Shwe Poe Baby Store

Shwe Poe Baby Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Poe Baby Store, Yanpyay 2 Street, Thaketa Township, Yangon.

အချစ်ဆုံးလေး🥰🥰🥰
30/09/2025

အချစ်ဆုံးလေး🥰🥰🥰

ချစ်ဖို့ကောင်းလေးတွေ😘😘😘
21/11/2023

ချစ်ဖို့ကောင်းလေးတွေ😘😘😘

11/02/2022

ကလေးကိုဗစ်
=========
ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)
ရေးသားသည်။

✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်
တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ
သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
(ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ်
တော်တော်ရှားပါတယ်
အဖျာကြီးပြီး ရက်ကြာရင် စဉ်းစားရပါမယ်)

🤒 ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်
ပါရာစီတေမာတိုက္ပါ
၁၅ မီလီဂရမ် / ကီလိုဂရမ် (15𝑚𝑔/𝑘𝑔)
ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီတခါ တိုက်လို့ရပါတယ်
ပုံမွန္တိုက္ဖို့မလိုပါဘူး
တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင်မသုတ်ပါနဲ့
အင်္ကျီမလဲပါနဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ အပူကိုစုပ်ယူ
ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️ ၁နှစ်အောက် ( အစက်ချဆေး Drop )
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/ 𝐁𝐚𝐛𝐲𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/
𝐍𝐚𝐩𝐚 𝐝𝐫𝐨𝐩 အလားတူတွေရှိပါတယ်
100𝑚𝑔/𝑚𝑙 ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️ ၁ နှစ်က ၅ နှစ်
အရည် (𝐒𝐲𝐫𝐮𝐩 𝐨𝐫 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧) တွေရှိပါတယ်
120𝑚𝑔/5𝑚𝑙 နဲ့ 250𝑚𝑔/5𝑚𝑙ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜/𝐏𝐫𝐨𝐠𝐞𝐬𝐢𝐜/𝐒𝐚𝐫𝐚/𝐍𝐚𝐩𝐚 စသည်ဖြင့်
တံဆိပ်မျိုးစုံ ရှိပါတယ်

➡️ ၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား 500𝑚𝑔 ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ
(15𝑚𝑔/𝑘𝑔) တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံး
တခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ

🤧 နှာစေး နှာခေါင်းပိတ်ရင်
𝐂𝐞𝐭𝐫𝐢𝐳𝐢𝐧𝐞 𝐬𝐲𝐫𝐮𝐩 ( 𝐂𝐞𝐭𝐫𝐢𝐧𝐞/ 𝐀𝐝𝐞𝐳𝐢𝐨/ 𝐎𝐫𝐦𝐢𝐬𝐭)
အလားတူတွေရှိပါတယ်
1𝑚𝑙 မှာ 1𝑚𝑔 ပါပါတယ်
၂နှစ်အောက်ကလေးအတွက် ပမာဏမဖေါ်ပြထားပါ

➡️ မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1𝑚𝑙 ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5𝑚𝑙 ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5𝑚𝑙 ၂ ကြိမ်

ဆေးပြား 10𝑚𝑔/𝑡𝑎𝑏 ဆိုရင်
၁-၃ နှစ်ကြား - တစိတ် ၁/၄ - ၂ ကြိမ်
၃-၅ နှစ်ကြား - ၁/၃ - ၂ကြိမ်
၅ နှစ် အထက် - ၁/၂ - ၂ ကြိမ် ပေးပါတယ်

😖 နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (𝐏𝐡𝐲𝐬𝐢𝐨𝐝𝐨𝐬𝐞 𝐨𝐫 𝐒𝐞𝐚𝐰𝐚𝐭𝐞𝐫 𝐬𝐩𝐫𝐚𝐲)
မကြာခဏ ထည့်ပေးနိုင်ပါတယ်

➡️ ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့်
လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

💩 ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - 𝐌𝐏𝐅
လိမ္မော်အရသာ - 𝐏𝐡𝐚𝐫𝐨𝐥𝐢𝐭/ 𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥/ 𝐄𝐥𝐞𝐜𝐭𝐫𝐚𝐥/
𝐄𝐥𝐞𝐜𝐭𝐫𝐨𝐫𝐮𝐬𝐡 (ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ၊ ဆေးလိုမသောက်ရပါ
ရေဆာတိုင်း ရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည်/
ဆန်ပြုတ်ကျဲကျဲ ဆားခတ်ပြီး သောက်နိုင်ပါတယ်

