Shwe Thawon

Shwe Thawon ရိုးသားမှု၊ စစ်မှန်မှုတို့ကို အခြေခံ၍ Happy Money
ကိုသာရယူပါသည်။

Hello !! ချစ်သော Lady တို့ရေ .....ခုလိုမိုးများပြီး အဝတ်ခြောက်ဖို့ခက်တဲ့ မိုးရာသီမှာ ....ရာသီလာလို့ အတွင်းခံဘောင်းဘီတွေ ...
01/08/2024

Hello !! ချစ်သော Lady တို့ရေ .....

ခုလိုမိုးများပြီး အဝတ်ခြောက်ဖို့ခက်တဲ့ မိုးရာသီမှာ ....
ရာသီလာလို့ အတွင်းခံဘောင်းဘီတွေ လျှော်ရတာ၊
ဒါမှ မဟုတ်လည်း နေ့တိုင်းအလုပ်သွားနေရလို့ အတွင်းခံဘောင်းဘီတွေ လျှော်လို့
မခြောက်နိုင်တာတွေ နဲ့ ကြုံရလို့ စိတ်ညစ်နေပါလား ????

မခြောက်တခြောက်တွေ ဝတ်မိရင် ကျမ်းမာရေးနဲ့ မညီညွတ်တာကြောင့် .....

အဲ့ပြဿနာတွေ ပြေလည်သွားဖို့ ရွှေသဝဏ်က ကူညီဖြေရှင်းပေးပါရစေရှင် ...

ကျွန်မတို့ ရွှေသဝဏ် business group က ဘန်ကောက်ကနေ တိုက်ရိုက်မှာယူတင်သွင်းထားတဲ့ instock ရှိနေတဲ့၊
🌹 အမျိုးသမီး တစ်ခါသုံးဘောင်းဘီ နဲ
🌺 ရာသီလာရင်ဝတ်တဲ့ ဘောင်းဘီ Sanitary pant လေးတွေ ဝယ်ဝတ်ကြည့်လိုက်ပါနော် ....

☘️☘️☘️Sanitary pant နဲ့ အရင်သုံးခဲ့ဖူးတဲ့၊ သုံးနေကျ Pad လေးတွေနဲ့ ဘာကွာလဲဆိုတော့ ....

👯 Sanitary pant လေးတွေဟာ ရှေ့မှနောက်သို့ စုတ်ယူနိုင်စွမ်းကို ပေးစွမ်းနိုင်ပြီး Pad ထက် စုပ်ယူမှု ဧရိယာ များစွာကို ပေးစွမ်းနိုင်သည့်အပြင် ၁၂ နာရီကြာအောင် အံ့ဩဖွယ် ယုံကြည်စိတ်ချရမှုနှင့် ယိုစိမ့်မှုကင်းသော အကာအကွယ်ကိုပေးပါတယ် ။

👵 Pad တွေနဲ့ယှဉ်ရင် ဝတ်ဆင်ရတာ ပိုပေါ့ပါးပြီး၊ Pad ထက်ပိုကြာရှည်စွာ ဝတ်ဆင်နိုင်ပါသဖြင့် ခရီးသွားသည့်အခါ၊ သန့်စင်ခန်းသို့ ခဏခဏ ဝင်ရောက်ရန် ခက်ခဲတဲ့အခါ၊ ည အိပ်တဲ့အခါတွေမှာ သုံးရင်ပိုအဆင်ပြေပြီး၊ ရာသီ (သွေး)များသူများ၊ (မီး) ဖွားပြီးစ ရာသီ (သွေး) အဆင်းများတဲ့ အချိန်တွေမှာ အထူးသင့်လျော်ပါတယ်။

