မင်းကို မရှာပဲ တွေ့ရှိခဲ့တယ် ။

စိုင်းဝင်းမြင့်

စာဟောင်း၊ စာကောင်းများ ရောင်းဝယ်ရေး Group မှာ စာအုပ်အဟောင်းလေးတွေတင်ထားပါပြီခင်ဗျာ။ Group Join ရန်: https://m.facebook.c...
28/01/2024

စာဟောင်း၊ စာကောင်းများ ရောင်းဝယ်ရေး Group မှာ စာအုပ်အဟောင်းလေးတွေတင်ထားပါပြီခင်ဗျာ။

Group Join ရန်: https://m.facebook.com/groups/2586420824855950/?ref=share&mibextid=WaXdOe

📖 ဆုလာဘ် - ချမ်းမြေ့ဝင်း 📌(Giveaway & Discount included)စာ - ၃၉၆ တိုက် - ဇာစ်မြစ် စာအုပ်ထုတ်လုပ်ရေးမူရင်းဈေး - ၁၀၀၀၀ ကျပ...
22/01/2024

📖 ဆုလာဘ် - ချမ်းမြေ့ဝင်း 📌
(Giveaway & Discount included)

စာ - ၃၉၆
တိုက် - ဇာစ်မြစ် စာအုပ်ထုတ်လုပ်ရေး
မူရင်းဈေး - ၁၀၀၀၀ ကျပ်
Discount Price - ၉၅၀၀ ကျပ်
( Discount ရဖို့အတွက် Page ကို Like လုပ်ထားတဲ့ Screenshot လေးပြပေးရပါမယ်။)

💁🏻‍♂️ ဒါ့အပြင် ပထမဆုံးဝယ်ယူသူ ၁၀ ဦးက စာရေးသူ လက်မှတ်ပါတဲ့စာအုပ်လေးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား❓
မဟုတ်ပါဘူး ခင်ဗျာ။ ဒီပို့စ်လေးကို
✅ Like & Share လုပ်ပြီး
✅ Comment မှာ သူငယ်ချင်း ၂ ယောက်ကို mention ပေး သူတွေထဲကမှ ၁ ယောက်ကိုတော့

Feb 1 ရက်နေ့မှာ စာအုပ်လေး (ချမ်းမြေ့ဝင်း ~ ဆုလာဘ် ) ​ကို Giveaway ပြန်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဝယ်ယူထားပြီးသားသူထဲက ပြန်ပေါက်ခဲ့ရင်တော့ Page မှာ 10000 ဖိုး တိတိ စာအုပ်လေးတွေ ပြန်လာဝယ်လို့ ရပါတယ်ခင်ဗျာ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မြန်မာတစ်နိုင်ငံလုံး Delivery ပို့ဆောင်လို့ရတဲ့ မြို့နယ်တိုင်း အိမ်အရောက်ငွေချေ(Cash On Delivery) နဲ့ ပို့ဆောင်ပေးပါတယ်ခင်ဗျာ 💯
Page မှာ မတင်ထားပေမယ့် လိုချင်တဲ့စာအုပ်တွေကို Chat Box မှာ မေးမြန်းနိုင်ပါတယ် 📩

စာအုပ်အဟောင်းများ ဝယ်ယူနိုင်ဖို့အတွက် Page မှာလည်း ရံဖန်ရံခါတင်ပေးသလို Group ကိုလည်း Join ထားနိုင်ပါသည်။
စာအုပ်အဟောင်း Group Join ရန်: https://m.facebook.com/groups/2586420824855950/?ref=share&mibextid=WaXdOe

#စာအုပ် #ချမ်းမြေ့ဝင်း #ဆုလာဘ်

❝ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် စာအုပ်များအားလုံး 𝟐𝟓% 𝐎𝐟𝐟 ❞စိတ်ကူးချိုချိုစာအုပ်တိုက်မှာ ဒီနေ့ကနေစပြီးတော့ 𝟏𝟏𝐭𝐡 𝐉𝐚𝐧𝐮𝐚𝐫𝐲...
29/12/2023

❝ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် စာအုပ်များအားလုံး 𝟐𝟓% 𝐎𝐟𝐟 ❞

စိတ်ကူးချိုချိုစာအုပ်တိုက်မှာ ဒီနေ့ကနေစပြီးတော့ 𝟏𝟏𝐭𝐡 𝐉𝐚𝐧𝐮𝐚𝐫𝐲 (ကြာသာပတေးနေ့) အထိ စာအုပ်ရောင်းပွဲတော်လေးရှိပါတယ်ခင်ဗျာ။
ဒီပွဲတော်မှာ စာအုပ်လေးတွေဝယ်ချင်ပေမယ့် ကိုယ်တိုင်သွားဝယ်ဖို့အဆင်မပြေခဲ့ရင် ကျွန်တော်တို့ Page လေးမှာ ဝယ်ချင်တဲ့စာအုပ်စာရင်းလေး ပို့ပေးထားလို့ရပါတယ်ခင်ဗျာ။
(Deposite 10% လေးတော့ကြိုလွှဲပေးမှ ရပါမယ်ခင်ဗျာ)