🤮 အန်ရင်
𝐃𝐨𝐦𝐩𝐞𝐫𝐢𝐝𝐨𝐧𝐞 အအန်ပျောက်ဆေး တကြိမ်
သေါက်လို့ရပါတယ်

➡️ အစက်ချဆေးဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 တွက်လို့ရပါတယ်
(𝐕𝐨𝐧𝐞𝐭𝐚/ 𝐃𝐞𝐟𝐥𝐮𝐱 စသည်ဖြင့် )

➡️ အရည် ဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 နဲ့တွက်လို့ရပါတယ်
(𝐌𝐨𝐭𝐢𝐥𝐢𝐮𝐦 𝐬𝐲𝐫𝐮𝐩/ 𝐂𝐨𝐬𝐲 စသည်ဖြင့် )

ဆက်တိုက်အန်၊ အစာမဝင်ရင် ဆေးရုံတက်ပါ

👶🦠 ကလေးကိုဗစ်ဖြစ်ရင် လူကြီးကို ကူးနိုင်ပါတယ်
အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ
အသက်အန္တရာယ်ရှိပါတယ်
သတိ အရမ်းထားဖို့လိုပါတယ်

👩🏻‍🦰 🍼 မိခင်ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို
မိခင်နို့ ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ
မိခင် မတ်စ်တပ်ပါ
မျက်နှာအုပ် (𝐅𝐚𝐜𝐞 𝐒𝐡𝐢𝐞𝐥𝐝) ပါတတ်ပါ

(ကလေးအထူးကု ပါမောက္ခ ဒေါက်တာဦးစောဝင်း
ရေးသားသည်)

To Original Uploader🙏🏼🙏🏼

10/02/2022

# # သတိနော် # #
အိုမီခရွမ်ဖြစ်ရင် ငှက်သိုက်မသောက်ပါနဲ့ ဖရဲသီး သခွားသီး သံပုရာသီး မစားပါနဲ့ အုန်းရည်မသောက်ပါနဲ့ ဆွပ်ပြုပ် မသောက်ပါနဲ့ ရေနွေးငွေ့ မရှူပါနဲ့ စောင်အထူကြီး မခြုံပါနဲ့
ပါးစပ်ခါးတိုင်း ဆားရည်ပလုပ်ကျင်းပြီး အစာတခုစားပါ
၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ သောက်ပါ
အဖျားရှိမှသာ ပါရာစီတမောကို အစားစားပြီးသောက်ပါ
ဆရာဝန်ညွှန်ကြားချက်မရှိပဲ မည်သည့်ပိုးသတ်ဆေးမှ မသောက်ပါနဲ့
ကျန်းမာကြပါစေ။
Crd

*ဖျားရင် ပါရာစီတမော သောက်ပါ။
*ရေများများသောက်ပါ။
*ဝမ်းမချုပ်ပါစေနဲ့။
*ဝမ်းချုပ်ရင် ချောင်းဆိုးမပျောက်ပါ။
*ရေနွေးပူပူ ခဏခဏ သောက်ပါ။
*ရိုးရိုးရေလည်း ခဏခဏ သောက်ပါ။
*ဆေးတွေကို သိပ်အားမကိုးပါနဲ့။
*အိပ်ရေးဝဝ အိပ်ပါ။
*ရေအကြာကြီးမချိုးပါနဲ့။
*မဖြစ်မနေချိုးရရင် ရေနွေးနဲ့စပ်ချိုးပါ။
ကိုဗစ် ဖြစ်ဖြစ် မဖြစ်ဖြစ် ဒါတွေ လုပ်ကြည့်ပါ။

Credit - ဒေါက်တာသစ်လွင်

Car Selection!၁၀ ဘီးကားအရှည် ၂ ပေ x ၁ ပေ ဆိုဒ်ကိုမှ 16,500 Ks နဲ့ ရမယ်ဆိုတော့ 😮 ဝိုးးး ဘယ်လိုတွေတောင် တန်နေတာလဲ ဘေဘီတို့...
31/01/2021

Car Selection!

