Junior Choice

Junior Choice အရည်အသွေးနဲ့ စျေးနှုန်းကို Junior Choice
ကအာမခံပါတယ်ရှင်❤️

New Design Back pack လေးပါနော်✌️
05/11/2022

New Design Back pack လေးပါနော်✌️

သားသားမီမီးတို့ အတွက် concentration ကောင်းကောင်းနဲ့ တီထွင်ကြိုးစားမှုလေးတွေကို သေချာပုံဖော်မှုပေးနိုင်တဲ့ စာကြည့်စားပွဲလ...
05/11/2022

သားသားမီမီးတို့ အတွက် concentration ကောင်းကောင်းနဲ့ တီထွင်ကြိုးစားမှုလေးတွေကို သေချာပုံဖော်မှုပေးနိုင်တဲ့
စာကြည့်စားပွဲလေးကတော့ ကြိုးစားတဲ့ သားသားမီးမီးတို့အတွက်အရေးကြီးပီး လုံးဝမရှိမဖြစ်ပါပဲနော❤️
saleချတုန်း လေး အမြန်ဝယ်ထားပါတော့နော✌️

Kid Holloween costume ရှာခိုင်းထားတဲ့မေမေတို့အတွက် update ဒီဇိုင်းလေးတွေကို တင်ပေးထားပါတယ်နော👻
05/10/2022

Kid Holloween costume ရှာခိုင်းထားတဲ့မေမေတို့အတွက်
update ဒီဇိုင်းလေးတွေကို တင်ပေးထားပါတယ်နော👻

ကွာလတီကောင်းတဲ့အထဲကမှ သင့်တင့်မျှတတဲ့ဈေးလေးနဲ့ showroom ဈေးချထားတာလေးတွေကို တင်ပေးပါ့မယ်ရှင့်❤️ဈေးကလဲ ပေါက်ဈေးအတိုင်းပဲတ...
05/10/2022

ကွာလတီကောင်းတဲ့အထဲကမှ သင့်တင့်မျှတတဲ့ဈေးလေးနဲ့ showroom ဈေးချထားတာလေးတွေကို တင်ပေးပါ့မယ်ရှင့်❤️
ဈေးကလဲ ပေါက်ဈေးအတိုင်းပဲတွက်ပေးမှာမို့ လုံးဝ လုံးဝ တန်စေရမယ်ရှင့်🤩
ကြိုက်တဲ့အထည်လေးများတွေ့ရင် အားမနာတမ်းcb မှာလာမေးပါနော တစ်ထည်ချင်းစီရဲ့ detail လေးပါပြပေးမှာပါရှင့်🤩
ကိုယ်တိုင်လဲအကောင်းကြိုက် အလှကြိုက်တဲ့ ဘတ်ဂျက်မေမေတစ်ယောက်မို့ လှတာလေး တန်တာလေးတွေပဲ ရွေးပီး တင်ပေးသွားမှာပါရှင့်🤩

ဖက်ရှင်ကျကျ မီးတို့အလှ 🧚‍♀️🧚‍♀️🧚‍♀️🧚‍♀️မီးမီးတို့ကိုလဲစတိုင်ကျကျလှပခွင့်ပေးပါမေမေ🥰😂😂မီးမီးလေးတွေအတွက် ဖက်ရှင်ကျကျလှစေချင...
30/11/2020

ဖက်ရှင်ကျကျ မီးတို့အလှ 🧚‍♀️🧚‍♀️🧚‍♀️🧚‍♀️

မီးမီးတို့ကိုလဲစတိုင်ကျကျလှပခွင့်ပေးပါမေမေ🥰😂😂

မီးမီးလေးတွေအတွက် ဖက်ရှင်ကျကျလှစေချင်တယ်ဆိုရင်တော့ ဗိုလ်ကြီးမာမားကို ဆက်သွယ်လိုက်နော်🤩🤩🤩
ဝတ်စေချင်တဲ့ဒီဇိုင်း ကာလာ ဆိုဒ် ကို ကွက်တိရှာပြီး စိတ်တိုင်းကျစေရမယ်ဆိုတာယုံကြည်လိုက်ပါနော်😻😻😻
တဆင့်ခံမဟုတ်ပဲ ကွာလတီကောင်းတဲ့ baby fashion palace နဲ့ တိုက်ရိုက်ချိပ်ဆက်ပြီး ရောင်းချပေးမှာမို့ ပေးရတဲ့ဈေးနဲ့တန်တဲ့ကွာလတီကို ရရှိနိုင်မှာပါနော်😍😍😍

🥺 “ပင်ပန်းနေပြီလား မေမေ " 😓▫️မွေးစကနေ ၃လထိ ညမနက်မှားတတ်တဲ့ အူဝဲလေးကြောင့် အိပ်ပျက်ညတွေများပြီးပင်ပန်းနေပြီလားမေမေ 😴▫️မွေ...
01/10/2019

🥺 “ပင်ပန်းနေပြီလား မေမေ " 😓

▫️မွေးစကနေ ၃လထိ ညမနက်မှားတတ်တဲ့ အူဝဲလေးကြောင့် အိပ်ပျက်ညတွေများပြီးပင်ပန်းနေပြီလားမေမေ 😴

▫️မွေးစက ၆လထိ နို့တိုက်ရတဲ့နေ့ရက်တွေကြောင့်ပင်ပန်းနေပြီလား မေမေ 😔

▫️၆လပြည့်ဖြည့်စွက်အာဟာရတွက် ဝါ စိမ်း နီစုံအောင် စီစဉ်ပေးရလို့ ပင်ပန်းနေပြီလား မေမေ 🤯

▫️Baby Led weaning ရအောင် ကျင့်ပေးရတာ ခက်ခဲတတ်လို့ပင်ပန်းနေပြီလား မေမေ 😨

▫️သွားပေါက်ချိန်လေးတွေကလေးအစားကောင်းကောင်းမစားလို့ ပင်ပန်းနေပြီလားမေမေ 🥵

▫️မတ်တပ်စမ်းလေး ဖွယ်ဖွယ်ရာရာလုပ်ပေးတဲ့ အာဟာရကို မမြည်းစမ်းကြည့်လို့ ပင်ပန်းနေပြီလားမေမေ 😣

▫️၂နှစ်ကျော်ပြီ စကားကောင်းကောင်းမပြောသေးဘူး speech delay ဖြစ်မှာစိုးရိမ်မိလို့ ပင်ပန်းနေပြီလားမေမေ 😫

▫️မတ်တပ်ပြေးလေးအဆော့မက်ပြီး အစားမစားလို့ တတ်သမျှ အပင်ပန်းခံချက်ပြုတ်ပြင်ဆင်ပေးပေမယ့် မစားဘူးဘဲ ငြင်းနေလို့ ပင်ပန်းနေပြီလားမေမေ 😤

▫️ရှိသင့်တဲ့ ကိုယ်အလေးချိန် အရပ် ညီမျှမှုက BMI ထဲမဝင်လို့ ကလေး အစားအသောက်တွေ အမျိုးစုံ စဉ်းစားချက်ပြုတ်ရင်း ပင်ပန်းနေပြီလား မေမေ 😪

