09/05/2026
🕰️ အချိန်ကို အနိုင်ယူခဲ့တဲ့ ပညာရှိလေး Diggie
Diggie ဟာ Eruditio မှာရှိတဲ့ Nest Academy ရဲ့ ဂုဏ်ယူရတဲ့ ပညာရှိတစ်ဦးပါ။ သူဟာ တခြားသူတွေထက် ထူးခြားတာက စက်မှုလက်မှုပညာ (Mechanics) ထက် အချိန် (Time)ရဲ့ လျှို့ဝှက်ချက်တွေကို ပိုပြီး စိတ်ဝင်စားတာပဲ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ သူဟာ သာမန်နာရီလေးတွေကို ပြင်ဆင်ရင်းနဲ့ အချိန်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ အချိန်ကို တိုင်းတာရုံတင်မကဘဲ အချိန်ကို အသုံးချနိုင်တဲ့ "Chronos Engine" လို့ ခေါ်တဲ့ အစွမ်းထက် စက်ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။
ဒီစက်ကို သုံးပြီး Diggie ဟာ အတိတ်နဲ့ အနာဂတ်ကို ကြည့်နိုင်ခဲ့သလို၊ အချိန်ရဲ့ စီးဆင်းမှုကိုလည်း နှေးကွေးသွားအောင် ဒါမှမဟုတ် ပြောင်းပြန်စီးဆင်းအောင် လုပ်နိုင်စွမ်း ရှိလာပါတယ်။ ဒါကြောင့်လည်း သူသေသွားရင်တောင် အချိန်ကို နောက်ပြန်ရစ်ပြီး ဥဘဝကနေ ပြန်ရှင်လာနိုင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို အစွမ်းထက်တဲ့ နည်းပညာကြောင့်ပဲ ရန်သူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။ Diggie ကတော့ သူ့ရဲ့ အသိပညာတွေကို မကောင်းတဲ့နေရာမှာ အသုံးမချမိအောင် အမြဲတမ်း သတိထားပြီး Eruditio ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် သူ့ရဲ့ အချိန်ထိန်းချုပ်မှုစွမ်းအားကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Diggie က အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောရတာ ဝါသနာပါသူပါ။ သူအမြဲပြောလေ့ရှိတဲ့ စကားကတော့ "Horology is my craft, Diggie is my name!" (နာရီပညာက ငါ့ရဲ့အတတ်ပညာ၊ ငါ့နာမည်က Diggie ပါ) ဆိုတာပဲ ဖြစ်ပါတယ်။
သူဟာ နည်းပညာနဲ့ အချိန်ကို ပေါင်းစပ်ပြီး ကမ္ဘာပေါ်က အမှန်တရားတွေကို ရှာဖွေဖို့ ကြိုးစားနေတဲ့ ငှက်ကလေးတစ်ကောင်ပေါ့။
စိတ်ဝင်စားစရာ အချက်တစ်ချက်တစ်ချက်ကတော့ Diggie ရဲ့ နာရီထဲမှာ အချိန်တွေ အများကြီး ရှိနေတာကြောင့် သူက အိုမင်းရင့်ရော်သွားတာမျိုး မရှိဘဲ ဒီအတိုင်းပဲ ချစ်စရာကောင်းနေတာလို့လည်း ဆိုကြပါတယ်ရှင်။
သင်တို့ကတော့ Diggie လို မတော်တဲ့အတွက် အချိန်ပြန်လှည့်လို့ မရသလို ရည်းစားဟောင်း ပြန်လာအောင်လည်း မလုပ်နိုင်ပါဘူး 🤭