👩‍🚒ဝတ်ဆင်ထားတဲ့ အခါမှာလည်း နောက်ဖက်မှာ သိသာစွာ‌ ဖောင်းနေခြင်း၊ အရာထင်ခြင်းများလည်း မရှိလို့ ကြိုက်နှစ်သက်ရာ ဘောင်းဘီ၊ စကပ်အကျပ်၊ လုံခြည်စကပ်များ၊ လုံခြည်များဖြင့် မိမိစိတ်ကြိုက် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Sanitary pants လေးတွေကို အောက်မှာ သူ့ အမျိုးစားအလိုက် ဈေးနှုန်းနဲ့ တကွ ဖော်ပြထားပါတယ်၊

_________________________________

အမျိုးသမီး တစ်ခါဝတ်ဘောင်းဘီ
Disposable daily wear women underwear

🍁 တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အဝတ်ကိုယ်လျှော်ဖို့ အဆင်မပြေတော့တဲ့အခါ....
🌺 တစ်ခါတစ်ရံလည်း ကိုယ်တိုင်မလျှော်ချင်တော့တဲ့ အခါမှာ ...
🌸 ကိုယ်တိုင်လျှော်ဖို့ ခက်ခဲတဲ့ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ...
💮 အသက်ကြီးတဲ့ ဖွားဖွားတွေ ....
💐 ခရီးတွေသွားကြတဲ့အခါ၊ အထူးသဖြင့် ရက်ရှည် ခရီး သွားကြတဲ့အခါ ဝတ်ပြီးသား အတွင်းခံတွေကို laggage ထဲပြန်ထည့်ပြီး မသယ်ချင်တော့တဲ့အခါ ....
🌷Spa မှာပဲသုံးသုံး ...
🌻 ရေကူးတဲ့ အခါမှာပဲ သုံးသုံး ...
🥀 ဆေးရုံတက်နေသော လူနာများ အတွက်လည်း အထူးသင့်လျော်ပြီး
🌼 အဝတ်ခြောက်ဖို့ ခက်ခဲတဲ့ ခုလို မိုးတွင်းအချိန်တွေ ၊ အဝတ်ခြောက်ဖို့ အချိန်မပေးနိုင်သည့် အခါတွေ မှာ ....
❄️ တစ်ချို့အမျိုးသမီးလေးများ အရေးပေါ်အခြေနေကြောင့် ဘောင်းဘီ အပိုတစ်ထည်ဆောင်ဖို့လိုတဲ့အခါ ရုံးမှာပဲ ဆောင်ထားထား၊ ပိုက်ဆံအိတ်ထဲထည့်ပြီးလည်း ဆောင်သွားနိုင်ပါတယ်၊

🍂ဝတ်ရတာ နူးညံ့ပျော့ပြောင်းပြီး သက်တောင့်သက်သာ ရှိအောင် design လုပ်ထားသော ...
🍁 ပေါ့ပါးကျစ်လျစ်ပြီး သယ်ဆောင်ရလွယ်ကူသော ...
တစ်ခါသုံး အမျိုးသမီးဝတ်အတွင်းခံ ဘောင်းဘီလေးတွေကို စမ်းသုံးကြည့်လိုက်ပါနော် ...

အောက်ကပုံလေးတွေမှာ size နဲ့ဈေးနှုန်းတွေ ‌ဖော်ပြထားပါတယ် ♥️♥️♥️

📢📢 အထူးသတင်းကောင်းလေးက
ပစ္စည်းလေးတွေကို နေ့စဉ် ဘတ်ဈေး အတက်နဲ့ တွက်ထားတာမဟုတ်ဘဲ၊
ရောင်းဖို့ ပစ္စည်းဈေးနှုန်းသတ်မှတ်တဲ့ အချိန် က ဈေးနှုန်းဖြစ်တဲ့ တစ်ဘတ်ကို ၁၂၅ ကျပ်နှုန်းနဲ့ပဲ တွက်ပေးထားတာပါရှင်

ပစ္စည်း quality နဲ့ ဈေးနှုန်းကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင် ....