▫️Terrible two စလို့ ဂျစ်တီးဂျစ်ကန်လေးတွေရဲ့ brain development အရ ဖွံ့ဖြိုးမှုမိုင်တိုင်တွေကျော်ဖြတ်နေပြီမို့ ပင်ပန်းနေပြီလားမေမေ 😖

▫️ရာသီအကူးအပြောင်းစုံလင်တဲ့ ရောဂါတွေကြောင့် နေမကောင်းဖြစ်တဲ့ ကလေးငယ်ကို ပြုစုရင်း ပင်ပန်းနေပြီလား မေမေ 😷

▫️နေမကောင်းဖြစ်ချိန် ဆေးတိုက်ရင် မသောက်တဲ့ ကလေးကြောင့်ဆေးဝင်ဖို့ ကြိုးစားရင်း စိတ်ရောလူပါ ပင်ပန်းနေပြီလားမေမေ 🥴

▫️သုံးနှစ် ကျော် ဆင်ခြင်ပေး ဥာဏ်ပြေးတဲ့အရွယ်လေးတွေရဲ့ NO ....No ဆိုတဲ့ စကားတွေကြောင့် ပင်ပန်းနေပြီလား မေမေ 😐

▫️အိမ်မှုကိစ္စ ကလေးကိစ္စ ကူညီလုပ်ကိုင်ပေးမယ့်လူခွဲမရှိတစ်ယောက်တည်း ရုန်းကန်နေရလို့ပင်ပန်းနေပြီလား မေမေ 😞

▫️SAHMမို့ Working mom မို့ ပင်ပန်းနေပြီလားမေမေ 😕

▫️ကလေးအတွက် လုပ်ပေးချင်စိတ် ဝယ်ပေးချင်စိတ်တွေများနေပေမယ့် budget နဲ့ ချိန်ညှိနေရလို့ ပင်ပန်းနေပြီလားမေမေ 🧐

▫️ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်အချိန်ပျောက်ဆုံးပြီး ထမင်းတစ်နပ် ကော်ဖီတစ်ခွက် အေးဆေးသုံးဆောင်ရမယ့်အချိန်မရှိလို့ ပင်ပန်းနေပြီလားမေမေ 😢

▫️ပုံမှန်ရေချိုးရတဲ့ရက်ဆိုတာတိတိကျကျ မရှိ အိမ်သာဝင်ရင်တောင် စိတ်ဖြောင့်ဖြောင့် မသွားနိုင် ဂျီကျပြီး အော်ခေါ်နေတတ်တဲ့ ကလေးလေးကြောင့် ပင်ပန်းနေပြီလား မေမေ😣

▫️လူမှုရေး စီးပွားရေးဖိစီးမှုတွေများပြီး ကလေးအပေါ်စိတ်မရှည် အချိန်မပေးနိုင်လို့ ကိုယ့်ကိုကို အားမရဘဲ ပင်ပန်းနေပြီလား မေမေ 😓

▫️မူကြိုစတက်ချိန် seperation anxiety ကြောင့် တစ်လလောက် ငိုနေတဲ့ ကလေးကို ကြည့်ပြီး ကြိတ်ငို ဝမ်းနည်းရလို့ ပင်ပန်းနေပြီလားမေမေ 🥺

▫️ကျောင်းတက်ချိန်ဘက်စုံပညာရေးတွက် စိတ်ပူပြီးပင်ပန်းနေရပြန်ပြီလားမေမေ ☹️

▫️မလုံခြုံတဲ့ ပါတ်ဝန်းကျင်ပြောင်းလဲလာတဲ့လူတွေရဲ့ စိတ်တွေကြောင့် ကလေးလေး အနိုင်ကျင့်ခံနေရလားတွေးပူပြီး ပင်ပန်းနေရပြီလား မေမေ 😟

👩‍👧‍👦မေမေက သိပ်တော်တဲ့ Super Mom ပါ 😚

👨‍👩‍👧‍👦ကျွန်မတို့မိဘတွေဟာ မပြီးဆုံးနိုင်သော ပန်းချီကားကို ရေးဆွဲခဲ့ကြတဲ့သူတွေမို့ နေ့တိုင်း ရက်တိုင်း ပင်ပန်းကြရမှာပါဘဲ
ရေလောင်း ပေါင်းသင် ပြီး အနုအရွ စိုက်ပျိုးရမယ့် အပင်လေးတွေရဲ့ ဥယျာဉ်မှူ းတွေမို့ပါ 🏆🥇

👏ခွန်အားတွေ အပြည့်နဲ့ ဆက်လက်ဖြတ်သန်းရင်း အနာဂါတ်ရင်သွေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးကြရအောင်နော် 🎖

မိခင်တိုင်း အမေတိုင်းကို လေးစားဂုဏ်ယူမိပါတယ်
♥️💪💙
မိခင်တွေရဲ့ သားသမီးအပေါ်ထားနိုင်တဲ့ မေတ္တာ အရှိန်အဝါထက် ကြီးမားသောအရာမရှိပါ။🙏🙏🙏

Causes of Speech or Language Delay~~~~~~~~~~~~~~~~~~~~~~~~~Speech delay/ Language delay ဘာကြောင့်ဖြစ်ရတာလဲ?အကြောင်းရင်းမ...
01/10/2019