စာအုပ်စာရင်းကြည့်ရန်: https://drive.google.com/file/d/1Pwv39ATPiZcTeeEtuyPeUm2oJgM6749f/view

ကျွန်တော်တို့ Page မှာ မှာယူထားပြီးသားစာအုပ်တွေအတွက် အမြန်ဆုံးအကြောင်းပြန်ပေးဖို့နဲ့ စာအုပ်အသစ်တွေထပ်တင်ပေးသွားဦးမှာမလို့ Stay Tuned 💯💯

မြန်မာတစ်နိုင်ငံလုံး Delivery ရောက်သမျှ မြို့နယ်တိုင်း Cash on Delivery(အိမ်ရောက်ငွေချေ) လို့ ရပါတယ်။

ဖုန်းဆက်သွယ် မှာယူလိုပါက : ☎ 09 - 79 218 5556

Welcome Back!!!ကျွန်တော်တို့ စာအုပ်ဆိုင်လေးဟာဆိုရင်ဖြင့် active မဖြစ်တာ တစ်နှစ်ကျော်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အခုရက...
20/12/2023

Welcome Back!!!

ကျွန်တော်တို့ စာအုပ်ဆိုင်လေးဟာဆိုရင်ဖြင့် active မဖြစ်တာ တစ်နှစ်ကျော်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ စာအုပ်ဆိုင်လေးကို အသက်ပြန်သွင်းပါ့မယ် ခင်ဗျာ။ လိုအပ်တဲ့စာအုပ်လေးတွေကိုလည်း လာရောက်မေးမြန်းလို့ရသလို အခုတစ်ပတ်အတောအတွင်းမှာ ယခင်က မေးမြန်းထားတာတွေကို ပြန်လည်ဖြေကြားပြီး ရောင်းပေးပါ့မယ်ခင်ဗျာ။ active မဖြစ်ခဲ့တဲ့ကာလအတွင်းမှာကို စိတ်ဝင်တစား လာရောက်မေးမြန်းပေးကြတဲ့သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အေးချမ်းသာယာပြီး ခံစားမှုပြည့်ဝကြပါစေ...

Leo's Book Shelf
09952200903

လိပ်ကျောကုန်းများ မို့မောက်၍ ပြောင်ချောနေသည်မှာ ရေမတင်နိုင်ရန်သာဖြစ်ပါသည်။ မြင့်သန်း
17/07/2023

လိပ်ကျောကုန်းများ မို့မောက်၍ ပြောင်ချောနေသည်မှာ ရေမတင်နိုင်ရန်သာဖြစ်ပါသည်။

မြင့်သန်း

ငါး သံပုရာပေါင်းမီးဖို သေးသေးလေးပေါ် တင်ထားတော့ ပူပူနွေးနွေး အရသာခံလို့ ရကိုယ်တို့တွေဟာ ဇွန်းတွေ တူတွေ ခက်ရင်းတွေနဲ့ ထို...
07/05/2023

ငါး သံပုရာပေါင်း

မီးဖို သေးသေးလေးပေါ် တင်ထားတော့
ပူပူနွေးနွေး အရသာခံလို့ ရ

ကိုယ်တို့တွေဟာ ဇွန်းတွေ တူတွေ ခက်ရင်းတွေနဲ့ ထိုးထိုးပြီး
ဖဲ့ရွဲ့ ပါးစပ်ထဲထည့်ကာ
မြုံ့ လို့

နောက်တစ်ပွဲ မလာခင် အထိ
မျက်လုံးပြူးနေတဲ့ ငါးကို ကက်ဆက်တိပ်ခွေလို ဟိုဘက်ဒီဘက် ဆွဲဆွဲဖြဲ
လှန် လို့
ဆွ လို့

ဒီငါးဟာ ဒီသံပုရာသီးနဲ့ သွားပေါင်းလို့သာ
ဒီလိုနေရတာလို့ ဟာသနှောကာ တွေးမိတော့

သေပြီးသား ငါးကို
ဗိုက်ထဲ ငါးစာပြန်ထည့်
ဗိုက်ကို ထပ်ဖွင့်ကြ။

ကြည်ဇော်အေး

Address

Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959799780060

Website

Alerts

Be the first to know and let us send you an email when Leo's Book Shelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leo's Book Shelf:

Share

Category