😁😁😁
01/08/2024

😁😁😁

လက်စသတ်တော့ ဒီလည်ပင်းရှည်ရှည်နဲ့ ကောင်က ဒုက္ခပေးနေတာပဲ .....😁😁😁
22/05/2024

လက်စသတ်တော့ ဒီလည်ပင်းရှည်ရှည်နဲ့ ကောင်က ဒုက္ခပေးနေတာပဲ .....
😁😁😁

အတွေးအားလုံးသည် အနာဂါတ်၏ မျိုးစေ့ဖြစ်သည်
16/05/2024

အတွေးအားလုံးသည် အနာဂါတ်၏ မျိုးစေ့ဖြစ်သည်

04/05/2024

A= Awareness
U= Understanding
R= Responsibility
A= Acceptance

Power of silence ....
04/05/2024

Power of silence ....

ဘယ်သူတွေနဲ့ ရန်ဖြစ်နေကြလဲ ....
03/05/2024

ဘယ်သူတွေနဲ့ ရန်ဖြစ်နေကြလဲ ....

ဟုတ်ကြလား ..... 😁😁
29/04/2024

ဟုတ်ကြလား ..... 😁😁

ကိုယ့်ရဲ့ Inner child လေးကိုလည်း ပစ်မထားဖို့ ....ခံစားချက်တွေကိုလည်း release လုပ်ဖို့ .....
29/04/2024

ကိုယ့်ရဲ့ Inner child လေးကိုလည်း ပစ်မထားဖို့ ....
ခံစားချက်တွေကိုလည်း release လုပ်ဖို့ .....

အသက်တွေကြီးလာတဲ့အခါ သူငယ်ပြန်ကြတဲ့သူတွေကို ကြည့်မိတိုင်း ဝင်လာတဲ့ အတွေးလေးရှိတယ်။

ဘိုးဘိုးဘွားဘွားတွေဟာ အသက်ကြီးလာလေ ပိုပြီးကလေး ဆန်လာလေ ဖြစ်လာကြတယ်။ ဒါပေမယ့် ဘေးမှာရှိတဲ့ သားသမီးတွေအမြင်မှာတော့ ဝန်ထုတ်ဝန်ပိုး ဖြစ်လာတယ်။ ဘေးမှာ စောင့်ကြည့်ပေးရမယ့် သူတွေ လိုလာတာကို မကြိုက်ကြဘူး။ အသိစိတ်နဲ့ မှတ်ဥာဏ်တွေ နည်းလာတာကြောင့် ပိုပြီး သတိရှိစေချင်ကြတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ တာဝန်ယူဖို့ ဆူတတ်၊ ငေါက်တတ်လာကြတယ်။ အချို့တွေကတော့ ဘိုးဘွားရိပ်သာလို နေရာတွေမှာ သွားထားကြတယ်။ ကလေးဆန်လာတာဟာ လက်မခံချင်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရာတစ်ခု၊ ငြင်းပယ်ရမယ့်အရာတစ်ခုလိုပဲ မြင်ကြတာ ဖြစ်ပါတယ်။

အရာရာတိုင်းမှာ အကျိုးနဲ့ အကြောင်း ဆက်စပ်မှု ရှိပါတယ်။ Cancer ရောဂါ ဖြစ်လာတဲ့ သူတွေကို ကြည့်တဲ့အခါ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဖိအား တစ်ခုခု ရှိနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ပူပန်စိတ်၊ ကြောက်ရွံ့စိတ်၊ depression တစ်ခုခုကို အချိန်ကာလ ကြာမြင့်စွာ ခံစားနေကြပါတယ်။ ပြင်းထန်တဲ့ ခံစားချက်ကို နှစ်ပေါင်းများစွာ မြိုသိပ်ထားရာကနေ စပါတယ်။ ဒါပေမယ့်လည်း ဒီခံစားချက်တွေဟာ ခန္ဓာကိုယ်ထဲမှာ သိမ်းထားဖို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ဒါဟာ သဘာဝ မဟုတ်ဘူး။ ဒါပေမယ့် Release မလုပ်တဲ့အခါ ရောဂါတစ်ခုအနေနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ manifest ဖြစ်သွားပါတော့တယ်။ ဒီလိုပါပဲ … နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ Inner Child ကို ငြင်းပယ်ထားတဲ့အခါ၊ Shut Down လုပ်ထားတဲ့အခါ အသိစိတ်တွေ၊ ထိန်းချုပ်နိုင်စွမ်းတွေ နည်းလာလေ၊ သူငယ်ပြန်လာလေလို့ မြင်ကြည့်မိပါတယ်။