Causes of Speech or Language Delay
~~~~~~~~~~~~~~~~~~~~~~~~~

Speech delay/ Language delay ဘာကြောင့်ဖြစ်ရတာလဲ?

အကြောင်းရင်းများစွာရှိနိုင်ပါတယ်။
Special Needsကလေးမှာမှမဟုတ်ပါဘူး။
ပုံမှန်ဖွံ့ဖြိုးတဲ့ကလေးတွေမှာလည်း Speech delay
or language delay ဖြစ်တတ်ပါတယ်။

Possible Causes
ဖြစ်နိုင်ချေရှိသောအကြောင်းရင်းများကတော့

* ကလေးရဲ့ လျှာ သော်လည်းကောင်း၊ လျှာခင်မှာ
သော်လည်းကောင်း ပြသနာ ရှိနေခြင်း၊
(Problems with a child's tongue or
palate )

* အကြားအာရုံချို့ယွင်းချက်ရှိနေခြင်း၊(Hearing Loss)

* သင်ယူမှုခက်ခဲနေခြင်း၊(A learning disability)

* ဖွံ့ဖြိုးမှုမူမမှန်ခြင်း ဥပမာ သူငယ်နာအကြောတင်း၊
အော်တစ်ဇင်ဖြစ်နေခြင်း၊ (A developmental disorder such as Cerebral Palsy or Autism Spectrum Disorder) တို့ပဲ
ဖြစ်ပါတယ်။

Speech delay or language delay ဖြစ်နေတဲ့ ကလေးအများစုကတော့
Oral-motor problems
နှုတ်နှင့်ဆိုင်သောကြွက်သားများမှာပြသနာရှိနေတာ
ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့
Speech Production
စကားပြောဆိုနိုင်မှုနဲ့သက်ဆိုင်သော
ဦးနှောက်ရဲ့လုပ်ဆောင်မှုနယ်ပယ်တစ်ဝိုက်မှာ
လုံလောက်တဲ့ဆက်သွယ်မှု မရရှိလို့/
မရရှိသေးလို့ပဲဖြစ်ပါတယ်။ ကလေးငယ်ဟာ
စကားပြောဆိုနိုင်ဖို့အတွက် နှုတ်ခမ်း၊
လျှာ နှင့် မေးရိုးတို့အား ညီညီညွတ်ညွတ်
အသုံးမပြုနိုင်/အသုံးမပြုနိုင်သေးခြင်းကြောင့်
ဖြစ်ပါတယ်။

နောက်ထပ် Oral-motor ပြသနာတစ်ခုကတော့
အစားအစာကျွေးမွေးခြင်းနဲ့ပတ်သက်တဲ့အခက်အခဲများ
ဖြစ်ပါတယ်။ ဥပမာ-ကလေးငယ်ဟာ အစားအစာ
ကောင်းကောင်းမစားဘူးလား။
ပါးစပ်ကိုကျဉ်းကျဉ်းလေးပဲ ဟပေးတာလား။
ဟပေးတုန်းကတော့ အကျယ်ကြီးဟပေးပြီးမှ
ထမင်းလုတ် ပါးစပ်ထဲ ရောက်တော့မှ
လျှာနဲ့ထိုးခံလိုက်တာလား။ အစားအစာ
ချေးများလွန်းတာလား။ နည်းနည်းမာသွားရင်
နည်းနည်းကြီးသွားရင် မစားတော့ဘူးလား။
အပျော့နဲ့အမာရောသွားရင် မစားတော့ဘူးလား။
အဓိကကတော့ သိပ်မဝါးချင်တဲ့ပြသနာပါ။
အသားအစာကို ဝါးစား/မျိုချတဲ့့အခါမှာမေးရိုးတွေရဲ့
လုပ်ဆောင်ချက်၊လျှာ၊ နှုတ်ခမ်း၊ သွားတို့ရဲ့ပူးပေါင်း
လုပ်ဆောင်ချက်တွေ အများကြီးပါပါတယ်။

Oral-motor ကြောင့်မဟုတ်ရင်
Hearing(အကြားအာရုံ)ကြောင့်လား
စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။
Audiologist နဲ့ပဲစစ်ဆေးကြည့်သင့်ပါတယ်။
အကြားအာရုံ အခက်အခဲ ရှိတဲ့ကလေးငယ်ဟာ
ရှင်းလင်းပီသစွာ ဌာန်ကရိုဏ်းကျကျ ပြောဆို
နိုင်ခြင်းမရှိပါဘူး။ ထို့အတူ ဘာသာစကာအသုံးပြုမှု၊
နားလည်နိုင်စွမ်းရှိမှုနဲ့ တုပပြောဆိုနိုင်မှုတို့မှာလည်း
များစွာအခက်အခဲရှိပါတယ်။

အကြားအာရုံ ချို့ယွင်းချက်ရှိရခြင်းအကြောင်းမှာ
နားထဲရေဝင်ရာမှ ကူးစက်ရောဂါပိုး
ဝင်ရောက်သွားခြင်းကြောင့်ဖြစ်စေ၊ နာတာရှည်ပိုး
ကူးစက်ခံရခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ်။

တကယ်လို့များ သင့်ကလေးငယ်ဟာ အကြားအာရုံ
ချို့ယွင်းချက် မရှိဘူး ဒါမဟုတ် အနည်းဆုံး
နားတစ်ဖက်ကပုံမှန်အတိုင်းကြားရတယ်ဆိုရင်ပဲ
Speech ရော Lg ရောပုံမှန်ပါပဲ။

အကယ်၍ သင်ဟာ သင့်ကလေးငယ်ကို Speech or
Lg Delay များဖြစ်နေသလားလို့သံသယရှိနေရင်တော့
Speech - Language Pathologist ဆီသို့
သွားရောက်တိုင်ပင်သင့်ပါတယ်။ စောစောသိရလေ
စောစောကုသနိုင်လေ ဖြစ်လို့ပါပဲ။ တကယ်လို့များ
အားလုံးသေချာစစ်ဆေးကြည့်ပြီးတဲ့အခါမှာ
သင့်ကလေးဟာ အားလုံးNormal ပဲဆိုရင်တော့
သင်ကောင်းကောင်းပျော်နိုင်ပြီပေါ့။
ရရှိလာတဲ့ရလဒ်ကနေ သင့်ရဲ့ ကြောက်စိတ်၊
စိုးရိမ်စိတ်တွေအားလုံးကိုလျှော့ချပေးနိုင်မှာမို့ဖြစ်ပါတယ်။

Speech - Language Pathologist က
ဘာတွေစစ်ဆေးပေးမှာလဲ?

သင်သိပ်သိချင်နေမှာပါ။ အောက်ပါအချက်များကို
သေသေချာချာ စစ်ဆေးပေးပါလိမ့်မယ်။

*သင့်ကလေးငယ်ဟာ ဘာတွေကို နားလည်နေပြီလဲ။
(Receptive Language လို့ခေါ်ပါတယ်။)

*သင့်ကလေးငယ်ဟာ ဘာတွေပြောနိုင်ပြီလဲ။
(Expressive Language လို့ခေါ်ပါတယ်။)

*သင့်ကလေးငယ်ဟာ အသံမထွက်သေး/စကားမပြော
သေးရင်တောင် သူတစ်ခုခုလိုချင်တဲ့အခါဖြစ်စေ၊ တစ်ခုခု
ပြုလုပ်ချင်တဲ့အခါဖြစ်စေ အခြားသူတွေကို ဘယ်လို
ဆက်သွယ်သတင်းပေးပါသလဲ။ ဥပမာ-လက်ဟန်ခြေဟန်နဲ့လား။ လက်ညှိုးထိုးပြီးတော့လား။
ခေါင်းညိတ်ခေါင်းခါနဲ့လား။

* အကယ်၍ သင့်ကလေးငယ်ဟာ
လုံးဝကြီးမပြောတာတော့မဟုတ်ဘူး။
နည်းနည်းပါးပါးတော့ ပြောတယ်ဆိုရင်လည်း
သင့်ကလေးငယ်ရဲ့ အသံဖွံ့ဖြိုးမှု၊ အသံအားကောင်းမှု၊
အသံပီသမှုရှိရဲ့လား။

*သင့်ကလေးငယ်ရဲ့ Oral-motor အခြေအနေကောင်းရဲ့လား။ ဥပမာ-
