27/02/2022
မျက်နှာကိုရေသန့်ရေခဲလေးနဲ့ပွတ်ပေးတာဟာ
ချွေးပေါက်ကျယ်သူတွေနဲ့
ဝက်ခြံကြောင့်နီရဲယောင်ရမ်းနေတာတွေကို
သက်သာစေပါတယ်
စုရည် အသေးစိတ်လဲ 'ရေသန့်ရေခဲမျက်နှာပေါ်အသုံးပြုခြင်း' ကိုရေးပေးဖူးခဲ့ပါတယ်
-ငွေမကုန်တဲ့နည်းလမ်းလေးနဲ့ Skin Care ခြင်းတစ်မျိုးပါ
-အရေးအကြောင်း တွေသက်သာစေတယ်
-နေလောင်တာကိုလျော့နည်းစေတယ်
-ချွေးပေါက်ကျဉ်းပြီး Glow စေနိုင်ပါတယ်
-အသားအရေ တင်းရင်းစေပါတယ်
-အသုံးပြုမယ့်ရေကတော့ရေသန့်ဖြစ်ရပါမယ်
-Moisturizer လဲပြန်လိမ်းပေးဖို့မမေ့ပါနဲ့နော်
-ရေသန့်ရေခဲတုံးနဲ့ ဒီတိုင်းပွတ်ရင်လဲရသလို
အခု စုရည်ကMesh by herbology ရဲ့
Ice Contour Cube လေးထဲ
ရေကို ခဲနေအောင် အခဲခံပြီး သုံးဖြစ်ပါတယ်
-ရေသန့်ရေခဲတုံး ကကျ ကိုင်ရတာ လက်အရမ်းအေးပြီးလက်ကျဉ်လို့ပါ ဒါလေးကပို အဆင်ပြေပါတယ်
-အသီးအနှံ လေးတွေထည့်ပြီးလဲ အခဲခံသုံးလို့ရပါတယ်
သတိထားရမယ့်အချက်လေးတွေက
-ရေသန့်ဖြစ်ရပါမယ်
-အသီးလေးတွေထည့်သုံးမယ်ဆိုလဲ သေချာ
လှီးဖြတ်သန့်စင်ဖို့လိုပါတယ်
-ရေခဲ နဲ့ပွတ်တဲ့အခါ မျက်နှာရဲ့ နေရာတစ်ခုထဲမှာ
အကြာကြီး ထားပြီး မပွတ်ရပါဘူးရှင်
(ငွေယူရေးသားသော Review မဟုတ်ရပါရှင်
စုရည်သုံးနေတာကို မျှဝေပေးခြင်း သီးသန့်ဖြစ်ပါတယ်)