လူကြီးဖြစ်လာတာနဲ့ ကိုယ့်ကိုယ်ကို ရင့်ကျက်ဖို့ ကြိုးစားပြီး ကလေးဆန်တဲ့သူတွေကို တွေ့ဆုံရတဲ့အခါ စိတ်ခံစားချက်တွေကို မကိုင်တွယ်နိုင်တဲ့သူ၊ မရင့်ကျက်တဲ့သူ အဖြစ် သတ်မှတ်ပါတယ်။ ဒါဆို လူကြီးဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ? အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ တာဝန်ဝတ္တရားတွေကို ဝနထုတ်ဝန်ပိုးအနေနဲ့ ထမ်းပိုးဖို့၊ လူဝင်ဆန့်ဖို့နဲ့ အောင်မြင်မှုတွေ ရရှိဖို့တွေ အတွက်ပဲလား? တခါတလေ ရေခဲမုန့်တွေ စားရရင် ပျော်နေတုန်းပဲ၊ ကာတွန်းကားကြည့်ရင်း emotional ဖြစ်တုန်းပဲ၊ အမှတ်ရစရာတွေကြုံခဲ့ရင် ငယ်ဘဝကို ခဏလောက် သတိတရကြပါတယ်။ ဒီခံစားချက်ကို ဧည့်သည်တစ်ယောက်လို ခဏထုတ်ကြည့်ပြီး လက်လွှတ်လိုက်ကြပါတယ်။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာက ခဏလောက် ဆုံတွေ့ပြီး သတိရကြရမယ့် အရာမျိုးတော့ မဟုတ်ပါဘူး။ ပျော်ရွှင်မှုဟာ Lifestyle တစ်ခု ဖြစ်ပါတယ်။ နေ့စဉ်လိုက်ရှာရတာ မဟုတ်ဘဲ နေ့စဉ် ကိုယ်နဲ့ ပေါင်းစပ်တည်ဆောက်ရတာ ဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်ရတာကိုလည်း Enjoy လုပ်တာ ဖြစ်ပါတယ်။ အရာရာကို လောနေဖို့၊ အလျင်လိုနေဖို့ ကြိုးစားနေဖို့ မလိုပါဘူး။ ဘာတွေ ဖြစ်လာမလဲ၊ ဘယ်လိုဖြစ်လာမလဲ မထိန်းချုပ်ဘဲ အပင်မှာ ပန်းပွင့်လာသလို၊ အချိန်တန် အသီး သီးလာသလို ထိန်းချုပ်မှု မပါဘဲ သူဖြစ်ရမယ့်အချိန် ဖြစ်လာတယ်လို့ သဘောထားပါတယ်။ စွဲလန်းမှုမရှိဘဲ အချိန်တိုင်းမှာ အကောင်းဆုံး ဖြစ်နိုင်တာကို ရွေးချယ်ရင်း present moment မှာပဲ နေထိုင်ပါတယ်။ ဒါဟာ အောင်မြင်တဲ့သူက ပိုအောင်မြင်ပြီး ကျရှုံးတဲ့သူက ပိုကျရှုံးလာတာရဲ့ အရင်းခံလည်း ဖြစ်နိုင်ပါတယ်။