အစားအသောက်စားတဲ့အခါ/မျိုချတဲ့အခါမှာ
သင့်ကလေးငယ်ရဲ့ ပါးစပ်၊ လျှာ နဲ့လျှာခင်တို့ဟာ
ပုံမှန်အတိုင်း ပူးပေါင်းလုပ်ဆောင်ကြရဲ့လား။

အကယ်၍များ သင့်ကလေးငယ်ဟာ
Speech Therapist နဲ့ဆက်ပြဖို့
လိုအပ်တယ်ဆိုရင်လည်း သင့်ရဲ့
Speech-Language Pathologist က
ဆက်လက်ညွှန်ကြားပေးရပါလိမ့်မယ်။
Oral-motor ကြောင့်လည်းမဟုတ်ဘူး၊
Hearing Lossကြောင့်လည်းမဟုတ်ဘူးဆိုရင်
သင့်ကလေးငယ်ဟာ
Normal developing Childလား
A learning disabilityလား ASD/ADHDလား
သေသေချာချာ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးကို
Speech Delayများလားဟုသံသယရှိနေတယ်ဆိုရင်
စောစောလေးသွားရောက်စစ်ဆေးပြသသင့်ပါတယ်လို့
ပြောကြားပါရစေရှင်။ Early Intervention
(စောလျင်စွာ သိရှိဆောင်ရွက်ခြင်း)ဟာ အလွန်ပဲ
အရေးကြီလို့ပါနော်....❤💚💙💜💛

ချစ်ခြင်းများစွာဖြင့်
ThinnThinn
Credit


Lumps or Bumps အလုံး-အကျိတ်ခွဲစိတ်ကုသတာမှာ ဝါသနာပါတဲ့ဆရာဝန်က အလုံး-အကျိတ်မြင်ရင် လက်ယားတယ်။ ဆရာဝန်ဖြစ်စမှာ အရင်ဆုံး ခွဲက...
01/10/2019

Lumps or Bumps အလုံး-အကျိတ်

ခွဲစိတ်ကုသတာမှာ ဝါသနာပါတဲ့ဆရာဝန်က အလုံး-အကျိတ်မြင်ရင် လက်ယားတယ်။ ဆရာဝန်ဖြစ်စမှာ အရင်ဆုံး ခွဲကြရတဲ့ရောဂါ ဖြစ်တယ်။ လက်တက်လာမှ တဆင့်တက်ရတယ်။ အတွေ့အကြုံရလာတဲ့အခါ အသေးစိတ်လေးကအစ စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ခွဲပေးတတ်လာတယ်။

၁။ ဆရာ အကျိတ်အကြောင်းပြောတော့ လည်ပင်းမှာအကျိတ်လေးထွက်နေတာ လေးလလောက်ရှိပြီမနာဘူးဆရာ။ ဆေးပြကြည့်တော့ တီဘီကျိတ်မဟုတ်ဘူး။ အဆီကျိတ်လည်းမဟုတ်ဘူးလို့ ပြောတယ်ဆရာ။ ကင်ဆာကျိတ်ရော။ ဖြစ်နိုင်မလားအသားစ ဓါတ်ခွဲခန်းတင်စစ်ရမယ်ပြောတယ်ဆရာ။ ကျေးဇူးပြုပြီး အကျိတ်အကြောင်းရှင်းပြပေးပါလားဆရာ။ ၂။ ဆရာ ကျွန်တော့်အသက် ၂၆ နှစ်၊ လူပျို၊ မြန်မာနိုင်ငံကပါ။ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး ကျွန်တော့်ခန္ဓာကိုယ်မှာ အဆီကျိတ်တွေထွက်လာလို့ပါ။ ဘာကြောင့်ထွက်လာတာလည်းဆိုတာ သိချင်ပါတယ်ဆရာ။ ပေါင်နဲ့လက်မောင်းမှာ ပိုများပါတယ်။ ခွဲထုတ်ရင်လည်း အမာရွတ်တွေများမှာစိုးလို့ပါ။ လေ့ကျင့်ခန်းများများလုပ်ရင်ရမလား။ ပျောက်တဲ့ဆေး ရှိမလားဆရာ။ တကယ်လို့မရှိရင်လည်း နောက်ထပ်မထွက်အောင့့့်။
၃။ သမီးအမျိုးသားရဲ့ ခေါင်းမှာ အဖုကျိတ်တစ်ခု ပေါက်နေပါတယ်။ အဲဒါ ခွဲဖို့ လိုအပ်လားလို့ပါဆရာ။
၄။ ကျွန်တော့်လည်ပင်း အသားပိုတွေ ထွက်လာတာရှိပါတယ်။ အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ ပြောပေးပါ။
၅။ လည်ပင်းမှာဖြစ်သော အကျိတ်တွေက ကင်ဆာကျိတ် ဟုတ်-မဟုတ် ဘယ်လိုသိနိုင်မလဲ ပြောပြပေးစေချင်ပါတယ်။
၆။ ဖိလိုက်ရင်တော့ နာတ့ဲအသားလုံးလို အကျိတ်တွေထွက်တာ စိုးရိမ်ရလားရှင့်။ ကိုယ်အနှံ့မှာ ထွက်တာ ၁ဝ လုံး လောက်ရှိတယ်။ ဘယ်လိုကုသင့်လဲဆိုတာ ပြောပြပေးပါရှင့်။
၇။ ကျားပါဆရာ။ အသက်က ၃၁ ပါ။ ၃ - ၄ နှစ်လောက်ကြာပြီလို့ပြောပါတယ်။ နောက်ကျောဘက် ခါးနေရာတွေရယ် လက်တွေ ခြေထောက်တွေမှာ ဖြစ်တာပါ။ အသားလုံးလိုပဲ မမာဘူးလို့ပြောပါတယ် ဓာတ်ပုံက မလွယ်လို့ပါရှင့်။ ဓာတ်ပုံထဲ မပေါ်ပါဘူးဆရာ။ အသားထဲမြုပ်နေတာပါ။ စမ်းကြည့်မှသိရတာပါ။ ဖြစ်ကာစက သတိထားမိတာ ၁ လုံး ၂ လုံးပဲ နောက်မှ ပွါးလာတာပါ။

Swelling အလုံး၊ Lump အကျိတ်၊ Bump အဖေါင်း၊ Cyst အိတ်ဆိုတာမျိုးတွေကို Tumor လို့ ဆေးစာကခေါ်ပါတယ်။ ကင်ဆာနဲ့ ကင်ဆာမဟုတ်တာလို့ ၂ မျိုး ခွဲရတယ်။ အများဆုံးက ကင်ဆာမဟုတ်ကြပါ။ ၂ မျိုးလုံးက ဘာလို့ဖြစ်တယ်ကို တိတိကျကျ ပြောမရပါ။ ကျား-မ၊ ကြီးသည်-ငယ်သည်မဟူ အတူတူဖြစ်ကြတယ်။ အစားနဲ့ဆိုတယ်လို့ ထောက်ပြတာ မတွေ့ဘူးပါ။ လေ့ကျင့်ခန်းလုပ်လည်း မပျောက်ပါ။ ဆေးလိမ်းလို့လည်း မပျောက်ပါ။

အလုံးအကျိတ်ဆိုတာ မွေးရာပါ၊ ထိခိုက်-ဒဏ်ရာ၊ ရောင်ရမ်းတာ၊ တခြားဟာ တခုခုလဲ ဖြစ်နိုင်တယ်။ အနာလို၊ ဒဏ်ရာလိုကနေ ဖေါင်းလာတာဆိုရင် ဆရာဝန်မပြောလဲ သိကြပါတယ်။ ရောင်တာအပြင် နာတာ၊ နီတာ၊ ပူတာတွေနဲ့ ရောဖြစ်မယ်။

Fibroids (Myoma) သားအိမ်အလုံး နဲ့ Fibroadenoma ရင်သားအကျိတ်တွေကလဲ အမျိုးသမီးတွေ အတွင်းထဲမှာ ဖြစ်တာများလှတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တယ်။

အပေါ်ယံမှာ ဖြစ်တာတွေထဲမှာ ဒါတွေပါတယ် -
1. Lipomas အဆီကျိတ်၊ နေရာတကာဖြစ်တယ်။
2. Sebacious cyst ချွေးထွက်အိတ်-အကျိတ်၊ နေရာတကာဖြစ်တယ်။
3. Enlarged lymph glands တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။
4. Cyst (ဆစ်စ်) အထဲမှာ အရည်တမျိုးမျိုးပါတယ်၊ (လေလဲရှိနိုင်တယ်) အကာလွှာရှိတယ်၊ နေရာတကာဖြစ်တယ်။