၁၀ ဘီးကားအရှည် ၂ ပေ x ၁ ပေ ဆိုဒ်ကိုမှ 16,500 Ks နဲ့ ရမယ်ဆိုတော့ 😮 ဝိုးးး ဘယ်လိုတွေတောင် တန်နေတာလဲ ဘေဘီတို့ရေ 👌

🤔ကိုယ့်သမီးလေးအတွက် အပြင်မှာ ၆ ဘီးကား ၁ ပေ x ၆ လက်မ ဆိုဒ် ဝယ်တုန်းကတောင် ၁၂၀၀၀ ပေးခဲ့ရသေးတာ😏
၂ ပေဆိုဒ် အကြီးကို ခုက special price နဲ့ပေးမှာနော်

ပိုစ့်မတင်ခင် ကားပုံ​တွေပြ အားပေးသွားတဲ့ ညီမလေး MMMT ကျေးဇူးပါ ရှင် နောက်လဲ အမြဲ အများကြီး အားပေးနိုင်ပါစေနော်😘😘😘

မှာယူချင်တယ်ဆို လက်လီစျေး ပုံအောက်မှာ ကြည့်ပေးနော်👉 လက်ကားဆို cb please👌👌👌

အားပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

Poe Baby Store #

😘ဘေဘီလေးတို့အတွက် ဒီလို ပုစိကွေးချစ်စရာ ရုပ်ရုပ်လေးတွေ ရှိသေးတာ သံပတ်လေးနဲ့ ပြေးမလား ကြိုးဆွဲလေးနဲ့ ပြေးမလား စျေးနဲနဲ နဲ...
27/01/2021

😘ဘေဘီလေးတို့အတွက် ဒီလို ပုစိကွေးချစ်စရာ ရုပ်ရုပ်လေးတွေ ရှိသေးတာ
သံပတ်လေးနဲ့ ပြေးမလား ကြိုးဆွဲလေးနဲ့ ပြေးမလား စျေးနဲနဲ နဲ့ လှတပတလေးတွေရှိပါတယ်နော်😘

👫 သားသားမီးမီးတို့ရဲ့ လက်ချောင်းလေးတွေ ဟန်ချက်ညီအောင်ထိန်းညှိတတ်မှု ဦးနှောက်ဥာဏ်ရည် ဖွံဖြိုးတိုးတက်မှု ဖန်တီးတီထွင်ဆန်း...
26/01/2021

👫 သားသားမီးမီးတို့ရဲ့ လက်ချောင်းလေးတွေ ဟန်ချက်ညီအောင်ထိန်းညှိတတ်မှု ဦးနှောက်ဥာဏ်ရည် ဖွံဖြိုးတိုးတက်မှု ဖန်တီးတီထွင်ဆန်းသစ်တတ်မှု. .ဒါတွေကို အထောက်အကူဖြစ်စေတဲ့ ကစားစရာ ချားရဟတ်ထုပ်လေး ရှိတယ်နော်😘

🤔ဒါပဲရှိတာလား? မဟုတ်ပါဘူး တခြား Lego, Legion အရုပ်ဆက်ဘူးတွေလဲ ရှိသေးတယ်ရှင့်👍👍
အခုပြထားတာက နမူနာ ဆက်ပြထားတာ ကိုယ့်စိတ်ကူးနဲ့ကိုယ် တခြားပုံဖော်ချင်တာလေးတွေ အကောင်အထည်ဖော်ကြည့်လို့ ရသေးတယ်လေ နော်👌

💛 မှာယူချင်တယ်ဆိုရင်တော့ page cb မှာ hello လုပ်လိုက်တော့👌

🚕 ဘယ်နှစ်ခုပဲ ယူ ယူ Delivery ရှိတယ်လေ စျေးသက်သာ​ပြီး စိတ်ချရတဲ့ deli နဲ့ အပ်ပေးမှာပါရှင်