ဘဝမှာ အသက်ရှင်တာ ပြေးနေတဲ့အရာတွေနောက်ကို တကောက်ကောက် လိုက်နေဖို့မဟုတ်ဘဲ living နေထိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် နေထိုင်ယုံပဲ ဆိုတဲ့ နေရာမှာတင် မရပ်ပါဘူး။ နေထိုင်ရင်းနဲ့ အဓိပ္ပါယ်ရှိခဲ့တာတွေ၊ ရရှိခဲ့တဲ့ အမှတ်တရတွေကို ပြန်သတိရချင်ပါတယ်။ ကိုယ့်ရဲ့ အသက်ရှင်မှု၊ အောာင်မြင်မှု၊ တန်ဖိုးရှိစွာ နေထိုင်နိုင်မှုတွေက အိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတဲ့ သက်သေခံချက်လေးတွေတော့ ရှိချင်ပါတယ်။ ဒါကြောင့်ပဲ ဓါတ်ပုံတွေရိုက်ကြတာ၊ စာရေးတာနဲ့ ပန်းချီဆွဲ၊ အနုပညာတွေနဲ့ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို အမြဲတမ်းပြန် ခံစားလို့ ရနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးဖြစ်လာရတဲ့ ရည်ရွယ်ချက်မှာ ငယ်စဉ်က အကောင်းဆုံး ဖြစ်ခဲ့တဲ့ အရာတွေကို ရိုးရှင်းစွာ ပြန်လည်ပေါင်းစပ်ခြင်းနိုင်ဖို့ကလည်း အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကလေးတစ်ယောက်အနေနဲ့ အပျော်ဆုံး ဖြစ်ခဲ့တာတွေ၊ အားစိုက်ထုတ်စရာ မလိုဘဲ သဘာဝအတိုင်းလာတဲ့ ကိုယ့်ရဲ့ ပုံစံတွေ၊ တချိန်က ကိုယ်ချစ်ရတဲ့ အချစ်ဆုံးအရာတွေနဲ့ လူကြီးပုံစံကို ပေါင်းစပ်ရပါလိမ့်မယ်။ ကလေးတစ်ယောက်လို ပျော်ရွှင်စွာ၊ လွတ်လပ်စွာ ဆော့ကစားတာတွေကို လူကြီးတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုနဲ့ စည်းကမ်းတွေနဲ့ ပေါင်းစပ်တဲ့အခါ Creativity ဟာ အမြင့်ဆုံး ဖြစ်လာပါလိမ့်မယ်။

အသက်ကြီးလာပြီး ကိုယ့်အသိစိတ်နည်းသွားချိန်၊ မှတ်ဥာဏ် နည်းသွားချိန်၊ အခြားသူတွေရဲ့ ငြိုငြင်မှုတွေ ဖြစ်လာချိန်မှ Inner Child ကို ပြန်တွေ့ရတာက အလကားပါပဲ။ အချိန်ရှိတုန်း Open your energy, Release your emotions, connect with your soul and express, your inner child လုပ်ကြတာကပဲ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ ကိုယ့်ရဲ့ inner child ကို ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့မယ်၊ ဘဝရဲ့ နောက်ဆုံးအချိန် နီးကပ်ပြီး ဘာမှ မလုပ်နိုင်တော့မှ inner child က သူ ဖြစ်ချင်ရာ၊ လုပ်ချင်ရာတွေ လုပ်ပြခွင့်ရခဲ့မယ်ဆိုရင် ဒီအရာတွေကို ဝမ်းနည်းမျက်ရည်များ၊ နောင်တများနဲ့ ထိုက်ကြည့်နေရပါလိမ့်မယ်။ ဒီလိုနည်းနဲ့တော့ ကိုယ့်ဘဝကို ဘယ်သူမှတော့ အဆုံးသတ်ချင်ကြမှာတော့ မဟုတ်ဘူး။ ဒါကြောင့်ပဲ ဘာလေးပဲ လုပ်လုပ်၊ ကိုယ့် Soul Level ကနေပဲ လုပ်ဖို့ပဲ အကြံပြုချင်ပါတယ်။

(P.S - ဂဏန်းဗေဒမှ Post များကို ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူအသုံးပြုခွင့် မပြုပါ။ လွတ်လပ်စွာ Share နိုင်ပါတယ်)

ဂဏန်းဗေဒ

28/04/2024

Inner peace
Inhale ... Exhale

Address

Pazondaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595064891

Website

Alerts

Be the first to know and let us send you an email when Shwe Thawon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share