5. Ganglion လက်ကောက်ဝတ်နေရာမှာ အရွတ်အိတ်က ဖြစ်ရတာကို ခေါ်တယ်။
6. Boils အနာစိမ်း၊ Abscess ပြည်တည်နာ၊ နေရာတကာဖြစ်တယ်။
7. Corn or callus ငါးမျက်စိ၊ ခြေထောက်မှာ ဖြစ်လေ့ရှိတယ်။
8. Warts ကြွက်နို့၊
9. Moles မှဲ့၊
10. Cancer of the skin အရေပြားကင်ဆာ၊

Tumor လို့ ပြောလိုက်ရင် အများစုက ကင်ဆာထင်ကြတယ်။ မဟုတ်ပါ။ Tumor ဆိုတာက အမေရိကန်လို၊ Tumour လို့ စာလုံးပေါင်းတာက အင်္ဂလိပ်နဲ့ ခေတ်ဟောင်းပြင်သစ်ဖြစ်တယ်။ ယေဘုယျဆိုရင် တနေရာမှာ ပုံမှန်မဟုတ်ပဲ ဖေါင်းကြွလာတာမျိုးကို ခေါ်တယ်။

ကင်ဆာရဲ့ထူးခြားချက်က ဖေါင်းတာ၊ ရောင်တာ၊ အကျိတ်ဖြစ်တာ မဟုတ်ပါ။ မှန်ဘီလူးနဲ့ စစ်ကြည့်ရင် (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ များလာတွေက ပုံပျက်နေတာတွေ ဖြစ်ပြီး Genetic mutations ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိပါတယ်။ Leukemia (လူကီးမီးယား) နဲ့ Carcinoma in situ လိုဟာတွေဆိုရင် ဖေါင်းလာတာမျိုး မရှိကြဘူး။

ရောဂါနာမယ်တွေမှာ နောက်ဆုံးက -megaly နဲ့ အဆုံးသတ်ရင် ကြီးနေတာကို ပြောတာဖြစ်တယ်။ ဥပမာ Hepatomegaly အသည်းကြီးနေတာ၊ Splenomegaly ဘေလုံးကြီးနေတာ။ -oma နဲ့ အဆုံးသတ်ရင် အလုံးဖြစ်တယ်။ ဥပမာ -carcinoma, -sarcoma ဆိုတာမျိုး။ Hemangioma, Meningocele, Branchial cyst, Dermatoid cyst, Thyroglossal cyst တွေက မွေးကတည်းက ဖြစ်တာမျိုးတွေ။ Hematoma ဒဏ်ရာကြောင့် အထဲမှာ သွေးယိုလို့ ဖေါင်းနေတာ၊ Dislocation အဆစ်လွဲလို့ ရောင်နေတာ။

ကင်ဆာမဟုတ်အကျိတ်တွေက သာမန်ဖြစ်တယ်၊ တိုးတာ-ပြောင်းဖြစ်တာ မရှိပါ၊ အန္တရာယ်မရှိပါ၊ တခြားကိုလဲ မပြန့်ပါ။
တချို့ ကင်ဆာမဟုတ်အကျိတ်တွေက ဒုက္ခပေးနိုင်တာတွေ ရှိတယ်။ ထုထည်သက်ရောက်မှု ခေါ်တယ်။ အရေးပါတဲ့ နေရာ-အင်္ဂါတွေ အပေါ်-အနီးအနား ဖြစ်နေရင် ဖိအား သက်ရောက်စေတယ်။ ဟော်မုန်းထွက်ရာ (အင်ဒိုခရိုင်း-ဂလင်း) တွေမှာဖြစ်ရင် ဟော်မုန်းတွေ ပိုများစေတယ်။ ဥပမာ လည်ပင်းကြီးအကျိတ်၊ ဦးနှောက် (ပစ်ကျူထရီ) အကျိတ် ဆိုတာမျိုး ဖြစ်တယ်။

ကင်ဆာမဟုတ်တာရဲ့ ထူးခြားချက်က အဖုံးလွှာပါတာ ဖြစ်တယ် မှန်ဘီလူးနဲ့ကြည့်ရင် (ဖိုက်ဘရပ်စ်) အလွှာကို တွေ့ရမယ်။ ဒါရှိလို့ အပြင်ကိုမပြန့်စေပါ။ ဒီအချက်ဟာ ကင်ဆာနဲ့ပြောင်းပြန်ဖြစ်တယ်။ ကင်ဆာမဟုတ်တာထဲမှာ Teratoma (တရက်တိုးမား) ဆိုတာကတော့ နည်းနည်းဆိုးတယ်။ တချို့ဟာတွေက ကင်ဆာကိုပြောင်းသွားတတ်လို့။ အူမကြီးမှာ ဖြစ်တဲ့ Tubular adenoma ဆိုတာမျိုးကလဲ Colon cancer အူမကြီးကင်ဆာကို ပြောင်းသွားတတ်တယ်။ Melanoma မှည့်ကင်ဆာနဲ့ Seminoma (ဆီမီနိုးမား) တွေက နာမယ်အရ ကင်ဆာမဟုတ်တဲ့ သဘောဆောင်ပေမဲ့ ကင်ဆာတွေ ဖြစ်တယ်။ အစဉ်အလာ ဆက်ခေါ်နေကြလို့ပါ။

ကင်ဆာမဟုတ်ပေမဲ့ အလုံးကလေး တွေ့ရတာအပြင် တချို့မှာ ရောဂါလက္ခဏာတွေပါ ရှိနိုင်တယ်။ ဥပမာ -
• သွေး မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ယိုမယ်။ ဆက်ပြီး သွေးအားနည်းလာမယ်။
• ဖိနေလို့ အောက်ကအင်္ဂါ နာမယ်။ အလုပ်မလုပ်နိုင်တာ ဖြစ်စေမယ်။
• အကြည့်ရဆိုးမယ်။
• ယားမယ်။
• ဟော်မုန်းများတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်။
• ပိတ်ဆို့နေမယ်။ ဥပမာ အူပိတ်တာ။
• သွေးကြောကိုဖိလို့ သွေးမလျှောက်တာဖြစ်မယ်။ Vital organs အရေးပါတဲ့အင်္ဂါတွေ အဖိခံရမယ်။

အကျိတ်အမျိုးမျိုး (အေ-တူ-ဇက်) -
• Acne cyst ဝက်ခြံအိတ်၊
• Arachnoid cyst ဦးနှောက်အကျိတ်၊
• Baker's cyst ဒူးကောက်ကွေးအကျိတ်၊
• Bartholin's cyst အမျိုးသမီးမွေးလမ်းအဝ အကျိတ်၊
• Breast cyst ရင်သားအကျိတ်၊
• Chalazion cyst (eyelid) မျက်စိအတွင်းစွန်ခြင်း၊
• Choroid plexus cyst (brain) ဦးနှောက်အကျိတ်၊
• Epididymal cyst ယောက်ျားအစေ့ အကျိတ်၊
• Ganglion cyst ခြေ-လက် အရွတ်ကြော အကျိတ်၊
• Glial cyst ဦးနှောက်အကျိတ်တမျိုး၊
• Gartner's duct cyst အမျိုးသမီးမွေးလမ်းအဝအကျိတ်၊
• Hydatid cyst တိပ်ပြားပုံသန်ကောင်အကျိတ်၊
• Hydrocele မုတ်ရောဂါ၊
• Liver cystic disease အသည်းအကျိတ်၊
• Meibomian cyst မျက်ခွံအကျိတ်၊
• Nabothian cyst သားအိမ်အဝအကျိတ်၊
• Ovarian cyst မျိုးဥအိမ်အကျိတ်၊
• Paratubal cyst သားအိမ်ပြွန်အကျိတ်၊
• Pericardial cyst နှလုံးအိတ်အကျိတ်၊
• Peritoneal cyst ဗိုက်ခေါင်းအဖုံးလွှာအကျိတ်၊
• Pilar cyst ဦးရေခွံအကျိတ်၊
• Renal cyst ကျောက်ကပ်အကျိတ်၊
• Polycystic o***y syndrome မျိုးဥအိမ်အကျိတ်၊
