Gallery of Books

Gallery of Books ဒီနေ့ကစပြီး စာဖတ်ကြရအောင်.. ။

စာဖတ်တဲ့ကလေးဟာ ကမ္ဘာကြီးကို စောစောသိလာတယ်။ကလေးတစ်ယောက်ရဲ့ လက်ထဲကို စာအုပ်တစ်အုပ် ထည့်ပေးလိုက်တဲ့အခါ၊ သူ့လက်ထဲမှာ စာမျက်န...
08/08/2026

စာဖတ်တဲ့ကလေးဟာ ကမ္ဘာကြီးကို စောစောသိလာတယ်။

ကလေးတစ်ယောက်ရဲ့ လက်ထဲကို စာအုပ်တစ်အုပ် ထည့်ပေးလိုက်တဲ့အခါ၊ သူ့လက်ထဲမှာ စာမျက်နှာတွေသာ ရှိနေတာမဟုတ်ပါဘူး။ မမြင်ဖူးသေးတဲ့ နေရာတွေ၊ မတွေ့ဖူးသေးတဲ့ လူတွေ၊ မတွေးဖူးသေးတဲ့ အတွေးတွေနဲ့ မသိသေးတဲ့ ကမ္ဘာတွေပါ ပါလာပါတယ်။

စာတစ်ကြောင်းဖတ်တိုင်း သူ့ရဲ့အတွေးက နည်းနည်းစီ ကျယ်လာတယ်။ ပုံပြင်တစ်ပုဒ်ဖတ်တိုင်း တခြားသူတွေရဲ့ ခံစားချက်ကို နားလည်တတ်လာတယ်။ သူ့ဘဝနဲ့ မတူတဲ့ဘဝတွေကို စာအုပ်ထဲကနေ တွေ့မြင်ရင်း မေတ္တာ၊ သနားခြင်းနဲ့ နားလည်ပေးတတ်ခြင်းတွေကိုလည်း တဖြည်းဖြည်း သင်ယူလာတယ်။

ကလေးတစ်ယောက်ကို စာဖတ်ခိုင်းတာဟာ စာအုပ်ထဲက စာတွေကို မှတ်မိစေဖို့သက်သက် မဟုတ်ပါဘူး။ သူ့ကို ကိုယ်တိုင်စဉ်းစားတတ်အောင်၊ မေးခွန်းထုတ်တတ်အောင်၊ကမ္ဘာကြီးကို သူ့မျက်လုံးနဲ့ သူ့အတွေးနဲ့ ကြည့်တတ်အောင် လမ်းလေးတစ်လမ်း ဖွင့်ပေးလိုက်ခြင်းပါ။

ဒီနေ့ သူဖတ်လိုက်တဲ့ စာတစ်မျက်နှာဟာ ဒီနေ့အတွက်တော့ စာတစ်မျက်နှာလောက်ပဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် မနက်ဖြန်မှာတော့ သူ့အတွေးတစ်ခု ဖြစ်လာနိုင်သလို၊ တစ်နေ့မှာ သူ့အိပ်မက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ကလေးဘဝထဲမှာ ကစားစရာတွေနဲ့အတူ စာအုပ်လေးတွေလည်း ထည့်ပေးပါ။ နေ့တိုင်း စာအုပ်တစ်အုပ်လုံး ဖတ်စရာမလိုပါဘူး။စာမျက်နှာအနည်းငယ်ကနေ စတင်ပါ…။

စာဖတ်တဲ့အလေ့အကျင့်လေးက တစ်နေ့မှာ ကမ္ဘာကြီးကို ပိုနားလည်တတ်တဲ့ လူတစ်ယောက်အဖြစ် သူ့ကို တိတ်တိတ်လေး ပျိုးထောင်ပေးနေပါလိမ့်မယ်။ 📖🌱

🌻 Gallery of Books

သံယောဇဉ်ဆိုတာနာမည်လှတဲ့ ဝဋ်ကြွေးတစ်မျိုးပဲ။  - မောင်လှမျိုး (ချင်းချောင်းခြံ)🌻 Gallery of Books
07/08/2026

