02/02/2021
ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကနေ အသစ်ဖွဲ့စည်းခန့်အပ်လိုက်တယ်ဆိုတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို လုံးဝလက်မခံပါဘူး။ငါတို့တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ရာထူးမှနှုတ်ထွက်စေချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ထဲကနေပဲ အခြေခံဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းသွားရမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် တတိယအကြိမ်လွှတ်တော်ခေါ်ပြီးတော့ အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးမှပဲ လက်ရှိနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ရာထူးသက်တမ်းဟာ ကုန်လွန်မှာဖြစ်ပါတယ်။
ငါတို့မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံတော်သမ္မတကြီးဟာ ဦးဝင်းမြင့်ပဲဖြစ်ပါတယ်။
သမ္မတကြီးဦးဝင်းမြင့်ရဲ့အမိန့်နဲ့မဟုတ်ဘဲနဲ့ အရေးပေါ်အခြေအနေကြေငြာခြင်း၊အာဏာလွှဲပြောင်းပေးခြင်းများဟာ လုံးဝတရားမဝင်ပါဘူး။
ထပ်မံခန့်အပ်တဲ့အစိုးရအဖွဲ့ဆိုတာကို လုံးဝလက်မခံပါ။လုံးဝသဘောမတူပါ။
၂၀၂၀အထွေထွေရွေးကောက်ပွဲကရရှိတဲ့ မဲရလဒ်များအတိုင်း တတိယအကြိမ်လွှတ်တော်များကျင်းပပြုလုပ်ပေးပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းခန့်အပ်တာကိုပဲ လက်ခံပါမယ်။ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ရဲ့အမိန့်နဲ့ ခန့်အပ်တဲ့အစိုးရအဖွဲ့ဝင်တွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားပြည်သူတစ်ဦးအနေနဲ့ လုံးဝ လုံးဝလက်မခံ သဘောမတူပါဘူးလို့ ပြောချင်ပါတယ်။
Today, we do not accept the newly appointed cabinet ministers appointed by the Commander-in-Chief Min Aung Hlaing. The current President of our country is U Win Myint. Declaring a state of emergency and handing over power without the order of President Win Myint is completely illegal. I do not accept the re-appointment of the government at all. I totally disagree. As results of the 2020 general election, we will hold the third session of parliament and accept the appointment of a new government.
ကျေးဇူးပြုပြီး မshareပါနဲ့ ပြန်ကူးတင်ပါ။