Poe Baby Store #

24/01/2021

👏👏👏ချစ်တဲ့ကလေးလေးတို့အတွက် Vedio လေးတွေ ပြပေးထားမယ်နော် ကြည့်လိုက်ပါအုံးရှင့်

-စျေးနှုန်းလေးတွေကိုလဲ အရမ်းသက်သာအောင် လုပ်ပေးထားသေးတာ အခုယူရင် ဒီစျေးလေးတွေနဲ့ ရမယ်နော် မြန်မြန်ယူထားကြပါလို့ 👌👌👌
ဒါလေးတွေ လက်ကျန်ပြတ်လို့ နောက်အသစ်ဝင်ထားတာတွေက ဒီစျေးရတော့ဘူးနော် 😁

- မှာယူချင်တယ်ဆိုရင် page cb ဒါမှမဟုတ် ph viber မှာ လာမှာပေးလို့ရပါတယ်ရှင်😘

ပစ္စည်းမှန် စျေးမှန် ဝယ်သူစိတ်ချမ်းသာအောင် လုပ်ပေးမှာ "Shwe Poe Baby Store" ပါနော်

ဝယ်ယူအားပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
Love You All!

ရွှေပိုး page လေး ငြိမ်နေတာ ကြာတော့ cb ရော viber ရော လာမေးကြတယ် ကိုယ် နဲနဲ နေမကောင်းဖြစ်နေလို့ မတင်ဖြစ်တာပါ  ကိုယ့်ရဲ့ လ...
19/01/2021

ရွှေပိုး page လေး ငြိမ်နေတာ ကြာတော့ cb ရော viber ရော လာမေးကြတယ် ကိုယ် နဲနဲ နေမကောင်းဖြစ်နေလို့ မတင်ဖြစ်တာပါ
ကိုယ့်ရဲ့ လက်ကားသမားတို့ရေ လာမေးပေးကြတာလဲ ကျေးဇူးအများကြီးတင်ပါတယ်နော် ပစ္စည်းတွေကတော့ အမြဲရှိပါတယ် လစဥ်အသစ်ဝင်ပါတယ်လို့ ခု လဲ နယ် လက်ကားသမားတွေအတွက် လက်ရှိပစ္စည်းလေးတွေ တင်ပေးလိုက်ပါတယ်နော်
စျေးနှုန်းလေးတွေကို viber မှာ ပို့ထားပေးတယ်ရှင့်
လက်လီ လိုချင်လဲ ရပါတယ်နော် နောက်ရက်မှ စျေးနဲ့ ပုံ တွဲပီး ထပ်တင်ပေးမယ် ခု သိချင်လဲ cb မှာ လာမေးနိုင်ပါတယ် ဒါလေးတွေပဲ တင်လို့ ပစ္စည်းကောင်းတွေ မရှိဘူးလို့ မထင်ပါနဲ့အုံးနော် နယ် လက်ကားက အများအားဖြင့် ဒါမျိုးလေးတွေ မေးတတ်လို့ပါ

နောက်ရက်မှာတော့ ပစ္စည်းကောင်းကြိုက်တဲ့ ဖေဖေ မေမေတို့အတွက် ဒီထက် ကောင်းတဲ့ ပစ္စည်းကောင်းလေးတွေ ထပ်တင်ပေးအုံးမှာမို့ စောင့်ကြည့်ပါအုံးလို့. . .

အားပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်

Poe Baby Store #

Post တင်ပီးပီးချင်း အားပေးကြမ်းကြသော လက်ကားသမားများ ထုပ်ပိုးပြီးစီးပါကြောင်း . . .မနက်ဖြန် Delivery စအပ်ပြီးပို့ပါတော့မယ...
10/01/2021

Post တင်ပီးပီးချင်း အားပေးကြမ်းကြသော လက်ကားသမားများ ထုပ်ပိုးပြီးစီးပါကြောင်း . . .
မနက်ဖြန် Delivery စအပ်ပြီးပို့ပါတော့မယ်နော် ကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏

စိတ်ချမ်းသာ ကိုယ်ကျမ်းမာ လိုရာဆန္ဒ ပြည့်ဝကြပါစေ😘😘😘

Address

Yanpyay 2 Street, Thaketa Township
Yangon
11231

Website

Alerts

Be the first to know and let us send you an email when Shwe Poe Baby Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Poe Baby Store:

Share