သံယောဇဉ်ဆိုတာ
နာမည်လှတဲ့ ဝဋ်ကြွေးတစ်မျိုးပဲ။


- မောင်လှမျိုး (ချင်းချောင်းခြံ)

🌻 Gallery of Books

မရှိမဖြစ်လိုအပ်သော ဉာဏ်ပညာရင်းနှီးမြှုပ်နှံမှု။ငွေကြေး၊ အလှအပနဲ့ ပစ္စည်းဥစ္စာတွေက အချိန်အခါအလိုက် ပြောင်းလဲယိုယွင်းသွားန...
07/08/2026

မရှိမဖြစ်လိုအပ်သော ဉာဏ်ပညာရင်းနှီးမြှုပ်နှံမှု။

ငွေကြေး၊ အလှအပနဲ့ ပစ္စည်းဥစ္စာတွေက အချိန်အခါအလိုက် ပြောင်းလဲယိုယွင်းသွားနိုင်ပေမဲ့ ဘယ်သူကမှ လုယူလို့မရဘဲ တစ်သက်လုံး ကိုယ်ပိုင်ဖြစ်နေမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ရှိပါတယ်။ ဒါကတော့ ❝ ဉာဏ်ပညာရင်းနှီးမြှုပ်နှံမှု ❞ပါပဲ။ စာဖတ်ခြင်းဟာ ရွေးချယ်စရာ ဝါသနာတစ်ခု မဟုတ်ဘဲ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အလှအပအတွက် ကုန်ကျစရိတ်တွေ ရှိတတ်သလို အချိန်တန်ရင်လည်း ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမဲ့ စာဖတ်ခြင်းကနေရတဲ့ ဉာဏ်ပညာအလှတရားကတော့ အသက်အရွယ်ရလာလေလေ ပိုပြီးရင့်ကျက် တောက်ပလာလေလေပါပဲ။ စာဖတ်တဲ့ လူတစ်ယောက်ရဲ့ စကားပြောဆိုပုံ၊ အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ချပုံတွေဟာ ဘေးပတ်ဝန်းကျင်ကိုပါ ဆွဲဆောင်နိုင်တဲ့အထိ လေးနက်တည်ငြိမ်ပြီး အနှစ်သာရရှိလှပါတယ်။

❝ အသိပညာရှိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုမုန်တိုင်းမျိုးမှာမဆို လမ်းပျောက်မသွားတတ်ဘူး။❞ လို့ ဆိုပါတယ်။ ဘဝက ပေးလာမယ့် အခက်အခဲတွေ၊ အလှည့်အပြောင်းတွေကို ရင်ဆိုင်တဲ့အခါ စာဖတ်ခြင်းကနေရတဲ့ ဗဟုသုတတွေက အကောင်းဆုံး လက်နက်ဖြစ်လာပါတယ်။ လောကီလောကုတ္တရာ အတွေ့အကြုံမျိုးစုံကို စာအုပ်တွေကတစ်ဆင့် ကြိုတင်သင်ယူထားရတဲ့အတွက် အကျပ်အတည်းတွေကြားထဲမှာ စိတ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်မယ်။မှန်ကန်တဲ့ ဝေဖန်ပိုင်းခြားမှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်မယ်။ဘဏ္ဍာရေး၊ လုပ်ငန်းခွင်နဲ့ မိသားစုရေးရာတွေမှာ အမြော်အမြင်ရှိရှိ ဦးဆောင်နိုင်မယ်။

စာဖတ်ခြင်းရဲ့ ရလဒ်ဟာ ကိုယ့်တစ်ယောက်တည်းအတွက်တင် မဟုတ်ပါဘူး။ အနာဂတ်မျိုးဆက်သစ်တွေကို လမ်းပြပေးနိုင်သူတွေအနေနဲ့ သို့မဟုတ် ပတ်ဝန်းကျင်ကို လမ်းပြပေးမယ့်သူ ဖြစ်လာတဲ့အခါ ဉာဏ်ပညာအလင်းက မိသားစုနဲ့ လူ့အဖွဲ့အစည်းကိုပါ ကူးစက်စေပါတယ်။ လေ့လာဖတ်ရှုမှုရှိတဲ့ လူတစ်ယောက်ဟာ ပိုမိုကောင်းမွန်ပြီး အတွေးအခေါ်မှန်ကန်တဲ့ သားသမီးတွေ၊ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်ပါတယ်။