• Pineal gland cyst ဦးနှောက်အကျိတ်၊
• Sebaceous cyst ချွေးထွက်အိတ်အကျိတ်၊
• Spermatocele ယောက်ျားအကြောအကျိတ်၊

အတွင်းထဲရော အပြင်မှာပါဖြစ်တဲ့ အလုံး-အကျိတ်တွေထဲမှာ စိတ်ဝင်စားဘို့ ကောင်းတာတခုက Dermoid cyst (Cystic teratoma) ဆိုတာပါ။ သူဖြစ်ရင် လူတွေမှာရှိတဲ့ (တစ်ရှူး) မှန်သမျှ သူ့မှာရှိနိုင်လို့၊ အမွှေး၊ ဆံပင်၊ ချွေး၊ အဆီ၊ အရိုး၊ လက်သည်း၊ သွား၊ အရိုးနု၊ လည်ပင်းကြီးတစ်ရှူး၊ စတာတွေထဲက တွေ့ချင်တာ တွေ့နိုင်တယ်။ ကင်ဆာမဟုတ်ပါ။ မျက်ခုံးဘေးမှာ လာတွေတဲ့ အလုံးဆိုရင် ဒါဖြစ်မလား သံသယမျက်စိနဲ့ ကြည့်ရတယ်။ အပြင်ကစမ်းရင် ရာဘာကို စမ်းရသလိုနေမယ်။ မခွဲခင် သွားကလိရင် ရောင်နိုင်တယ်၊ ရင်းနိုင်တယ်။ အကုန်အစင် ခွဲမထုတ်ရင် ပြန်ဖြစ်နိုင်တယ်။ နောက်အဖြစ်များ နေရာတွေကတော့ မီးညှောင့်ရိုးအပေါ်နဲ့ မျိုးဥအိမ်မှာလဲ ဖြစ်နိုင်တယ်။ မျိုးဥအိမ်မှာ ဖြစ်ရင် ဆံပင်တွေ အထွေးလိုက်ပါနိုင်တယ်။ အပင်းမဟုတ်ပါ။

ကင်ဆာမဟုတ်တဲ့အကျိတ်ကို ဆေးကုဘို့ မလိုဘူးပြောရင်ရတယ်။ ဒါပေမယ့် သူရှိနေလို့ တခုခုခံစားရမှ ကုဘို့လိုတယ်။ ဥပမာ လှချင်လို့။ ကြောက်လို့။ ကင်ဆာပြောင်းလာမှာစိုးရိမ်လို့။

ဒေါက်တာတင့်ဆွေ

သားအိမ်အလုံး ( uterine fibroids ) ဖြစ်ဖူးကြလား !!!!-------------------------------------------------------------အရပ်ထဲမှ...
01/10/2019

သားအိမ်အလုံး ( uterine fibroids ) ဖြစ်ဖူးကြလား !!!!
-------------------------------------------------------------

အရပ်ထဲမှာခေါ်တဲ့ သားအိမ်အလုံး ( uterine fibroids ) ဆိုတာ သားအိမ်နံရံထဲမှာဖြစ်လာတဲ့ ကင်ဆာမဟုတ်သောအကျိတ်ဖြစ်ပါတယ်။ ဆေးပညာအခေါ်ကတော့ leiomyoma သို့မဟုတ် myoma ပါ။ သားအိမ်အလုံးဖြစ်တဲ့နေရာ၊အရွယ်အစား၊ အရေအတွက်ပေါ်မူတည်ပြီး Intramural fibroids, Subserosal fibroids, Submucosal fibroids, Penducluated fibroids, Cervical fibroids ဆိုပြီးနာမည် အမျိုးမျိုးခေါ်ပါတယ်။

အကျိတ်ကြောင့် သားအိမ်ရဲ့ အရွယ်အစား နှင့် ပုံစံပြောင်းသွားနိုင်တယ်။ မခံမရပ်နိုင်တဲ့ ဝေဒနာတွေလည်း ခံစားရနိုင်တယ်။ တစ်ချို့ကတော့ သားအိမ်အလုံးရှိနေပေမည့် ဘာရောဂါလက္ခဏာမှ မခံစားရတာလည်းရှိတယ်။

ဟားဗတ်တက္ကသိုလ်မှာလုပ်တဲ့ သုသေတနမှာ သွေးတိုးခြင်း နှင့် သားအိမ်အလုံးဆက်စပ်မှုရှိတယ်ရေးတယ်။ အခြားသောဆက်စပ်မှုတွေက

• အမေ နှင့် ညီအစ်မတွေမှာ သားအိမ်အလုံးရှိတဲ့အခါ မိမိမှာသားအိမ်အလုံးရှိနိုင်ချေများမည်။
• အသက် ၃၀ နှင့် ၄၀ အတွင်း အမျိုးသမီးတွေမှာ သားအိမ်အလုံးပိုဖြစ်နိုင်တယ်။
• လူမည်းတွေမှာ သားအိမ်အလုံးပိုဖြစ်တယ်။
• အဝလွန်တာ နှင့် သားအိမ်အလုံးဆက်စပ်မှုရှိတယ်။
• သိုင်းရိုက်ဟိုမုန်းနည်းခြင်း ( Hypothyroidism ) နှင့် သားအိမ်အလုံးဆက်စပ်မှုရှိတယ်ဆိုပါတယ်။
• အသက် ၁၀ နှစ်မတိုင်ခင် ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေမှာ အသက် ၁၀ နှစ်နောက်ပိုင်း ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေထက် သားအိမ်အလုံးဖြစ်နိုင်ချေမြင့်တက်လို့ဆိုပါတယ်။
• တားဆေးသောက်နေတဲ့ အမျိုးသမီးတွေမှာ သားအိမ်အလုံးဖြစ်နိုင်ချေမြင့်ပါတယ်။

သားအိမ်အလုံးက မျိုးရိုးကြောင့်ဖြစ်နိုင်တယ်လို့ယူဆတယ်။ နောက် ဟိုမုန်းမညီမျှမှုလည်း သားအိမ်အလုံးဖြစ်တည်မှုအတွက် အရေးကြီးသော ဖြစ်စဉ်တွေမှာပါဝင်ပါတယ်။ Estrogen နှင့် progesterone ဟိုမုန်းတွေက သားအိမ်နံရံကို ကြီးထွားစေပြီး ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင်ခြင်းအတွက် လစဉ်ပြင်ဆင်ပေးပါတယ်။ Estrogen နှင့် progesterone ဟိုမုန်းတွေက သားအိမ်အလုံးကိုလည်းကြီးထွားစေတယ်ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ သွေးဆုံးပြီးချိန် ဟိုမုန်းပမာဏလျော့နည်းသွားတဲ့အခါ သားအိမ်အလုံးတွေ သက်သာသွားတတ်ပါတယ်။

သားအိမ်အလုံးရှိတိုင်း ရောဂါလက္ခဏာတွေခံစားရတာတော့မဟုတ်ပါ။ ၇၀%-၈၀% လောက်သော အမျိုးသမီးတွေက အသက် ၅၀ မှ သားအိမ်အလုံးရှိကြောင်းသိကြတယ်။ တစ်ချို့ကလည်း ကိုယ်ဝန်ရှိချိန် ultrasounds ( အာထရာစောင်း) ပြုလုပ်တော့မှသိကြတယ်။ သားအိမ်အလုံးရှိတဲ့အခါ ဖြစ်လာနိုင်တဲ့ရောဂါလက္ခဏာတွေက
• ရာသီသွေးများခြင်း
• ရာသီလာချိန် ၇ ရက် နှင့် ၇ ရက်အထက် ကြာရှည်ခြင်း
• အစာအိမ် နှင့် ဆီးအိမ်မှာ ပြည့်ကျပ်နေသည်ဟု ခံစားမိခြင်း
• ဆီးခဏခဏသွားခြင်း
• ဆီးသွားရခက်ခြင်း
• ဝမ်းချုပ်ခြင်း
• အမျိုးသား နှင့်အတူနေစဉ်နာကျင်ခြင်း
• ခါးကိုက်ခြင်း၊ ခြေထောက်ကိုက်ခြင်း
• ကိုယ်ဝန်မရခြင်း
• ကိုယ်ဝန်ပျက်ကျခြင်း