ဒီနေ့ ဖတ်လိုက်တဲ့ စာမျက်နှာတိုင်းဟာ မနက်ဖြန်ဘဝအတွက် ပိုမိုခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို ချပေးနေတာ ဖြစ်ပါတယ်။ အချိန်ကို ကုန်လွန်စေရုံသက်သက်မဟုတ်ဘဲ တန်ဖိုးကို မြှင့်တင်ဖို့အတွက် ဒီနေ့ပဲ ❝ စာအုပ် ❞ ထဲမှာ ဉာဏ်ပညာရင်းနှီးမြှုပ်နှံမှုကို စတင်လိုက်ရအောင်။ 📖

#ဒီနေ့ကစပြီးစာဖတ်ကြ‌ရအောင်။ #ဉာဏ်ပညာရင်းနှီးမြှုပ်နှံမှု။

🌻 Gallery of Books

လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ။  - ထူးအိမ်သင်🌻 Gallery of Books
06/08/2026

လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ။


- ထူးအိမ်သင်

🌻 Gallery of Books

ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး... ဘာတွေကွာခြားလဲ။စာအုပ်တစ်အုပ်ဖတ်ရင်း "ဒါက ဝတ္ထုလား၊ အက်ဆေးလား၊ ဆောင်းပါးလား" လို့ တွေးဖ...
06/08/2026

ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး... ဘာတွေကွာခြားလဲ။

စာအုပ်တစ်အုပ်ဖတ်ရင်း "ဒါက ဝတ္ထုလား၊ အက်ဆေးလား၊ ဆောင်းပါးလား" လို့ တွေးဖူးကြလား?

တကယ်တော့ စာပေအမျိုးအစားတစ်ခုချင်းစီမှာ ကိုယ်ပိုင်အရသာနဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။

• ဝတ္ထု (Novel)
ဇာတ်လမ်း၊ ဇာတ်ကောင်၊ အဖြစ်အပျက်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်ကူးယဉ် သို့မဟုတ် လက်တွေ့ဘဝကို အခြေခံထားတဲ့ ရှည်လျားသော စာပေဖြစ်ပါတယ်။ ဖတ်ရှုသူကို ဇာတ်လမ်းထဲမှာ နစ်မြုပ်သွားစေတဲ့ စာပေအမျိုးအစားပါ။

• ကဗျာ (Poem)
စကားလုံးအနည်းငယ်နဲ့ ခံစားချက်များစွာကို ဖော်ပြနိုင်တဲ့ အနုပညာပါ။ အသံ၊ အလှ၊ ရစ်သမ်နဲ့ စိတ်ခံစားမှုကို အဓိကထား ရေးဖွဲ့ထားပါတယ်။

• ဆောင်းပါး (Article)
ဗဟုသုတ၊ သတင်းအချက်အလက်၊ အမြင်အယူအဆတစ်ခုကို ရှင်းလင်းတင်ပြဖို့ ရေးသားတာပါ။ ဖတ်ရှုသူကို သိစေ၊ နားလည်စေဖို့ ရည်ရွယ်ပါတယ်။

• အက်ဆေး (Essay)
စာရေးသူရဲ့ ကိုယ်ပိုင်အတွေး၊ အတွေ့အကြုံ၊ ခံစားချက်တွေကို လွတ်လပ်စွာ ရေးဖွဲ့ထားတဲ့ စာပေပါ။ ဖတ်ရင်းနဲ့ "ဒါက ငါ့အကြောင်းလည်း ဖြစ်နိုင်တယ်" လို့ ခံစားရတတ်ပါတယ်။

📌 အတိုချုပ်ဆိုရရင်...
- ဝတ္ထု = ဇာတ်လမ်းကို ပြောပြတယ်။
- ကဗျာ = ခံစားချက်ကို သီကုံးတယ်။
- ဆောင်းပါး = အသိပညာကို မျှဝေတယ်။
- အက်ဆေး = အတွေးအမြင်ကို ရင်ဖွင့်တယ်။

စာပေတစ်မျိုးချင်းစီမှာ ကိုယ်ပိုင်အလှတရားရှိပါတယ်။ အဲဒီအလှတရားကို နားလည်လာတဲ့အခါ စာဖတ်ခြင်းက ပိုပြီး အရသာရှိလာပါလိမ့်မယ်။

💬 အနှစ်သက်ဆုံး စာပေအမျိုးအစားက ဘာလဲ?
ဝတ္ထုလား၊ ကဗျာလား၊ ဆောင်းပါးလား၊ အက်ဆေးလား။ Comment မှာ မျှဝေပေးခဲ့ပါဦးနော်.....

#ဝတ္ထု #ကဗျာ #ဆောင်းပါး #အက်ဆေး

🌻 Gallery of Books

ကမ္ဘာမြေပေါ်အဝါတွေ ဘယ်သူယူခဲ့သလဲကမ္ဘာမြေပေါ်ပန်းတွေ ဘယ်သူယူခဲ့သလဲကျွန်မဖြင့်သိပ် ကျေးဇူးတင်တယ် .... ။                   ...
06/08/2026

ကမ္ဘာမြေပေါ်
အဝါတွေ ဘယ်သူယူခဲ့သလဲ
ကမ္ဘာမြေပေါ်
ပန်းတွေ ဘယ်သူယူခဲ့သလဲ
ကျွန်မဖြင့်
သိပ် ကျေးဇူးတင်တယ် .... ။

#နွေအိမ်မောင်ဝင်း

🌻 Gallery of Books

ပန်းတွေလိုပဲ... တိတ်တိတ်လေးပွင့်ပြီး တိတ်တိတ်လေးပျော်ရွှင်ချင်တယ်။🌻 Gallery of Books
05/08/2026

ပန်းတွေလိုပဲ... တိတ်တိတ်လေးပွင့်ပြီး တိတ်တိတ်လေးပျော်ရွှင်ချင်တယ်။

🌻 Gallery of Books

ဖုန်မှုန့်အနည်းငယ်ရှိသော အဝါရောင်စာမျက်နှာတွေကြား ရောက်ရှိခဲ့ခြင်း။🌻 Gallery of Books
04/08/2026

ဖုန်မှုန့်အနည်းငယ်ရှိသော အဝါရောင်စာမျက်နှာတွေကြား ရောက်ရှိခဲ့ခြင်း။

🌻 Gallery of Books

❝ ဘဝရဲ့ လေးပင်မှုတွေကို ခေါင်းထဲ အတည်ကြီး ထည့်မထားဘဲ ရယ်မောနိုင်ဖို့နဲ့ လက်ခံနိုင်ဖို့ဆိုတာ ဘာလဲ...❞ ဒီလိုတွေးမိသွားစေမယ...
04/08/2026

❝ ဘဝရဲ့ လေးပင်မှုတွေကို ခေါင်းထဲ အတည်ကြီး ထည့်မထားဘဲ ရယ်မောနိုင်ဖို့နဲ့ လက်ခံနိုင်ဖို့ဆိုတာ ဘာလဲ...❞ ဒီလိုတွေးမိသွားစေမယ့် စာအုပ်တစ်အုပ်။

တချို့စာအုပ်တွေက ဖတ်ပြီး ဇာတ်လမ်းကို မှတ်မိစေတယ်။ တချို့စာအုပ်တွေကတော့ ဖတ်ပြီး စဉ်းစားစရာတွေအများကြီး ကျန်ခဲ့တယ်။စာအုပ်တွေအများကြီး အမျိုးအစားတွေလည်းအများကြီးပဲ။ အထီးကျန်ဝံပုလွေကတော့ ဖတ်ပြီး စဉ်းစားစရာတွေအများကြီး ကျန်ခဲ့တဲ့ စာအုပ်အမျိုးအစားဖြစ်ပါတယ်။