သားအိမ်အလုံးဖြစ်စေသော တစ်ချို့သောအကြောင်းတွေကို မပြုပြင်နိုင်ပေမည့် ကျွန်တော်တို့ ပြုပြင်နိုင်တာတော်တော်များများလည်းရှိပါတယ်။ သားအိမ်အလုံးဖြစ်စေနိုင်တယ်လို့ ယူဆလို့ရတဲ့အစာတွေကိုရှောင်ပါ။ အဆီများတဲ့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စတီးရွိုက်တွေ နှင့် ဟိုမုန်းတွေပါတဲ့ နို့ထွက်ပစ္စည်းတွေ၊ သားအိမ်အလုံးက အဝလွန်ခြင်း နှင့် ဆက်စပ်နေတော့ အဝလွန်ခြင်းကိုဖြစ်စေတဲ့ သန့်စင်ထားတဲ့သကြား နှင့် အသင့်စားမုန့်တွေကို ရှောင်ရပါလိမ့်မည်။ အရက်သောက်ခြင်းက ခုခံအားစနစ်ကို ကျဆင်းစေတယ်။ အဝလွန်စေတယ်။ ဟိုမုန်းမညီမျှမှုကိုဖြစ်စေတာကြောင့် အရက်သောက်ခြင်းကိုလည်း ရှောင်ရပါမည်။ ကော်ဖီအလွန်အကျွံသောက်ခြင်းက အသည်းကိုအလုပ်ပိုစေပြီး ဟိုမုန်းတွေ ထိန်းသိမ်းဖို့ ကောင်းကောင်းမလုပ်နိုင်တာကြောင့် ကော်ဖီအလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ရမည်ဆိုပါတယ်။

အော်ဂဲနစ် သဘာဝအစားအစာတွေ၊ ရောင်ရမ်းခြင်းကို လျော့ချပေးတဲ့ အရွက်စိမ်းတွေ၊ အသည်းလုပ်ငန်းကို အားကောင်းစေပြီး ဟိုမုန်းပမာဏမျှတအောင်ကူညီပေးနိုင်တဲ့ ဂေါ်ဖီထုပ်မျိုးနွယ်ဝင် cruciferous vegetables တွေ၊ ဆဲလ်တွေကိုပြုပြင်ပေးနိုင်စွမ်းရှိတဲ့ beta-carotene ကြွယ်ဝစွာပါတဲ့ ဝါသောအသီး နှင့် စိမ်းသောအရွက်တွေ၊ သားအိမ်အလုံးကြောင့် လျော့နည်းသွားတဲ့ သွေးအားကို ပြန်ကောင်းလာစေတဲ့ သဘာဝအမဲသား နှင့် ပဲတွေ၊ estrogen ပမာဏကို မျှတစေတဲ့ နှမ်းကြတ်စေ့တွေလို အချို့သောအစားအသောက်တွေကို ပိုစားပေးသင့်ပါတယ်။

သားအိမ်အလုံးရှိတဲ့ အမျိုးသမီးတွေက ငါးကြီးဆီ ( 1000 mg) လောက်သောက်ပေးနိုင်တယ်လို့ Dr. Axe ကရေးပါတယ်။ သဘာဝကုထုံးပညာရှင် Dr. Axe က Vitex (400 mg ) ကို သားအိမ်အလုံးရှိတဲ့ အမျိုးသမီးတွေကို ညွှန်းပါတယ်။ Vitex or chasteberry က estrogen ပမာဏကို လျော့ကျစေပြီး progesterone ပမာဏကို မြင့်တက်စေတာကြောင့် သားအိမ်အလုံးရှိတဲ့ လူတွေအတွက်ကောင်းတယ်ဆိုပါတယ်။ ရလဒ်ကောင်းအတွက် Vitex ကို ခြောက်လလောက်သုံးရမည်ဆိုပါတယ်။ Vitex သုံးဖို့အတွက်လည်း ဆရာဝန်နှင့် တိုင်ပင်ဖို့လိုပါလိမ့်မည်။ဟိုမုန်းတွေ ကြိုလည်း စစ်ထားရပါမည်။ ဇီဝလုပ်ငန်းတွေ ထိန်းပေးမည့် ဗိုက်တာမင် B တွေ နှင့် အသည်းကို အားကောင်းစေတဲ့ milk thistle တွေလည်း သုံးလို့ရပါတယ်။ Thyme, clary sage နှင့် frankincense လို အဆီ (essential oils) တွေက သားအိမ်အလုံးကုသမှုအတွက်ကောင်းတယ်ဆိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သားအိမ်အလုံးမဖြစ်လာအောင်တားပေးတယ်ဆိုပါတယ်။

သားအိမ်အလုံးက ကိုယ်ဝန်ဆောင်ချိန်မှာ ဒုက္ခပေးတတ်ကြောင့် ခွဲမွေးရနိုင်ချေ ၆ ဆလောက်မြင့်ပါတယ်။ သားအိမ်အလုံးအရွယ်ကြီးတဲ့အခါ ကိုယ်ဝန်ရနိုင်ချေနည်းသလို ကလေးပျက်ကျနိုင်ချေလည်း အတော်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင် သားအိမ်အလုံးကို ကုဖို့လိုပါမည်။ ဒါကြောင့် သက်ဆိုင်ရာ OG နှင့် တိုင်ပင်ကုသပါ။ ရောဂါလက္ခဏာဆိုးလာတဲ့အခါ ဆရာဝန်များက သားအိမ်အလုံးထုတ်လိုက်ဖို့ပြောကြတယ်။ သားအိမ်အလုံးပဲ သီးသန့်ထုတ်ခြင်း( myomectomy) ပြုလုပ်တာရှိသလို သားအိမ်တစ်ခုလုံးထုတ်ခြင်း (hysterectomy)လည်း ပြုလုပ်ရနိုင်တယ်။ ခွဲစိတ်မှုမလုပ်ခင် ဆရာဝန်အများစုက ထိုးဆေး၊ သောက်ဆေးတွေနှင့် ကုသမှုပေးလေ့ရှိတယ်။ အခုနောက်ပိုင်း uterine fibroid embolization (UFE) နှင့် laparoscopy နှင့် ကုသခြင်းလို ခေတ်မီနည်းတွေပေါ်လာပြီဖြစ်တာကြောင့် လုပ်နိုင်တာတွေအတော်များလာပါပြီ။ ဘယ်လိုကုရမလဲဆိုတာ ကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ ကျွန်တော်က ဖတ်ဖူးတာကို ပြန်ရေးပြရုံပါ။

Credit

Dr.PHYO MAUNG

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များမွေးလျင်မွေးချင်း ငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေ...
01/10/2019

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ

မွေးလျင်မွေးချင်း ငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေးသည်။ ကိုယ်ခန္ခာတခုလုံးသို့ သွေးလှည့်နေမှုကို အားပေးသည်။ တုံ့ပြန်မှု (၃) မျိုးရှိရမည်။
(၁) နို့စို့တတ်မည်၊ လက်ထည့်က စုပ်မည်။
(၂) ပါးတဖက်အား လက်ဖြင့်ထိကြည့်ပါက ၄င်းလက်ဆီသို့ ဦးခေါင်း-ပါးစပ်က လှည့်လိုက်လာမည်။
(၃) ပက်လက်ထားစဉ် ကလေးသိပ်ထားသည့် ကုတင်-ကြမ်းပြင်-စားပွဲအားပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းတို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။