ဒီစာအုပ်ဟာ အထီးကျန်မှု၊ ကိုယ့်ကိုယ်ကို ရှာဖွေမှု၊ လူ့စိတ်ရဲ့ ရှုပ်ထွေးမှုတွေကို နက်နက်ရှိုင်းရှိုင်း ရေးသားထားပါတယ်။

အသက် ၅၀ အရွယ် စာပေနဲ့ အနုပညာကို မြတ်နိုးတဲ့ ပညာတတ်ကြီး Harry Haller ဟာ စည်းစနစ်ကျပြီး၊ ယဉ်ကျေးပြေပြစ်ကာ မြင့်မြတ်တဲ့ အနုပညာတွေကို ခံစားတတ်တဲ့ လူတစ်ယောက်အဖြစ်ကတစ်ခြမ်း၊ ခေတ်ပြိုင်လူ့ဘောင်အဖွဲ့အစည်းရဲ့ ဟန်ဆောင်မှုတွေကို မုန်းတီးပြီး အထီးကျန်ဆန်လှတဲ့ တောရိုင်းဝံပုလွေတစ်ကောင်လိုစိတ်ကတစ်ခြမ်း ဒီလိုစိတ်နှစ်ခြမ်းကွဲနေတယ်လို့ ခံစားနေရသူပါ။

ဒီလို စိတ်ဓာတ်နှစ်ခွကြားမှာ လွန်ဆွဲရင်း ဘဝရဲ့ အဓိပ္ပာယ်ပျောက်နေတဲ့ Harry ရဲ့ ကမ္ဘာထဲကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆန်းကြယ်တဲ့ အဖြစ်အပျက်အချို့ ရောက်ရှိလာတဲ့အခါမှာတော့... သူ မတွေးဝံ့ခဲ့တဲ့ စိတ်၏ အလွှာပေါင်းများစွာဆီ စာဖတ်သူပါလိုက်ပါပြီး အတူတူ ခရီးဆက်ရတော့တာဖြစ်ပါတယ်။

ဒီစာအုပ်ကို စဖတ်တဲ့အချိန်မှာ လေးလံတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဆက်ဖတ်သွားလေလေ၊ ဇာတ်ကောင်ရဲ့ အတွင်းစိတ်နဲ့ သူရင်ဆိုင်နေရတဲ့ မေးခွန်းတွေက ကိုယ့်ဘဝနဲ့ပါ ဆက်စပ်လာတယ်လို့ ခံစားရနိုင်ပါတယ်။

အထီးကျန်ဝံပုလွေဟာ မြန်မြန်ဖတ်ပြီး ပြီးသွားမယ့် စာအုပ်မဟုတ်ပါဘူး။ စာတစ်ပိုဒ်ဖတ်ပြီး ခဏရပ်စဉ်းစားရတဲ့ စာအုပ်မျိုးပါ။ အထူးသဖြင့် စိတ်ပညာ၊ ဒဿနနဲ့ လူ့ဘဝအဓိပ္ပာယ်ကို စိတ်ဝင်စားသူတွေအတွက် အလွန်တန်ဖိုးရှိတဲ့ လက်ရာတစ်အုပ်ဖြစ်ပါတယ်။

စာအုပ်ဖတ်ပြီးရင်ပြီးသွားတာမျိုးမဟုတ်ဘဲ အတွေးကျန်စေတဲ့ စာအုပ်ကို ဖတ်ချင်တဲ့သူတွေအတွက်တော့ ဒီစာအုပ်ကိုဖတ်ဖို့ ညွှန်းချင်ပါတယ်။

🌻 Gallery of Books

#အထီးကျန်ဝံပုလွေ #ဒီနိုဗို

03/08/2026

ကိုယ်နဲ့သင့်တော်တဲ့တံခါးကိုတွန်းဖွင့်ပါ။
- အကြည်တော်

🌻 Gallery of Books

Address

Yangon

Telephone

+959761699678

Website

Alerts

Be the first to know and let us send you an email when Gallery of Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gallery of Books:

Shortcuts

Share

Category