မွေးကာစမှ ၁၂ လအထိ
• (၄) ပါတ် – စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ အူး-အား အသံထွက်မည်။
• (၆) ပါတ် – ပြုံးတတ်မည်။ ကြည့်သူ၏နောက် လိုက်ကြည့်တတ်မည်။
• (၈) ပါတ် – နီးကပ်သည့်အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
• (၃) လ – ဘူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
• (၄) လ – ကလေးအစာမာ စားတတ်လာမည်၊ ပက်လက်လှန်ထားလျင် မှောက်တတ်လာမည်။
• (၅) လ – ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို သတိထားတတ်လာမည်။ မိခင်ကိုပြန်ဖက်တတ်လာသည်။
• (၆) လ – အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည်မည်။
• (၇) လ – သူ့ဖါသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ-ဆွဲယူတတ်လာမည်။
• (၈) လ – ဝမ်းလျားထိုးတတ်လာမည်။ မဟုတ်-မရှိ ဆိုသည့်စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တဖက်မှ တဖက် ပြောင်းတတ်လာသည်။ ပါပါ-မာမာ ခေါ်တတ်လာသည်။
• (၉) လ – ဝမ်းလျားထိုး ပို၍ကြွမ်းကျင်လာမည်။
• (၁ဝ) လ – ကိုင်၍မတ်တပ်ရပ်မည်။ ကဗျာ-လင်္ကာဆိုပြပါက အလိုက်သင့်အမူအယာပြာလာမည်။ ဘိုင်ဘိုင်လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
• (၁၁) လ – စကားတလုံးစနှစ်လုံးစ ပြောတတ်လာမည်။
• (၁၂) လ – ခြေတလှမ်းနှစ်လှမ်းလှမ်း တတ်လာမည်။
၁၃-၂၄ လသားအရွယ်
(၁၃) လ – မတတ်တတတ်၊ မခိုင့်တခိုင် သူ့ဖါသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ၉ လ မှာစလျှောက်တယ်။ တချို့က ၁၇ လအထိနောက်ကျတယ်။ ပျမ်းမျှ ၁၄ လ ဖြစ်တယ်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကြွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
• (၁၄) လ – သက်တောင့်သက်သာရှိခြင်းကို ပို၍ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
• (၁၅) လ – သူ့ပင်ကိုယ်သဘာဝကလေးများပြလာမည်။ စကားပိုကြွယ်လာမည်။ အသံ ၃ လုံး ပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကိုသူသိမည်။ နောက်ပြန်လျောက်တတ်လာသည်။
• (၁၆) လ – သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျင် ဖြေတတ်လာမည်။ ရီတတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
• (၁၇) လ – အဝတ်အစားဝတ်တတ်-ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ၆ လုံး ထိ ပြောတတ်လာသည်။ မြင်းရုပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
• (၁၈) လ – ဘောလုံးကန်တတ်လာမည်။ ခလုပ်စသည်အား တွန်းခြင်း-လှည်ခြင်းလုပ်တတ်မည်။ ဂီတဖြင့် ကတတ်လာမည်။
• (၁၉) လ – မှားပြော-မှားလုပ်ပြလျင် မှားမှန်းသိလာမည်။ ဇွန်း-ခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံး ပြစ်တတ်လာသည်။
• (၂ဝ) လ – လှေကားတတ်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်-တွန်းတတ်သည့် ကြမ်းတမ်းတတ်လာသည်။
• (၂၁) လ -အိမ်အလုပ်များကူတတ်လာမည်။ စားပွဲ-ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
• (၂၂) လ – ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာမည်။
• (၂၃) လ – စကားလုံးသုံးလုံးပါဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဖက်ပြောလျင် နားလည်လာမည်။ အခြားကလေးများနှင့် တွဲကစားတတ်လာမည်။
• (၂၄) လ – သူ့အကြောင်းသူပြောတတ်လာမည်။ သူမကြိုက်တာ-ကြိုက်တာပြောတတ်လာမည်။ ဘာ့လို့လဲဆိုသည်များမေးတတ်လာမည်။
Primary Teeth ကလေးငယ်သွားများ
(က) Upper Teeth အထက်သွားများ
• Central incisor ရှေ့အလယ်သွား ၈-၁၂ လ ပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၉-၁၃ လ ပေါက်၊ ၇-၈ ကျိုး။
• Canine (Cuspid) စွယ်သွား ၁၆-၂၂ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၃-၁၉ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၅-၃၃ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
(ခ) Lower Teeth အောက်သွားများ
• Central incisor ရှေ့အလယ်သွား ၆-၁ဝ လပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၁ဝ-၁၆ လ ပေါင်၊ ၇-၈ နှစ်ကျိုး။
• Canine (cuspid) စွယ်သွား ၁၇-၂၃ လ ပေါက်၊ ၉-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၄-၁၈ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၃-၃၁ လ ပေါက်၊ ၁ဝ-၁၂ နှစ် ကျိုး။

ဒေါက်တာတင့်ဆွေ

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Junior Choice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share